သတင်းများ

မန္တလေးမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

မန္တလေး ဇွန် ၂

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်၍ ပညာသင်ကြားလျက်ရှိကြသည်။

ယနေ့ကျောင်းသို့ လာရောက်၍ ပညာသင်ကြားကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျ ဆရာ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ အတန်းစဉ်အလိုက် စည်းကမ်းတကျ သွားရောက်နိုင်ရေး စီမံဆောင်ရွက်ပေးသည်။

အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ဒီနေ့ကတော့ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ကျောင်းက ငလျင်ဒဏ်အန္တရာယ်ကင်းတဲ့ အဆင့်ဖြစ်အောင် ရာနှုန်းပြည့်ဆောင်ရွက်ထားတဲ့အတွက် မိဘတွေကလည်း အားတက်သရောလာထားကြပါတယ်။ လက်ရှိအနေနဲ့ ကျောင်းသား ကျောင်းသူ ၃၃၀၀ လောက်ရှိနေပြီဖြစ်ပါ တယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းတက်ကျောင်းဆင်းချိန်မှာလည်း ယာဉ်အန္တရာယ်ကင်းအောင် နေ့စဉ်ဆောင်ရွက်ထားရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တွေကလည်း ကျောင်းသား ကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ လာရောက်ဆောင်ရွက်ပေးနေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နယ်ဝေးရောက်နေပြီး ကျောင်းမအပ်ရသေးတဲ့ သူတွေအတွက်လည်း ဇွန်လတစ်လလုံး ကျောင်းအပ်လက်ခံပေးသွားမှာဖြစ်တဲ့အတွက် ကျောင်းလာရောက်အပ်နှံဖို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/70654

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိ

နေပြည်တော် ဇွန် ၂

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၅-၅-၂ဝ၂၅ရက် ည ၈ နာရီမှ ၁-၆-၂ဝ၂၅ ရက် ည ၈ နာရီအထိရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်သည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ် သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊

ကျန်းမာရေးဝန်ကြီးဌာန

 ဆေးခြောက် ရှူ/စားသုံးခြင်းသည် နှလုံးကိုထိခိုက်နိုင်

ဆေးခြောက်ကို ကာလရှည်ရှူခြင်းနှင့် စားသုံးခြင်းတို့သည် သွေးကြောများ၏ လုပ်ဆောင်ချက်များကို သိသိသာသာ ထိခိုက်စေနိုင်ကြောင်း၊ ဆေးပြင်းလိပ်သောက်သူများတွင် တွေ့ရလေ့ရှိသည့်အတိုင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။

ကယ်လီဖိုးနီးယားတက္ကသိုလ် ဆန်ဖရန်စစ္စကိုမှ ဆေးသိပ္ပံသုတေသီများက သူတို့၏ နောက်ဆုံးတွေ့ရှိမှုကို မေလ ၂၈ ရက်နေ့ထုတ် ဂျေအေအမ်အေ ကာဒီယိုလိုဂျီဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဆေးခြောက်သောက်သုံး၊ စားသုံးသူများသည် မသုံးသူများ နှင့်ယှဉ်လျှင် နှလုံးကို ၅၀ ရာခိုင်နှုန်း ပိုမိုထိခိုက်စေသည်ဟု ထိုစာတမ်းတွင် ဖော်ပြထားသည်။ သွေးကြောများ လုပ်ဆောင်ရည်ကို ထိခိုက်စေခြင်းကြောင့် နှလုံးရောဂါဖြစ်ခြင်း၊ သွေးတိုးခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်းတို့ ဖြစ်စေနိုင်သည်ဟုဆိုသည်။

ဆေးသိပ္ပံပညာရှင်များက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အရွယ်ရောက်ပြီး ကျန်းမာသူ ၅၅ ဦးကို သုတေသန လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသူများအားလုံးသည် ယခုစမ်းသပ်သည့် ကာလအပါအဝင် အနည်းဆုံး ၁၀ နှစ်အတွင်း ဆေးခြောက်ကို တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်သောက်သုံးကြသူများဖြစ်ပြီး ဆေးလိပ်မသောက်ကြသူများဖြစ်သည်။ 

အခြားသော ထိခိုက်မှုအဖြစ် ဆေးခြောက်ရှူသူများ၏ သွေးရည်ကြည်ထဲတွင် အန္တရာယ်ဖြစ်စေမည့် အပြောင်းအလဲများကို တွေ့ရသည်ဟု ဆိုသည်။ စားသုံးသူများတွင်မူ ထိုသို့ အပြောင်းအလဲမျိုး မတွေ့ရဟုဆိုရာ ရှူခြင်းက စားသုံးခြင်းထက် အန္တရာယ်ပိုများသည်ဟု ဆိုနိုင်သည်။

Source: Myanmar Digital News

တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်း များစတင်ဖွင့်လှစ်ရာ ကျောင်းသား/ သူများအားလုံး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ဇွန်လ ၂ ရက်နေ့၊ နံနက် (၇) နာရီခွဲ အချိန်မှစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်တက်ရောက်ပညာသင်ကြားကြကြောင်းသိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ် ခဲ့သည့်မန္တလေးငလျင်ကြီးကြောင့် အန္တရာယ် ရှိသော အဆောက်အဦအဖြစ် သတ်မှတ်ထားသည့် အချို့သော အခြေခံပညာကျောင်းများတွင် နံနက်(၇) နာရီခွဲ အချိန်မှ နေ့လယ် (၁၁)နာရီခွဲအချိန်ထိ KG တန်းမှ Grade-8 တန်းအထိ နံနက်ပိုင်း သင်ကြားပေးပြီး Grade-9တန်းမှ Grade -12တန်းအထိ မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီခွဲအချိန်ထိသင်ကြားပေးလျက်ရှိပါကြောင်း၊ ထိုအခြေခံပညာကျောင်းများမှာ အ.ထ.က - တံတားဦး ၊ အ.ထ.က-တောင်ဘီလူ ၊ အ.ထ.က-မြင်းသည်၊ အ.ထ.က(ခွဲ)စကားအင်း ၊ အထ.က(ခွဲ) အေးကြည်ကုန်းနှင့်မူလတန်းလွန် လက်ဆောင်ယူကျောင်းတို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။

တံတားဦးမြို့နယ်တွင် အထက (၈) ကျောင်း ၊ အထက-ခွဲ (၉) ကျောင်း ၊ အလက (၁၀) ကျောင်း ၊ အလက-ခွဲ (၈) ကျောင်း ၊ မူလွန် (၁၇) ကျောင်း ၊ အမက (၆၈) ကျောင်း ၊ အမက-ခွဲ (၁) ကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉) ကျောင်း ၊ စုစုပေါင်း (၁၃၀) ကျောင်းသည် ၂၀၂၅-ခုနှစ် ဇွန်လ (၂) ရက်နေ့မှ စတင်ကာ ဖွင့်လှစ်ပညာကြားလျက်ရှိကြောင်းသိရသည်။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

တံတားဦးမြို့တွင် အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်စုများမှ ရပ်ကွက်များ အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ဇွန်လ ၂ ရက်နေ့၊ နံနက်ပိုင်းက  အမှတ် ( ၁ ၊ ၂ ၃ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကလေးငယ်(၁၃၄)ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၄၂)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း ၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်း လုပ်ငန်းများကို  လစဉ်လဆန်း (၁)ရက်နေ့မှ စတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်စုများမှ ရပ်ကွက်များ အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ဇွန်လ ၂ ရက်နေ့၊ နံနက်ပိုင်းက  အမှတ် ( ၁ ၊ ၂ ၃ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကလေးငယ်(၁၃၄)ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး(၄၂)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း ၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်း လုပ်ငန်းများကို  လစဉ်လဆန်း (၁)ရက်နေ့မှ စတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံရာတွင်  လာရောက်ကြသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ အား ကျန်းမာရေးဝန်ထမ်းများက အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ကြက်ညှာ ၊ အသည်းရောင်အသားဝါ ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ဝမ်းရောဂါကာကွယ်ဆေးတို့ကို ထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကာကွယ်ဆေးများထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများကို အသက်အရွယ်အလိုက်နှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများကို ကျန်းမာရေးဝန်ထမ်း များက အဖွဲ့များခွဲ၍ မြေပြင်ကွင်းကာရပ်ကွက် ၊ ကျေးရွာများရှိ စုရပ်အသီးသီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်လာမှုကြောင့် အမျိုးသမီးများကြား ကင်ဆာဖြစ်ပွားမှု မြင့်တက်လာနိုင်

ကိုင်ရို  ဇွန် ၁

ရာသီဥတုပြောင်းလဲမှုပြဿနာနှင့်အတ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် အမျိုးသမီးများ၌ ကင်ဆာရောဂါများဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက မေ ၃၁ ရက်တွင် ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသတို့၌ အပူချိန်မြင့်တက်လာမှုကြောင့် အမျိုးသမီးများ၌ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာများအဖြစ်များလာနိုင်ကြောင်း အီဂျစ်နိုင်ငံ အမေရိကန်တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားသည်။

အီဂျစ် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အပူချိန် တစ်ဒီဂရီဆဲလ်စီးယပ်စ် တိုးလာတိုင်း အမျိုးသမီးများကြား ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းလည်း တိုးလာကြောင်း သိရသည်။

အပူချိန်မြင့်တက်လာသည်နှင့်အမျှ ကင်ဆာလူနာအမျိုးသမီးများကြား အထူးသဖြင့် မျိုးဥအိမ်ကင်ဆာရောဂါနှင့် ရင်သားကင်ဆာလူနာများ သေဆုံးမှုနှုန်းလည်း တိုးလာသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၌ အပူချိန် တစ်ဒီဂရီဆဲလ်စီးယပ်စ် တိုးလာတိုင်း အမျိုးသမီးများကြား ကင်ဆာ ဖြစ်ပွားနှုန်းမှာလည်း ၁၇၃ မှုထပ်တိုးလာပြီး လူ ၁၀၀၀၀၀ လျှင် ကင်ဆာဖြစ်ပွားမှု ၂၈၀ ထိ မြင့်တက်လာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ
 
အာရှဖလား ခြေစစ်ပွဲအတွက် လက်ရွေးစင်အသင်းနှင့် လေ့ကျင့်မှု ပြန်လည်စတင်နေပြီဖြစ်သည့် မောင်မောင်လွင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအား ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသည့် လွင်မိုးအောင်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်၊ အောင်ကောင်းမာန်၊ပြည်မိုး အပါအဝင် အခြားလက်ရွေးစင်ကစားသမားများနှင့် ပြည်တွင်း ကလပ်များမှခေါ်ယူထားသည့် ကစားသမား စုစုပေါင်း(၃၁)ဦးဖြင့် ဖွဲ့ စည်းထားသည်။

AFC Asian Cup မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အား လာမည့် ဇွန်လ (၁၀)ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။

မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ဒုတိယအကျော့ကိုမူ ပါကစ္စတန်နိုင်ငံ၌ အဝေးကွင်း‌အနေဖြင့် သွားရောက်ယှဉ်ပြိုင် ကစားသွားကြရမည် ဖြစ်သည်။

Source: Popular Myanmar

အမေရိကန်မှာပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲ NB.1.8.1

ကိုဗစ်-၁၉ ရောဂါက အခုတလောနိုင်ငံတချို့မှာ ပြန်လည်ပျံ့နှံ့လာနေပါတယ်။ ဒီရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်ဆိုတာကလည်း အခု အချိန်အထိကို ပျောက်ကွယ်သွားခြင်းမရှိသေးဘဲ မျိုးကွဲတွေတစ်မျိုးပြီးတစ်မျိုးပြောင်းလဲဖြစ်ပေါ်လာနေဆဲဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်များစွာက သတိပေးထားပါတယ်။

လက်ရှိမှာဆိုရင်ပဲ အမေရိကန်နိုင်ငံမှာ NB.1.8.1 ဆိုတဲ့ ကိုရိုနာဗိုင်းရပ်မျိုးကွဲတစ်မျိုး ပျံ့နှံ့လျက်ရှိနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုထဲကိုဝင်ရောက်ရာနေရာများဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှာ ဒီရောဂါပိုးကူးစက်ခံရသူတွေကိုစစ်ဆေးတွေ့ရှိရတာကနေ  ပြည်တွင်းကူးစက်မှုအထိမြင့်မားလာတာပါ။ ဒီကိုရိုနာဗိုင်းရပ်မျိုးကွဲကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာစောင့်ကြည့်နေဆဲမျိုးကွဲတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ NB.1.8.1 မျိုးကွဲဟာ ဧပြီလကုန်ပိုင်းတုန်းက စတင်ပျံ့နှံ့ခဲ့တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အဓိကအားဖြင့် တရုတ်၊ ပြင်သစ်၊ ဂျပန်၊ နယ်သာလန်၊ စပိန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှ အမေရိကန်ကိုရောက်ရှိလာတဲ့ ခရီးသွားတွေဆီမှာ ပါလာခဲ့တာဖြစ်ပါတယ်။ တချို့နိုင်ငံတွေ မှာဆိုရင် အဲဒီမျိုးကွဲကတော်တော်လေးကိုပျံ့နှံ့နေတာဖြစ်ပြီး  ကူးစက်ခံရသူများအနက်  အရေးပေါ်ကုသမှုခံယူရသူများရှိသလို ဆေးရုံတက်ရောက်ကုသမှု ခံယူရသူများလည်းရှိနေတာကို တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာဆိုရင် ကယ်လီဖိုးနီးယား၊ ဟာဝိုင်ယီ၊ နယူးယောက်၊ အိုဟိုင်းယိုး၊ ဗာဂျီးနီးယား နဲ့ ဝါရှင်တန်တို့လိုပြည်နယ်တွေမှာ ကူးစက်မှုဖြစ်ပွား နေတာကိုတွေ့ရပါတယ်။

NB.1.8.1 မျိုးကွဲကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတွေအနေနဲ့ခံစားရတဲ့ ရောဂါလက္ခဏာတွေဟာလည်း တခြားကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတွေခံစားရတဲ့ ရောဂါလက္ခဏာတွေနဲ့သိပ်မကွာပါဘူး။ လည်ချောင်းနာမယ်၊ အဖျားတက်မယ်၊ မောပန်းမယ်။ ဒီလောက်ပါပဲ။ တခြားနိုင်ငံတွေကနေထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရဆိုရင်လည်း NB.1.8.1 မျိုးကွဲက ရောဂါပြင်းထန်စွာမဖြစ်ပွားစေတာကို တွေ့ရပါတယ်။

သို့ပေမယ့်လည်း သူ့ရဲ့မျိုးရိုးဗီဇကိုကြည့်မယ်ဆိုရင် တခြားကလာပ်စည်းတွေကို လွယ်လင့်တကူကူးစက်ပျံ့နှံ့ စေမယ့်ပြောင်းလဲမှုတွေရှိထားတာကြောင့်  သူက ရောဂါကူးစက်ပျံ့နှံ့တာကို  အလွန်မြန်ဆန်စေမှာ ဖြစ်ပါတယ်။

ဒီတော့ လက်ရှိအသုံးပြုနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေက ထိရောက်မှုရှိပါ့မလားဆိုပြီး စိုးရိမ်မှုတွေလည်းရှိလာကြပါတယ်။ ပညာရှင်များရဲ့ ထုတ်ပြန်ချက်အရဆိုရင် NB.1.8.1 ဆိုတာက အိုမီ ခရွန်မျိုးကွဲ ကိုရိုနာဗိုင်းရပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ် တာကြောင့် လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေး တွေ၊ မကြာသေးမီကခံစားရတဲ့ ရောဂါကူးစက်မှုတွေ က NB.1.8.1 ကူးစက်မှုကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ဒါကြောင့် NB.1.8.1 ဗီဇပြောင်းရောဂါပိုးကိုဘယ်လိုမျိုးကာကွယ်ရမလဲဆိုတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုပဲ ဆက်လက်ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် အသက်အရွယ်ကြီး ရင့်သူများ၊ ကိုယ်ခံအားနည်းသူများမှာ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်ခြေကို ကောင်းစွာလျှော့ချပေးနိုင်မှာပါ။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးနည်းလမ်းများဖြစ်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ခြင်း၊ လူထူထပ်တဲ့နေရာများသို့သွားခြင်းကိုရှောင်ခြင်းတို့အားဖြင့်လည်း ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။                 

Ref: TIME K.H

ဘွဲ့ကြိုကျောင်းသားတွေအတွက် Monash University က ပေးတဲ့ ပညာသင်ဆု

Bachelor Degree ကို Australia နိုင်ငံမှာ တက်ရောက်ဖို့ စီစဉ်နေသူတွေ ရှိကြလား? ဒါဆိုရင်တော့ Australia နိုင်ငံက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Monash University ကနေ ဘွဲ့ကြိုကျောင်းသားတွေအတွက် ပညာသင်စရိတ်အပြင် နှစ်စဉ်ကြေး၊ နေထိုင်စရိတ်၊ လေယာဉ်စရိတ်၊ ကျောင်းသားဗီဇာကြေးတို့ကိုပါ Cover ဖြစ်စေမယ့် (၄) နှစ်စာ $360,000 AUD အထိ ပေးအပ်သွားမယ့် ပညာသင်ဆုကို လျှောက်ထားနိုင်ပါပြီ။

ပညာသင်ဆုနာမည်ကတော့ K.C. Kuok Scholarship ဖြစ်ပြီး တရုတ်ပြည်မ၊ ဟောင်ကောင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံသားတွေပဲ သီးသန့်လျှောက်ထားနိုင်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ Monash University ရဲ့ နှစ်သက်ရာ Undergraduate Program တွေကို လျှောက်လို့ရပါတယ်။ ပညာသင်ဆုကို တစ်နှစ်မှာ တစ်ယောက်ပဲ ပေးတာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုများသလို ပညာသင်ဆု အကျိုးခံစားခွင့်ကလည်း များပါတယ်။

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?

  • တရုတ်၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှနိုင်ငံသား ဖြစ်ရပါမယ်။

  • မိမိလျှောက်ထားတဲ့ ပရိုဂရမ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီသူဖြစ်ရပါမယ်။

  • Monash University မှာ ပညာသင်ကြားဖူးသူ မဖြစ်ရပါ။

  • တခြားကျောင်းမှာ ကျောင်းတက်နေသူ မဖြစ်ရပါ။

  • ငွေကြေးအခက်အခဲရှိကြောင်း သက်သေပြနိုင်သူ ဖြစ်ရပါမယ်။

  • Double Degree လျှောက်ထားသူ မဖြစ်ရပါ။

ပညာသင်ဆု အကျိုးခံစားခွင့်

  • ကျောင်းလခ

  • နှစ်စဉ်ကြေး $14,000 AUD

  • အဆောင်ကြေး (နွေရာသီကျောင်းပိတ်ရက်အတွက်မပါ)

  • ကျောင်းသားဗီဇာကြေး

  • အသွားလေယာဉ်စရိတ်

  • ပထမနှစ်အတွက် အခြေချစရိတ် $3,000 AUD

  • ကျန်မာရေးအာမခံကြေး

ဘယ်လိုလျှောက်ထားရမလဲ?

- Course Program ကို (https://www.monash.edu/admissions/apply/online) ကနေတစ်ဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

- မလျှောက်ခင် လျှောက်လွှာကြေး ($125) ကင်းလွတ်ခွင့်ရဖို့  asiascholarship@monash.edu ကို အီးမေးလ်ပေးပို့ပြီး Request အရင် လုပ်ရပါမယ်။

- ပြီးမှ ပညာသင်ဆုကို Online Application Form (https://monash.az1.qualtrics.com) ကနေတစ်ဆင့် (သို့) Offline Application Form (https://drive.google.com/file/) ကို Download လုပ်ပြီးလည်း လျှောက်ထားနိုင်ပါတယ်။

- လိုအပ်တဲ့ Documents တွေကို asiascholarship@monash.edu ကနေတစ်ဆင့် Subject နေရာမှာ K.C. Kuok Scholarship - [Your Name] ရေးပြီး ပေးပို့ရပါမယ်။

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • Financial Documentation

  • Academic and Extracurricular documentation

  • Personal Aspiration Statement

  • Financial Support Statement

ရွေးချယ်မှုအဆင့်ဆင့်

ပညာသင်ဆုလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။ ဇူလိုင် (၂၂) ကနေ ဩဂုတ် (၈) ရက်နေ့အတွင်းမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို ကြေညာ သွားမှာ ဖြစ်ပြီး ဩဂုတ် (၁၁) ရက်နေ့ စတဲ့ အပတ်မှာ အင်တာဗျူးဖြေဆိုခွင့် ရရှိသူတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဩဂုတ် (၁၆) ရက်နေ့မှာ နောက်ဆုံးအဆင့် အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပြီး ဩဂုတ်လ (၁၈) ရက်နေ့ စတဲ့ အပတ်မှာ ပညာသင်ဆု ရရှိသူတွေကို သိရမှာဖြစ်ပါတယ်။

Scholarship အကြောင်း အသေးစိတ် သိလိုသူတွေက asiascholarship@monash.edu ကို အီးမေးလ် ပေးပို့မေးမြန်းနိုင်ပါတယ်။

ကိုးကား- Myanmar Education Guide

သက်လတ်ပိုင်းမှာ အကြားအာရုံချို့ယွင်းမှုနဲ့ဆက်စပ်နေတဲ့ မှတ်ဉာဏ်ကျဆင်းမှု

ရှစ်နှစ်ကြာသုတေသနပြုလေ့လာမှုတစ်ခုမှာ အကြားအာရုံကျန်းမာရေးကမှတ်ဉာဏ် ကျဆင်းမှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အချက် တစ်ချက်ကို ပညာရှင်များကတွေ့ရှိလိုက်ပါတယ်။ ပညာရှင်များက ဘရာဇီးနိုင်ငံသား ၈၀၅ ဦးကိုရှစ်နှစ်ကြာလေ့လာမှုတွေလုပ်ခဲ့တာပါ။ သူတို့ရဲ့လေ့လာမှုအရတွေ့ရှိချက် မှာတော့ အသက် ၅၀ ကျော်လာချိန် သက်လတ်ပိုင်းမှာတွေ့ကြုံရတဲ့ အကြားအာရုံချို့ယွင်းမှုက အသက်အရွယ်ရလာချိန်မှာ မှတ်ဉာဏ်ကျဆင်းမှုဖြစ်ပေါ်စေနိုင်တယ် ဆိုတဲ့အချက်ကိုဖော်ပြထားတာ တွေ့ရပါတယ်။

ဒီတွေ့ရှိချက်ဟာ သက်ကြီးပိုင်းတွေမှာ ဒီမန်းရှား လို့ခေါ်တဲ့ ရောဂါကြောင့်ဖြစ်သောစိတ်ဖောက်ပြန်မှု ဖြစ်ပွားခြင်းကိုကာကွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။ ဒီမန်းရှားဆိုတာက မှတ်ဉာဏ်တို့၊ တွေးခေါ်မှုတို့၊ ဆင်ခြင်တုံတရားရှိမှု တို့ကျဆင်းသွားတဲ့အခြေအနေကိုခေါ်တာပါ။ ဒီအခြေ အနေကြောင့် နေ့စဉ်လူမှုဘဝနေထိုင်ရေးမှာအဟန့် အတားအနှောင့်အယှက်ဖြစ်စေတာဖြစ်ပါတယ်။

သုတေသနအရဆိုရင်လူအများစုဟာ အသက် ၅၀ ကျော်လာချိန်မှာ အကြားအာရုံချို့ယွင်းလာတတ် တယ်လို့ဆိုပါတယ်။ ဆောင်ပေါင်လိုဆေးကျောင်းမှပါမောက္ခတစ်ဦးဖြစ်တဲ့   ကလော်ဒီယာဆူအီမိုတို ဦးဆောင်တဲ့ပညာရှင်များရဲ့သုတေသနအရဆိုရင် အခု လိုအကြားအာရုံချို့ယွင်းလာခြင်းက ဒီမန်းရှား ဖြစ်ခြင်းနဲ့ဆက်စပ်နေရတဲ့ အကြောင်းရင်းနှစ်ရပ်ရှိတယ်လို့သိရပါတယ်။ ပထမအကြောင်းရင်းတစ်ခုက သောတအာရုံဆိုတာ ဦးနှောက်ဆီသတင်းအချက်အလက်ပေးပို့ဖို့ အတွက်အဓိကကျတဲ့လမ်းကြောင်း တစ်ခုဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

အကြားအာရုံရရှိနေခြင်းကြောင့် ဦးနှောက်ဆီကနေတုံ့ပြန်မှုတွေကို   ပြန်လည်ရရှိနေတာဖြစ်ပါတယ်။ အကယ်၍များ အကြားအာရုံမရတဲ့အခါမှာ ဦးနှောက်ကလည်း သူသိရှိထားတဲ့မှတ်ဉာဏ်တွေကိုပြန်ဖော်ထုတ်ဖို့ အားနည်းလာပါတယ်။ ဒါကြောင့်ပဲ အကြားအာရုံချို့ယွင်းခြင်းက မှတ်ဉာဏ်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်လာပါတယ်။

နောက်ထပ်အကြောင်းရင်းတစ်ခုက ပြုမူလှုပ်ရှားမှုနဲ့များစွာသက်ဆိုင်နေပါတယ်။   အကြားအာရုံချို့ ယွင်းသူများဟာ လူ့အသိုင်းအဝိုင်းနဲ့တသီးတသန့် ကွဲထွက်သွားစေပါတယ်။ အကြားအာရုံချို့ယွင်းသူတွေရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေဟာ သူတို့ရဲ့မိတ်ဆွေကိုစကားပြောနိုင်ဖို့အတွက် အသံကျယ်ကျယ်နဲ့ပြောရခြင်း၊ စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါပြောရခြင်း အစရှိတဲ့အခြေအနေတွေကြောင့်    အကြား အာရုံချို့ယွင်းသူတွေဟာ ပတ်ဝန်းကျင်နဲ့မသိမသာကွဲထွက်လာရပါတယ်။

ဒီလိုမျိုးပတ်ဝန်းကျင်နဲ့ကွဲထွက်လာရတဲ့အတွက် အကြားအာရုံချို့ယွင်းသူတွေဟာ သူတို့ကိုယ်သူတို့ ပိတ်လှောင်လိုက်ကြပြီး ဘယ်အရာကိုမှစိတ်ပါဝင်စားမှုမရှိတော့ခြင်း၊ အများနဲ့ဝေးရာမှာသာရှင်သန်ခြင်းတို့ကြောင့် ဒီအခြေအနေဟာ ဒီမန်းရှားဖြစ်ရခြင်း အတွက် အဓိကကျတဲ့အကြောင်းရင်းတစ်ခုဖြစ်လာရခြင်းဖြစ်တယ်လို့ သုတေသနပညာရှင်များကပြောထားပါတယ်။ သုတေသနမှာပါဝင်သူအများအပြားအနေနဲ့ အကြားအာရုံချို့ယွင်းရခြင်းက အမျိုးမျိုးသောလုပ်ငန်းခွင်အခြေအနေများကြောင့် အများဆုံးဖြစ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကြားအာရုံချို့ယွင်းမှုမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်အတွင်း အကာအကွယ်များတပ်ဆင်ခြင်းနဲ့ နားကြပ်နဲ့သီချင်းများနားထောင်ရာမှာလည်း အသံကျယ်လောင်စွာနဲ့ နားထောင်ခြင်းမပြုဖို့ ပညာရှင်များကသတိပေးထားပါတယ်။                                       

Ref: STD K.H

Source: Myawady Web Portal