အဆိုပါမေးမြန်းချက်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ထားရှိပါသည်-
(က) အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲ (တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)မှ လွိုင်လင်ခရိုင်တွင် လွိုင်လင် မြို့နယ်၊ လဲချားမြို့နယ်နှင့် မိုင်းကိုင် မြို့နယ်တို့တွင်လည်းကောင်း၊ နမ့်စန်ခရိုင်တွင် နမ့်စန်မြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင် လည်းကောင်း၊ လင်းခေးခရိုင်တွင် လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်နှင့် မောက်မယ် မြို့နယ်တို့တွင်လည်းကောင်း တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါကြောင်း။
(ခ) လွိုင်လင်ခရိုင်အတွင်းရှိ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ လင်းခေးခရိုင်အတွင်းရှိလင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ် မြို့နယ်နှင့် နမ့်စန်ခရိုင်အတွင်းရှိ မိုးနဲမြို့နယ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားသွားလာ လျက်ရှိသော နယ်မြေများဖြစ်ပါကြောင်း၊ လွိုင်လင်မြို့ပေါ် ရပ်ကွက်များ၊ ပင်လုံမြို့ပေါ်ရပ်ကွက်များနှင့် နမ့်စန်မြို့ပေါ်ရပ်ကွက်များ တွင်သာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပြီး တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ပါကြောင်း။
( ဂ ) လဲချားမြို့သည် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာ ပေါင်း ၁၃၄ ရွာ တည်ရှိပြီး SSPP/SSA နှင့် RCSS အဖွဲ့များ သွားလာလှုပ်ရှားလျက် ရှိသော နယ်မြေဖြစ်ပါကြောင်း၊ လဲချားမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် မြို့ပေါ် ၄ ရပ်ကွက်နှင့် မြို့မကျေးရွာ အုပ်စုများတွင် ရဲလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပါကြောင်း၊ တချို့နယ်မြေများတွင် အကန့်အသတ်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။
(ဃ) လဲချားမြို့နယ်တွင် KTV ၃ ခု ဖွင့်လှစ်ထားရှိပြီး အဆိုပါ KTV ၃ ခုသည် နယ်မြေအတွင်း လှုပ်ရှားသွားလာလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိပါကြောင်း၊ လတ်တလောအခြေအနေတွင် ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးနိုင်ရန် အခက်အခဲများရှိပါကြောင်း။
( င) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် နယ်မြေအခြေအနေအရ လဲချားမြို့အား ဖြတ်သန်း၍ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်/မော်တော် ဆိုင်ကယ်များကို ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပေါင်းလိုင်ကျေးရွာအဝင် ပင်လုံ-ကျောက်တန်းသွားလမ်းတွင်လည်းကောင်း၊ လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီး သွားလမ်းတွင်လည်းကောင်း ပုံသေပိတ်ဆို့/ရှောင်တခင်ရှာဖွေစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် လဲချား မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လဲချားမြို့၊ နောင်မိန်းကျေးရွာအဝင်လမ်းရှိ မိုင်းရှူး-မိုင်းနောင်-ကျေးသီး-လဲချားလမ်းတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းနှင့် လဲချားမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အမှတ်(၆၄)ခြေလျင်တပ်ရင်းမှ တပ်မတော်သားများ နှင့်ပူးပေါင်း၍ ပုံသေပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
( စ) အမှတ်(၂၇)မူးယစ်တပ်ဖွဲ့စု(လွိုင်လင်)အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၄ မှု၊ ဘိန်းစိမ်း ၁ မှု၊ ပေါင်း ၅ မှုမှ တရားခံ ကျား ၆ ဦး၊ မ ၁ ဦး၊ ပေါင်း ၇ ဦးတို့အား စိတ်ကြွဆေးပြား ၁၃၅,၁၈ဝ ပြား၊ ဘိန်းစိမ်း ၄၅ဝ ဂရမ်၊ မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ ၂ဝ၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၂ မှုမှ တရားခံ ကျား ၂ ဦးအား စိတ်ကြွဆေးပြား ၂,၂၀၀ ပြား၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။
(ဆ) ၂ဝ၂၄ ခုနှစ်အတွင်း Happy Water ၆ မှုမှ တရားခံ ကျား ၇ ဦး၊ မ ၂ ဦး၊ ပေါင်း ၉ ဦး တို့အား Happy Water ၆.၅၈၁ ကီလိုဂရမ်၊ Ketamine ၉ဝဝ ဂရမ်၊ ခတ်ခူး ၅ ဂရမ်၊ မော်တော်ယာဉ် ၅ စီး၊ ဖုန်း ၈ လုံးတို့နှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။
(ဇ) လဲချားမြို့နယ်ရဲတပ်ဖွဲ့မှလည်း လဲချားမြို့နယ်အတွင်း၌ ၂ဝ၂၂ ခုနှစ်အတွင်း စိတ်ကြွ ဆေးပြား ၁ မှု၊ ၂၀၂၃ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှုနှင့် ၂ဝ၂၄ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၁ မှု၊ စုစုပေါင်း ၃ မှုမှ တရားခံ ကျား ၃ ဦးအား စိတ်ကြွဆေးပြား ၂၈,၂၂၂ ပြား၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။
(ဈ) အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲ(တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ အမှတ် (၂၇) မူးယစ်တပ်ဖွဲ့စု (လွိုင်လင်)အနေဖြင့် မူးယစ်ဆေးဝါးသတင်းရရှိမှုအပေါ် မူတည်၍ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများအား လွိုင်လင်တပ်နယ်မှူး/လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့ပြီး ၁ လလျှင် (၆) ကြိမ်ခန့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
(ည) ထို့ပြင် လဲချားမြို့ပေါ်ရပ်ကွက်များတွင် မိမိတပ်ဖွဲ့ဝင်များ၊ အမာခံသတင်းပေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများနှင့် ပေါင်းစပ် ညှိနှိုင်း၍ မူးယစ်ဆေးဝါးသတင်းများရယူပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လဲချားတပ်နယ်မှူးတို့ထံ သတင်းပို့၍ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဖြေကြားပေးသည့်ဌာန- ပြည်ထဲရေးဝန်ကြီးဌာန
ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ နှင့်တွေ့ဆုံဆွေးနွေးမှုအပေါ်သုံးသပ်ချက်ကို သိရှိပါရစေ။
မိုဒီသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာ နှင့် ဧပြီ ၃ ရက်တွင် တွေ့ဆုံခဲ့ပြီး ၎င်းအား “အိန္ဒိယ၏ ကြီးမြတ်သော မိတ်ဆွေ” ဟု ဂုဏ်ပြုခဲ့ပါသည်။
မိုဒီ၏ အဆိုပါဂုဏ်ပြုမှုသည် ထိုင်း-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး၏ သမိုင်းကြောင်းနှင့် အနာဂတ်အလားအလာ ကို အလေးပေး ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံမှုများသည် အာရှဒေသတွင်း မဟာဗျူဟာမြောက် ပူးပေါင်းမှုများ (အထူးသဖြင့် တရုတ်၏ ဩဇာလွှမ်းမှုကို ဟန်ချက်ညီ စေရန်) အတွက် အရေးပါသော အဆင့်တစ်ခုဖြစ်သည်။
အိန္ဒိယသည် ထိုင်းနှင့် BIMSTEC (ဘင်္ဂလားပင်လယ်အော်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) မှတစ်ဆင့် ဒေသဆိုင်ရာဆက်သွယ်ရေး လမ်းကြောင်း များ ဖွံ့ဖြိုးရေးကို အလေးထားလျက်ရှိသည်။
ကိုးကား-PTI, Reuters
ဘင်္ဂလားဒေ့ရှ်၏ ယာယီအစိုးရခေါင်းဆောင် မိုဟာမက် ယူနွတ်စ် သည် အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးသက်ရောက်မှုမှ ရုန်းထွက်ရန် လာမိုနီရဟတ်တွင် လေတပ်စခန်းတည်ဆောက်ရန် တရုတ်နိုင်ငံအား အဆိုပြုမှုနှင့်စပ်လျဉ်း၍ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သနည်း။
တရုတ်-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းမှုသည် အိန္ဒိယ၏ “ကြက်လည်ပင်းကြိုး” Chicken’s Neck (Siliguri Corridor) ကဲ့သို့သော မဟာဗျူဟာမြောက် နေရာများကို ခြိမ်းခြောက်နိုင်သည်။
ပါကစ္စတန်၏ ပါဝင်မှုသည် ဒေသတွင်း စစ်ရေးတည်ငြိမ်မှုကို ပိုမို ထိခိုက်စေနိုင်ပါသည်။
ကိုးကား - GG political
အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သင်တန်းကာလ (၂၀) ပတ်ကြာ သင်တန်းတက်ရောက်ရာတွင် သင်တန်းကာလ ကြာမြင့်မှုကြောင့် ကုန်ကျစရိတ်များသည် သာမန်နိုင်ငံ့ဝန်ထမ်းတစ်ဦးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေကြောင်း တွေ့ရှိရပါသည်။ (ယခုကာလတွင် ချိုးခြံချွေတာသည့် ဝန်ထမ်းတစ်ဦးလျှင်ပင် သင်တန်းကာလ (၂၀) ပတ် အတွက် စုစုပေါင်း ငွေကျပ် သိန်း ၄၀ ခန့် ကုန်ကျခဲ့ကြောင်း သိရှိရပါသည်။) ကုန်ကျစရိတ်သည် ဝန်ထမ်းလစာနှင့် မကာမိ ဖြစ်နေပါသည်။ သင်တန်းတက်ရောက်ရသည့် ကာလတွင် ရရှိသော လစာအား သင်တန်း၌ပင် အသုံးပြုလျှင်တောင် လောက်ငှမှု မရှိကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် တချို့ကလေးငယ်ရှိသည့် အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများအတွက် (ဌာနတွင် ဝန်ထမ်းအင်အားနည်းပါးသော်လည်း မဖြစ်မနေ သင်တန်းတက်ရောက်ရန် စေလွှတ်ခြင်းခံရသည့်အခါ) မိသားစုအခက်အခဲများရှိကြောင်း တွေ့ရှိရပါသည်။ မိခင်နှင့် ဖခင်နှစ်ဦး စလုံး ဝန်ထမ်းဖြစ်ပါက အရွယ်မရောက်သေးသည့် ကလေးငယ်အား မိခင် မရှိဘဲ အချိန် ကာလ ၂၀ ပတ်ကြာ ပြုစုစောင့်ရှောက်ရန်အတွက် မိသားစုအခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါသည်။ သို့ပါ၍ ကလေးငယ်အား ဂရုတစိုက် ပြုစုစောင့်ရှောက်ရမည့် အမျိုးသမီးနိုင်ငံ့ဝန်ထမ်းများအတွက် သင်တန်းကာလသည် အချိန်ကာလ ကြာမြင့်လွန်းသဖြင့် မိခင်အုပ်ထိန်းမှု လိုအပ်လျက်ရှိသော အသက် ၅ နှစ်အောက် ကလေးငယ်ရှိသည့် အမျိုးသမီးနိုင်ငံ့ ဝန်ထမ်း များအတွက် Online Training နှင့် In House System သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် ပြန်လည်သုံးသပ်ပေးနိုင်ပါရန် အမျိုးသမီး မိခင်များ၏ ကိုယ်စား ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။
မေးခွန်းနှင့်စပ်လျဉ်း၍ Online နှင့် In-house ရော၍ ဖွင့်လှစ်ရာတွင် အင်တာနက်လိုင်း အခက်အခဲရှိခြင်း၊ သင်တန်းသားများနှင့် သင်တန်းဆရာအကြား အချိန်အကန့် အသတ်ရှိသဖြင့် ပြည့်စုံစွာ ပြန်လည်မေးခွန်းမေးမြန်း ရာတွင် ဖြေကြားပေးနိုင်မှုမရှိခြင်း၊ Online ဖြစ်၍ သင်တန်းသားများ သင်တန်းတက်ရောက်မှု မမှန်ခြင်း၊ သင်တန်းသားများ၏ အာရုံစူးစိုက်မှုနည်းပါးခြင်း၊ Online ဖြင့် စာမေးပွဲ ဖြေဆိုရာတွင် အမှန်တစ်ကယ် ဖြေဆိုခြင်း ဟုတ်-မဟုတ် စိစစ်ရန်အခက်အခဲရှိခြင်း စသည့် အားနည်းချက်များရှိကြောင်း တက်ရောက်ပြီး သင်တန်းသားများ၏သင်တန်းဆင်းသုံးသပ်အကြံပြုချက်များ၊သင်တန်းသား အများစုမှ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအား Online ဖြင့် ဖွင့်လှစ်သင်ကြားခြင်းအစား In House ဖြင့်သာ ပြင်ဆင်ဖွင့်လှစ်ရန် ရေးသားဖော်ပြ တောင်းဆိုမှုများကြောင့် အရလည်းကောင်း၊ သင်တန်းတွင် နိုင်ငံတော်ကာကွယ်ရေး ဘာသာရပ် ပါဝင်လာသည့်အတွက် လက်တွေ့သင်ကြားရန် အချိန်ပိုမိုလိုအပ်သည့်အတွက်လည်းကောင်း In House ဖြင့်သာဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းသို့တက်ရောက်မည့် သင်တန်းသားများအား လုပ်ငန်းခွင်မှ ကာလရှည်ကင်းကွာမှုမရှိစေရေး၊ ၎င်းတို့၏ ကုန်ကျစရိတ်သက်သာစေရေး၊ ဝန်ထမ်းမိသားစု အခက်အခဲများပြေလည်စေရေး ကလေးငယ်ရှိသည့် အမျိုးသမီး နိုင်ငံ့ဝန်ထမ်းများအဆင်ပြေရေးတို့အတွက် အလယ်အလတ် အဆင့်အရာထမ်းသင်တန်းကို ၂၀၀၈ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကကဲ့သို့ သင်တန်းကာလ (၄) ပတ် (၁) လဖြင့် ဖွင့်လှစ်ပါက ဘွဲ့၊ ဒီပလိုမာများ ပေးအပ်ရန် အခက်အခဲရှိမည်ဖြစ်ပါသည်။
- ငွေကြေးကုန်ကျသုံးစွဲမှုနှင့်ပတ်သက်၍ အလယ်အလတ် အဆင့်အရာထမ်းသင်တန်း၊ Advanced Diploma in Civil Service Management ဘွဲ့ ပေးအပ်ခြင်း ဖြစ်သည့်အတွက် ပညာဌာန (၇) ခုမှ စာအုပ် (၃၂) အုပ်အား ကျပ်တစ်သိန်း ခြောက်သောင်းနှုန်းဖြင့်ရောင်းချသည့် ကုန်ကျစရိတ်တစ်ခု သာရှိပါသည်။ ငွေပေးချေမှုကိုလည်း အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ရန်သတ်မှတ်ထားပါသည်။ ကျန်သင်တန်းသားများ၏ နေထိုင်စားသောက်မှုကိစ္စအဝဝကို နိုင်ငံတော်မှ သတ်မှတ်ခွင့်ပြုထားသောနှုန်းထားများနှင့် တက္ကသိုလ်များအနေဖြင့် အပြည့်အဝ တာဝန်ယူပေးထားပါသည်။ တစ်ဦးချင်း၏ ပုဂ္ဂလိကလိုအပ်ချက်အရ အပိုသုံးစွဲလျှင် သုံးစွဲသလောက် စရိတ်စကများ ပိုမိုကုန်ကျမည်ဖြစ်ပါသည်။ သာမန်အားဖြင့် မေးခွန်းတွင် ဖော်ပြပါ ကျပ် သိန်း (၄၀) ကုန်ကျသည်ဟု ဖော်ပြခြင်းမှာ တစ်ဦးချင်း၏ လိုအပ်ချက်ဖြင့် သာဆိုင်ပြီး သင်တန်းတက်ရခြင်းကြောင့် မဖြစ်မနေကုန်ကျရသော အသုံးစရိတ်များမဟုတ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဖြေကြားပေးသည့်ဝန်ကြီးဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ ၁၄ (ခ) တွင် “ရာထူးလစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ရန် လိုအပ်ပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ပြုရမည်။” ဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်အရ သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံ့ဝန်ထမ်းအမှုထမ်းများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိရာထူးများသို့ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ရှိပါသည်။ ပိတ်ပင်တားမြစ်ခွင့်မရှိပါ။ သို့ရာတွင်ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်ထားရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းမှတစ်ဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရပါသည်။
အချို့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသည် အမှုထမ်းအဆင့် စတင်ခန့်ရာထူးအဆင့်ခန့်အပ်ရာတွင် ထမ်းဆောင်ရမည့်ကာလ၊ ပေးလျော်ရမည့် လျော်ကြေးသတ်မှတ်ချက်များ မရှိသော်လည်း အချို့သော ဝန်ထမ်းအဖွဲ့အစည်းများသည် အမှုထမ်းအဆင့် ရာထူးများခန့်အပ်ရာတွင် ထမ်းဆောင်ရမည့် ကာလ၊ ပေးလျော်ရမည့် လျော်ကြေး သတ်မှတ်ချက်များရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းနှင့် ထမ်းဆောင်သည့် အမှုထမ်းဝန်ထမ်းတို့အကြား ကတိခံဝန်ချက်၊ စည်းမျဉ်း၊ စည်းကမ်းညွှန်ကြားချက်များနှင့်အညီ ဝန်ခံကတိလက်မှတ်ရေးထိုးသဘောတူညီချက်ရယူဆောင်ရွက်သည်ကို တွေ့ရှိရပါသည်။ ယင်းသို့ ကတိခံဝန်ချက်တွင် လက်မှတ်ရေးထိုးသဘောတူညီထားပါက သက်ဆိုင်ရာအမှုထမ်းဝန်ထမ်းအနေဖြင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပါသည်။
အမှုထမ်းဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (စ) ပါ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိပါသည်။
၎င်းအပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ပြန်တမ်းဝင်အရာရှိ စတင်ခန့်ရာထူးအတွက် အချို့သော အဖွဲ့အစည်းများသည် အကြောင်းကိစ္စ ခိုင်ခိုင်မာမာမရှိဘဲ အမှုထမ်းများကို ဝင်ရောက်ဖြေဆိုခွင့် ကန့်သတ်ထားသည်ကို တွေ့ရသည့်အတွက် အမှုထမ်းများ ဝင်ရောက်ဖြေဆိုခွင့် မဖြစ်မနေရရှိရန် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ဖြေဆိုခွင့်ပေးထားသည်ဆိုသော်လည်း အမှုထမ်းများအနေဖြင့် ပြန်တမ်းဝင်အဆင့် စတင်ခန့်ရာထူးသို့ အောင်မြင်သွားပါက သင်တန်းစတင် ဖွင့်လှစ်သည့်နေ့တွင် ပြန်တမ်းဝင်အရာရှိ အစမ်းခန့်ထားခြင်းခံရပါသည်။ ယင်းအချိန်တွင် မူလတာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် အမှုထမ်းနှင့်ပတ်သက်သော ဝန်ထမ်းရေးရာခံစားခွင့်များဆုံးရှုံးမှုမရှိစေရေး အသစ်တာဝန်ထမ်းဆောင်မည့်ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်များကိုဆက်လက်ဆောင်ရွက်ပေးရသည့်အတွက် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသိရှိရန် ခွင့်ပြုချက် မဖြစ်မနေတောင်းခံရန် လိုအပ်ခြင်းဖြစ်ပါသည်။
- သို့ဖြစ်ပါ၍ အမှုထမ်းများသည် သတ်မှတ်အရည်အချင်း ပြည့်မီပြီး သက်ဆိုင်ရာဌာနများက သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့ကခေါ်ယူသော ပြန်တမ်းဝင်အရာရှိစာမေးပွဲကိုဖြေဆိုခွင့်ရှိမည်ဖြစ်သော်လည်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ခွင့်ပြုချက် မဖြစ်မနေရယူရန်လည်းလိုအပ်ပါသည်။
ဖြေကြားပေးသည့်ဝန်ကြီးဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့
ရုရှားနှင့် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ယူကရိန်း အသင့်ရှိနေသော်လည်း ပူတင်ကို မြေပြင်၊ ရေပြင်နှင့် ဝေဟင်မှာ ၃၀ ရက်ကြာ စစ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါ။
အဆိုပါ သဘောတူညီချက်ကို အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ယူကရိန်းများနှင့် မကြာသေးမီက ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနှင့် ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ကတည်းက စွမ်းအင်လိုင်းများကို အပြန်အလှန် အကြိမ်ကြိမ် တိုက်ခိုက် နေခဲ့ခြင်းဖြစ်ပါသည်။ သို့သော် မတ်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည့် စွမ်းအင်အခြေခံအဆောက်အဦတွေကို ရက် ၃၀ ကြာ တိုက်ခိုက်မှုရပ်တန့်မည့်အချက်သည် စစ်ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေသော ယူကရိန်း ပြည်သူများကို စိတ်သက်သာရာရစေမည်ဖြစ်ပါသည်။
စစ်ရေးအရ အဆိုပါအချက်သည် ယူကရိန်းအတွက် အဆင်ပြေစေ မည်ဟု အတိအကျမပြောနိုင်ပါ။ ယူကရိန်း၏ မြေပြင်တပ်များသည်ကာ့စ်ဒေသနှင့် ယူကရိန်းရှေ့တန်းမြေပြင်များကနေ ဆုတ်ခွာနေသော်လည်း ရုရှား၏ ရေနံစွမ်းအင် အခြေခံအဆောက်အဦများကို တာဝေးကနေ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် တိုက်ရိုက်ထိမှန်သည့် တိုက်ခိုက်မှုများ အများအပြား ရှိခဲ့ပါသည်။ ထိုအချက်များသည် ရုရှား၏ စစ်ရေး ထောက်ပို့ ပိုင်းများကို ထိခိုက်ခဲ့သော်လည်း ယခုအခြေအနေတွင် ရပ်တန့်ရမည် ဖြစ်ပါသည်။
ဖြေကြားသူ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)
ပညာရေးဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲရေးဝန်ထမ်းများ၏ ရာထူးတိုး/ပြောင်းရွှေ့ကိစ္စရပ်များ အောက်ဖော်ပြပါ အတိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်-
(က) အဆင့်မြင့်ပညာဦးစီးဌာနတွင် စီမံခန့်ခွဲရေးဝန်ထမ်းများအတွက် ရာထူးတိုး/ ပြောင်းရွှေ့ ကိစ္စရပ်များအား ဝန်ထမ်းလိုအပ်ချက်နှင့် လစ်လပ်ရာထူးနေရာ အပေါ် မူတည်၍ ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှစ၍ နှစ်စဉ် ပူးတွဲ ဖော်ပြပါအတိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
(ခ) ဆရာအတတ်ပညာဦးစီးဌာနတွင် စီမံခန့်ခွဲရေးဝန်ထမ်းများအတွက် ရာထူး တိုး/ပြောင်းရွှေ့ကိစ္စရပ်များအား တစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွက် ၆-၂-၂၀၂၅ ရက်နေ့တွင် ရာထူးတိုး/ ပြောင်းရွှေ့လျှောက်လွှာခေါ်ယူထားပါကြောင်း၊
(ဂ) အခြေခံပညာဦးစီးဌာနတွင် စာရေးဝန်ထမ်း/ စီမံဝန်ထမ်းများအား လက်ရှိရာထူးဖြင့် လက်ရှိကျောင်း/ရုံးတွင် တာဝန်ထမ်းဆောင်သည့် လုပ်သက် (၂) နှစ်၊ ဒေသစရိတ်ခံစားခွင့်ရှိသည့် (ဝေးလံခက်ခဲဒေသ)ဖြစ်ပါက လက်ရှိရာထူးဖြင့် လက်ရှိကျောင်း/ရုံးတွင် တာဝန်ထမ်းဆောင်သည့်လုပ်သက် (၁) နှစ် ပြည့်ပါက သင်ကြားရေး ဝန်ထမ်းများကဲ့သို့ ပညာသင်နှစ်အလိုက် ရာထူးတိုး/ပြောင်းရွှေ့ လျှောက်ထားခွင့်ရှိပါကြောင်း။
အဆင့်မြင့်ပညာဦးစီးဌာန
စီမံခန့်ခွဲရေးဆိုင်ရာ ရာထူးများ အတိုး/ အပြောင်းနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ
စဉ် | ဆောင်ရွက်ခဲ့သည့်ခုနှစ် | လစာနှုန်း | ရာထူးတိုးမြှင့်ခဲ့သည့် ဦးရေ | ပြောင်းရွှေ့ ခန့်ထားခဲ့သည့် ဦးရေ | မှတ်ချက် |
၁ | ၂၀၂၁ ခုနှစ်၊ ဧပြီလ | ၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀ | ၁၃ |
|
|
၂ | ၂၀၂၁ ခုနှစ်၊ မေလ | ၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀ | ၁၈၄ | ၂၈ |
|
၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀ |
| ၄၁ |
| ||
၃ | ၂၀၂၁ ခုနှစ်၊ ဇွန်လ | ၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀ | ၆၁၄ |
|
|
၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ | ၅၆ |
|
| ||
၄ | ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ | ၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀ | ၁၆ |
|
|
၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀ |
| ၅ |
| ||
၅ | ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ | ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀ | ၂၄ |
|
|
၆ | ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ | ၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀ | ၁၆ | ၁၉ |
|
၇ | ၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဒီဇင်ဘာလ | ၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀ | ၃၅ |
|
|
၈ | ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ | ၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀ | ၁၈ |
|
|
၉ | ၂၀၂၂ ခုနှစ်၊ မတ်လ | ၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀ | ၁၀ |
|
|
၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀ | ၁၀၉ | ၁၄ |
| ||
၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀ |
| ၁၄ |
| ||
၁၀ | ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ | ၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀ | ၈ | ၁၁ |
|
၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀ |
| ၂၀ |
| ||
၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀ | ၅၇ | ၁၁ |
| ||
၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ | ၂၀ |
|
| ||
၁၁ | ၂၀၂၄ ခုနှစ်၊ ဧပြီလ | ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀ | ၂၀ |
|
|
၁၂ | ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ | ၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀ | ၁၄ | ၁၂ |
|
၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀ | ၁၈ |
|
| ||
၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀ | ၆၃ | ၃၄ |
| ||
၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀ |
| ၁၄ |
| ||
၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀ | ၃၆ | ၁၀ |
| ||
၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ | ၁၆ | ၂ |
| ||
|
| စုစုပေါင်း | ၁၃၄၇ | ၂၃၅ |
|
မှတ်ချက်။ ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ လစာနှုန်းနှင့်အောက် ရာထူးများ၏ ရာထူးတိုးမြှင့်ခြင်းကိစ္စများကို နှစ်စဉ် ဇန်နဝါရီလတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများအလိုက် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားပေးထားခြင်း ဖြစ်ပါသည်။
ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးထူထောင်နိုင်ရန်အတွက် ဌာနမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပြီး စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခက်အခဲများကို တင်ပြစေ၍ လိုအပ်သည်များ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် (EC) အပိုဒ် ၁၇ (က) ပါအတိုင်း အလုပ်ရှင်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အလုပ်သမားများဘက်မှလည်း အပိုဒ်(၁၇)(ခ)ပါ အလုပ်သမားများ၏ တာဝန်ဝတ္တရားများနှင့် အပိုဒ် ၁၄ ပါ အလုပ်သမားများ၏စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။ သို့မှသာ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် အလုပ်ရှင်၊ အလုပ်သမားမျှတသော အလုပ်သမားရေးရာကျင့်စဉ်များ ရရှိနိုင်မည်ဖြစ်သည့်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးကောင်းမွန်စေရန် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လုပ်ငန်းခွင်အေးချမ်းသာယာစေရေး၊ မျှတသောလုပ်ငန်းခွင်ဆက်ဆံရေးစနစ် ကျင့်သုံး တတ်စေရေး၊ အလုပ်သမား ရေးရာဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒလုပ်ထုံးလုပ်နည်းများအား အလုပ်ရှင်၊ အလုပ်သမားများက သိရှိလိုက်နာနိုင်ရေး အတွက် အလုပ်ရှင်များ၊ အလုပ်ရှင် ကိုယ်စားစီမံခန့်ခွဲသူများ၊ စက်ရုံအတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များ၊ အလုပ်သမားများအား မိတ်ဖက်ဌာနများနှင့်ပေါင်းစပ်၍ စီမံချက်များ ချမှတ်ကာ အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပေးလျက် ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၂၇၀၇ ရုံမှ တက်ရောက်သူ အလုပ်ရှင်၊ အလုပ်သမား ၉၇၉၈၅ ဦးကို အသိပညာပေးဆွေးနွေး နိုင်ခဲ့ပါသည်။ ဆက်လက်၍ အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲများ ပိုမိုဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၅ (ဃ) အရ EC စာချုပ်သက်တမ်းကာလထက်စော၍ လုပ်ငန်းပြီးဆုံးသွားလျှင်သော်လည်းကောင်း၊ မမျှော်လင့်သောအကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ဒေသကို ဖြစ်စေ ရပ်စဲလိုက်ရလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန် ကိစ္စပေါ်ပေါက်လာလျှင်သော်လည်းကောင်း အလုပ်ရှင်သည် အလုပ်သမားအား ဝန်ကြီးဌာနမှ ၃–၇–၂၀၁၅ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅) ဖြင့် ထုတ်ပြန်ထားသည့် လုပ်သက်အလိုက် နစ်နာကြေးနှုန်းထားများအတိုင်း ပေးချေရမည်ဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/