အမေးအဖြေကဏ္ဍ

အလုပ်သမားအဖွဲ့အစည်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရမည့်  လုပ်ငန်းစဉ်များကိုလည်း သိရှိလိုပါတယ်။

အလုပ်သမားအဖွဲ့အစည်းလျှောက်ထားရာမှာ အခြေခံ၊ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ဆိုပြီး အဆင့်ဆင့် ရှိပါတယ်၊
အခြေခံအလုပ်သမားအဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၄ (က) အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၀ အရ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာ ပုံစံ(၁)၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်း ဆိုင်ရာအချက်အလက်များ ပုံစံ(၂)၊ ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင် အဖွဲ့ဝင်များကသဘောတူကြောင်း လက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ ဥပဒေ ပုဒ်မ ၄ (က) (၂) အရ သက်ဆိုင်ရာလုပ်ငန်းရှိ စုစုပေါင်း အလုပ်သမားများ၏ ၁၀ ရာခိုင်နှုန်းထောက်ခံချက် ပူးတွဲလျက်လျှောက်ထားနိုင်ပါတယ်။
မြို့နယ်အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၄ (ခ) အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၀ အရ အလုပ်သမားအဖွဲ့အစည်းမှတ်ပုံတင်ရန် လျှောက်လွှာ ပုံစံ(၁)၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များ ပုံစံ(၃)၊ ဖွဲ့စည်းပုံစည်းမျဉ်းကိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကသဘောတူကြောင်းလက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့ အစည်း၏ဖွဲ့စည်းပုံစည်းမျဉ်းပူးတွဲလျက်လျှောက်ထား နိုင်ပါတယ်၊
တိုင်းဒေသကြီး/ပြည်နယ်အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပုဒ်မ ၄ (ဂ)  အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၀ အရ အလုပ်သမားအဖွဲ့ အစည်းမှတ်ပုံတင်ရန် လျှောက်လွှာပုံစံ(၁)၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များ ပုံစံ(၃)၊ ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သဘောတူကြောင်းလက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပူးတွဲလျက် လျှောက်ထားနိုင်ပါတယ်။
အလုပ်သမားအဖွဲ့ချုပ်ကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပုဒ်မ ၄ (ဃ) အရဖွဲ့စည်းနိုင်ပြီး နည်းဥပဒေ ၁၁ အရ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာ ပုံစံ(၁)၊ အလုပ်သမားအဖွဲ့ချုပ်ဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များပုံစံ (၅-က)၊  ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သဘောတူကြောင်းလက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ဖွဲ့စည်းပုံ စည်းမျဉ်းပူးတွဲလျက် လျှောက်ထားနိုင်ပါတယ်၊
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ပုဒ်မ ၄ (င)  အရဖွဲ့စည်းနိုင်ပြီးနည်း ဥပဒေ ၁၁ အရ အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်ရန်လျှောက်လွှာ ပုံစံ(၁)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာအချက်အလက်များ ပုံစံ (၅-ခ)၊ ဖွဲ့စည်းပုံစည်းမျဉ်းကို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သဘောတူကြောင်း လက်မှတ်ရေးထိုးချက် ပုံစံ(၄)၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းပူးတွဲလျက် လျှောက်ထားနိုင်ပါတယ်၊
အခြေခံ၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်းများကို သက်ဆိုင်ရာမြို့နယ် မှတ်ပုံတင်အရာရှိထံတွင် လျှောက်ထားနိုင်ပြီး  လျှောက်လွှာတွင် ဖော်ပြရမည့်အချက်များနှင့် ပူးတွဲပါရှိရမည့်အထောက်အထားများ ပြည့်စုံမှန်ကန်မှုရှိပါက အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန်လျှောက်လွှာကို လက်ခံရရှိကြောင်းပြေစာ ပုံစံ(၆) ထုတ်ပေးပါတယ်၊ လျှောက်လွှာတွင်ဖော်ပြရမည့်အချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထားများများ မှန်ကန်ခိုင်လုံခြင်း ရှိ၊မရှိ မှတ်ပုံတင်အရာရှိက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး(တာဝန်ခံ)၏ ကြီးကြပ်စိစစ်မှုဖြင့် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်အရာရှိချုပ်ထံ တင်ပြပါတယ်။ မှတ်ပုံတင်အရာရှိချုပ်က စိစစ်ခွင့်ပြုပါက အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးပါတယ်။
အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ကို မှတ်ပုံတင်အရာရှိချုပ်ထံ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်အရာရှိချုပ်က ပူးတွဲပါအထောက်အထားများ မှန်ကန်ခိုင်လုံမှုရှိပါက ရက်ပေါင်း ၆၀ အတွင်း အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်ပုံစံ (၇) ထုတ် ပေးပါတယ်။
လျှောက်လွှာတွင် ဖော်ပြရမည့်အချက်များနှင့် ပူးတွဲပါရှိရမည့် အထောက်အထား များပြည့်စုံမှန်ကန်မှုမရှိပါက လိုအပ်ချက်များကို လုံလောက်သောအချိန်အတွင်း ထပ်မံဖြည့်ဆည်း၍ ပြန်လည်တင်ပြစေပြီး ဥပဒေနှင့်အညီ အသိအမှတ်ပြု   လက်မှတ်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားအဖွဲ့အစည်းကို မည်ကဲ့သို့ဖွဲ့စည်းနိုင်ပါသလဲ။

လုပ်ငန်းအမျိုးအစားအလိုက်  အလုပ်သမားအနည်းဆုံးဦးရေ ၃၀ ဖြင့် အခြေခံ အလုပ်သမားအဖွဲ့အစည်းကိုဖွဲ့စည်းနိုင်ပြီး အခြေခံစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း အောက်မနည်းသော အလုပ်သမားအဖွဲ့အစည်းကထောက်ခံလျှင် မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ မြို့နယ်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်းသော  အလုပ်သမားအဖွဲ့အစည်းကထောက်ခံလျှင် တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်း အလုပ်သမားအဖွဲ့အစည်းက ထောက်ခံလျှင် အလုပ်သမားအဖွဲ့ချုပ်၊  ၂၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ်သမားအဖွဲ့ချုပ်က ထောက်ခံလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို ဖွဲ့စည်းနိုင်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပြဋ္ဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန် စေရန်၊ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်နိုင်စေရန်ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားအဖွဲ့အစည်းကို မည်သည့်အတွက်ကြောင့်ဖွဲ့စည်းသင့်ပါသလဲ။

အလုပ်သမားများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီရရှိစေရန်နှင့် အလုပ်ချိန်နှင့်အခြား အလုပ်ခန့်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလုပ်ရှင်နှင့် ဆွေးနွေးညှိနှိုင်းရာမှာ အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ တစ်ဆင့်ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားများအားလုံး အကျိုးခံစားရရုံသာမက အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများ လျော့နည်းလာပြီး လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အဓိကကျတဲ့အတွက် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များမှာ အလုပ်သမားအဖွဲ့အစည်းများကို ဥပဒေနှင့်အညီဖွဲ့စည်းသင့်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဖြင့် အလုပ်သမားများ မည်ကဲ့သို့အကျိုး ကျေးဇူးများရရှိ ခံစားနိုင်ပါသလဲ။

အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းအားဖြင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်များ၊ အလုပ်ချိန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေး အပါအဝင် အခြားလုပ်ငန်းခွင်ဆိုင်ရာ အကျိုးခံစားခွင့်များကို အလုပ်သမားများ ကိုယ်တိုင်ရွေးချယ်ထားသော အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ တစ်ဆင့်လုပ်ငန်းခွင်မပျက် အလုပ်ရှင်နှင့်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊  အလုပ်ခွင်အတွင်း အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက အလုပ်ရှင်နှင့် အလုပ်သမားများ ကြားညှိနှိုင်းဆွေးနွေးအဖြေရှာ၍ ပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့်  အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများ လျော့နည်းလာမှာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုပိုင်းမှာ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/


 

ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် ဌာနမှ  မည်သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါတယ်။

ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးထူထောင်နိုင်ရန်အတွက် ဌာနမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်ပြီး စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့်အလုပ်သမားများ၏ အခက်အခဲများကို တင်ပြစေ၍ လိုအပ်သည်များ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလုပ်ခန့်ထားမှုဆိုင် ရာသဘောတူညီချက် စာချုပ် (EC) အပိုဒ် ၁၇ (က) ပါအတိုင်း အလုပ်ရှင်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့  အလုပ်သမားများဘက်မှလည်း အပိုဒ် ၁၇(ခ)ပါ အလုပ်သမားများ၏ တာဝန်ဝတ္တရားများနှင့် အပိုဒ် ၁၃ ပါ အလုပ်သမားများ၏ စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့မှသာ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အလုပ်ရှင်၊ အလုပ်သမားမျှတသော အလုပ်သမားရေးရာ ကျင့်စဉ်များ ရရှိနိုင်မည် ဖြစ်သည့်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးကောင်းမွန်စေရန် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/
 

လုပ်သားအင်အားစစ်တမ်းကို ဘယ်အချိန်မှာ ဘယ်သူတွေက ကောက်ယူခဲ့ပါသလဲ။

၂၀၁၇ ခုနှစ်ကစပြီး နှစ်စဉ်လုပ်သားအင်အားစစ်တမ်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တစ်နှစ်လျှင်နှစ်ကြိမ် ပုံမှန်ကောက်ယူပြုစုလျက်ရှိပြီး၊ ထိုသို့ကောက်ယူပြုစုရာတွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ နမူနာစာရင်းကောက်ကွက်များ အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှာ အလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ က ကွင်းဆင်းစာရင်းကောက်ယူခြင်းဖြစ်ပြီး၊ နှစ်စဉ် ဇန်နဝါရီလမှ မတ်လအထိ ပထမအကြိမ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ဒုတိယအကြိမ် ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ရာမှာ ၂၀၂၀ ပြည့်နှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ပထမအကြိမ်)ထိ ကွင်းဆင်းကောက်ယူခဲ့ပြီး၊ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ နှစ်စဉ်လုပ်သာအင်အားစစ်တမ်း (ဒုတိယအကြိမ်) မှစ၍ ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ရပ်နားခဲ့ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/
 

လက်ရှိမြန်မာနိုင်ငံတွင် လုပ်သားအင်အား မည်မျှရှိပါသလဲ၊ အလုပ်လက်မဲ့နှုန်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

၂၀၂၀ပြည့်နှစ်၊ လုပ်သားအင်အားစစ်တမ်း(ပထမအကြိမ်) အစီရင်ခံစာအရ လုပ်သားအင်အား ၂၂.၂၂ သန်းရှိပါတယ်။ အလုပ်လက်မဲ့နှုန်းအနေနဲ့ ၁.၆% ရှိပြီး၊ အလုပ်လက်မဲ့နှုန်း နည်းပါးခြင်းဟာ ILO ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေတိုင်းမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ILO အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စာရင်းအင်းပညာရှင်များညီလာခံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အလုပ်လက်မဲ့နှုန်းအပြင် လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်မှုနှုန်း (Labour Underutilization Rate) ကိုပါ တစ်ပေါင်းတည်းဖော်ပြဖို့ တိုက်တွန်းထားပြီး၊ မြန်မာနိုင်ငံအနေနဲ့ တွက်ချက်ဖော်ပြလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နှစ်စဉ်လုပ်သားအင်အား စစ်တမ်း (ပထမအကြိမ်) အစီရင်ခံစာအရ လုပ်သားအင်အားအပြည့်အဝ အသုံးမချနိုင်မှု နှုန်း ၅.၂% ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/
 

လုပ်ငန်းခွင်အေးချမ်းသာယာစေရန် ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး တည်ဆောက်နိုင်ရန်အတွက် ဌာနမှဆောင်ရွက်ပေးနေမှု အခြေအနေများကို သိရှိလို ပါတယ်။

ကောင်းမွန်သည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး Fair Labour  Practice ထူထောင် နိုင်ရန်အတွက်ဌာနမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပခြင်းအပေါ် ဝန်ကြီးဌာန၏ တည်ဆဲဉပဒေများနှင့်အညီ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခက်အခဲများကိုတင်ပြစေ၍ လိုအပ်သည်များညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၅(က)(၁)အရ ချုပ်ဆိုသည့် EC စာချုပ်တွင် အလုပ်ရှင်အနေဖြင့် အလုပ်ခန့်ထားမှု သဘောတူညီချက်စာချုပ်(EC)အပိုဒ် ၁၇(က)ပါအတိုင်း အလုပ်ရှင်၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ အလုပ်သမားများဘက်မှလည်း အပိုဒ် ၁၇(ခ)ပါ အလုပ် သမားများ၏ စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ရန်လိုအပ်ပါတယ်။ ထို့အပြင် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးကောင်းမွန်စေရန် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် မိတ်ဖက်ဌာနများနှင့်ချိတ်ဆက်၍ အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးပွဲများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/
 

ရုရှားသမ္မတပူတင်၏ ဖိတ်ကြားမှုအရ Great Patriotic War နှစ် ၈၀ ပြည့် အခမ်းအနား သို့ ထရမ့် တက်ရောက်နိုင်ပါသလား

ထရမ့်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ၎င်း၏ ဒုတိယအကြိမ်မြောက် ပြန်လည်ရွေးကောက်ခံခဲ့ရသည့် ၄၇ ဦးမြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်ရန်အတွက် တရုတ်သမ္မတ ရှီ ကိုဖိတ်​ကြားခဲ့သော်လည်း ရှီက ဒုတိယသမ္မတ ဟန်ရှန် (Han Zheng) ကိုသာ စေလွှတ်ခဲ့ပါသည်။ ယခု ရုရှားနိုင်ငံ၏ အရေးပါသည့် Great Patriotic War နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားမှုအပေါ် ထရမ့်အနေဖြင့် အဆိုပါ အခမ်းအနားသို့  ပုံမှန်အားဖြင့် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကိုသာ စေလွှတ်နိုင်ခြေရှိပါသည်။ သို့သော် မကြာမီက ထရမ့်နှင့် ပူတင်၏ အချိန်ကြာမြင့်စွာ ဖုန်း​ပြောဆိုခဲ့မှုနှင့်  ယူကရိန်းငြိမ်းချမ်း​ရေးကိစ္စ နှင့်ပတ်သက်၍ ပူတင်ကို ဆွဲ​ဆောင်ရန်အတွက်ဆိုပါက ထရမ့် ကိုယ်တိုင်တက်ရောက်မည်ဆိုလျှင် သမိုင်းဝင် အရွေ့( Historic move) တစ်ခု ဖြစ်သွားနိုင်ပါသည်။

ဖြေကြားသူ - ဦးကိုကိုလှိုင်၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)