ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ရုပ်ကြွင်းလောင်စာများကိုလျှော့ချနိုင်မည့်  လျှပ်စစ်ကား
-

ကမ္ဘာ့ကားဈေးကွက်တွင်  ဘက်ထရီလျှပ်စစ်သုံးကားများကို  ပိုမိုတောင်းဆိုလာရာ ကားထုတ်လုပ်သည့်နိုင်ငံများက EV ဟု အတိုကောက်ခေါ်သည့် လျှပ်စစ်ကားများ၏   စွမ်းဆောင်ရည်များကိုမြှင့်တင်ပြီး   အပြိုင်အဆိုင်ထုတ်လုပ်လာသောကြောင့်  EV ကားဈေးကွက်မှာ  တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်လာလျက်ရှိသည်။

လျှပ်စစ်ကားများကို အသစ်အဆန်းတစ်ခုဟု လူအများကထင်ကြသော်လည်း  အမှန်တကယ်တွင် ၎င်းတို့သည် ရာစုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်ကာလ အစောပိုင်းတွင်အခြေခံ လျှပ်စစ်ကားမော်ဒယ်များသည်  ယနေ့ခေတ်ပေါ်နည်းပညာများအထိ  တိုးတက်ပြောင်းလဲလာခြင်းဖြစ်သည်။ လျှပ်စစ်ကားများ၏ သမိုင်းကြောင်းကို ပြန်ကောက်ရသော် ၁၈၂၈ ခုနှစ်တွင်ဟန်ဂေရီအင်ဂျင်နီယာ   အန်ယော့ဂျက်လစ်က အခြေခံမော်တာဖြင့်မောင်းနှင်သည့် ယာဉ်ငယ်ပုံစံကိုလည်းကောင်း၊ ၁၈၃၀ ပြည့်နှစ်တွင် စကော့တလန်တီထွင်သူ ရော့ဘက်အန်ဒါဆင်က အားပြန်မသွင်းနိုင်သော ဘက်ထရီများဖြင့်မောင်းနှင်သည့် ပထမဆုံး လျှပ်စစ်ရထားကိုလည်းကောင်း၊ အမေရိကန်လူမျိုးသောမတ်ဓာဗန်ပေါ့က    ဘက်ထရီစွမ်းအင်သုံးစက်ခေါင်းငယ်တစ်ခုကိုလည်းကောင်း   ဖန်တီးတီထွင်ခဲ့ကြသည်။

ယင်းနောက် ၁၈၃၄  ခုနှစ်တွင်  အမေရိကန် ဓာတုဗေဒပညာရှင် မော်ရစ်ဟာမန်းဗွန်ဂျာကိုဘီက  အားပြန်သွင်းနိုင်သော ဘက်ထရီအသုံးပြုလျှပ်စစ်လှေငယ်တစ်စင်းကိုလည်းကောင်း၊ ၁၈၅၉ခုနှစ်တွင် ပြင်သစ်တီထွင်သူ ဂတ်စတန်ပလန်တဲက လျှပ်စစ်ကားများအတွက်  ယုံကြည်စိတ်ချရသောစွမ်းအင်အရင်းအမြစ်ကိုပံ့ပိုးပေးသည့် ပထမဆုံးသော ခဲအက်စစ်ဘက်ထရီကိုလည်းကောင်း၊  ပြင်သစ်တီထွင်သူ ဂူစတတ်ထရုက  ၁၈၈၁  ခုနှစ်တွင်သုံးဘီးတပ်လျှပ်စစ်ကား၊ ၁၈၈၈  ခုနှစ်တွင်လေးဘီးတပ် လျှပ်စစ်ကားတို့ကိုလည်းကောင်းဖန်တီးတီထွင်ခဲ့ပြီး ဂျာမန်အင်ဂျင်နီယာ  အန်ဒရီဖလော့ကန်က ပထမဆုံးလျှပ်စစ်ကားကို ၁၈၈၈ ခုနှစ်မှာပင် လူသိရှင်ကြားစမ်းသပ်ခဲ့သည်။

၁၈၈၉ ခုနှစ်တွင်  အမေရိကန်လူမျိုး ဝီလီယံမောရစ်ဆင်က  အားပြန်သွင်းနိုင်သော ဘက်ထရီ အသုံးပြုကာ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင်၆ မိုင်မှ ၈ မိုင်နှုန်းဖြင့် မိုင် ၂၀ ကျော်မောင်းနှင်နိုင်သည့်လျှပ်စစ်ကားတစ်စင်းကို    တည်ဆောက်ခဲ့ပြီး လူစိတ်ဝင်စားမှုများစွာရရှိခဲ့သည်။   ၂၀ ရာစုအစောပိုင်းကာလတွင်  ဘိတ်ကာလျှပ်စစ်၊ ကိုလန်ဘီယာနှင့် ဒက်ထရွိုက်လျှပ်စစ်ကဲ့သို့သော ကုမ္ပဏီများကထွန်းသစ်စစျေးကွက်တွင်  လျှပ်စစ်ကားလုပ်ငန်းလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြသည်။

သို့သော် ၁၉၂၀ ပြည့်နှစ်များတွင် လောင်စာစွမ်းအင်သုံးကားများတီထွင်လာခြင်း၊ ကြီးမားသောရေနံသိုက်များနှင့် ပိုမိုကောင်းမွန်သော ဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိခြင်း၊ နေရာတိုင်းတွင်ဓာတ်ဆီဆိုင်များပေါ်လာပြီး ဆီအမြန်ဖြည့်နိုင်ခြင်းတို့ကြောင့် လျှပ်စစ်ကားများ၏အခန်းကဏ္ဍသည်မှေးမှိန်ခဲ့ရသည်။

ရေနံအကျပ်အတည်းကာလဖြစ်သော ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင်   အစားထိုးလောင်စာသုံးကားများကို   တစ်ဖန်စိတ်ဝင်စားလာကြသည်။ လောင်စာဆီပြတ်လပ်မှု၊  ဈေးနှုန်းကြီးမြင့်မှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ်  စိုးရိမ်မှုများကြောင့် အစိုးရများနှင့်ကားထုတ်လုပ်သူများက ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကိုလျှော့ချရန်    နည်းလမ်းအဖြစ်လျှပ်စစ်ကားများကို ပြန်လည်အသုံးပြုရန်စဉ်းစားဆောင်ရွက်လာသည်။ ထို့နောက် သုတေသီများသည်ရှေ့ပြေးပုံစံအသစ်များနှင့် စမ်းသပ်မော်တော်ကားပုံစံများကို တီထွင်ထုတ်လုပ်ခြင်း၊ ဘက်ထရီနည်းပညာ၊ အားသွင်းစခန်းများနှင့် တစ်ကြိမ်အားသွင်းရုံဖြင့်   ခရီးဝေးသွားနိုင်စေပြီး    စိန်ခေါ်မှုများကိုဖြေရှင်းခြင်းတို့ဖြင့် လျှပ်စစ်ကားများကို တစ်ဖန်ပြန်လည်ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

နည်းပညာများ   အရှိန်အဟုန်ဖြင့်တိုးတက်လာသည်နှင့်အမျှ  ၂၁  ရာစု၏ လျှပ်စစ်ကားလုပ်ငန်းတွင်   ဘက်ထရီနည်းပညာ၊   ကားဒီဇိုင်းများနှင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များပေါ်ပေါက်လာသည်။   အထူးသဖြင့်   လီသီယမ်-အိုင်းယွန်းဘက်ထရီများဖြင့်   ဘက်ထရီနည်းပညာသည်   အထင်ကြီးလောက်သောတိုးတက်မှုများရရှိခဲ့သည်။  ၎င်းဘက်ထရီများသည် စွမ်းအင်ပမာဏကို    ပိုမိုသိမ်းဆည်းနိုင်ပြီး   မြန်ဆန်စွာ အားသွင်းနိုင်သည်။ ထိုသို့ လီသီယမ်-အိုင်းယွန်းဘက်ထရီများ၏အောင်မြင်မှုနှင့်အတူ နောက်ပိုင်းထွက်ပေါ်လာသော ဘက်ထရီနည်းပညာအသစ်များကြောင့် ကျယ်ပြန့်သော လျှပ်စစ်ကားဈေးကွက်ကို ဖြစ်ပေါ်လာစေသည်။

လျှပ်စစ်ကားများကိုအသုံးပြုခြင်းဖြင့်  ရရှိနိုင်သော  အကျိုးကျေးဇူးများစွာရှိသည်။  ထိုအကျိုးကျေးဇူးအနက် အဓိကကျသော အကျိုးကျေးဇူးများကိုဖော်ပြလိုပါသည်။

၁။ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုနည်းပါးခြင်း လျှပ်စစ်ကားများသည်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များနှင့်အတူ   ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှင့်မှုမရှိသည့်အတွက် ပတ်ဝန်းကျင်အပေါ်ဆိုးကျိုးများသက်ရောက်မှု အလွန်နည်းပါးစေပါသည်။  ထို့ကြောင့် လေထုညစ်ညမ်းမှုကိုလျော့နည်းစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို  ကာကွယ်နိုင်သည်။

၂။  ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော လျှပ်စစ်စွမ်းအင်ကိုအသုံးပြုခြင်း

လျှပ်စစ်ကားများသည် လျှပ်စစ်ဓာတ်အားကိုသာ အဓိကသုံးစွဲခြင်းဖြစ်သည်။     အဆိုပါလျှပ်စစ်ဓာတ်အားများကို    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖြစ်သော  ရေအား၊  လေအား၊နေရောင်ခြည်စွမ်းအင်များမှတစ်ဆင့် ရယူနိုင်သည်။

၃။ ရေရှည်ကုန်ကျစရိတ်နည်းပါးခြင်း

လျှပ်စစ်ကားများတွင်   ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများကဲ့သို့   လည်ပတ်နေသည့်အင်ဂျင်အစိတ်အပိုင်းများမပါဝင်ခြင်း၊ ဈေးနှုန်းသက်သာစွာရရှိနိုင်သော  လျှပ်စစ်စွမ်းအင်ကိုသာအသုံးပြုခြင်းတို့ကြောင့် ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများနှင့်နှိုင်းယှဉ်ပါက ရေရှည်ကုန်ကျစရိတ်အလွန်နည်းပါးသည်။

၄။ အသံဆူညံမှုနည်းပါးခြင်း

လျှပ်စစ်ကားများသည်   ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများကဲ့သို့     အင်ဂျင်အစိတ်အပိုင်းများမပါဝင်သည့်အတွက် အသံဆူညံမှုနည်းပါးသည်။ 

၅။ နည်းပညာ အကျိုးကျေးဇူးများရရှိနိုင်ခြင်း

ယနေ့ခေတ် လျှပ်စစ်ကားများတွင်   အလိုအလျောက်မောင်းစနစ်၊ မောင်းသူမဲ့စနစ်၊ အစရှိသည့်အဆင့်မြင့်နည်းပညာများပါဝင်လာသောကြောင့် အသုံးပြုသူများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများစွာကိုရရှိနိုင်သည်။

ကမ္ဘာတစ်ဝန်းရှိ   အစိုးရများသည် ပြည်သူများအနေဖြင့်   ရုပ်ကြွင်းလောင်စာသုံးကားများမှလျှပ်စစ်ကားများကို   ပြောင်းလဲအသုံးပြုရန် အားပေးလျက်ရှိသည်။ ထိုသို့အားပေးမှုတွင် အခွန်များလျှော့ပေးခြင်း၊ လျှော့ဈေးများဖြင့် ရောင်းချစေခြင်း အစရှိသည့် မက်လုံးပေးဆွဲဆောင်မှုများလည်းပါဝင်သည်။ ထို့ပြင် အားသွင်းရုံမျှကဲ့သို့ အခြေခံအဆောက်အဦများအတွက်    ရင်းနှီးမြှုပ်နှံမှုများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

အနာဂတ်တွင်  ဖြစ်ပေါ်လာနိုင်သည့် ပိုမိုတိုးတက်သော ဘက်ထရီနည်းပညာ၊ မောင်းနှင်မှုနည်းပညာများ ပါဝင်လာမည့် လျှပ်စစ်ကားများကြောင့်   မော်တော်ကားဈေးကွက်နှင့်  လုပ်ငန်းကို အပြောင်းလဲကြီး ပြောင်းလဲစေနိုင်သည်။အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏အဆိုအရ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသုညသို့ရောက်ရှိရန်သယ်ယူပို့ဆောင်ရေးကဏ္ဍမှကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုများစွာလျှော့ချရန်   လိုအပ်သည်ဟုသိရသည်။ယနေ့ကမ္ဘာ့လူသားများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို  ပိုမိုသိရှိလာပြီး  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တွန်းအားပေးလာသည်နှင့်အမျှ လျှပ်စစ်ကားများမှာ စံနှုန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက “Public Transportation အတွက် ခရီးတိုမြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊  လျှပ်စစ်ဘတ်စကားများ  တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရေး  ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ဆောင်ရွက်ရန်” လမ်းညွှန်ချက်ဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းအကောင်အထည်ဖော်ပြီး   ရှေ့ပြေးစီမံကိန်းကာလသတ်မှတ်ကာ  လျှပ်စစ်စွမ်းအင်သုံးယာဉ်များ တင်သွင်း/ထုတ်လုပ်ရေး၊  အများသုံးအားသွင်းရုံများ  တည်ဆောက်ရေးတို့အပါအဝင် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့်   နိုင်ငံတော်အစိုးရအနေဖြင့်  အများသုံးသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အငှားယာဉ်များနှင့် ဘတ်စကားများကို လျှပ်စစ်စွမ်းအင်သုံးယာဉ်များသုံးစွဲခြင်းမှအစပြုကာ ရေရှည်တွင်ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန်အမျိုးသားအဆင့် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်နေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူအတွက်   အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

ကိုဘုန်း(ထုတ်လုပ်)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်စို့
-

လူသားတို့သည် သဘာဝပတ်ဝန်းကျင်ကိုမှီခိုနေထိုင်ကြရသည်။ ကျောက်ခေတ်မှ ယနေ့ခေတ်တိုင်အောင် သဘာဝပတ်ဝန်းကျင် ရင်ခွင်ထဲတွင် ကျင်လည်ကျက်စားလာခဲ့ရသည်။ နောင်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆက်လက်မှီတွယ်ကြရဦးမည်ဖြစ်သည်။ လူသားတို့မှီတင်းနေထိုင်ရာ တောတောင်၊ ရေ၊ မြေ၊ လေ စသော သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် ကျေးဇူးကြီးမားသော မိတ်ဆွေကောင်းကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏စားဝတ်နေရေးအတွက် လိုအပ်သောသယံဇာတများကို ထိုသဘာဝမိတ်ဆွေကောင်းကြီးထံမှရရှိသောကြောင့်ဖြစ်သည်။ လူအပါအဝင် သက်ရှိသတ္တဝါတို့အသက်ရှင်သန်မှုအတွက် ရှူရှိုက်ရသောအောက်ဆီဂျင်ကို သဘာဝလေထုက လက်ဆောင်အဖြစ်ပေးထားသည်။ တစ်မနက်ပင်အင

လူသားတို့သည် သဘာဝပတ်ဝန်းကျင်ကိုမှီခိုနေထိုင်ကြရသည်။ ကျောက်ခေတ်မှ ယနေ့ခေတ်တိုင်အောင် သဘာဝပတ်ဝန်းကျင် ရင်ခွင်ထဲတွင် ကျင်လည်ကျက်စားလာခဲ့ရသည်။ နောင်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆက်လက်မှီတွယ်ကြရဦးမည်ဖြစ်သည်။ လူသားတို့မှီတင်းနေထိုင်ရာ တောတောင်၊ ရေ၊ မြေ၊ လေ စသော သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် ကျေးဇူးကြီးမားသော မိတ်ဆွေကောင်းကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏စားဝတ်နေရေးအတွက် လိုအပ်သောသယံဇာတများကို ထိုသဘာဝမိတ်ဆွေကောင်းကြီးထံမှရရှိသောကြောင့်ဖြစ်သည်။ လူအပါအဝင် သက်ရှိသတ္တဝါတို့အသက်ရှင်သန်မှုအတွက် ရှူရှိုက်ရသောအောက်ဆီဂျင်ကို သဘာဝလေထုက လက်ဆောင်အဖြစ်ပေးထားသည်။ တစ်မနက်ပင်အငတ်မခံနိုင်သော ရေသယံဇာတကို သဘာဝမိခင်မြေကြီးက တိုက်ကျွေးနေပါသည်။ ဤသို့ လူသားတို့ကိုများစွာအကျိုးပြုနေသော သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေးသည် လူသားတိုင်းပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။

လူသားနှင့် သဘာဝပတ်ဝန်းကျင်သည် အညမညအပြန်အလှန်ဆက်စပ်လျက်ရှိသည်။ လူသားတို့သည် သဘာဝပတ်ဝန်းကျင်တွင် အခြေချနေထိုင်ပြီး သဘာဝပတ်ဝန်းကျင်ကပေးသော သယံဇာတများကို အသုံးပြုရှင်သန်ရလေသည်။ မြေ၊ ရေ၊ လေတို့က လူသားတို့အတွက် အဖိုးတန်ကောင်းကျိုးတို့ကို စဉ်ဆက်မပြတ်ပေးအပ်နေသကဲ့သို့ ၎င်းတို့ချင်းလည်း အပြန်အလှန် ဆက်စပ်အမှီသဟဲပြုလျက်ရှိသည်။ ထိုမြေ၊ ရေ၊ လေတို့နှင့် လူသားတို့သည်လည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုသကဲ့သို့ အပြန်အလှန်တည်မှီနေသည့် ကွင်းဆက်များဖြစ်သည်။ ယင်းသို့ကွင်းဆက်များရှိနေသည့်စနစ်ကို ဂေဟစနစ်ဟုခေါ်သည်။ သို့သော် လူသားတို့သည် သဘာဝတရား၏ ဆက်စပ်ဖြစ်တည် မှုဂေဟစနစ်ကို အလေးမထားဘဲ ကမ္ဘာ့လေထု၊ မြေထု၊ ရေထုတို့ကို အလွန်အကျွံအသုံးချမှုများကြောင့် တဖြည်းဖြည်းယိုယွင်းပျက်စီးလာရသည်။ ထိုယိုယွင်းပျက်စီးမှုများကို အချိန်မီထိန်းသိမ်းပြုပြင်မှုမလုပ်ခဲ့လျှင် ဂေဟစနစ်များ ပိုမိုပျက်ယွင်းကာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာပြီး လူသားတို့၏ ရှင်သန်နေထိုင်မှုကို ဒုက္ခပေးလာမည်ဖြစ်သည်။

ကမ္ဘာ့အပူချိန်ပို၍တိုးလာရ

လူသားတို့၏ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး မယုံကြည်နိုင်လောက်အောင် အဘက်ဘက်မှ ဆုတ်ယုတ်လာသည်။ တစ်နေ့တခြား တိုးပွားလာသော ကမ္ဘာ့လူသားများက မိမိတို့ နေရာထိုင်ခင်းအတွက် သဘာဝသစ်တောများကို ခုတ်ထွင်ရှင်းလင်းကြသည်။ သစ်များအလွန်အကျွံထုတ်လုပ်ကြသည်။ လောင်စာအတွက်အသုံးပြုကြသည်။ ထိုအခါ ကမ္ဘာမြေကို ထီးကဲ့သို့အုပ်မိုးပေးထားသော သစ်တောသစ်ပင်များ လုံးပါးပါးလာပြီး စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်သည် ကန္တာရလွင်တီးခေါင်ဖြစ်လာရသည်။ သစ်ပင်များလျော့ပါးလာခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူနိုင်မှု အားနည်းလာသည်။ လေထုထဲတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ များပြားလာသည့်အခါ ကမ္ဘာ့အပူချိန်ပို၍တိုးလာရသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် နေမှလာသော အနီအောက်ရောင်ခြည်များကို စုပ်ယူကာ ပြန်မလွှတ်ဘဲစုဆောင်းထားသည်။ ထိုအခါ အနီအောက်ရောင်ခြည်ကြောင့် လေထုအပူချိန်ကို မြင့်မားလာစေပြီး ကမ္ဘာမြေ၏ ဝင်ရိုးစွန်းဒေသမှ ရေခဲတောင်များ အရည်ပျော်လာရသည်။ ထို့ကြောင့် ပင်လယ်ကမ်းစပ်ကုန်းမြေများ ရေလွှမ်းမိုးခံရပြီး ရေခဲဒေသမှ ကျေးငှက်တိရစ္ဆာန်တို့ သေကျေပျက်စီးကြရသည်။ ပုံမှန်အားဖြင့် ကမ္ဘာ့လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုပမာဏမှာ အလွန်နည်းပါးပြီး တစ်ရာခိုင်နှုန်းပင်မရှိပေ။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်နှုန်းမြင့်မားလေလေ ပူပြင်းလေလေဖြစ်သည်။ သောကြာဂြိုဟ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု ရာခိုင်နှုန်း ၉ဝ ကျော်ရှိ၍ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိမြင့်မားကာ လောင်ကျွမ်းလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းမှသာ အပူရှိန်နည်းပြီး လူသားတို့အသက်ရှူရာတွင် သန့်စင်သော အောက်ဆီဂျင်ကိုလည်းရရှိမည်။ ရာသီဥတုပူပြင်းမှု လျော့နည်းပြီး မိုးခေါင်မှုဘေးမှကင်းဝေးမည်။

အကယ်၍သာ ကာဗွန်ဒိုင်အောက်ဆိုက်များပြား လာမှုကိုမထိန်းချုပ်နိုင်လျှင် အပူရှိန်ပြင်းထန်မှုကြောင့် ရေခဲတောင်များအရည်ပျော်ပြီး ကျွန်းစုများနှင့် ပင်လယ်ကမ်းစပ်မြို့များသည် ရေအောက်သို့နစ်မြုပ်သွားရပေလိမ့်မည်။ စက်ရုံအလုပ်ရုံများမှ ထုတ်လွှတ်သော တန်ချိန်သန်းပေါင်းထောင်ချီသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုထဲတွင် များပြားလာသဖြင့် ကမ္ဘာကြီးပူနွေးပြီး ရာသီဥတုဖောက်ပြန်၍ အပူလှိုင်း၊ အအေးလှိုင်းတို့ ဖြတ်သန်းခြင်း၊ မုန်တိုင်းကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ကာ အသက်အိုးအိမ်များစွာကို ဝါးမျိုဖျက်ဆီးပစ်နိုင်သည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် လူ့အသက်တစ်သိန်းကျော်နှင့် အိုးအိမ်စည်းစိမ်ဥစ္စာများ ဆုံးရှုံးခဲ့ရသည်က သက်သေဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ နာမကျန်းဖြစ်လာသော သဘာဝပတ်ဝန်းကျင်ကို ကုစားရန်သည် လူသားတို့၏တာဝန်မှတစ်ပါး အခြားမရှိတော့ပြီ။

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်

ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ကုစားပြုပြင်ရန် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်ဖြစ်သည်။ ထိုသို့လျှော့ချရန် ရေနံ၊ ကျောက်မီးသွေး ရုပ်ကြွင်းလောင်စာများအစား နေရောင်ခြည်စွမ်းအင်နှင့် ဇီဝလောင်စာများအစားထိုးရမည်။ သစ်တောများသည် ကမ္ဘာ့လေထု၏ ၈ဝ ရာခိုင်နှုန်းကို စုပ်ယူလျှော့ချပေးနိုင်သဖြင့် သစ်ပင်များကို အင်တိုက်အားတိုက် တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များရှင်သန်အောင် ဂရုစိုက်ခြင်း၊ သစ်တောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ ဥပမာ- ကားမစီးဘဲ စက်ဘီးစီးခြင်း၊ လျှပ်စစ်ဓာတ်အား ချွေတာခြင်း၊တစ်နိုင်တစ်ပိုင်သစ်ပင်များ စိုက်ပျိုးခြင်း စသည့်ဆောင်ရွက်ချက်များဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိုသို့ပြုလုပ်ထိန်းသိမ်းကြရန် ဆရာဇော်ဂျီက “ပုပ္ပားမောင် တောင်ကတုံး၊ သျှောင်ထုံးစို့ကွယ်တို့ရယ်” ဟု ကဗျာဖြင့်နှိုးဆော်ခဲ့သကဲ့သို့ စာဆိုဘုတလင်ချစ်လေးကလည်း “သည်ချောင်းအရေး၊ အသက်ပေး၍၊ တုံ့နှေးမဆ၊ ဖြေရှင်းရမည်”ဟု ကဗျာ ခေါင်းလောင်းထိုး၍ နှိုးဆော်ခဲ့သည်။

နည်းပညာမြင့်မားလာသည်နှင့်အမျှ လူတို့သည် အခန်းများတွင် လေအေးစက်များကို တပ်ဆင်ကြသည်။ အဖျော်ယမကာနှင့် အချိုရည်စသည်တို့ကို အေးအေးမြမြသောက်သုံးနိုင်ရန် ရေခဲသေတ္တာကို တီထွင်သုံးစွဲကြသည်။ မိမိ၏ ကိုယ်ခန္ဓာရနံ့သင်းပျံ့စေရန် ရေမွှေးများ ထုတ်လုပ်ပက်ဖျန်းကြသည်။ ယင်းလုပ်ရပ်တို့၏ ဘေးထွက်ဆိုးကျိုးကားလေထုထဲသို့ ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့များ ထွက်လာခြင်းပင်ဖြစ်သည်။ ထိုဓာတ်ငွေ့သည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသော အိုဇုန်းလွှာကိုတိုက်စားပြီး တဖြည်းဖြည်းပါးလွှာကာ အပေါက်ဖြစ်လာစေသည်။ ခရမ်းလွန်ရောင်ခြည်သည် ထိုအိုဇုန်းလွှာအပေါက်မှဖြတ်သန်း၍ ကမ္ဘာမြေပြင်ပေါ်သို့ကျရောက်သည့်အခါ လူသားတို့အရေပြားနှင့်ထိတွေ့ပြီး အရေပြားကင်ဆာရောဂါဖြစ်စေသည်။ ထို့ကြောင့် နေမှလာသောခရမ်းလွန်ရောင်ခြည်ကို လူသားတို့နှင့်မထိတွေ့စေရန် ကြားခံတံတိုင်းကြီးသဖွယ် ကာကွယ်ပေးနေသော အိုဇုန်းလွှာမပျက်စီးရေးအတွက် ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အက်စစ်မိုးများရွာသွန်း

ကမ္ဘာ့လူဦးရေတိုးပွားမှုနှင့်အတူ စားရေရိက္ခာထုတ်လုပ်ရေးကလည်း အရေးပါလာသည်။ သီးနှံများကို သမားရိုးကျနည်းဖြင့် အချိန်ကုန်ခံမစိုက်ပျိုးတော့ဘဲ အချိန်တိုကာလအတွင်း သီးနှံအထွက်တိုး ရေးနည်းလမ်းများကို ရှာဖွေလာကြသည်။ သီးနှံအထွက်တိုးရန် ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများကို များစွာအသုံးပြုလာကြသည်။ စိုက်ပျိုးရေးတွင်အသုံးပြုလိုက်သော နိုက်ထရိုဂျင်ဓာတ်မြေ သြဇာများသည် သဘာဝမြေကြီး၏ မီသိန်းဓာတ်ငွေ့ စုပ်ယူနိုင်သောစွမ်းအားကို ထိန်းချုပ်တားဆီးထားလေသည်။ ထိုအခါလေထုထဲတွင်မီသိန်းဓာတ်ငွေ့များ ကြောက်ခမန်းလိလိစုဝေးလာကာ ကမ္ဘာကြီး၏ အပူချိန်ကို မြင့်မားလာစေပြန်သည်။ စက်ရုံ အလုပ်ရုံများတွင်အသုံးပြုသော ဓာတုဆေးများသည် လည်း မိုးရေမှတစ်ဆင့် မြေကြီးနှင့် မြစ်ချောင်းအင်းအိုင်ထဲသို့ပျံ့နှံ့စိမ့်ဝင်ကာ အဆိပ်အတောက် များဖြစ်ပွားစေသည်။ ထို့အတူ ကလိုရင်းဓာတ် အခြေခံသော ချွတ်ဆေးများမှ ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဒိုင်အောက်ဇင်းဓာတ်အညစ်အကြေးများသည် မြစ်ချောင်းအတွင်း စိမ့်ဝင်ကာ အဆိပ်အတောက်များ တိုးပွားလာစေပြန်သည်။ ကျောက်မီးသွေးများ လောင်ကျွမ်းမှုကြောင့်လည်း လေထုညစ်ညမ်းကာ အက်စစ်မိုးများရွာသွန်းစေသည်။

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်နိုင်ချင်းဖြေရှင်း၍ မအောင်မြင်နိုင်ပေ။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်ကိုဖွဲ့စည်းကာ ကမ္ဘာမြေစိမ်းလန်းသာယာပြီး သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် လုံခြုံစိတ်ချရပြီး ကောင်းမွန်သောကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် လူသားများအား သယံဇာတအရင်းအမြစ်များကို အချိန်အခါမရွေး ထင်သလိုရရှိနေမည်မဟုတ်သော ကြောင့် သဘာဝအရင်းအမြစ်များကို ရေရှည်သုံးနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းထားပေသည်။ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်က သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့်အသီးသီးမှ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ သစ်တောများ၊ သမုဒ္ဒရာများ၊ ရေချိုနှင့် သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့အောင် စီမံခန့်ခွဲသည့် နည်းလမ်းများကိုလည်း ရှာကြံပေးသည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများကလည်း ငွေကြေးနှင့် နည်းပညာအကူအညီများပေးကြရန်လည်း တိုက်တွန်းထားသည်။ မည်သို့ပင်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိစိတ်ဓာတ်ဖြင့် နိုးကြားစွာပါဝင်ဆောင်ရွက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးကို လှမ်းမျှော်ကြည့်လိုက်လျှင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ တရုတ်နိုင်ငံတွင် သစ်ပင်ပြန်လည်စိုက်ပျိုးရေးကို ယန်စီမြစ်ဒေသတစ်လျှောက်တွင် ၁၉၉၀ ပြည့်နှစ်မှ စတင်လုပ်ဆောင်ခဲ့သည်။ ဒေသခံအစိုးရအနေဖြင့် သစ်ထုတ်လုပ်မှုပိတ်ပင်သည့် စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး သစ်တောထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စိုက်ပျိုးသစ်ပင်များ ၈ဝ ရာခိုင်နှုန်းရှင်သန်ပြီး ရေထုနှင့် မြေထုထိန်းသိမ်းမှုများကို သိသာတိုးတက်စေခဲ့ကြောင်း သိရှိရပေသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင်ရေမြေတောတောင် စိမ်းလန်းစိုပြည် သာယာရေးအတွက် နိုင်ငံတော်က သစ်တောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးပြုစု ကာကွယ်ထိန်းသိမ်းလျက်ရှိရာ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေ ဧရိယာစတုရန်းမိုင် ခြောက်သောင်းကျော် ဖြစ်ထွန်းတည်ရှိနေပြီဖြစ်သည်။ ပဲခူးရိုးမစိမ်းလန်း စိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်းများ၊ သဘာဝနယ်မြေနှင့် ဘေးမဲ့တောထူထောင်ခြင်းများကို ဖော်ဆောင်လျက်ရှိပါသည်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကော်မရှင်က ၁၉၈၇ ခုနှစ်တွင် “ကျွန်ုပ်တို့၏ ဘုံအနာဂတ်” ဟူသော စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် “ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်အမျိုးမျိုးသည် ပတ်ဝန်းကျင်အရင်းအမြစ်ပေါ်တွင် အခြေခံပေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် ပတ်ဝန်းကျင်အရင်းအမြစ်များအား ထိပါးပျက်စီးစေသည်” ဟု ဖော်ပြထားသည်။ သဘာဝကမ္ဘာမြေကြီးပျက်စီးရခြင်းမှာ လူတို့၏စီးပွားရေးနှင့် လူမှုရေးမညီမျှမှုတို့၏ အကျိုးဆက်ဟုဆိုပါသည်။ လူသားတို့၏ မိုက်မဲမှု၊ ဥပေက္ခာပြုမှု၊ အမြော်အမြင်ကင်းမဲ့မှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးရခြင်းဖြစ်ပေရာ မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုးကား။ ။ဝန်းကျင်ကမ္ဘာထိန်းသိမ်းပါ(ဦးရဲဝေ  မြန်မာစာ)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(ဒေါက်တာဇော်လွင်)

တရားရုံး (Court)နှင့် ခုံရုံး (Tribunal)တို့၏ ကွဲပြားခြားနားမှုအား လေ့လာကြည့်ခြင်း
-

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်ဖြင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်ရပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်နှင့်ပြည်သူလူထု လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ရသကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပြည်သူလူထု၏ ဆော

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်ဖြင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်ရပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်နှင့်ပြည်သူလူထု လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ရသကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပြည်သူလူထု၏ ဆောင်ရွက်ချက်များသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ညီညွတ်မှုရှိစေရန် တရားစီရင်ရေးမဏ္ဍိုင်က ထိန်းကျောင်းတည့်မတ်ပေးရပါသည်။ ရှေးပဝေသဏီ ခေတ်အဆက်ဆက်တွင် မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် တရားစီရင်ရေး စနစ်များ ကျင့်သုံးခဲ့ပါသည်။  တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုတို့ တိုးတက် မြင့်မားလာစေရန် အလေးထား၍ ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး စသည့် နိုင်ငံသားများ၏ အခွင့်အရေးများကိုလည်း ကာကွယ်စောင့်ရှောက် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများကို ပုံစံအမျိုးမျိုးဖွဲ့စည်း ဆောင်ရွက်ခဲ့ကြရာ တရားရုံး (Court) နှင့် ခုံရုံး (Tribunal) တို့မှာ အဓိကကျသည့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖြစ်လာကြပါသည်။

တရားရုံး(Court) ၏ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်

          တရားရုံး(Court) ဟူသောဝေါဟာရ၏ မူလအရင်းအမြစ်သည် လက်တင်ဘာသာစကား “Cohors” ဟူသော ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရပြီးအလုံပိတ်ဧရိယာ သို့မဟုတ် ခြံ ဟု အဓိပ္ပာယ်ရပါသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ Cohors ၏ အဓိပ္ပာယ်ကို တရားမျှတမှု၊ ညီမျှမှု၊ ရည်ရွယ်ချက်အမျိုးမျိုးအတွက် လူအများစုဝေး အဖြေရှာရာနေရာ ဟုအဓိပ္ပာယ်ဖွင့်ဆိုလာကြပါသည်။ 

          အလယ်ခေတ်ဥရောပတွင် နိုင်ငံတော်၏ဘုရင် သို့မဟုတ် စီမံအုပ်ချုပ်သူ အဆင့်မြင့်အရာရှိ များကို ထိန်းကျောင်းသူများ၊ အကြံပေးပုဂ္ဂိုလ်များ သို့မဟုတ် မြင့်မြတ်သည့် ဂျူရီလူကြီးများ စုဝေးပြီး အငြင်းပွားမှုပြဿနာများကို ဆွေးနွေးအဖြေရှာ၍ ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက် ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရုပ်လုံးပေါ်စေခဲ့ကာ တရားရုံး (Court) ဟူသော အဓိပ္ပာယ် သက်ရောက်လာပါသည်။ ကမ္ဘာတစ်လွှား တရားမျှတမှုဆိုင်ရာအယူအဆ (Concepts of Justice) များ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ တရားရုံးများသည် အငြင်းပွားမှုပြဿနာများကို မျှတ မှန်ကန်စွာ ဆွေးနွေးအဖြေရှာနိုင်‌ရေးအတွက် ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ရေး ကိစ္စများကို  ဆောင်ရွက်သည့် နေရာ၊ ဌာန တစ်ခုအဖြစ် ယနေ့ခေတ်တိုင် ဆက်လက်တည်ရှိနေ ပါသည်။ 

ရှေးမူလအစ တရားရုံးများ

          မှတ်တမ်းများအရ ဘီစီ ၃၀၀၀ ဝန်းကျင်၌ ရှေးခေတ် အီဂျစ်နိုင်ငံတွင် တရားစီရင်ရေးစနစ်ကို ဆောင်ရွက်သည့် ရှေးအကျဆုံးသော  တရားရုံးများရှိခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထိုတရားရုံးများ၌ အီဂျစ် ဖာရိုဘုရင်များသည် အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးသည့် တရား သူကြီးများအဖြစ် ဆောင်ရွက်ကြပြီး ဒေသဆိုင်ရာတရားရုံးများက အသေးစားအငြင်းပွားမှု ပြဿနာ များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ တရားစီရင်ဆုံးဖြတ်ရာတွင် ဘာသာရေးဆိုင်ရာ ကျင့်ထုံး များနှင့်အညီ ဆုံးဖြတ်လေ့ရှိပြီး တစ်ခါတစ်ရံ ယဇ်ပုရောဟိတ်များသည် တရားသူကြီးများအဖြစ် ခံယူ၍ အဆုံးအဖြတ်ပေးလေ့ရှိကြောင်း တွေ့ရှိရပါသည်။ “The Great Kenbet” သည် ကြီးလေးသော တရားစီရင်မှုများကို ကြားနာဆုံးဖြတ်သော အဓိကတရားရုံးဖြစ်ပြီး ဖာရိုဘုရင် သို့မဟုတ် ၎င်းက ခန့်အပ်သော အရာရှိများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကြရပေသည်။ 

          မက်ဆိုပိုတေးမီးယားခေတ် (ဘီစီ-၁၇၅၄) တွင် ဘုရင် ဟန်မူရာဘီ (King Hammurabi) သည်တရားစီရင်ရေးလုပ်ငန်းများ၌ တရားသူကြီးများက ကိုးကား၍ စစ်ဆေးအဆုံးအဖြတ်ပြုနိုင်ရန်အစောဆုံးနှင့် အပြည့်စုံဆုံးဖြစ်သည့် ဟန်မူရာဘီ ကိုဓဥပဒေ (Code of Hammurabi) ကို ရေးဆွဲခဲ့ ပါသည်။ နိုင်ငံတစ်ဝှမ်း ဘေဘီလုံတရားရုံးများ တည်ထောင်ခဲ့ပြီး ဟန်မူရာဘီ ကိုဓဥပဒေကို တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်စေကာ ထင်ရှားကျော်ကြားသည့် တရားစီရင်ရေးစနစ်တစ်ခုဖြစ်စေ ခဲ့ပါသည်။

          ရှေးဂရိနိုင်ငံရှိ အေသင်တရားရုံးများသည် ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ပြည်သူလူထုအနေဖြင့် ဂျူရီလူကြီးများက ကြားနာစီရင်ဆုံးဖြတ်ပေးသည့် ပြည်သူ့တရား စီရင်ရေးရုံးများသို့ အမှုများကို လွတ်လပ်စွာ တင်သွင်းနိုင်ပါသည်။ အေသင်ရှိ ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် Heliaia Court သည် နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ စီရင်ဆုံးဖြတ် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တရားစီရင်ရေးအတွက် ဂျူရီလူကြီးများကို နိုင်ငံသားများက မဲပေးရွေးချယ်သည့်စနစ်ဖြင့် ခန့်အပ်သည့် တရားရုံးဖြစ်ပါသည်။

          ရောမအင်ပါယာခေတ်တွင် ပေါ်ပေါက်ခဲ့သည့် Roman Law သည် ခေတ်မီတရားစီရင်ရေး စနစ်များ ပေါ်ထွန်းလာစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဥပဒေတစ်ခုပင်ဖြစ်ပါသည်။ ပြည်သူ့တရားစီရင်ရေးကိစ္စရပ်များတွင် တရားသူကြီးများသာမက ရေမြေ့အရှင် ဧကရာဇ်မင်းကပါ ပါဝင်ဆုံးဖြတ်ပေးသည့် တရားရေးစနစ်များ ပေါ်ထွန်းခဲ့ပါသည်။ ရောမအင်ပါယာခေတ် ထင်ရှားသော တရားရုံးများအနက် The Praetor’s Court သည် ကြီးလေးသော ပြစ်မှုနှင့် တရားမမှုများကို စီရင်ဆုံးဖြတ်ပေးသည့် အဓိက တရားရုံးအဖြစ် ထင်ရှားခဲ့ပါသည်။ ရောမခေတ်တွင် သာမန်အငြင်း ပွားမှုမဟုတ်သော ကိစ္စရပ်များကို စီရင်ဆုံးဖြတ်ရန်နှင့် အယူခံအဆင့်ဆင့် တက်ရောက်နိုင်သည့် သီးခြားအထူးတရားရုံးများလည်း ပေါ်ပေါက်ခဲ့ပါသည်။

          အလယ်ခေတ် ဥရောပတွင် ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ကြသဖြင့် တရားစီရင်ဆုံးဖြတ်မှု များသည် ပဒေသရာဇ်စနစ်နှင့် လျော်ညီသည့် တရားစီရင်မှုအသွင်ဆောင်ခဲ့ပါသည်။ ဒေသအာဏာပိုင် များသည် အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားဖွယ်ကိစ္စရပ်များကို ဒေသတရားရုံးများ ဖွင့်လှစ်၍ ကြားနာစီရင်ဆုံးဖြတ်ပေးခဲ့ကြသည်။ ဘာသာရေးနှင့် ကိုယ်ကျင့်တရား ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် တရားရုံးများလည်း ပေါ်ထွန်းခဲ့ပါသည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၁၇ ရာစုခန့်က ဖွဲ့စည်းတည်ထောင်ခဲ့သည့် The Old Bailey တရားရုံးသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် တစ်ခုဖြစ်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို စီရင် ဆုံးဖြတ်ပေးလျက်ရှိသည့် တရားရုံးဖြစ်ပါသည်။

မျက်မှောက်ခေတ် တရားရုံးများ

          မျက်မှောက်ခေတ်တွင် တရားစီရင်ရေးဆိုင်ရာ အယူအဆများ ရှုပ်ထွေးကျယ်ပြန့်လာသည် နှင့်အမျှ ဒေသဆိုင်ရာတရားရုံးများ၊ နိုင်ငံတော်အဆင့် တရားရုံးများ၊ နိုင်ငံတကာအဆင့် တရားရုံး များအပြင် သီးခြားအထူးတရားရုံးများဟူ၍ အသွင်သဏ္ဍာန်မျိုးစုံဖြင့် ဖွဲ့စည်းဆောင်ရွက်လာကြ ပါသည်။ မျက်မှောက်ခေတ်တရားရုံးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ တရားစီရင် ရေးအာဏာ အပ်နှင်းခံရသည့် အဖွဲ့အစည်းများ ဖြစ်လာသည့်အလျောက် ပုံမှန်အားဖြင့် အမှီအခို ကင်းပြီး တရားမျှတမှုအတွက် သမာသမတ်ကျစွာ တရားစီရင်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရသော လွတ်လပ်သည့် အဖွဲ့အစည်းများ ဖြစ်လာပါသည်။ ရှေးခေတ်နှင့် အလယ်ခေတ်တွင် ချမှတ်ဆောင်ရွက်ခဲ့သော စည်းမျဉ်းများနှင့် ကျင့်ထုံးများသည် ခေတ်ပြိုင် တရားစီရင်ရေးစနစ်ကို နက်ရှိုင်းစွာ လွှမ်းမိုးလျက်ရှိကြောင်းလည်း လေ့လာတွေ့ရှိနိုင်ပါသည်။

ခုံရုံး(Tribunal) ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်

          ခုံရုံး(Tribunal) ဟူသောဝေါဟာရသည် Classical Roman Republic ၏ ခုံသမာဓိလူကြီးများ (Magistrates) ကို ရည်ညွှန်းသော လက်တင်ဘာသာ “Tribunes” မှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဖွင့်ဆိုကြပြီး ခုံသမာဓိလူကြီးများက အမှုများကို ကြားနာစီရင်ဆုံးဖြတ်ရန်နေရာ “ခုံရုံး” ကို ဆိုလိုခြင်းဖြစ်ပါသည်။ ခုံသမာဓိရုံး၏ အယူအဆနှင့် ဆောင်ရွက်ချက်များသည် သီးခြား (Entity) အဖွဲ့အစည်း အဖြစ် ရပ်တည်၍ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် အုပ်ချုပ်ခံ လူတန်းစားတို့အကြား အငြင်းပွားဖွယ် ကိစ္စရပ်များကို တရားစီရင်ရေးသဘောဆန်ဆန်ဖြင့် မျှတမှန်ကန်အောင် စီရင်ဆုံးဖြတ် ပေးရန်နှင့် တရားရုံးများ၏ တရားစီရင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်း ဖြင့် တရားစီရင်ရေးကဏ္ဍမြန်ဆန်ထိရောက်မှုရှိစေရန် ရည်ရွယ်ပါသည်။

ရှေးမူလအစ ခုံရုံးများ

          ရောမခေတ်တွင် အုပ်ချုပ်သူလူတန်းစားတို့၏ ချိုးဖောက်မှုများကို စစ်ဆေးဖော်ထုတ်ရန်နှင့် ပြည်သူလူထု၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ပြည်သူက ရွေးချယ်တင်မြှောက်သည့်ခုံသမာဓိလူကြီးများကို ခန့်အပ်တာဝန်ပေးကြပါသည်။ ခုံသမာဓိလူကြီးများသည် ပြည်သူလူထု သို့မဟုတ် နိုင်ငံတော်နှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်ကိစ္စရပ်များကို စစ်ဆေးဖော် ထုတ်ရန် အုပ်ချုပ်သူအာဏာပိုင်များနှင့် ပြည်သူများကို ခုံရုံးသို့ ဆင့်ခေါ်၍ စီရင်ပိုင်ခွင့်ရှိပါသည်။ အုပ်ချုပ်သူ များက ပြည်သူလူထုအပေါ် နိုင်ထက်စီးနင်းပြုခြင်းအတွက် ထိုခုံရုံးတွင် ခုခံချေပတောင်းဆိုနိုင်ရုံ မျှသာမက ချမှတ်သော ဆုံးဖြတ်ချက်များအပေါ် ကျေနပ်မှုမရှိပါက အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်းရှိကြပါသည်။ ရောမအင်ပါယာကျဆုံးပြီးနောက် အလယ်ခေတ် ဥရောပ တစ်ဝှမ်းတွင် ခုံရုံးများသည် သဘောသဘာဝ၊ ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ကျယ်ပြန့်လာပါသည်။ ကိုးကွယ် ယုံကြည်မှုနှင့် အခြားသော ဘာသာရေးဆိုင်ရာ ပြစ်မှုများကို စုံစမ်းစစ်ဆေးရန် Church တည်ထောင်ခဲ့သည့် The  Inquisition ကဲ့သို့ အဖွဲ့အစည်းများသည်လည်း ထင်ရှားသောခုံရုံးများ ဖြစ်ခဲ့ကြပါသည်။

မျက်မှောက်ခေတ် ခုံရုံးများ

          မျက်မှောက်ခေတ်တွင် အုပ်ချုပ်သူအာဏာပိုင်များ၏ တရားစီရင်ရေးသဘောဆောင်သည့် (Quasi-judicial) ကိစ္စရပ်များကို  ဖြေရှင်းဆောင်ရွက်နိုင်ရန် ခုံရုံးများ ဖွဲ့စည်း၍ ကျယ်ပြန့်စွာ ဆောင်ရွက်လာကြပါသည်။ ဥပမာအားဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းရန် အလုပ်သမားခုံသမာဓိအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယကမ္ဘာစစ် အပြီးကာလ စစ်ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေးနှင့် သီးခြား ဥပဒေရေးရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် Nuremberg Trials International War Crime Tribunal ကဲ့သို့သော နိုင်ငံတကာခုံရုံးများကိုလည်း ဖွဲ့စည်းထားရှိကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။

တရားရုံးနှင့် ခုံရုံး၏ ကွဲပြားခြားနားချက်

          တရားရုံးများနှင့် ခုံရုံးများသည် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများဖြစ်သော်လည်း စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းများအရ ကွဲပြားခြားနားမှု များစွာရှိနိုင်ပါသည်။ ထိုကွဲပြားခြားနားချက်များအနက်မှ အချို့ကို လေ့လာတင်ပြအပ်ပါသည် -

တရားရုံးနှင့် ခုံရုံးတို့၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် နယ်ပယ်

တရားရုံးများသည် ပိုမိုကျယ်ပြန့်သော တရားစီရင်ပိုင်ခွင့်ရှိပြီး အရပ်ဘက်၊ စစ်ဘက် ရာဇဝတ်မှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပါအဝင် လေးနက်ရှုပ်ထွေးသော အမှုအခင်း များစွာကို ကြားနာစစ်ဆေး ကိုင်တွယ်ဖြေရှင်း ရပါသည်။

ခုံရုံးများသည် စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးရာ ကဲ့သို့သော သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုလိုအပ်သည့် ကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းပေးထား သည့် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသည့် သီးခြားအထူးခုံရုံးများ ဖြစ်ပါသည်။

တရားရုံးနှင့် ခုံရုံးတို့၏ လုပ်ထုံးလုပ်နည်း

တရားရုံးများသည် တရားဝင်ချမှတ်ထားသော တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီရင်ထုံးများ၊ ရှေးရိုးနည်းလမ်းများ၊ သက်သေ အထောက်အထားများကို ကိုးကားလိုက်နာရပြီး တစ်ခါတစ်ရံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို တင်းကြပ်စွာလိုက်နာရသဖြင့် လုပ်ထုံးလုပ်နည်း ကွဲလွဲတတ်သည့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်လေ့ရှိပါသည်။

ခုံရုံးများသည် ယေဘုယျအားဖြင့် တင်းကြပ်စွာ လိုက်နာရသည့် လုပ်ထုံးလုပ်နည်း နည်းပါးပြီး မူဝါဒအရ ပြုပြင်ပြောင်းလဲရန် လွယ်ကူ၍ ပိုမို မြန်ဆန်ထိရောက်သော လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်ရပါသည်။

တရားသူကြီးများနှင့် ခုံအဖွဲ့ဝင်များ ခန့်အပ်ခြင်း

တရားရုံးများတွင် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရင့်သန်ပြီး အရည် အချင်းပြည့်ဝသော ပုဂ္ဂိုလ်များကို တရားသူကြီးများအဖြစ် တာဝန်ပေးခန့်အပ်ရပါသည်။

ခုံရုံးများတွင်လည်း သာမန်အားဖြင့် ဥပဒေပညာရပ် ကျွမ်းကျင်သူများကို ခုံအဖွဲ့ဝင်များအဖြစ် ခန့်အပ်သော်လည်း ခုံရုံး၏ လုပ်ငန်း သဘောသဘာဝကို လိုက်၍ သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များကို အဖွဲ့ဝင်များအဖြစ် ခန့်အပ်ရပါသည်။ (ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာပညာရှင်တစ်ဦးကို ခုံအဖွဲ့ဝင် အဖြစ် ခန့်ထားရမည်ဖြစ်ပါသည်)

အယူခံမှုလုပ်ငန်းစဉ်

တရားရုံးများတွင် သတ်မှတ်ထားသည့် တရားစီရင်ရေးစနစ်နှင့်အညီ လက်အောက်ခံ ဒေသန္တရ တရားရုံးမှ ချမှတ်သည့် အမိန့်ကို ကျေနပ်မှု မရှိပါက ချမှတ်သည့် အမိန့်နှင့်အတူ အထက် တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်နိုင်ပါသည်။ (အချို့သောနိုင်ငံများတွင် အယူခံဝင်ရောက်မှုကို အမြင့်ဆုံးတရားရုံးက ငြင်းပယ်လိုက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် အညီ စာချွန်တော် လျှောက်ထားနိုင်သော အခွင့်အရေးများ ရှိပါသည်)

ခုံရုံးများတွင်မူ ချမှတ်သည့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက နစ်နာသည်ဟု ယူဆသူသည် ထိုခုံရုံးသို့ အယူခံဝင်ရောက်ခွင့်ရှိသည့် ယန္တရားတစ်ရပ်ရှိသကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့် ခုံရုံးထက် တစ်ဆင့်မြင့်တရားရုံး သို့မဟုတ် ခုံရုံးသို့အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်း ရှိပါသည်။ သို့သော် အယူခံဝင်မှုလုပ်ငန်းစဉ်များသည် ခုံရုံးများ၏ သဘောသဘာဝနှင့် တည်ဆဲ ဥပဒေအရ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။

စီရင်ဆုံးဖြတ်ချက်များ

        တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် သဘောသဘာဝအရ ထိရောက်ကျယ်ပြန့်၍ သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များဖြစ်ပြီး နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများ အဖြစ် ထုံးဖွဲ့မှတ်တမ်းတင်နိုင်ပါသည်။

          ခုံရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် ထိရောက် ကျယ်ပြန့်၍ သက်ရောက်မှုရှိသော စီရင် ဆုံးဖြတ်ချက်များ ဖြစ်သော်လည်း တရားရုံးများမှ ချမှတ်သည့် စီရင်ဆုံးဖြတ်ချက်များကဲ့သို့ နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများအဖြစ် မှတ်တမ်းမတင်နိုင်ပါ။

အမှုတင်သွင်းလျှောက်ထားနိုင်မှုနှင့် ကုန်ကျစရိတ်

          လုပ်ထုံးလုပ်နည်းများပြားသည့် တရားစီရင်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရခြင်းနှင့် ဥပဒေနှင့်အညီ ကိုယ်စားလှယ်လုပ်ငန်းများကို ဆောင်ရွက်ရခြင်းကြောင့် တရားရုံးတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် ကုန်ကျစရိတ်ပိုမိုများပြားပြီး အချိန်ပိုမို ကြာမြင့်နိုင်ပါသည်။

ခုံရုံးများတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် လုပ်ထုံးလုပ်နည်းအရ တရားရုံးများထက် ပိုမိုလွယ်ကူ၍ ကုန်ကျစရိတ် သက်သာပြီး မြန်ဆန်သည့် ဖြေရှင်းချက်ကို ရရှိစေနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံး (Court) များ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံးများကို အောက်ပါအတိုင်း ဖွဲ့စည်းတည်ထောင်ထားရှိပါသည်-

(က)    ပြည်ထောင်စုတရားလွှတ်တော်ချုပ်

(ခ)     တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ

(ဂ)     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ

(ဃ)    ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတရားရုံးများ

(င)     ခရိုင်တရားရုံးများ

(စ)     မြို့နယ်တရားရုံးများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ထင်ရှားသော အထူးပြုခုံရုံး (Tribunal) များ

          (က)    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

(၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်)

          (ခ)     အခွန်အယူခံခုံအဖွဲ့ရုံး

(၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြဋ္ဌာန်းသည့် အခွန်အယူခံခုံအဖွဲ့ဥပဒေအရ ၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်)

အချုပ်အားဖြင့်ဆိုသော် တရားရုံးများနှင့် ခုံရုံးများသည် အငြင်းပွားမှု ပြဿနာများကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရန် ဖြစ်သော်လည်း တရားရုံးသည် ခုံရုံးထက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်း ပိုမိုများပြား၍ စီရင်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်ပါသည်။ တရားရုံးများတွင် တရားသူကြီးများအဖြစ် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ကျွမ်းကျင်သော ပညာရှင်များကသာ ဆောင်ရွက်နိုင်ပါသည်။ ခုံရုံးများသည် နိုင်ငံတော်၏ မူဝါဒအရ ဖြစ်ပေါ် တည်ရှိ လာသည့် အထူးကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် အထူး ခုံရုံးများဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များက ခုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

ရည်ညွှန်းကိုးကားချက်များ

(၁)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

(၂)      အခွန်အယူခံခုံအဖွဲ့ဥပဒေ(၂၀၁၈)

(၃)     ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဝက်ဘ်ဆိုဒ် (www.unionsupremecourt.gov.mm)

(၄)     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဝက်ဘ်ဆိုဒ် (www.constitutionaltribunal.gov.mm)

(၅)     အခွန်အယူခံခုံအဖွဲ့ ဝက်ဘ်ဆိုဒ် (https://www.ratb.gov.mm)

(၆)     တရားစီရင်ရေးတွင် စီရင်ချက်၊ စီရင်ထုံးများ၏ အခန်းကဏ္ဍ ဆောင်းပါး (မောင်စာဂ)

(၇)     Differences between court and tribunal (https://lawboomi.com)

(၈)     Differences between court and tribunal (https://keydifferences.com/)

(၉)     Differences between court and tribunal (https://www.tutorialspoint.com/)

(၁၀)   How Did Early Judicial System? (https://www.dailyhistory.org/)

ညီညီမြတ်(အခယ)၊ ဦးစီးမှူး၊ အခွန်အယူခံခုံအဖွဲ့

ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုင်ရာ မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် မူဝါဒကိုလေ့လာခြင်း
-

ထိပ်တန်း စီအီးအိုများ၏ ကြားနာပွဲ

၂၀၂၄ ခုနှစ်ကို နှုတ်ဆက်၍ ၂၀၂၅ ခုနှစ်သို့ ရောက်ခဲ့ပြီ။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စိတ်ဝင်စားဖွယ်ရာ သတင်းအဖြစ်အပျက်များစွာရှိခဲ့သည့်အနက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့်စပ်လျဉ်းသည့် သတင်းအဖြစ်အပျက်များကလည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ ယင်းသတင်းအဖြစ်အပျက်များထဲမှတစ်ခုအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီကြားနာပွဲသတင်းက ကမ္ဘာ့သတင်းမီဒီယာများတွင် နေရာယူမြင်တွေ့ခဲ့ရသည်။

ယင်းကြားနာပွဲတွင် ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းများမှ စီအီးအိုများကိုယ်တိုင် ကလေးသူငယ်များ၏ အွန်လိုင်းဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး သက်သေထွက်ဆိုခဲ့ကြရသည်။ အွန်လိုင်းမှကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းနှင့်စပ်လျဉ်း၍ Facebook, Instagram, Threads နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီ ဖြစ်သည့် Meta ၏ CEO Mark Zuckerberg အပါအဝင် Discord ၊ Snap ၊ TikTok နှင့် X (ယခင် Twitter)စသည့် ဒစ်ဂျစ်တယ်ဆိုရှယ်မီဒီယာပလက်ဖောင်းများ ဝန်ဆောင်မှုပေးသည့် နည်းပညာကုမ္ပဏီကြီးများမှ CEO များ တစုတစည်းတည်း အမေရိကန်ကွန်ဂရက်လွှတ်တော်ရှေ့တွင် ပထမဦးဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

အထက်လွှတ်တော် တရားစီရင်ရေးကော်မတီ၏ ကြားနာစစ်ဆေးမှုအတွင်း အထက်လွှတ်တော်အမတ်များက အဆိုပါဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများအား အွန်လိုင်းတွင် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်စေရေး အထောက်အကူပြုလျက် ရှိနေကြောင်း၊ ယင်းတို့၏ Algorithm အသုံးပြုသည့် Content ဦးစားပေးဖော်ပြမှုနှင့် ကြော်ငြာထည့်သွင်းမှု ပုံစံများအပါအဝင် စီးပွားရှာသည့် ပုံသဏ္ဌာန်များသည် အလွန်အကျူးစွဲလမ်းစေသည့် Addictive features များ၊ သေကြောင်းကြံစည်ခြင်းနှင့် နေထိုင်စားသောက်မှုမူမမှန်ခြင်း (Suicide and eating disorders) များ၊ လက်တွေ့မကျသော အလှတရားစံနှုန်းများ (Unrealistic beauty standards)နှင့် ဆိုက်ဘာအနိုင်ကျင့်မှု (Cyber Bullying)များ စသည့်မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများကို အသက်မပြည့်သေးသည့် ကလေးသူငယ်များအပါအဝင် အသုံးပြုသူလူငယ်များက ထိခိုက်ခံစားရစေလျက်ရှိကြောင်းနှင့် ယင်းအပေါ်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းကုမ္ပဏီများက အသုံးပြုသူများအား ထိထိရောက်ရောက် အကာအကွယ်ပေးသည့် အစီအမံများမရှိဘဲ ငွေရှာဖို့သက်သက်သာလုပ်ဆောင်လျက်ရှိကြောင်း လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ ယင်းကြားနာပွဲသို့ လွှတ်တော်အမတ်များ၊ မီဒီယာများနှင့်အတူ ထိခိုက်ခံစားခဲ့ရသည့် (အချို့အသက် သေဆုံးခဲ့ရသည့်) ကလေးများ၏ မိဘများကိုယ်တိုင် တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ကြားနာမှုအတွင်း Meta CEO Mark Zuckerberg နှင့် အခြား CEO များသည်အသက်မပြည့်သေးသည့်ကလေးငယ်များ ခေါင်းပုံဖြတ်အသုံးချခံရခြင်းနှင့် အန္တရာယ်ရှိသည့် ရေးသားဖော်ပြချက်များမှ ကာကွယ်ပေးရန် ၎င်းတို့ကုမ္ပဏီများ၏ အစီအမံနှင့် အားထုတ်ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြင်းထန်သည့်မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် ဖော်ပြချက်များကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကလေးများ၏ အတွေ့အကြုံများကို သက်ဆိုင်ရာ ကလေးငယ်များနှင့် မိဘများထံမှ မှတ်တမ်းတင်ထားသော သက်သေခံချက်ဖြင့် စတင်ကြားနာခဲ့ပြီး အဆိုပါကိစ္စရပ်များ၏ လူမှုအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုကို မီးမောင်းထိုးပြခဲ့သည်။

အွန်လိုင်းစွဲလမ်းမှုကြောင့် ပညာရေးထိခိုက်မှုမှသည် မိမိကိုယ်ကို သေကြောင်းကြံစည်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရသည့် ကလေးများ၏ ထိခိုက်နစ်နာမှုများအတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းပိုင်ရှင် ဘီလျံနာများထံမှ လုံလောက်သည့်စာနာမှုကို ရှာဖွေနိုင်ရန် ကြိုးပမ်းမှုကို ၂၀၂၄ ခုနှစ် ကန့်လန့်ကာအဖွင့်မှာ မြင်တွေ့ခဲ့ရခြင်းပင်ဖြစ်သည်။

ကျင့်ဝတ်မဲ့ စီးပွားရေးကို ဥပဒေနှင့် ထိန်းကျောင်းရန်လိုအပ်

၂၁ ရာစု၏ ထုတ်ကုန်တစ်ခုဖြစ်သည့် ဉာဏ်ရည်တု(AI)နည်းပညာများနှင့် ပေါင်းစပ်ခဲ့ပြီးနောက်တွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများသည် ပိုမိုကြီးမားပြင်းထန်လာခဲ့သည်။ Deep Fake နည်းပညာကို အလွယ်တကူ လက်လှမ်းမီအသုံးပြု လာနိုင်မှုများကြောင့် သတင်းတု၊ သတင်းမှားနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းများဖြန့်ဝေမှု၊ အမုန်းစကားဖြန့်ဝေမှုများမှတစ်ဆင့် လူ့အဖွဲ့ အစည်းအတွင်း မလိုလားအပ်သည့် ထိခိုက်နစ်နာစေမှုများ (Negative Externalities)ပိုတိုးလာစေခဲ့သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အထောက်အကူပြုသည့် ကိရိယာများအဖြစ် တွင်တွင်ပြောဆို လျက်ရှိသော်လည်း တစ်ဖက်တွင် ကျင့်ဝတ်မဲ့စွာ စီးပွားရှာသည့် စားကျက်ကြီးတစ်ခုအဖြစ် မြင်တွေ့လာရသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပိုင်ရှင်များက နေ့ချင်းညချင်း ဘီလျံနာများအဖြစ် ကြီးပွားလာသည့် အခြားတစ်ဖက်တွင် အကြမ်းဖက်သမားများနှင့် မသမာသူများက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးလိုဘများအတွက် တလွဲအသုံးချလျက်ရှိသည့် အခြေအနေများကို တားဆီးဟန့်တားရန် ပျက်ကွက်ခဲ့သည်။

ယင်းကြောင့်ပင် ကမ္ဘာ့နိုင်ငံဒေသအသီးသီးတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ အပြုသဘောမဆောင်သည့် အကျိုးဆက်များမှ ရုန်းထွက်နိုင်ရေး အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများကဲ့သို့ ထိခိုက်လွယ်သည့် အုပ်စုဝင်များအတွက် ဆိုရှယ်မီဒီယာအသုံးပြုမှု ဘေးကင်းလုံခြုံရေးကို သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေပြုသူများနှင့် တာဝန်ရှိသူများက အလေးပေး လုပ်ဆောင်လာခဲ့ကြသည်။ မလေးရှားနိုင်ငံတွင်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ဝန်ဆောင်မှုများအား နိုင်ငံတွင်းလိုအပ်ချက်များနှင့် အညီဖြစ်စေရေးအတွက် အင်တာနက်အသုံးပြုသူများထံမှ စစ်တမ်းကောက်ယူရရှိမှုများအပေါ် အခြေခံ၍လိုအပ်သည့် စည်းမျဉ်းဥပဒေများကို မလေးရှားဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင်(MCMC)က ရေးဆွဲပြဋ္ဌာန်းခဲ့သည်။

မလေးရှားနိုင်ငံ၏ ဆိုရှယ်မီဒီယာပလက်ဖောင်း များ လိုင်စင်လျှောက်ထားခြင်းဆိုင်ရာမူဘောင်

မလေးရှားနိုင်ငံတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် အင်တာနက်စာတိုပေးပို့ဝန်ဆောင်မှု ဆောင်ရွက်သည့် အက်ပလီကေးရှင်းများ၏ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ မူဘောင် (the licensing framework for internet messaging services and social media services)ကို MCMC က ရေးဆွဲ၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် အများပြည်သူထံသို့ စတင်မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥပဒေစတင်အသက်ဝင်စေခဲ့ပြီးဖြစ်သည်။

မလေးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာအက်ဥပဒေ(CMA) (1998) အရ ရေးဆွဲ ပေါ်ပေါက်လာသည့် အဆိုပါမူဘောင်အသစ်အရ မလေးရှားနိုင်ငံတွင် အသုံးပြုသူ ၈ သန်းနှင့်အထက်ရှိသော အင်တာနက်စာတိုပေးပို့ခြင်းဝန်ဆောင်မှုများနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများသည် အက်ပလီကေးရှင်းဝန်ဆောင်မှုပေးသူ အတန်းအစားလိုင်စင် (ASP(C) Licence)ကို ရရှိ ထားရမည်ဖြစ်သည်။

လျှောက်ထားရာတွင် ၂၀၂၁ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် cloud လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာမူဘောင်ကဲ့သို့ပင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရန်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုများကို မထိခိုက်စေရေး လျှောက်ထားမှုလွယ်ကူစေရန် MCMC က မူဝါဒချမှတ်ထားသည်။ ASP(C) License ၏ သက်တမ်းမှာ တစ်နှစ်သတ်မှတ်ထားပြီး လိုင်စင်ကြေးကို မလေးရှားရင်းဂစ် ၂၅၀၀ သတ်မှတ်ထားသည်။ လိုင်စင်ရယူခြင်းမရှိဘဲ ဝန်ဆောင်မှုပေးသူများသည် ဒဏ်ငွေမလေးရှားရင်းဂစ် ၅၀၀၀၀၀ အထိနှင့်/သို့မဟုတ် ထောင်ဒဏ် ၅ နှစ်အထိချမှတ်ခံရနိုင်သည်။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် ပြစ်မှုဆက်လက်ကျူးလွန်သည့်နေ့ တစ်ရက်တိုင်းအတွက် ရင်းဂစ် ၁၀၀၀ စီ ဒဏ်ငွေကိုလည်း ချမှတ်နိုင်သည်။ လိုင်စင်လိုအပ်ချက်ကို လိုက်နာရန်ပျက်ကွက်သော အဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှုတွင် ဒါရိုက်တာများ၊ အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်များသည်လည်း တာဝန်ရှိသည်ဟု မှတ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာပလက်ဖောင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ASP(C) လိုင်စင်လျှောက်ထားရန်အတွက် ကူးပြောင်းချိန်ကာလ ၅ လ(၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ) သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း ဝန်ဆောင်မှုပေးသူများအနေဖြင့် ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများကဲ့သို့သော အွန်လိုင်းအန္တရာယ်များကို ၎င်းတို့၏ ပလက်ဖောင်းအသီးသီးမှ လျှော့ချနိုင်ရေး အားထုတ်မှုများလုပ်ဆောင်ရန် MCMC က တိုက်တွန်းခဲ့သည်။

မူဝါဒအသစ်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စပ်လျဉ်း၍ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်မှ စတင်ပြောင်းလဲ ကျင့်သုံးမည့် မူဘောင်အသစ်နှင့်စပ်လျဉ်း၍ ထုံးစံအတိုင်း အချို့သောစိုးရိမ်မှုများနှင့် ဝေဖန်မှုများ လည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် Article 19 ကဲ့သို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ဘက်မှ တာဝန်ရှိသူများက ၎င်းမူဘောင်အသစ်မှာ မလေးရှားနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်အစိုးရက ဥပဒေများကို အသုံးပြုလာခြင်းပေလောဟု မေးခွန်းထုတ်ခဲ့ကြပြီး ၎င်းတို့ ၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြသည်။

သို့ရာတွင် ယင်းသို့ လိုင်စင်မူဘောင်သတ်မှတ်ချက်သည် ဆိုရှယ်မီဒီယာအသုံးပြုသူများကို အကာအကွယ်ပေးရန်အတွက် အစိုးရ၏ ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း Kota Melaka မြို့တော်၏ လွှတ်တော်အမတ် Khoo Poay Tiong ကပြောကြားခဲ့ပြီး မလေးရှားဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil ကလည်း ယခုမူဘောင်အသစ်သည် ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် ရည်ရွယ်ထားခြင်းမရှိဘဲ မလေးရှားနိုင်ငံအတွင်း ကြော်ငြာဝင်ငွေများရယူခြင်းဖြင့် စီးပွားရေးအရ ဆောင်ရွက်လျက်ရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများအတွက်သာ ရည်ရွယ်ခြင်းဖြစ်သဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေခြင်းမရှိကြောင်း ပြောကြားထားသည်။

ယင်းသို့ ဆောင်ရွက်မှုသည် ပိုမိုလုံခြုံသော အွန်လိုင်းဂေဟစနစ် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ကလေးများနှင့် မိသားစုများအတွက် ဆိုရှယ်မီဒီယာအသုံးပြုရာတွင် ပိုမိုကောင်းမွန်သော အတွေ့အကြုံကို ရရှိစေလိမ့်မည်ဖြစ်ကြောင်း MCMC က တုံ့ပြန်ခဲ့သည်။

လိုင်စင်လျှောက်ထားရန် ဆောင်ရွက်မှု

မလေးရှားနိုင်ငံတွင် အင်တာနက်နှင့်ဆိုရှယ် မီဒီယာအသုံးပြုမှုမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး www.statista.com ၏ ၂၀၂၄ ခုနှစ်က ထုတ်ပြန်သည့် စာရင်းအင်းများတွင် Facebook သည် မလေးရှား နိုင်ငံတွင်သုံးစွဲသူ ၂၂ ဒသမ ၃၅ သန်းရှိ၍ စုစုပေါင်း လူဦးရေ၏ ၆၄ ဒသမ ၈ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ နိုင်ငံရေးသတင်းများ အပါအဝင် သတင်းအချက်အလက်အများစုကို မလေးရှားနိုင်ငံသားများက Facebook မှတစ်ဆင့် ရရှိနေခြင်းဖြစ်သည်။ လက်ရှိထုတ်ပြန်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ မူဘောင်သတ်မှတ်ချက်အရ မလေးရှားတွင် လိုင်စင်လျှောက်ထားရန် သတ်မှတ်ချက်အကျုံးဝင်သည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှာ Facebook, Instagram, WhatsApp, Telegram, WeChat နှင့် TikTok အပါအဝင် ရှစ်ခုထက်မနည်း ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်အထိ Tencent ၏ WeChat၊ ByteDance ၏ TikTok သည် ဤစည်းမျဉ်းအသစ်အရ လုပ်ငန်းလည်ပတ်ရန်လိုင်စင်များ လျှောက်ထားရယူထားပြီးဖြစ်ပြီး Telegram ကို လည်း MCMC က ဇန်နဝါရီလ ၂ ရက်နေ့က လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုပေးပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် Facebook၊ Instagram နှင့် WhatsApp တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta အနေဖြင့် ယင်း၏ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများအတွက် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းစဉ်အား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း MCMC ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

သို့ရာတွင် X (ယခင် Twitter)အနေဖြင့်မူ လိုင်စင်ထုတ်ပေးသည့် မူဘောင်ပါသတ်မှတ်ချက် တစ်ခုဖြစ်သည့် မလေးရှားတွင် အသုံးပြုသူအရေအတွက် ၈ သန်းမရှိဟုဆိုကာ လျှောက်ထားခြင်း မပြုသေးကြောင်းသိရသည်။ အလားတူ YouTube ၏ မိခင်ကုမ္ပဏီ Google ကလည်း ၎င်း၏ ဗီဒီယို မျှဝေခြင်းဆိုင်ရာ ဝန်ဆောင်မှုများသည် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများနှင့် သဘာဝကွဲပြားသဖြင့် ဥပဒေပါ သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုများအားဖော်ပြပြီး လိုင်စင်လျှောက်ထားခြင်းကိစ္စကို ဆွေးနွေးနေစဲဖြစ်ကြောင်း သိရှိရသည်။ တစ်ဖက်တွင် လိုင်စင်လျှောက်ထားခြင်းမရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအနေဖြင့် ဥပဒေအရ စိစစ်အရေးယူမှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများအား မူဝါဒကြီးကြပ်သည့် မူဘောင်တစ်ရပ်ကို စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်မှုများကိုလည်း တွေ့ရှိလာရသည်။

စောင့်ကြည့်ရမည့် အခြေအနေ

၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကမ္ဘာတစ်ဝန်းတွင် အင်တာနက်အသုံးပြုသူ ၅ ဒသမ ၅၂ ဘီလီယံရှိပြီး ယင်းပမာဏသည် ကမ္ဘာ့လူဦးရေ၏ ၆၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ ယင်းအနက်မှ စုစုပေါင်း၏ ၅ ဒသမ ၂၂ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၆၃ ဒသမ ၈ ရာခိုင်နှုန်းသည် ဆိုရှယ်မီဒီယာအသုံးပြုသူများဖြစ်သည်။ လက်ရှိတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် လူမှုအသိုက်အဝန်းကို အကျိုးပြုသည့် သာမန်ဆက်သွယ်ရေးကွန်ရက်နှင့် သတင်းအချက်အလက်ဖြန့်ချိရာနေရာ တစ်ခုမျှသာမဟုတ်ဘဲ အခွန်ဘဏ္ဍာစည်းကြပ်မှုလျော့ရဲစွာဖြင့် ကြော်ငြာခများ နိုင်ငံတွင်းမှ စီးထွက်ရာ၊ အစွန်းရောက် အကြမ်းဖက်အယူအဆများ ပေါက်ဖွားရာ၊ သတင်းတုသတင်းမှားနှင့် အမုန်းစကားတို့၏ မြစ်ဖျားခံရာ၊ အွန်လိုင်းလိမ်လည်မှုများ အလွယ်တကူဆောင်ရွက်ရာ နေရာများအဖြစ် လူမှုအသိုက်အဝန်းအတွက် မလိုလားအပ်သည့် အကျိုးဆက်များနှင့် အန္တရာယ်များကို ဆောင်ကြဉ်း လာလျက်ရှိနေပြီဖြစ်သည်။

ယင်းမလိုလားအပ်သည့် လူမှုဒုက္ခများကို လျှော့ချနိုင်စေရေးနိုင်ငံနှင့် ဒေသအဖွဲ့အစည်း အသီးသီးက လိုအပ်သည့် ဥပဒေများထုတ်ပြန်၍ ပြန်လည်ထိန်းကျောင်းလျက်ရှိရာ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ တုံ့ပြန်ဆောင်ရွက်ချက်များအား ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေ ဖြစ်ပါသည်။

ကိုးကား-

https://www.demandsage.com/social-media-users/

https://apnews.com/article/meta-tiktok-snap-discord-zuckerberg-testify-senate-00754a6bea92aaad62585ed55f219932

https://insightplus.bakermckenzie.com/bm/technology-media-telecommunications_ 1/malaysia-licensing-of-social-media-and-internet-messaging-service-providers-from-1-january-2025-onwards

https://www.dataguidance.com/news/malaysia-mcmc-unveils-new-regulatory-framework-social

https://www.statista.com/statistics/617136/digital-population-worldwide/

Source: www.moi.gov.mm

ဇေလက်ျာ

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်တာခရီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်ရက်မြတ် အခါသမယဖြစ်သည်။

မြန်မာ့နိုင်ငံတကာဆက်ဆံရေးသမိုင်းသည် ဘီစီ ၂ ရာစုမှစတင်ကာ  နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့သော်လည်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံတကာဆက်ဆံရေးကို    အဖွဲ့အစည်းအထင်ကရဖြင့် မှတ်ကျောက်တင် နိုင်ခဲ့သည်မှာ  (၇၇)နှစ်တာရှိပြီး ထိုကာလအတွင်း  နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်အားသာမက စွမ်းရည်ပါ တိုးတက်လာသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

နိုင်ငံခြားရေးဌာနကို  ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် "Department of Foreign Service" အဖြစ် စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်း တစ်ဦး၊ အမှုထမ်း ရှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး ဒင်္ဒသမနငါည ဉ်ငခနဒဒ ဟု အမည်ပြောင်းလဲခဲ့ပြီး  အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန ဒဒွှ့န ငြညငျအမပ သ် ၤသမနငါည ဗ်ငေမျဒဒ (ြဥၤဗ) အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီးဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပရှိ ဝန်ထမ်းအင်အား တစ်ထောင်ကျော်တို့ဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာပြည်ရှိ ဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးတွင်  အသီးသီးတာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆယ်စုနှစ် ခုနစ်ခုကျော်ကာလတစ်လျှောက်တွင် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ရှေးရှုသည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းမွန်သည့် နိုင်ငံ့ပုံရိပ်ဖော်ဆောင်ရေးကိုကြိုးပမ်းလျက်ရှိသည်။

မြန်မာ့လွတ်လပ်ရေးရရှိပြီးနောက် အစိုးရများ လက်ထက်တွင် ထူးချွန်သည့်မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ်တာဝန်ကို သက်တမ်းနှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်သည် ကျူးဘားအရေးအခင်း၊ ကွန်ဂိုပြည်တွင်းစစ်အဆုံးသတ်ရေး၊ အင်အားကြီးနိုင်ငံများအကြားတင်းမာမှုလျှော့ချရေးတို့တွင် စွမ်းစွမ်းတမံဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုပံ့ပိုးပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ်ခဲ့ရာ မြန်မာ့ပုံရိပ်ကို ကမ္ဘာတွင် အထင်အရှားဖြစ်စေခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင်အထင်ကရဖြစ်သည့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့်  ပူးတွဲချမှတ်နိုင်ခဲ့ခြင်းသည်လည်း သမိုင်းဝင်ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်။ ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးဦးတည်သည့် အဆိုပါ မူကြီး(၅)ချက်မှာ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အပြန်အလှန်လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံကျူးကျော်ခြင်းနှင့် ပြည်တွင်းရေး စွက်ဖက်ခြင်းမပြုရန်၊  တန်းတူညီမျှရှိပြီး  အပြန်အလှန်အကျိုးပြုကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများ ဖြစ်ပါသည်။

ထိုမှတစ်ဆင့်  နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဘန်ဒေါင်းကွန်ဖရင့်ကို ပူးတွဲ ကမကထပြုကာ မြန်မာနိုင်ငံ၏သံတမန်ရေးရာ ဦးဆောင်မှုကို  ဖော်ညွှန်းသည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်တွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်ကို   ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို ထပ်လောင်းထင်ဟပ်သည့် ဘန်ဒေါင်းမူကြီး (၁၀)ရပ်ကိုထုတ်ပြန်ကာ    အာရှနှင့်အာဖရိကမှ လွတ်လပ်သော နိုင်ငံအသစ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အစပျိုးနိုင်ခဲ့ကြပါသည်။

အလားတူပင် ၁၉၆၁ ခုနှစ်တွင် ဘက်မလိုက်အဖွဲ့ကြီးထူထောင်ရေးတွင်လည်း    မြန်မာနိုင်ငံမှ တက်<ကစွာပါဝင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်အဖွဲ့ကြီး၏ ဝန်ကြီးများ အဆင့်အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများတိုးမြှင့်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးရေးတို့ကို ကြိုးပမ်းသွားလိုကြောင်း   ပြည်ထောင်စုဝန်ကြီးမှ အလေးထားပြောကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ  လက်ထက်များတွင် ကြုံတွေ့ခဲ့ရသည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများအကြားမှပင် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂမျက်နှာစာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏အရှိန်ကို ထိန်းသိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကြိုးပမ်းမှုများကို ပံ့ပိုးခဲ့သည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အလေးထားသည့်နိုင်ငံအဖြစ်    မြန်မာနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်နိုင်စေရေး၊ လက်နက်ဖျက်သိမ်းရေးကဏ္ဍတွင် တက်ကြွစွာပါဝင်ကာ နျူကလီးယား လက်နက် တားဆီးရေး စာချုပ်၊ နျူကလီးယားစမ်းသပ်မှုအလုံးစုံ တားဆီးရေးစာချုပ်တို့တွင်   လက်မှတ် ရေးထိုးခြင်း၊ နျူကလီးယား    လုံခြုံစိတ်ချစွာသုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ နျူကလီးယားဆိုင်ရာပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း စသည်တို့တွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် ဂျကာတာ၊ ဂျီနီဗာနှင့် နယူးယောက်မြို့ရှိဖိုရမ်များတွင်   အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရေး အပါအဝင်   လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။  ၁၉၉၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ဖျက်သိမ်းရေး ဆိုင်ရာပထမကော်မတီတွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂက အဖွဲ့ဝင်အများစု၏ ထောက်ခံမှုဖြင့် တင်သွင်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင်   အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်းသည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံအနေနှင့် ဒေသတွင်းပေါင်းစည်းရေးတွင် အာဆီယံနှင့်အတူလိုက်ပါ ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရှိခဲ့သည်။ အဖွဲ့ဝင်အားလုံး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာရာတွင် အဖွဲ့ဝင် နိုင်ငံများ၏ အဆင်ပြေမှုကို လေးစားလိုက်နာပြီး အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးတွင် ပါဝင်လျက်ရှိသည်။

၂၀၁၁-၂၀၁၅ ကာလသံတမန်ရေးအရ ပြန်လည် ဦးမော့လာစေရေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကမ်မရွန်း၊ အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်တို့၏ ခရီးစဉ်များကို လက်ခံစီစဉ်ပေးနိုင်ခဲ့ပါသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အာရှဒေသဆိုင်ရာကမ္ဘာ့ စီးပွားရေးဖိုရမ်ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးများကိုလည်းကောင်း လက်ခံကျင်းပကာ ကွန်ဖရင့်ဒီပလိုမေစီကို  မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါ ၂၀၁၁-၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံတွင်    ဖွံ့ဖြိုးမှု အကူအညီများရရှိမှု သုံးဆမြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုများလည်း သိသိသာသာတိုးတက်ခဲ့ပြီး ယင်းတိုးတက်မှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ကြွစွာ ပံ့ပိုးခဲ့သည်။

အလားတူပင် ၂၀၁၆-၂၀၂၀ ကာလများတွင် သံရေးတမန်ရေး အောင်မြင်မှုများစွာ ဖော်ဆောင်နိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေး ပိတ်ဆို့မှုများကိုလည်းဖယ်ရှားနိုင်ခဲ့ကာ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများ ဖော်ဆောင်နိုင်ခဲ့သည်။

လက်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် အခြေခံဥပဒေ အပိုဒ် ၄၁၊ ၄၂ (က)နှင့်(ခ)တို့အရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကြီး(၅)ရပ်နှင့်အညီ နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ကာ နိုင်ငံတကာတွင် ထားရှိရမည့် ကတိကဝတ်များကို လေးစားလိုက်နာလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်များကို တက်<ကစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများ၊ နည်းပညာဖွံ့ဖြိုးမှု၏ဘေးထွက်ဆိုးကျိုးများ၊ သတင်းမီဒီယာ၏ အဆိပ်အတောက်ဖြစ်စေမှုများ အပါအဝင် ပိုမိုရှုပ်ထွေးသည့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများစွာကို မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်လျက်ရှိသည်။ ထိုစိန်ခေါ်မှုများနှင့် ဆက်စပ်သည့် ပြည်တွင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂမျက်နှာစာတွင်  မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုများကို ကျော်လွှားကာ နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနအနေနှင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများအကျိုးဖော်ဆောင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်းရပ်တစ်ခုအဖြစ်   သတ်မှတ်ကာ အလေးပေး ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အကျဉ်းကျခံပြီးသူ ၂၀၇၅ ဦးနှင့် ၂၆၇၁၆ ဦးတို့ကို မြန်မာနိုင်ငံသို့  ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့အတူ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာများကြုံတွေ့ရ၍ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံသား ၁၆၄ ဦးတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများရှိ အာဏာပိုင်များနှင့်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အလားတူပင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် မိမိနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၏ လှည့်ဖြားခံရခြင်း အပါအဝင်   အခြားအကြောင်းအမျိုးမျိုးနှင့် တရားမဝင်ရောက်ရှိခဲ့ကာ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံသား ၅၂၈၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။

စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ကြုံတွေ့နေရသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များ၏ကြံ့ခိုင်မှု ပိုမိုပေါ်လွင်စေသည်။

အထူးအားဖြင့် နိုင်ငံအချို့သည် ကုလသမဂ္ဂမျက်နှာစာနှင့်အာဆီယံမျက်နှာစာတွင် အစဉ်အဆက်လိုက် နာခဲ့ကြသည့် မူကြီးများကို  အလေးထားမှုမရှိကြသည့် အခက်အခဲဆုံးကာလတွင်ပင် မြန်မာနိုင်ငံသည် နိုင်ငံစုံစနစ်၊ ဒေသတွင်းနှင့်  နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းကိုအလေးထားကာ   မိမိတို့ကတိကဝတ်များကို မသွေဖည်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့ ဦးတည်ကာ နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနသည်   ဆတက်ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ရှေးယခင်ကပင် အင်ပါယာကြီးသုံးခုအကြားတွင် လက်ရုံးရည်နှင့်နှလုံးရည်အားဖြင့် စည်းလုံးညီညွတ်တင့်တယ်စွာ ရပ်တည်ခဲ့သည့် မြန်မာနိုင်ငံ၏ အစဉ်အလာနှင့် အတွေ့အကြုံကောင်းများကို အခြေခံကာ ယနေ့ခေတ် ကြုံတွေ့နေကြရသည့် ပထဝီနိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို  နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ  မြှင့်တင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များမှ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 (၇၇)ကြိမ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာ့သမိုင်းတစ်လျှောက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်း ဆောင်ခဲ့ကြသည့် သံတမန်ကြီးများကို ဂုဏ်ပြုလျက်မျိုးဆက်သစ်သံတမန်များသည်လည်း ခေတ်သစ်၏ အင်အားသစ်များ၊ နည်းပညာသစ်များဖန်တီနိုင်စွမ်းများကိုအသုံးချကာ၊ ပိုမိုငြိမ်းချမ်းစည်ပင်ကာ မြန်မာ့ ပုံရိပ်ကောင်းများ ပေါ်ထွန်းစေမည့်  နိုင်ငံခြားရေးမူဝါဒဦးတည်ချက်များပြည့်မီရေးကို ပိုမိုပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။  ။

Source: Myawady Webportal

နိုင်ငံခြားရေးဝန်ကြီးဌာန

 သတိပြုဆင်ခြင်ဖွယ် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်
-

ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့် ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှဓာတ်များနှင့် ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများ သေဆုံးကာ ဂေဟစနစ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ် သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ

ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့် ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှဓာတ်များနှင့် ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများ သေဆုံးကာ ဂေဟစနစ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ် သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

ပလတ်စတစ်အမှိုက်များအကြောင်း

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ပလတ်စတစ်အန္တရာယ်နှင့် ပတ်သက်၍ ကုလသမဂ္ဂမှထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရ အောက်ပါအတိုင်းဖော်ပြထားကြောင်း လေ့လာသိရှိရပါသည်-

ယနေ့ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန်သန်း ၅၀၀ မှ တန်ချိန်သန်းပေါင်း တစ်သန်း (တစ်ထရီလီယံ) အထိ သုံးစွဲလျက်ရှိပြီး မိနစ်တိုင်းတွင် ပလတ်စတစ်အိတ်ပေါင်း တစ်သန်းနီးပါး စွန့်ပစ်နေကြသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ကုန်စုံဆိုင်လုပ်ငန်းသုံး အိတ်များကို ၅ ထရီလီယံအထိ သုံးစွဲနေပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမှုမရှိသဖြင့် ကမ္ဘာကြီးသည် အမှိုက်များဖြင့် ပိတ်နေပြီဖြစ်သည်။ ထို့ကြောင့် ရာစုနှစ်ဝက်အရောက်တွင် ပလတ် စတစ်အိတ်တန်ချိန် ၁၂ ဘီလီယံကြောင့် ကမ္ဘာကြီးသည် ရေလွှမ်းမိုးမှုဒဏ် ခံစားရနိုင်သည်။ ထိုသို့နှစ်စဉ် ၅ ထရီလီယံ ထုတ်လုပ်နေခြင်းက တစ်မိနစ်လျှင် ပလတ်စတစ်အိတ် ၁၀ သန်းနီးပါး အသုံးပြု ခြင်းနှင့် ညီမျှသည်။ အသုံးပြုပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမည့်အစား စွန့်ပစ်သဖြင့်အသုံးပြုပြီး ပလတ်စတစ်အိတ် ၇၉ ရာခိုင်နှုန်းသည် အမှိုက်အဖြစ် အဆုံးသတ်သွားသည်။ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများသည် အန္တရာယ်ရှိသော ပစ္စည်းများစွန့်ပစ်မှုအတွက် အသုံးပြုခံနေရပြီး ရေနေသတ္တဝါများမှာလည်း အမှိုက်သရိုက်များကြောင့် အသက်ရှင်ရန်ခက်ခဲလာကာ အချို့ရေကြောင်း နေရာများသည် ပလတ်စတစ်စွပ်ပြုတ်ကဲ့သို့သော နေရာအဖြစ်ပြောင်းလဲလာသည်။ ပလတ်စတစ်ပစ္စည်း အများစုသည် ရေကြောင်းကိုပိတ်စေပြီး ကောက်ရိုး၊ ပလတ်စတစ်အိတ်နှင့် ဇွန်း၊ ခက်ရင်း အစရှိသော ပစ္စည်းများက အမှိုက်ပုံတစ်ခုကဲ့သို့ ဖြစ်လာသည်။ ပလတ်စတစ်အိတ်များသည် ရေဆိုးပိုက်များကို ပိတ်စေသဖြင့် ရောဂါပိုးမွှားများ ပျံ့နှံ့ကူးစက်နိုင်ပြီး တိရစ္ဆာန်များ၏ အစားအစာထဲသို့ပါသွားပါက အသက်ဆုံးရှုံးနိုင်သည်။ အိန္ဒိယနိုင်ငံ၌ သေဆုံးသွားသောနွားများ၏ဝမ်းဗိုက်အတွင်း ပလတ်စတစ်အိတ်များတွေ့ရှိရပြီး ထိုင်းနိုင်ငံ၌ ဝေလငါးတစ်ကောင်သည်လည်း အသုံးပြုပြီး ပလတ်စတစ် အိတ်များစားသုံးမိသဖြင့် သေဆုံးခဲ့သည်။

ကမ္ဘာကိုခြောက်လှန့်နေသော ပလတ်စတစ်အန္တရာယ်

အမေရိကန်သိပ္ပံပညာရှင်များ၏ တွက်ချက်မှု အရလွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အတွင်း ကမ္ဘာပေါ်တွင် လူသားများအနေဖြင့် ထုတ်လုပ်သုံးစွဲလာသော ပလတ်စတစ်အလေးချိန်သည် တန်ချိန်ပေါင်း ၈ ဒသမ ၃ ဘီလီယံ အလေးချိန်ရှိနေပြီဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သော ၆၅ နှစ်ခန့် ကစ၍ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သုံးစွဲလာခဲ့သည့် ပလတ်စတစ်ပမာဏသည် ဆင်အကောင်သန်းတစ်ထောင်ခန့်နှင့် အလေးချိန် ညီမျှနေပြီး ကမ္ဘာကြီးသည် ပလတ်စတစ်ဂြိုဟ်ကြီးကဲ့သို့ ဖြစ်လာနေပြီဖြစ်ကြောင်း စိုးထိတ်ဖွယ် လေ့လာသိရှိရ သည်။ ယနေ့ခေတ်လူသားတို့ ထုတ်လုပ်သုံးစွဲလိုက်သမျှ ပလတ်စတစ်ပစ္စည်း ၇၀ ရာခိုင်နှုန်းကျော်သည် အလေအလွင့်ဖြစ်သွားပြီး မြစ်ချောင်းအင်းအိုင်များ နှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိကုန်ကြောင်း၊ ထုတ်လုပ်သမျှ ပလတ်စတစ်ပစ္စည်း ၁၂ ရာခိုင်နှုန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပြီး ကျန် ၈၀ ရာခိုင်နှုန်းကျော်ခန့်က ကမ္ဘာ့နေရာအနှံ့ ပျံ့နှံ့ သွားကြောင်း သိရသည်။ အဆိုပါနှုန်းအတိုင်း ဆက်လက် ဖြစ်ပေါ်နေမည် ဆိုပါက လာမည့် အနှစ် ၃၀ ခန့်တွင် ပလတ်စတစ် ပစ္စည်းစွန့်ပစ်မှုပမာဏ တန်ချိန်ပေါင်း ၁၂ ဘီလီယံ ခန့် ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ပလတ်စတစ် အိတ်မှ လေယာဉ်ကိုယ်ထည်အထိ ထုတ်လုပ်ခဲ့သမျှ ပလတ်စတစ်ပစ္စည်းအားလုံးသည် သဘာဝနည်းဖြင့် ပြန်လည်အသွင်ပြောင်းယူ၍မရဘဲ မီးရှို့ဖျက်ဆီးပစ်မှသာ ဖျက်ဆီး၍ ရနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့မီးရှို့ခြင်းက အီသိုင်လင်းအောက်ဆိုက်နှင့် ဒိုင်အောက်စင် စသည့်အန္တရာယ်ဖြစ်စေတတ်သော ဓာတ်ငွေ့များထွက်ရှိလာသဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ယင်းအငွေ့များကိုရှူရှိုက်မိသည့် လူ၏သွေးနှင့် ဆီးထဲကို ရောက်ရှိပြီး ကင်ဆာရောဂါ ဖြစ်နိုင်သည်။ ထို့ကြောင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုသည် အလွန်စိုးရိမ်ရသည့် ကိစ္စတစ်ရပ်ဖြစ်လာပြီး အစားထိုးသုံးစွဲမှုများနှင့် ပြန်လည်သန့်စင် သုံးစွဲရေးအစီအမံများ အလွန်အရေးကြီးလာပြီဖြစ် ကြောင်းနှင့် ယနေ့ကမ္ဘာကြီးတွင် လက်ရှိထုတ်လုပ် သုံးစွဲပြီးသော ပလတ်စတစ်ပမာဏသည် အာဂျင်တီးနားနိုင်ငံ အကျယ်အဝန်းကိုပင် ဖုံးလွှမ်း၍ရနေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များကတွက်ချက် သတိပေးထားသည်။

ပလတ်စတစ်အသုံးအဆောင်များ၏ ဘေးအန္တရာယ်

ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)တွင် ပါရှိသည့် ခဲဓာတ်၊ အဆိပ်ဓာတ်၊ ဆိုက်ဇာနှင့် စတိုင်ရင်း ဓာတ်များသည် ဓာတုပစ္စည်းများနှင့် ဆိုးဆေးများဖြစ်၍ အပူဓာတ်နှင့်ဖြစ်စေ၊ ဆီပါသော အစားအသောက်များနှင့်ဖြစ်စေ ထိတွေ့မိပါက ယင်းဓာတုပစ္စည်းများက အစားအသောက်များထဲကို ဓာတ်ပြုပျော်ဝင်သွားကာ လူကိုများစွာ အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့နည်းတူ ကလေးနို့ဘူး ပြုလုပ်သည့် PVC ပလတ်စတစ်နှင့် ပလတ်စတစ် ရေပိုက်များတွင် မိုနိုမာ(ခေါ်)အလွန်အဆိပ်ပြင်းသည့် ဓာတ်တစ်မျိုး ပါဝင်နေသည်။ ထို့ကြောင့် ကင်ဆာရောဂါ ဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို ကျန်းမာရေးသတိအသိဖြင့် ရှောင်ရှားသင့်သည်။ ထို့ပြင် မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများကလည်း အပူနှင့်ထိတွေ့ပါက ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်သည်။ ထို့ကြောင့် ဖန်ထည်၊ ကြွေထည်များဖြင့် ပြုလုပ်ထားသော ပစ္စည်းများကိုသာသုံးသင့်သည်။ ကလေးနို့ဘူးကိုလည်း ဖန်ထည်နှင့်ပြုလုပ်ထားသည့် ပစ္စည်းသုံးခြင်းက ကလေးကို ပလတ်စတစ်ထဲမှာပါဝင်သော ဓာတုပစ္စည်းတွေ မနှောင့်ယှက်အောင် ကာကွယ်ပေးရာ ရောက်သည်။ သြစတြေးလျသုတေသီများ၏ လေ့လာမှုမှတ်တမ်းများအရ ပလတ်စတစ်တွင် phthalates (ခေါ်) ဓာတုပစ္စည်းတစ်မျိုးကို မကြာခဏဆိုသလိုတွေ့ရလေ့ရှိပြီး ယင်းဓာတုပစ္စည်းက ပလတ်စတစ်ကို ကြည်လင်စေရန်၊ ပျော့ပျောင်းစေရန်၊ တာရှည်ခံစေရန် ပြုလုပ်ထားကြောင်း၊ ထိုဓာတုပစ္စည်းအုပ်စုကို အစားအစာ ထုပ်ပိုးမှုများ၊ ဆေးဝါးထည့်ပစ္စည်းများ၊ ကလေးကစားစရာများနှင့် ဆေးဘက်ဆိုင်ရာကိရိယာများတွင် အသုံးပြုမှုပိုများကြောင်း၊ ထို phthalates ဓာတုပစ္စည်းများနှင့် ထိတွေ့သူများ၌ အမျိုးအစား-၂ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် သွေးတိုးရောဂါများဖြစ်နိုင် ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။ အထူးသဖြင့် အမျိုးသမီးမျိုးပွားခြင်း၊ သန္ဓေတည်ခြင်းကို အနှောင့်အယှက်ပေးနိုင်သည့် (EDC) ဓာတုပစ္စည်းများသည် ပလတ်စတစ်ဘူး၊ ခွက်များတွင်ပါဝင်မှုများကြောင်း ဂျာမနီသုတေသီများကဆိုသည်။ ပလတ်စတစ်ပစ္စည်းထဲတွင် ပါရှိသော ဓာတုပစ္စည်း ၂၄၅၂၀ ခန့်အနက် DEHF ဒြပ်ပေါင်းက လူ့ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းကို ကစဉ့်ကလျားဖြစ်စေနိုင်သည်။ အကျိုးဆက်အဖြစ် ခန္ဓာကိုယ်ဆဲလ်များ ဖွံ့ဖြိုးမှုမမှန်မကန်ဖြစ်သွားကာ ဆဲလ်ပျက်စီးခြင်းနှင့် ၎င်း၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကင်ဆာ ဖြစ်နိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ ထို့ပြင်မွေးဖွားလာသော ကလေးတွင် အင်္ဂါမစုံခြင်း၊ နှလုံးရောဂါ၊ အစာအိမ်နာ ခြင်းများ ဖြစ်ပွားနိုင်သည်။ အချို့သူများက သွားတိုက်တံကို မိုက်ကရိုဝေ့ မီးဖိုတွင် အပူပေးပိုးသတ်လေ့ရှိကြသည်။ ထိုနည်းက လွန်စွာ မှားယွင်းနေပါသည်။ သွားတိုက်တံများကို ပလတ်စတစ်၊ ဆီလီကွန်၊ နိုင်လွန်ပစ္စည်းများဖြင့် ပြုလုပ်ထားကြပြီး ၎င်းတို့ကို မီးဖိုမှာအပူငွေ့ပေး လိုက်ရာ Bisphenol-A (BPA) ခေါ် ဓာတုပစ္စည်း တစ်မျိုးထွက်ရှိလာသည်။ ထိုဓာတ်က ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေသည့်အပြင် ကျား-မ မြုံခြင်းကိုပါ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ သွားတိုက်တံ တစ်ချောင်းကို အများဆုံး သုံးလထက် ပို၍ မသုံးဘဲအသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင်သီးသန့် သွားတိုက်တံသုံးပါ။ ဖြစ်နိုင်ရင် သွားတိုက်တံ မသုံးမီ ရေခပ်နွေးနွေး၊ ဆပ်ပြာတို့ဖြင့် စိမ်၍ သန့်စင် ဆေးကြောပြီးမှသုံးပါ။

ကြွပ်ကြွပ်အိတ်လျှော့ချသုံးစွဲရေး

ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသော ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းကြောင့် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများမှာ တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက် တစ်နှစ် ကြောက်ခမန်းလိလိတိုး၍နေသည်။ ထို့ကြောင့် ယင်းဖြစ်ရပ်များ လျော့နည်းကျဆင်း စေပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရန်ရည်ရွယ်၍ မြန်မာပြည်အနှံ့ရှိ တိုင်း ဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များတွင် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့ကကြီးမှူးကာ ပြည်သူများ ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေး အသိပညာပေးဆွေးနွေးပွဲများ၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှု အစား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ထုပ်ပိုးပစ္စည်းများအဖြစ် အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူအိတ်များ ပေးဝေခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း စသည့် ပုံစံ အမျိုးမျိုးဖြင့် အသိပညာပေး ဆွေးနွေးလျက်ရှိသည်။ အချုပ်ဆိုသော် ပလတ်စတစ်ထုတ်ကုန်များသည် ဈေးသက်သာပြီး ထုပ်ပိုးရန်လွယ်ကူသော်လည်း ကျန်းမာရေး ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေခြင်း၊ ဆွေးမြည့်ရန်မလွယ်ကူခြင်း၊ ဂေဟစနစ်ကို ပျက်စီးစေခြင်း စသည့် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှုများမှာ လူသားတို့၏စည်းကမ်းမဲ့၊ ဆင်ခြင်တုံတရား မဲ့မှုတို့ကြောင့် ဖြစ်လာရသည်။ ပြုပြင်ထိန်းသိမ်းမှု၊ တားဆီးကာကွယ်ထိန်းချုပ်မှုများကို အချိန် မနှောင်းမီ ပြုလုပ်ကြရန် လူတိုင်းကိုယ်စီ အသိ တရားများဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် အများပြည်သူတို့အနေ ဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများ အသုံးပြုခြင်း၊ အလွယ်တကူ ဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရန်လိုအပ်ပါကြောင်းနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် အသွယ်သွယ်က ရှောင်လွှဲ၍ လွတ်ဖို့ခဲယဉ်းသည့်အလျောက် အညစ်အကြေး ကင်းစင်သန့်ရှင်းသည့် ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။

Source: Myanmar Digital News

ပေါက်ပေါက်

ဆိုင်ကယ်စီးလျှင်  အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်ကို အမြဲဆောင်းရန် အရေးကြီးပါသည်
-

မော်တော်ဆိုင်ကယ်စီးခြင်းသည် စီးနင်းသူများအား အခြားယာဉ်အနည်းငယ်သာ ရရှိတွေ့ကြုံ ခံစားနိုင်စေမည့် စိတ်လှုပ်ရှားဖွယ်ရာနှင့် လွတ်လပ်သော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။ သို့သော်လည်း ဆိုင်ကယ်စီးခြင်းနှင့်အတူ အသက်အန္တရာယ်နှင့်ကြုံတွေ့ရနိုင်ခြင်းကဲ့သို့သော သိသာ ထင်ရှားသည့် အန္တရာယ်များနှင့်လည်း တွေ့ကြုံရနိုင်ပါသည်။ မော်တော်ဆိုင်ကယ်စီးနေစဉ် မိမိကိုယ်ကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်းပင် ဖြစ်ပါသည်။ မော်တော်ဆိုင်ကယ်စီးနင်းသူများသည် အန္တရာယ်အရှိဆုံးစွမ်းအင်သုံးယာဉ်လမ်း အသုံးပြုသူများဖြစ်သည်။ ဤဆောင်းပါးသည် မ

မော်တော်ဆိုင်ကယ်စီးခြင်းသည် စီးနင်းသူများအား အခြားယာဉ်အနည်းငယ်သာ ရရှိတွေ့ကြုံ ခံစားနိုင်စေမည့် စိတ်လှုပ်ရှားဖွယ်ရာနှင့် လွတ်လပ်သော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်။ သို့သော်လည်း ဆိုင်ကယ်စီးခြင်းနှင့်အတူ အသက်အန္တရာယ်နှင့်ကြုံတွေ့ရနိုင်ခြင်းကဲ့သို့သော သိသာ ထင်ရှားသည့် အန္တရာယ်များနှင့်လည်း တွေ့ကြုံရနိုင်ပါသည်။ မော်တော်ဆိုင်ကယ်စီးနေစဉ် မိမိကိုယ်ကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်းပင် ဖြစ်ပါသည်။ မော်တော်ဆိုင်ကယ်စီးနင်းသူများသည် အန္တရာယ်အရှိဆုံးစွမ်းအင်သုံးယာဉ်လမ်း အသုံးပြုသူများဖြစ်သည်။ ဤဆောင်းပါးသည် မော်တော်ဆိုင်ကယ်စီးသူများအတွက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် မရှိမဖြစ် လိုအပ်သည့် အကြောင်းရင်းများ၊ ဘေးကင်းစေရေး၊ တရားဥပဒေသတ်မှတ်ချက်များနှင့် တာဝန်သိစွာ စီးနင်းမှု မြှင့်တင်ရေးတို့ကို အလေးပေး ဖော်ပြထားပါသည်။

ဦးထုပ်ဘာကြောင့်ဆောင်းရတာလဲ။            မော်တော်ဆိုင်ကယ်တိမ်းမှောက်ခြင်းသည် မာကျောသော အရာများနှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် (သို့မဟုတ်) အလွန်အမင်းအရှိန်ကြောင့်ဖြစ်စေ ဦးခေါင်း ဒဏ်ရာရရှိနိုင်သည်။ ဆိုင်ကယ်စီးနှင်းသူ၏ဦးခေါင်းက လူသွားလမ်း (သို့မဟုတ်) မြေပြင်ကို ထိမိသည့် အခါ ဦးခေါင်းခွံအတွင်းက အရိုးတွေကို ထိမိပြီး သေစေနိုင်သည့်အတွက် မော်တော်ဆိုင်ကယ်စီးသည့် အခါ ဆိုင်ကယ်စီးဦးထုပ်ကို အမြဲဆောင်းရန် အလွန်အရေးကြီးပါသည်။

ဦးထုပ်ဆောင်းရန် တရားဝင်တာဝန်ရှိပါသလား။      အဖြေက “ဟုတ်ကဲ့” ဖြစ်ပါသည်။ နိုင်ငံတိုင်းနီးပါး တွင် ဆိုင်ကယ်စီးနင်းသူများနှင့် ခရီးသည်များအား အကာအကွယ်ဦးထုပ်ဆောင်းရန် ဥပဒေများပြဋ္ဌာန်း ထားသော်လည်း နိုင်ငံတစ်ခုနှင့်တစ်ခု ယာဉ်မောင်းများ၏ အသက်နှင့်ယာဉ်စွမ်းအား သတ်မှတ်ချက်ပေါ် မူတည်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြသော်လည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် တာဝန်ရှိကြောင်း တွေ့ရှိရပါသည်။

ဘေးကင်းရေး ပထမ။           ဆိုင်ကယ်စီးဦးထုပ်ဆောင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ လုံခြုံရေး ဖြစ်သည်။ လေ့လာမှုများအရ ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းသည် မတော်တဆမှုတစ်ခုတွင် ဦးခေါင်း ဒဏ်ရာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးကြောင်း တွေ့ရှိရပါသည်။ ဆိုင်ကယ်စီးဦးထုပ် ဆောင်းခြင်းသည် မော်တော်ဆိုင်ကယ်စီးနင်းသူများ အသက်ဆုံးရှုံးစေသော ထိခိုက်ဒဏ်ရာများကို ကာကွယ်ရာတွင် အလွန်ထိရောက်မှုရှိပါသည်။ မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်ဦးထုပ်သုံးစွဲမှုဆိုင်ရာလေ့လာမှုအရ ၂၀၁၆ ခုနှစ်တွင် ခန့်မှန်းခြေ ဦးထုပ်ဆောင်းမှုမှာ ၅၁.၆၆ ရာခိုင်နှုန်းဖြစ်သည်။ ယာဉ်တိုက်မှုတွင် ထိခိုက်မှုမှာ ပြင်းထန်သော ဦးနှောက်ဒဏ်ရာများအထိ ဖြစ်စေနိုင်ပြီး ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်းသည် အရေးကြီးသော ကာကွယ်မှုကိုပေးနိုင်ပြီး ဦးခေါင်းဒဏ်ရာရခြင်းမှ အထိ ရောက်ဆုံး ကာကွယ်နိုင်သည့်တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။

ဥပဒေကဏ္ဍတွင်လည်း ဒေသများစွာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းသည် ဘေးကင်းစေရေး အတိုင်းအတာ တစ်ခုမျှသာမက ဥပဒေပြဋ္ဌာန်းချက်လည်းဖြစ်ပါသည်။ နိုင်ငံတစ်ခုနှင့်တစ်ခု ဥပဒေများ သည် ကွဲပြားသော်လည်း အများစုတွင် အဆိုပါဥပဒေများသည် မော်တော်ဆိုင်ကယ် မတော်တဆမှုများ နှင့်ဆက်စပ်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအတွက် စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ပြဋ္ဌာန်းထားပါသည်။ ဤဥပဒေများကို လိုက်နာခြင်းဖြင့် ဆိုင်ကယ်စီးနင်းသူများသည် မိမိတို့ ကိုယ်ကို ကာကွယ်ရုံ သာမက လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လူမှုအဖွဲ့အစည်းများ၏ ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများကိုလည်း အထောက်အကူဖြစ်စေပါသည်။ အဆိုပါဥပဒေများကို လျစ်လျူရှုပါက ဒဏ်ငွေနှင့် တရားဥပဒေဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်စေပြီး စီးနင်းသူများအနေဖြင့် ဥပဒေစည်းမျဉ်းများကို နားလည်ပြီး လိုက်နာရန် မရှိမဖြစ် လိုအပ်ပါသည်။ 

ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုစီးပွားဘဝ ဆုံးရှုံးမှု များ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ(NRSC)၏ အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ရေး Quick Win လုပ်ငန်းအစီအမံ(၅)ရပ်နှင့်အညီ အောက်ပါအတိုင်းဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော် ထားပါသည်။

(က)  မော်တော်ယာဉ်မောင်းနှင်အသုံးပြုရာတွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ် ထိုင်ခုံခါးပတ် ဝတ်ဆင်အသုံးပြုရန်၊

(ခ)  မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းသူများ၊ နောက်မှလိုက်ပါစီးနင်းသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြုရန်နှင့် မေးသိုင်းကြိုး မြဲမြံစွာ တပ်ဆင်အသုံးပြုရန်၊

(ဂ)   အရက်သေစာ မူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုရန်၊ 

(ဃ)  မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်၊

(င)   မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း မပြုရန်။

တာဝန်သိစီးနင်းခြင်းအမူအကျင့်ကို မြှင့်တင်ခြင်း။      ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းသည် တာဝန်သိစွာ စီးနင်းခြင်း ယဉ်ကျေးမှုကို အားပေးပါသည်။ ဆိုင်ကယ်စီးနင်းသူများသည် အကာအကွယ်ပစ္စည်းများကို အသုံးပြု ခြင်းဖြင့် ၎င်းတို့၏ဘေးကင်းရေးကို ဦးစားပေးသောအခါ အခြားသူများအတွက် အပြုသဘော ဆောင်သော စံနမူနာတစ်ခုဖြစ်သည်။ ဤအပြုအမူသည် ဘေးကင်းသော အလေ့အကျင့်များကို ကျင့်သုံးရန် ဆိုင်ကယ်စီးနှင်းသူအသစ်များအတွက် စံနမူနာဖြစ်ပါသည်။ ထို့အပြင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်းသည် မော်တော်ဆိုင်ကယ်စီးခြင်းနှင့် ဆက်စပ်နေသောအန္တရာယ်များကို သတိပေးချက်အဖြစ် ဆောင်ရွက်ပေးနိုင်ပြီး လမ်းပေါ်တွင်စီးနင်းသူများ ပိုမိုသတိရှိရန် လှုံ့ဆော်ပေးပါသည်။ ဤ အသိတရားမြင့်မားလာခြင်းသည် အာရုံထွေပြားခြင်းများကို ရှောင်ကြဉ်ခြင်း၊ လမ်းစည်းကမ်းလိုက်နာခြင်းနှင့် သင့်လျော်သောအရှိန်ဖြင့် စီးနင်းခြင်းကဲ့သို့သော ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက် ချခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် မော်တော်ဆိုင်ကယ်စီးရင်း အမြဲဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် အရေးကြီးသော အလေ့အကျင့် တစ်ခုဖြစ်ပြီး ၎င်းသည် ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးကာ ဥပဒေကိုလိုက်နာသော တာဝန်ယူမှု ရှိသည့် စီးနင်းခြင်းယဉ်ကျေးမှုကို မြှင့်တင်ပေးပါသည်။ မော်တော်ဆိုင်ကယ်စီးသူများသည်  လွတ်လပ်မှုကို နှစ်သက်သည်နှင့်အမျှ မိမိတို့ကိုယ်ကို ကာကွယ်ရန် အရေးကြီးကြောင်းကိုလည်း သတိထား ဆောင်ရွက်ရမည်ဖြစ်ပါသည် အဆုံးစွန်သောအားဖြင့် ဆိုင်ကယ်ဦးထုပ်သည် ကံဆိုးမိုးမှောင် ကျသည့် ဖြစ်ရပ်တွင် အသက်ကို ကယ်တင်နိုင်ပြီး ဒဏ်ရာပြင်းထန်မှုကို လျှော့ချနိုင်သည့် အရေးကြီး သော လုံခြုံရေးကိရိယာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မော်တော်ဆိုင်ကယ်စီးလျှင်  အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန် အားလုံးကို တိုက်တွန်းပါကြောင်း ရေးသားလိုက်ရပါသည်။

ဒေါက်တာသံလွင်ထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန

 မရယူနိုင်ခြင်းသည် ကွဲပြားသောအခင်းအကျင်းများဆီသာ ဦးတည်စေသည်
-

တစ်စစီပြိုကွဲပြီး အိုးမဲ့အိမ်မဲ့ ရှစ်သန်း၊ ပြည်ပဒုက္ခသည်အဖြစ် ခြောက်သန်းအထိ ရောက်ရှိသွားပြီဖြစ်တဲ့ ဆီးရီးယားနိုင်ငံကိုကြည့်ပြီး သင်ခန်းစာယူစရာတွေ သံဝေဂဖြစ်စရာတွေ များစွာရှိလိမ့်မယ်လို့ ယူဆပါတယ်။ သင်ခန်းစာယူတတ်ရင်ပေါ့။

ဆိုလိုတာက ဆီးရီးယားလိုနိုင်ငံနဲ့ ပထဝီနိုင်ငံရေး၊ နောက်ခံသမိုင်းကြောင်း မတူသော်လည်း မိမိတို့နိုင်ငံမှာက ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုကြီးဖြစ်နေတယ်။ လွတ်လပ်ရေးနဲ့အတူပါလာတဲ့ လက်နက်ကိုင်ရောင်စုံသူပုန်အစုံနဲ့ နွားကွဲကျားဆွဲ အနေအထားကြည့်ပြီး ကျားသစ်ချောင်းချောင်းနေတဲ့ နိုင်ငံတွေကြားမှာ ကြိုးစားရပ်တည်နေရတဲ့ နိုင်ငံလည်းဖြစ်တယ်၊၊ လွတ်လပ်ရေးအချုပ်အခြာနဲ့ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်တွေကြောင့် တပ်မတော်က မကြာခဏဝင်ပြီး ထိန်းရ၊ သိမ်းရ အစဉ်အလာရှိ နိုင်ငံတစ်နိုင်ငံအနေနဲ့ လက်ရှိ ဆီးရီးယားပြိုကွဲမှုဖြစ်စဉ်နဲ့တကွ ဆက်စပ်ကမ္ဘာ့ဖြစ်စဉ်တွေကနေ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးစီးပွားအတွက် အမြဲသင်ခန်းစာယူနေရမှာဖြစ်တယ်လို့ ခံယူမိပါတယ်။

ဆီးရီးယားရုတ်တရက်ပြိုကွဲခြင်း အကြောင်းတရားအချို့နဲ့အတူ

တစ်နှစ်ကျော်လာပြီဖြစ်တဲ့ အစ္စရေး - ဟားမတ်စ်၊ အစ္စရေး - ဟဇ်ဘိုလာစစ်ပွဲများဆီ အာရုံစိုက်နေရာကနေ ရုတ်တရက်ချက်ချင်းဆိုသလို ဖြစ်သွားခဲ့တဲ့ ဆီးရီးယားအဖြစ်အပျက်တွေဆီက ကျွန်တော်တို့ ဘယ်လိုသင်ခန်းစာတွေရနိုင်ပါသလဲ၊၊ နိုင်ငံတစ်နိုင်ငံမှာ အချင်းချင်းစည်းလုံးညီညွတ်မှုမရှိ၊ အပြန်အလှန်တိုက်ကြ၊ ခိုက်ကြ၊ သွေးကွဲနေကြရင် နိုင်ငံအတွင်းက ဆန့်ကျင်ဘက်ပြိုင်ဘက်အသီးသီးကို ထောက်ပံ့နေတဲ့နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက မိမိနိုင်ငံအတွင်းတရားဝင်ဝင်ရောက်စွက်ဖက်ခွင့်ရသွားအောင် ကိုယ်တိုင်လမ်းဖွင့်လိုက်သလိုဖြစ်သွားနိုင်သလားဆိုတဲ့အချက်ကို မြင်နေဖို့လိုပါတယ်။

မိမိမှာ ကိုယ်ပိုင်အစိုးရတစ်ရပ်ရှိနေမယ်၊ နိုင်ငံ့နယ်မြေပိုင်နက်နဲ့ အချုပ်အခြာကို ကာကွယ်စောင့်ရှောက်မယ့် အမြဲတမ်းတပ်မတော်တစ်ရပ်ရှိနေမယ်၊ ထိုနိုင်ငံ၊ ထိုအစိုးရအောက်က နိုင်ငံသားတွေရဲ့ အမျိုးသားအကျိုးစီးပွား၊ ကိုယ်စီအမျိုးသားရေးလက္ခဏာရပ်အသီးသီး ခိုင်ခိုင်မာမာရှိနေတဲ့နိုင်ငံကို ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းကမှ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်လို့မရပါဘူး။ သို့သော် ဆီးရီးယားမှာတော့ အထက်ကတင်ပြခဲ့တဲ့ လက္ခဏာအားလုံး လုံးဝပျက်ယွင်းသွားခဲ့ရပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဆီးရီးယားပြိုကွဲရခြင်းအကြောင်းရင်းမှာ အစိုးရဆန့်ကျင်ဘက် HTS အဖွဲ့က တော်လွန်းလို့လည်း မဟုတ်ပါဘူး။ အစ္စရေးလေတပ်က ကြိုတင်တိုက်ခိုက်မှုနဲ့ HTS ဘက်က အိမ်နီးချင်းတူကီယဲရဲ့ အကြီးအကျယ်ထောက်ပံ့မှုတွေသာမပါရင် ဆီးရီးယားတပ်မတော်ကြီး ယခုလို လျင်လျင်မြန်မြန်နဲ့ အရေးနိမ့်ဖို့အကြောင်းမရှိနိုင်ပါဘူး။ တကယ်လို့ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ်ရှိခဲ့ရင်လည်း သမ္မတအာဆတ်အစိုးရနဲ့ သူ့ရဲ့တပ်မတော်ကြီးအနေနဲ့ ယခုလို လွယ်လွယ်ကူကူ အရှုံးပေးစရာမရှိလောက်ဘူးလို့ ယူဆပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာကို ကာကွယ်စောင့်ရှောက်ရာမှာ အမြဲတမ်းတပ်မတော် တစ်ရပ်ရဲ့ အရေးပါပုံ၊ စုစည်းညီညွတ်မှုနဲ့ စစ်မက်ရေးရာမှာသာမက သံတမန်ရေးရာကဏ္ဍရဲ့ သံတမန်စစ်ပွဲအရေးပါမှုများကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

နိုင်ငံပြို လူမျိုးဘာသာလက္ခဏာ အမျိုခံရမယ့်အခြေအနေ ရောက်သွားနိုင်

ဆီးရီးယားမှာ သမ္မတအာဆတ်လက်ထက်ကတည်းက နိုင်ငံက Weak State အခြေအနေမှာ ရှိနေတာကြာခဲ့ပါပြီ။ ရုရှားနဲ့ အီရန်နိုင်ငံတို့ရဲ့ ကူညီပံ့ပိုးမှုရနေတဲ့ ဆီးရီးယားကို တူကီယဲနောက်ခံ HTS အစ္စလာမ္မစ်အဖွဲ့က လက်နက်အင်အားအသာနဲ့ တိုက်ခိုက်နေစဉ်အတွင်းနဲ့ တိုက်ထုတ်ပြီးနောက်ပိုင်းမှာ ပထဝီနိုင်ငံရေးအရ အားသာချက်ရယူလိုတဲ့ အစ္စရေးက ဆီးရီးယားအချက်အချာနေရာအားလုံးကို ဗုံးကြဲ၊ မြေပြင်တပ်တွေ ထိုးဖောက်တိုက်ခိုက်ပြီး ဂိုလန်ကုန်းမြင့်အပါအဝင် နယ်မြေအချို့ကို သိမ်းပိုက်ခဲ့တာတွေ့ရပါတယ်။

အမေရိကန်ကလည်း ဆီးရီးယားက Kurds နဲ့ SDF လိုအဖွဲ့တွေကို ယခင်ကတည်းက ထောက်ပံ့နေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ သူ့အကျိုးစီးပွားအတွက် ဆီးရီးယားပြည်တွင်းရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာပြီး အမေရိကန်စစ်စခန်းတွေ တိုးချဲ့၊ တပ်ချလာရတဲ့အခြေအနေ ဖြစ်လာတယ်။ ဒါ့အပြင် ပြင်သစ်ကလည်း ဆီးရီးယားမှာ ပြန်ပြီးခြေကုပ်ယူလာတဲ့ ISIS ရဲ့ရန်ကို အကြောင်းပြပြီး ဆီးရီးယားနယ်မြေအချို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်။

ဒါကြောင့် ပြိုင်ဘက်ဆီးရီးယားစစ်အုပ်စုတွေရဲ့ ပဋိပက္ခတွေကြားမှာ ဆီးရီးယားနိုင်ငံဟာ တူကီယဲ၊ အမေရိကန်၊ အစ္စရေး၊ အီရန်၊ ရုရှား၊ ပြင်သစ်တို့ရဲ့ Proxy War အဆင့်ကနေ ပြည်ပတပ်တွေ တိုက်ရိုက်ဝင်ရောက်စွက်ဖက်လာမယ့် အခြေအနေတွေရှိလာနေကြောင်း သုံးသပ်ရမှာဖြစ်ပါတယ်၊၊ နယ်မြေတွေ အပြိုင်အဆိုင်သိမ်းကြရင်းက နောက်ဆုံး နယ်နိမိတ်ပျောက်၊ နိုင်ငံလည်းပျောက်၊ လူမျိုးပါပြုတ်၊ ကိုးကွယ်ရာဘာသာတရားနဲ့ ဆီးရီးယားအမျိုးသားရေး ကိုယ်ပိုင်လက္ခဏာတွေပါ ပျောက်ကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

တစ်ဖက်ကကြည့်ရင် တူကီယဲအကူအညီနဲ့ အစိုးရဖွဲ့နိုင်ခဲ့တဲ့ HTS အဖွဲ့အနေနဲ့ နိုင်ငံကို အပြည့်အဝအုပ်ချုပ်နိုင်မယ့် အချုပ်အခြာအာဏာပိုင်စိုးခွင့် ရောရှိပါ့မလား။ သူတစ်ပါး နှာခေါင်းပေါက်နဲ့ အသက်ရှင်နေရတဲ့ဘဝ တာရှည်ခံဖို့ ဘယ်လွယ်ပါ့မလဲ။ အယူရှိရင် အပေးလည်းရှိရသလို ကျေးဇူးခံ၊ ကျေးဇူးစားဘဝ၊ ပြည်ပသြဇာမကင်း အမှီခိုခံဘဝနဲ့နေရတဲ့ ဆီးရီးယားလက်နက်ကိုင်တွေကြောင့် နိုင်ငံရောပြည်သူပါ ကမ္ဘာ့အလယ်မှာ အင်မတန်မျက်နှာငယ်တဲ့အနေအထား ရောက်နေပါတယ်။

နိုင်ငံတကာနယ်ချဲ့တွေ အထူးသဖြင့် အနောက်နယ်ချဲ့အုပ်စုတွေဟာ နိုင်ငံတစ်နိုင်ငံကို ဖြိုခွဲချင်ရင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရပြိုကွဲအောင် ဦးစွာလုပ်လေ့ရှိကြတယ်။ ဆီးရီးယားမှာဆိုရင် အာရပ်ဆွန်နီ၊ အယ်လာဝိုက်၊ ကာဒစ်ရှ်၊ ခရစ်ယာန်၊ ဒရုဇ်၊ တာခ်မန်စသဖြင့် ကွဲပြားနေတဲ့အုပ်စုအမျိုးမျိုး ဟာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြ၊ သွေးခွဲသပ်လျှိုခံရတဲ့အထိ ညီညွတ်မှုမရှိခဲ့ကြပါဘူး။ HTS ၊ SDF ၊ SNA ၊ တောင်ပိုင်းစစ်ဆင်ရေးဌာနချုပ်၊ IS ၊ အယ်လ်ခိုင်ဒါ စသဖြင့် အချို့က အစွန်းရောက်လက်နက်ကိုင်တွေဖြစ်နေကြပြီး အမျိုးမျိုးသော လက်နက်ကိုင်အုပ်စုတွေအကြား အချင်းချင်းတိုက်ခိုက်နေကြတဲ့ ဆီးရီးယားကို အနောက်အုပ်စုအနေနဲ့ ဖြိုခွဲရတာ သိပ်မခက်ပါဘူး။ အဓိကအချက်က ညီညွတ်မှုပါ။ အကျိုးစီးပွားချင်းမတူတဲ့ လူမျိုးစုတွေအကြား စည်းလုံးညီညွတ်မှုမရှိခြင်းက နိုင်ငံပြိုကွဲခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်ကြောင်း ယနေ့ဆီးရီးယားဖြစ်စဉ်က သက်သေပါပဲ။

ဒါကြောင့် ယခုလိုအချိန်ဟာ အရေးကြီးပါတယ်

ဘာကြောင့်လဲ။ အခြေအနေအရ ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးနဲ့ တိုင်းရင်းသားအားလုံးအတွက် ဒီအချိန်၊ ဒီကာလဟာ အလွန်ကို အရေးကြီးနေလို့ပါပဲ။ ပြည်တွင်း၊ ပြည်ပ အကွက်ကျကျစီမံမှုတွေအောက်မှာ ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့ မှောက်ရက်လဲလို့မဖြစ်ပါဘူး။ ဒီလိုအခြေအနေတွေ မြင်ရဖို့ နှစ်ရှည်လများစောင့်နေတဲ့ ပြည်ပကမြေခွေးတစ်အုပ်နဲ့ အဖျက်သမားတွေအလိုကျ ဖြစ်မသွားအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိရပါမယ်။ ဒီလိုဖြစ်လာဖို့ ရေလာမြောင်းပေးလမ်းဖွင့် ပေးနေသူတွေ၊ ဘယ်သူတွေ သစ္စာဖောက်နေသလဲ မြင်နိုင်ဖို့လိုတယ်။

ကတိမတည်၊ သစ္စာမရှိ၊ ကျေးဇူးမဲ့သူ ဘယ်သူလဲ မြင်တတ်ရမယ်။ ရိုးသားတဲ့ပြည်သူတွေ၊ အေးအေးချမ်းချမ်းနေလိုသူတွေအတွက် နိုင်ငံနဲ့ လူမျိုးအတွက်ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဖူးတဲ့ ပြည်တွင်းက အဖျက်သမားတွေသာမက နိုင်ငံကို အလုံးစုံပြိုကွဲပျက်စီးစေလိုတဲ့ ပြည်ပအန္တရာယ်တွေကိုပါ မြင်နေဖို့လိုပါတယ်။ ဟန်ချက်ညီညီ မြေပေါ်မြေအောက် တစ်ဆင့်ချင်း ချိတ်ဆက်အကောင်အထည်ဖော်နေတဲ့ နိုင်ငံပျက်စီးရေးလမ်းစဉ်အားလုံး သတိပြုဖို့လိုတယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့တော့ ယခင်ကတည်းက နိုင်ငံရေးလမ်းစဉ်ကို ယုံကြည်လို့ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ အစဉ်တစိုက် လမ်းဖွင့်လမ်းခင်းထားပြီးသား။ ဒါကို ကတိမတည်ဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ချင်တဲ့ လက်နက်ကိုင်တချို့က တစ်ကျော့ပြန်စစ်ပွဲတွေ ဖန်တီးချင်နေကြတယ်။

နိုင်ငံရေးနည်းလမ်းအစား စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဗြောင်ကျကျစိန်ခေါ်ပြီး တည်ငြိမ်အေးချမ်းရေး မပျက်ပျက်အောင် လုပ်လာနေကြတယ်။ တစ်ပြိုင်တည်းမှာ မြေပေါ်အဖွဲ့အစည်းတချို့ကလည်း နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆန္ဒရှိဟန်ပြသနေ ပြန်တယ်။ ဘာပဲဖြစ်ဖြစ် မိမိတို့လုပ်ရပ်ဟာ ပွဲလန့် တုန်း ဖျာခင်းလုပ်ရပ်မဖြစ်ဘဲ နိုင်ငံနဲ့ပြည်သူအတွက် အမှန်တကယ်သစ္စာရှိရှိနဲ့ စေတနာပါတဲ့လုပ်ရပ်သာဖြစ်မယ်ဆိုရင်တော့ အထူးမှတ်ချက်ပေးစရာမရှိပါဘူး။

သင်ခန်းစာဆိုတာကလည်း ယူတတ်မှ

ဒါကြောင့်လည်း ယခုလိုကမ္ဘာ့အဖြစ်အပျက်တွေကနေ သင်ခန်းစာ၊ အတွေ့အကြုံများစွာကို ထိုက်သင့်သလောက် ရယူနေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သူများအဖြစ်အပျက်၊ သူများ အတွေ့အကြုံတွေကနေ ရယူတတ်တဲ့သင်ခန်းစာကသာ ပိုတန်ဖိုးရှိပါတယ်။ ကိုယ်ကိုယ်တိုင်တွေ့ကြုံခံစားရပြီးမှ၊ ပေးဆပ်မှုအမြောက်အမြား ရင်းနှီးပြီးမှ ရလာတဲ့သင်ခန်းစာနဲ့တော့ တူနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ဒါမျိုးမကြုံရအောင် သူများရဲ့ ခါးသီးတဲ့ ဖြစ်စဉ်တွေကနေ မရရအောင်သင်ခန်းစာ ယူတတ်ခြင်းက မိမိအတွက် အဆုံးအရှုံးနည်းစေမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူများဆုံးရှုံးမှုကနေ မိမိအတွက် အကျိုးအမြတ်ရှိအောင်၊ သူတို့ခံစားရသလို ကိုယ်မခံစားရအောင် ရယူသင့်တာကို အခွင့်အလမ်းအဖြစ် ရယူအသုံးချနိုင်ခြင်းကသာ မိမိရဲ့ ပညာဉာဏ်ဖြစ်ကြောင်း တင်ပြလိုပါတယ်။

ဆီးရီးယားမှာ လတ်တလောအနိုင်ရနေတဲ့ HTS အဖွဲ့ရဲ့ နိုင်ငံသစ်တစ်ခုတည်ထောင်ချင်တဲ့ အိပ်မက်က အနာဂတ်မှာ တကယ်အလုပ်ဖြစ်ပါ့မလား။ ပညာ၊ ဆင်ခြင်တုံတရားအားနည်းပြီး ညီညွတ်မှုမရှိသူတွေနေတဲ့နိုင်ငံမှာ နိုင်ငံသစ်တစ်ခု မွေးဖွားဖို့ လွယ်လွယ်နဲ့မရကြောင်းကို ဆီးရီးယားက မနှေးအမြန် ဘယ်လိုသက်သေပြမလဲ စောင့်ကြည့်ရပါမယ်။ လူမျိုးရေးအရ အမုန်းတရား အခြေခံပဋိပက္ခရှိရင် လူမျိုးရေးဗန်းပြ ဝင်ရောက်စွက်ဖက်မယ်၊ ဘာသာရေးအရကွဲပြားရင် ဘာသာရေးအရ ဝင်စွက်မယ်၊ ဝင်စွက်တဲ့နိုင်ငံတိုင်းမှာ ဘာစနစ်၊ ဘာဖက်ဒရယ်၊ ဘာဒီမိုကရေစီအတွက်ဆိုပြီး မှန်ကန်တဲ့ ဘယ်ရည်ရွယ်ချက်မှ ရှိနိုင်မယ်မထင် ပါဘူး။ အိမ်ကြက်ချင်းအိုးမဲသုတ်မယ့်သူချည်းပါပဲ။

ဘာပဲဖြစ်ဖြစ် စစ်ပွဲတွေဖြစ်ရင် လက်နက်ရောင်းတဲ့ လက်နက်ကုမ္ပဏီတွေနဲ့ သူတို့အထောက် အပံ့ရယူထားတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် ကိုယ်ကျိုးရှာသူတွေသာ ပျော်ကြမှာပါ။ စစ်နဲ့ဓန၊ စစ်နဲ့အာဏာ ယှဉ်တွဲနေတဲ့အတွက်ဖြစ်ပါတယ်။ ဘာကြောင့် အရှေ့လယ်ပိုင်းဒေသမှာ ယနေ့တိုင် စစ်မီးမငြိမ်းနိုင်ဖြစ်ရသလဲ။ အစ္စရေး၊ ယူကရိန်းအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ စစ်လက်နက်အကြီးအကျယ် ရောင်းချနေတဲ့ အမေရိကန်အစိုးရနဲ့ လက်နက်ကုမ္ပဏီတွေအကြောင်း လေ့လာလိုက်ရင် သိနိုင်ပါတယ်။ ဆိုလိုတာက ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်အများစုဟာ သက်ဆိုင်ရာနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ အသီးသီးသော ကိုယ်ကျိုးရှာ စီးပွားသက်သက်သာဖြစ်ကြောင်း တထစ်ချခံယူ ထားဖို့ ဖြစ်ပါတယ်။

အရေးအကြီးဆုံးက ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအတွေးအခေါ်တွေ ကျွန်တော်တို့မှာရှိနေကြဖို့ပါပဲ။ နိုင်ငံကို ဆီးရီးယားလို အသုံးချခံမဖြစ်ဖို့ အရေးကြီးပါတယ်။ အရာရာကို မပေါ့မဆ ပညာဉာဏ်ရှိရှိ သတိတရားထားနိုင်ဖို့နဲ့ ဒုက္ခရောက်နေတဲ့လူသားတွေအပေါ်မှာ ကိုယ်ချင်းစာတရားထားနိုင်ဖို့လည်းပါပါတယ်။ နောင်တမရစေချင်တဲ့ စေတနာကြောင့်လည်းဖြစ်သလို တပ်မတော်ကြီးအင်အားခိုင်မာတောင့်တင်းနေဖို့က အရေးကြီးဆုံး ဆိုတဲ့အချက်ကိုလည်း လျစ်လျူမရှုမိဖို့လိုပါတယ်။ တပ်မတော်ဆိုတဲ့မဏ္ဍိုင်တစ်ခု အင်အားရှိနေရင် တည်ငြိမ်အေးချမ်းမှု၊ လူမှုစီးပွားဖွံ့ဖြိုးမှု၊ ဘာသာသာသနာနဲ့ ကိုယ်ပိုင်လက္ခဏာ၊ ကျန်တာအားလုံး ကျွဲကူးရေပါဆိုသလို လိုက်ပါတိုးတက်လာပါလိမ့်မယ်။

လောလောဆယ် အရေးကြီးနေတာက ကျွန်တော်တို့အချင်းချင်းကြားမှာ စေတနာသန့်သန့်လေးပြသနိုင်ကြဖို့ ရန်လိုတာတွေ၊ မုန်းခြင်း၊ ချစ်ခြင်းတွေကို ခေတ္တခဏမေ့ထားရအောင် ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံပဲ့ထွက်မသွားအောင်ကြိုးစားကြဖို့နဲ့ နှစ်သစ်မှာ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းသစ်ကို လှစ်ဟကြမလဲ၊ ဒါကိုပဲ အလေးအနက်ထားအာရုံစိုက်ကြရအောင် မေတ္တာရပ်ခံအပ်ပါတယ်။ ။

Source: www.moi.gov.mm

မြင့်မြတ်

မျှော်တလင့်လင့်နဲ့ ရင်မှာမော မဖြစ်စေလိုပါ
-

လူတိုင်းမှာ မျှော်လင့်ထားရှိမှု (Expectations) ဆိုတာရှိပါတယ်။ Great Expectations ဆိုတဲ့ ဝတ္ထုကို ဆရာကြီးတွေက “မျှော်တလင့်လင့်” ဆိုတဲ့ ခေါင်းစဉ်လှလှလေးပေးပြီး ဘာသာပြန်ဆိုခဲ့ဖူးပါတယ်။ လူဆိုတာမျိုးကလည်း အနာဂတ်မှာ ဘာတွေများဖြစ်လာမလဲ၊ အထူးသဖြင့် ကောင်းတာလေးတွေ ဖြစ်လာဖို့အတွက် မျှော်မှန်းချက်ထားပြီး လက်ရှိဘဝကို ရင်ဆိုင်ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

One People၊ Million Expectations ဆိုပြီး တင်စားထားသလိုမျိုး လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းမှာ မရေတွက်နိုင်လောက်တဲ့ မျှော်မှန်းချက်တွေ များပြားလှပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘဝတိုးတက်ရေး၊ အချစ်ရေးအစရှိတဲ့ ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံ၊ တစ်ခုချင်းစီမှာ အသေးအဖွဲလေးကစပြီး အကောင်းဆုံးကိုပဲ မျှော်မှန်းထားတတ်ကြတာကိုက လူ့သဘောသဘာဝပဲဖြစ်ပါတယ်။

အနိမ့်ဆုံးကတော့ တစ်ချိန်ချိန်မှာ ဘယ်လိုလူမျိုးဖြစ်ချင်တယ်၊ ဘယ်လိုဘဝမျိုး ရောက်ချင်တယ်ဆိုတဲ့ မျှော်မှန်းထားရှိမှုမျိုး လူတိုင်းရှိခဲ့ဖူးမှာပါ။ Relationship ဆိုရင်တောင်မှ ဘယ်လိုလူမျိုးနဲ့မှ ဖြတ်သန်းချင်တယ်ဆိုတာမျိုးအထိ Expect လုပ်ဖူးကြမှာပါ။ အဲဒီလိုမျိုး ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ပဲ Expectations မြင့်မြင့်မားမား ထားလိုက်မိတယ်။ ပြီးမှ ဒါတွေကို သေချာမကိုင်တွယ်နိုင်ဘူး။ ဖြစ်မြောက်အောင်လည်း မလုပ်နိုင်တော့ဘူး။ ပြီးရင် အဲဒါကြောင့်ပဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ပြဿနာတွေဖြစ်လာမယ်။ စိတ်ပင်ပန်းမှုတွေ ကြုံလာမယ်။ နောက်ဆုံး စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုမျိုး အမြင့်မားဆုံး မျှော်မှန်းထားရှိမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ရှင်းပြထားတဲ့ Model လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

မျှော်မှန်းထားရှိမှုဆိုင်ရာစံနမူနာ (The Expectations Model) ဆိုရာဝယ်

လူသားတွေဟာ မျှော်မှန်းချက်ရှိဖို့ လိုအပ်ပါတယ်။ မူအရတော့ မြင့်မြင့်မားမား မျှော်မှန်းထားရှိ တာမျိုးက ဘာများမှားလို့လဲလို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့မြင့်မားစွာ သတ်မှတ်၊ ချမှတ်ထားတဲ့စံနှုန်းတွေကို ဘယ်တော့မှ လိုက်မမီနိုင်ဘူးလို့ ခံစားရရင် ကိုယ်ဘယ်လိုခံစားရမလဲဆိုတာနဲ့ ကိုယ့်ရဲ့မျှော်မှန်းထားရှိမှုတွေကို နှိမ့်ချလိုက်ရင်ရော ဘာတွေများဆုံးရှုံးသွားနိုင်မလဲဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ဖို့ လိုအပ်နေတာကို ဒီ Model က ရှင်းပြပေးနိုင်ပါတယ်။

ဥပမာအားဖြင့် လက်တွဲဖော်ရွေးချယ်ရာမှာ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းက အရပ်ထောင်ထောင်မောင်းမောင်း၊ ရုပ်ဖြောင့်ဖြောင့်၊ ပြီးတော့ ဉာဏ်ရည်ထက်မြက်ရမယ်၊ အောင်မြင်နေရမယ်၊ နှစ်လိုဖွယ်လည်း ကောင်းရမယ်ဆိုတဲ့ မျှော်မှန်းထားရှိမှုက မြင့်မားနေတယ်ဆိုကြပါစို့။ ဒီလိုအချက်မျိုးအားလုံး နဲ့ပြည့်စုံသူကို တွေ့ခဲ့ရင်တော့ အလွန်ဝမ်းမြောက်ဖွယ်ဖြစ်မှာပါ။ ဒါဆိုရင် အဲဒီလိုလူမျိုးနဲ့ မတွေ့ခဲ့ရင်ရော တစ်သက်လုံး အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေတော့မှာလားဆိုတာမျိုး ဖြစ်ပါတယ်။

ဒီ Model ကို အခြားကဏ္ဍတွေမှာလည်း အသုံးပြုလို့ရပါတယ်။ ရာထူးတိုးမယ်လို့ လုံးဝယုံကြည် ထားချိန်မျိုးမှာ မရခဲ့လို့ စိတ်ပျက်လက်ပျက်ဖြစ်ရတာမျိုး၊ ငွေအလုံးအရင်းတစ်ခု စုဆောင်းမိနိုင်ဖို့ မျှော်မှန်းထားပေမယ့် ဖြစ်မလာတာမျိုးစသည်ဖြင့် ဘဝမှာ မျိုးစုံကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် မျှော်မှန်းချက် လုံးဝမရှိဘဲနဲ့နေပြန်ရင်လည်း ဘဝဟာ ထူးမခြားနားနဲ့ စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ပါဘူး။ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း တကယ်တမ်းဖြစ်လာရင်တော့ ပျော်ရွှင်မှုကို မြှင့်တင် နိုင်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း မျှော်မှန်းချက်မျဉ်းမှာ သတ်မှတ်ထားတဲ့အမှတ် (Tipping Point) ကိုကျော်သွားရင် စိတ်ပျက်မှုကို မလွဲမသွေကြုံတွေ့ရမှာဖြစ်တာကြောင့် အဲဒီ မျှော်မှန်းထားရှိချက်ကို နည်းနည်းလေးလောက် လျှော့ချလိုက်ရင် ဘာတွေဆုံးရှုံးသွားနိုင်မလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမေးကြည့်ဖို့ လိုအပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Expectations ဆိုတာ အနာဂတ်မှာ ရရှိမယ့် ဆုလာဘ်သဖွယ်ဖြစ်တဲ့ အတွက် ဒါကိုစဉ်းစားလိုက်ရင် ကြိုတင်ရင်ခုန်ဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် လူတချို့က အနာဂတ်ရည်မှန်းချက်ပန်းတိုင် (Goals) ချမှတ်တဲ့အခါ အကြီးကြီးတွေထားပြီး အစပိုင်းမှာ အလွန်တက်ကြွနေ တတ်ကြတယ်။ လက်တွေ့အကောင်အထည်ဖော်ချိန် အခြေအနေမဟန်တာမျိုးနဲ့ ကြုံတဲ့အခါမျိုးမှာ စိတ်ဓာတ်ကျလာတတ်ပါတယ်။ ပညာရှင်အချို့ဆိုရင် Motivation ရဲ့ရန်သူက Expectations လို့တောင် ပြောကြပါတယ်။ Harvard တက္ကသိုလ်ရဲ့ Goals Gone Wild ဆိုတဲ့ စာတမ်းတစ်စောင်မှာ “ဖန်တီးမှုတိုင်းမှာ လူတွေကို တွန်းအားဖြစ်နေဖို့ဆိုရင် Expectations အနည်းဆုံးသာ ထားရှိရမယ်။ ဒါမှသာ ကိုယ်မျှော်မှန်းထားတာထက် ပိုရလာတဲ့အခါတိုင်းမှာ ကိုယ့်အတွက်ပျော်ရွှင်မှု Motivation တွေ ဖြစ်စေနိုင်တယ်”လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

အချုပ်အားဖြင့် လူတွေဟာ ဘဝတစ်လျှောက်လုံးမှာ ပြီးပြည့်စုံမှုဆိုတာကို ရှာဖွေနေကြပြီး ရကိုမရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “အပြစ်အနာအဆာတွေရှိနေပေမယ့်လည်း စိန်တစ်လုံးက ပြောင်ချောနေတဲ့ ကျောက်စရစ်ခဲထက်တော့ ပိုတန်ဖိုးရှိပါတယ်”ဆိုတဲ့ ကွန်ဖြူးရှပ်ရဲ့ နာမည်ကျော်အဆိုအမိန့်အတိုင်း ကိုယ့်ရဲ့မြင့်မားတဲ့ မျှော်မှန်းထားရှိချက်တွေကို အနည်းငယ်လျှော့ချ တတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Expectations ဆိုတာ ကိုယ့်ဘာသာထားမိလို့ ဖြစ်ပေါ်လာတာမျိုးအပြင် တစ်ပါးသူရဲ့ပရောဂကြောင့်လည်း ဖြစ်တတ်ပါတယ်။ လူတွေက အချင်းချင်း False Hope လို့ ခေါ်တဲ့ မျှော်လင့်ချက်အမှားတွေပေးပြီး တစ်ဖက်သားကို အသုံးချခံဖြစ်အောင် ဖန်တီးတတ်ကြလို့ ဖြစ်ပါတယ်။ ကိုယ်ဟာ အဲဒီလိုအခြေအနေမျိုးနဲ့များ ကြုံတွေ့ရပြီဆိုရင်တော့ မမျှော်လင့်သင့်တာကို မျှော်လင့်နေမိရင်းနဲ့ ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးရနိုင်တယ်ဆိုတာကို သတိချပ်စေလိုပါ တယ်။ အဲဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတဲ့ False Hope ထောင်ချောက်ထဲကျသွားတာမျိုး မဟုတ်ရင်တောင်မှ မျှော်မှန်းချက်အလွန်ထားမိတာမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ထောင်ချောက်ထဲကို တွန်းပို့မိသလိုဖြစ်သွားတတ်တာကြောင့် ဘာကိုမှ အလွန်အကျွံမျှော်မှန်းမထားတာက ပိုကောင်းတယ်ဆိုတာ ရှင်းပြထားတဲ့ Model ကို ဖော်ပြပေးလိုပါတယ်။

ပုဂ္ဂိုလ်ရေးအလားအလာထောင်ချောက်စံနမူနာ (The Personal Potential Trap Model) ဆိုရာဝယ်

“သူက တော်တော်အလားအလာရှိတဲ့ တစ်ယောက်လေ” ဆိုတဲ့စကားကို နောက်ကွယ်မှာ ပြောနေတာကို ကြားရတဲ့ ဘယ်သူမဆို ဒီအတိုင်းဖြစ်လာအောင်လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ သန္နိဋ္ဌာန် စိတ် သူ့အလိုလိုဝင်လာပြီး တစ်သက်လုံးကြိုးစား နေတာမျိုးကို ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပိတ်မိသွားတာလို့ တင်စားထားတာပါ။ ဒီလိုစကားမျိုးကို ပြောလေ့ရှိသူတွေထဲမှာ ကိုယ့်ရဲ့မိဘတွေ၊ ဆရာ ဆရာမတွေနဲ့ တစ်ခါတစ်ရံ နံဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်းကြီးတောင်ပါနေတတ်ပါတယ်။ ဒါဟာ အခန့်မသင့်ခဲ့ရင်တော့ အရည်အချင်းရှိတဲ့လူတွေအတွက် ကျိန်စာတစ်ခုလိုဖြစ်သွား တယ်လို့တောင် ပြောနိုင်ပါတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

လူတွေပြောလေ့ရှိတဲ့ နောက်တစ်မျိုးကလည်း “သူတကယ်လိုချင်တာကို သိဖို့ပဲလိုတယ်” ဆိုပြီး သူ့ရဲ့ချို့ယွင်း၊ အားနည်းမှုတွေကို လျစ်လျူရှုပြီး သူဟာ အောင်မြင်မှုတွေကို လွယ်ကူစွာရရှိလာတဲ့အပေါ် ချီးကျူးမိတာမျိုးဖြစ်ပါတယ်။ အစပိုင်းမှာ တော့ အဲဒါမျိုးတွေက သူ့အတွက် ပြင်းပြင်းထန်ထန် လုပ်ဆောင်တဲ့စွမ်းရည်နဲ့ မဆုတ်မနစ်သော ဇွဲလုံ့လပေါင်းစပ်လာစေဖို့ ဆွဲဆောင်မှုရှိတာကြောင့် အကျိုးအမြတ်များစွာ ရရှိစေပါတယ်။ လူတိုင်းကလည်း သူဟာ အများမျှော်မှန်းထားတဲ့အတိုင်း တကယ်ဖြစ်လာမလားဆိုပြီး သေချာပေါက်စောင့်ကြည့်နေမှာလည်း ဖြစ်ပါတယ်။

ဒီအချိန်မျိုးမှာ သူဟာ ပုဂ္ဂိုလ်ရေးအလားအလာ ထောင်ချောက်ထဲကို ကျရောက်နိုင်လားဆိုတဲ့အပေါ် အခု Model ကို အသုံးပြုပြီး အတိအကျခြေရာခံနိုင် ပါတယ်။ Model မှာ မျဉ်းကွေးသုံးခုရှိပါတယ်-

(က) ကိုယ့်အပေါ် ကိုယ်ကိုယ်တိုင်ရဲ့ မျှော်မှန်း ထားမှု။

(ခ) ကိုယ့်အပေါ် အခြားသူတွေရဲ့ မျှော်မှန်းထားမှု။

(ဂ) ကိုယ့်ရဲ့ တကယ့်အောင်မြင်ပြီးမြောက်ခဲ့မှုများ။

ဒီလိုမျဉ်းကွေးသုံးခုအတွက် အသက်အရွယ်အပေါ်လိုက်ပြီး ပညာရေး၊ ပထမဦးဆုံးအလုပ်အကိုင်၊ အခက်အခဲအကျပ်အတည်းနဲ့ လမ်းကြောင်းပြောင်းလဲမှုဆိုတဲ့ကဏ္ဍတွေအတွက် ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးကြည့်ရမှာဖြစ်ပါတယ်။

အဲဒီအခါမျိုးမှာ ကိုယ်ရဲ့အောင်မြင်ပြီးမြောက်ခဲ့မှုတွေဟာ အခြားသူတွေက ကိုယ့်အပေါ်မျှော်မှန်းထားမှုနဲ့ ကွာခြားလွန်းတာနဲ့အမျှ ပုဂ္ဂိုလ်ရေးအလားအလာ ထောင်ချောက်တံခါးပွင့်လာမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ အမှန်တကယ်အရည်အချင်းရှိသူဆိုရင် အကျပ်အတည်းရောက်နေသည့်တိုင်အောင် အဲဒါကိုကျော်လွှားဖြတ်သန်းနိုင်လေ့ရှိတာကို တွေ့ရှိရပါတယ်။ အဲဒီထောင်ချောက်ထဲကို ကျရောက်သွားရတဲ့ အဓိကအကြောင်းရင်းခံကတော့ လူတစ်ဦးတစ်ယောက်အပေါ် မျှော်မှန်းချက် အလွန်ထားမိသွားရင် အဲဒီလူဟာ သိပ်ပြီး ကြိုးစားအားထုတ်နေစရာမလိုဘဲနဲ့တောင် ရလိမ့်မယ်လို့ စတင်ယုံကြည်သွားရာက သူ့အတွက် စိန်ခေါ်မှုတွေကို လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်စေဖို့ အခွင့်အရေးတွေပေးဖို့တောင် ပျက်ကွက်သွားတတ်ပါတယ်။

ဥပမာအားဖြင့် သင်္ချာဉာဏ်ကြီးရှင်လို့ သတ်မှတ်ခံထားရတဲ့ကလေးတစ်ဦးကို ကျန်တဲ့သူတွေ မယှဉ်နိုင်မှာစိုးရိမ်လို့ဆိုပြီး အတန်းထဲက ပုစ္ဆာတွေ တွက်တာ၊ စစ်မေးတာတွေမှာ ပါဝင်ခွင့်မပေးတာမျိုးအထိ ဖြစ်တတ်ပါတယ်။ တချို့လည်း ကိုယ်တိုင်ကိုယ်က ဝင်ပြိုင်စရာမလိုဘူးလို့ ယူဆထားတာမျိုးလည်း ရှိတတ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တာတွေကတော့ အများမျှော်မှန်းထားသလိုမျိုး သူ့အနေနဲ့ စွမ်းဆောင်မပြနိုင်ချိန်မျိုးမှာတော့ စိတ်ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိသွားနိုင်ပါတယ်။ နောက်ဆုံး သူ့ရဲ့မူလရည်မှန်းချက်ပန်းတိုင်ကနေ ရှောင်ပြေးသွားတတ်တဲ့အထိ ဖြစ်တတ်ပါတယ်။

လက်တွေ့ဘဝမှာ တွေ့မြင်ရလေ့ရှိတာမျိုးတွေကတော့ အားကစားနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အထိ ရည်မှန်းချက်ထားတဲ့ လူငယ်အားကစားသမားအချို့ဟာ ရလဒ်ကောင်းတစ်ခု မရလိုက်တာနဲ့ကို အဲဒီကစားနည်းကို စွန့်လွှတ်လိုက်တာမျိုးနဲ့ အလွန်တော်တယ်လို့ တစ်ချိန်လုံး ချီးမွမ်းခံနေရတဲ့ ဝန်ထမ်းဟာ လေ့လာသင်ယူလိုစိတ် လျော့ပါးသွားတတ်တာမျိုးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပုဂ္ဂိုလ်ရေးအလားအလာ ထောင်ချောက်ထဲရောက်နေတယ်လို့ ထင်မြင်လာခဲ့ရင်တော့-

(က) ကိုယ့်အတွက် ဖြစ်နိုင်ပြီး တကယ်လက်တွေ့ကျမယ့် ရည်မှန်းချက် ပန်းတိုင်မျိုး ချမှတ်ပါ။

(ခ) အဲဒါကို ရရှိနိုင်မယ့်နည်းလမ်းကိုသာ ရှေးရှုပါ။ ကျော်လွှားဖို့ ဦးစားမပေးပါနဲ့။ ပန်းတိုင်ဆီသို့ ချီတက်နေတဲ့ ခရီးလမ်း တစ်လျှောက်မှာလည်း ရရှိနိုင်သမျှ သင်ယူလေ့လာနေပါ။

(ဂ) ရှုံးနိမ့်မှုရှိခဲ့ရင်လည်း သင်ယူလေ့လာမှု လုပ်ငန်းစဉ်ရဲ့ သဘာဝတရားဖြစ်လို့ စိုးရွံ့မှုမဖြစ်ပါနဲ့။

(ဃ) ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုက ဘယ်လောက်ပဲ သေးငယ်နေပါစေ အဲဒီအပေါ် ဂုဏ်ယူတတ်ပါစေ။

အထက်ပါအကြံပြုချက်တွေအတိုင်း လိုက်နာနေထိုင်သွားနိုင်မယ်ဆိုရင်တော့ The Personal Potential Trap ကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ကိုယ်တိုင်ရဲ့ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျမှာ ဖြစ်ပါတယ်။

Expectations ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့ ဆိုရာဝယ်

မျှော်မှန်းချက်တွေ လုံးဝမထားဖို့ဆိုတာကလည်း တကယ်တမ်းတော့ မလွယ်ပါဘူး။ မျှော်မှန်းချက်မရှိရင် အသက်မရှင်နိုင်ဘူးဆိုတဲ့ စကားလည်းရှိပါတယ်။ ဒီလိုမျှော်လင့်ထားတာတွေက လက်တွေ့နဲ့ အလှမ်းကွာဟတဲ့အခါ မျှော်မှန်းချက်ကြီးကြီးမားမား ထားရင်ထားသလို စိတ်ထိခိုက်ရတာလည်း များပါတယ်။ မျှော်တလင့်လင့်နဲ့ ရင်မောနေရတာမျိုး၊ မျှော်မှန်းထားတဲ့အခြေ အနေဖြစ်မလာတာမျိုး၊ လက်တွေ့နဲ့ စိတ်ကူးအားခဲထားတာ ကွာခြားလာတာမျိုးစတာတွေအတွက် Expectations ကို ဒီလိုအကောင်းဆုံးစီမံခန့်ခွဲသင့်ပါတယ်-

(က) Set Realistic Expectations။ ပကတိအရှိတရားကို လက်ခံနားလည်ပြီး လက်တွေ့ကျတဲ့ Expectations ဖြစ်ရပါ မယ်။

(ခ) Focus on What You Can Control။ ကိုယ်ရဲ့ ထိန်းချုပ်လုပ်နိုင်စွမ်းအပေါ်ကိုသာ အာရုံစိုက်ရပါမယ်။

(ဂ) Cultivate a Positive Attitude။ မိမိဘာမှမတတ်နိုင်ဘဲ ဖြစ်သွားတဲ့အပေါ် အကောင်းမြင်စိတ်နဲ့ လက်သင့်ခံနိုင်ရပါမယ်။

(ဃ) Adjust Expectations Over Time။ ပန်းတိုင်ကို ပြန်ချိန်ညှိရမှာဖြစ်သလို လိုအပ်ခဲ့ရင် Plan B နဲ့လည်း ဆက်ပြီးအကောင်အထည်ဖော်နိုင်ရပါမယ်။ ပန်းတိုင်ငယ်လေးတွေလည်း ထားရှိ ဆွတ်ခူးရယူရပါမယ်။

(င) Manage Comparisons။ အခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုးကိုလည်း စီမံခန့်ခွဲတတ်ရပါမယ်။

(စ) Embrace Uncertainty။ အရာရာတိုင်းက ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာ နားလည်လက်ခံနိုင် ရပါမယ်။

(ဆ) Focus on Effort Over Outcome။ ကိုယ့် ရဲ့လုပ်ဆောင်နိုင်ခဲ့မှုအပေါ် ဂုဏ်ယူတတ် ရပါမယ်။

(ဇ) Cultivate Patience။ စိတ်ရှည်တတ်မှုကို ပျိုးထောင်ရပါမယ်။

(ဈ) Talk It Out။ ယုံကြည်ကိုးစားရသူတွေနဲ့ တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူရပါမယ်။

နိဂုံးချုပ်အားဖြင့် ကိုယ့်ရဲ့အနာဂတ်ပန်းတိုင်အတွက် အိမ်မက်ကြီးကြီးထားလို့ရပေမယ့် အဲဒီကို ပေါက်မြောက်ဖို့သွားရမယ့် ခရီးလမ်းမှာရှိတဲ့ မှတ်တိုင်ငယ်လေးတွေထားပြီး တစ်လှမ်းချင်းသွားဖို့၊ ဘယ်အရာမဆို မျှော်မှန်းနေရုံမျှနဲ့မပြီးဘဲ ကြိုးစားအကောင်အထည်ဖော်နေဖို့နဲ့ လက်တွေ့ဖြစ်လာတဲ့ အပေါ်မှာလည်း (Positive Attitude) နဲ့ နားလည်လက်ခံနိုင်စွမ်းရှိဖို့ စတာတွေပဲဖြစ်ပါတယ်။ ဒါမှသာ အတွေးအခေါ်ရှင် ကဗျာစာဆိုကြီး ရာဗင်နာ့တဂိုးရဲ့ “If you cry because the sun has gone out of your life, your tears will prevent you from seeing the stars.” ဆိုတဲ့ ကမ္ဘာကျော်အဆိုအမိန့်အတိုင်း နေမင်းကြီးနဲ့ လွဲသွားခဲ့ပေမယ့်လည်း လမင်းကြီးမဟုတ်ခဲ့ရင်တောင်မှ ကြယ်စင်လေးတွေကိုတော့ ဆွတ်ယူပိုင်ခွင့်ရှိသူဖြစ်လျက်ရှိပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Source: moi.gov.mm

မောင်မောင်လင်း

ဆိုလာနည်းပညာမှသည်  လျှပ်စစ်စွမ်းအင်ဆီသို့
-

ယခုအခါ  ဆိုလာနည်းပညာသည် ကမ္ဘာနှင့်အဝှမ်း တွင်ကျယ်စွာ အသုံးပြုလာနေသော နည်းပညာတစ်ခုဖြစ်လာနေပါသည်။ လက်ရှိဆိုလာပစ္စည်းဈေးကွက်တွင် N-type နှင့် P-type ဆိုလာပြားဟူသော ဝေါဟာရများကို တွေ့ဖူးမြင်ဖူးကြမည်ဖြစ်ပါသည်။   အဆိုပါအမျိုးအစားနှစ်မျိုး၏ ပါဝါအထွက်၊ ကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည်များမှာ  ကွာခြားသဖြင့် ဆိုလာပြားများ၏ တည်ဆောက်ပုံနှင့် စွမ်းအင်ထုတ်လုပ်မှုများကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။ ဆိုလာပြားဆိုသည်မှာ   လျှပ်စစ်ထုတ်လုပ်ရန်Crystalline  Silicone Wafer ကို အခြားပစ္စည်းများနှင့်ပေါင်းစပ်ထားသော အရာဝတ္ထုတစ်ခုဖြစ်ပါသည်။  လက်ရှိ

ယခုအခါ  ဆိုလာနည်းပညာသည် ကမ္ဘာနှင့်အဝှမ်း တွင်ကျယ်စွာ အသုံးပြုလာနေသော နည်းပညာတစ်ခုဖြစ်လာနေပါသည်။ လက်ရှိဆိုလာပစ္စည်းဈေးကွက်တွင် N-type နှင့် P-type ဆိုလာပြားဟူသော ဝေါဟာရများကို တွေ့ဖူးမြင်ဖူးကြမည်ဖြစ်ပါသည်။   အဆိုပါအမျိုးအစားနှစ်မျိုး၏ ပါဝါအထွက်၊ ကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည်များမှာ  ကွာခြားသဖြင့် ဆိုလာပြားများ၏ တည်ဆောက်ပုံနှင့် စွမ်းအင်ထုတ်လုပ်မှုများကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။ ဆိုလာပြားဆိုသည်မှာ   လျှပ်စစ်ထုတ်လုပ်ရန်Crystalline  Silicone Wafer ကို အခြားပစ္စည်းများနှင့်ပေါင်းစပ်ထားသော အရာဝတ္ထုတစ်ခုဖြစ်ပါသည်။  လက်ရှိအချိန်တွင် ဆိုလာပြားအမျိုးအစား  နှစ်မျိုးရှိပါသည်။ P-type Cells နှင့် N-type Cells တို့ဖြစ်ပါသည်။

P-type တွင်  Positive Charge ကိုဖန်တီးရန် ဘိုရွန်အက်တမ်အခြေခံသည့် Silicone တစ်ခုပေါင်းထည့်ထားပါသည်။ လျှပ်စစ်စီးကြောင်းအတွက် p-n junction ကိုဖန်တီးရန် Wafer ၏ Top Silicone Layer  ကို  Phosphorus N-type ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ P-type သည် ဆိုလာပြားထုတ်လုပ်ရာတွင် အသုံးအများဆုံး  အမျိုးအစားဖြစ်ပါသည်။ အလွယ်ကူဆုံးပြောရလျှင် N-type ၏ အခြေခံဖွဲ့စည်း တည်ဆောက်ပုံသည် P-type ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။

N-type များတွင် Negative Charge  ကို ဖန်တီးရန် ဖော့စဖရတ်အက်တမ်အခြေခံSilicone တစ်ခုပေါင်းထည့်ထားပါသည်။ N-type  ဆိုလာပြား၏ Top Silicone Layer ကို p-n junction ဖွဲ့စည်းမှုအတွက် ဘိုရွန်P-type  ဖြင့်  ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ဆိုလာပြားတည်ဆောက်ပုံမှတစ်ဆင့် စွမ်းအင်ထုတ်လုပ်မှုကို ဆက်လက်တင်ပြပေးလိုပါသည်။   ဆိုလာပြားများတွင် Semiconductor အလွှာများစွာ ပါရှိပါသည်။   နေရောင်ခြည်မှာလည်း  ဖိုတွန်များစွာပါရှိပါသည်။   ဖိုတွန်များသည် ဆိုလာပြားမျက်နှာပြင်ပေါ်ကျရောက် သောအခါ ဆိုလာပြားများ၏ negative layer သည် ဤ ဖိုတွန်များကို  စုပ်ယူပါသည်။  ဖိုတွန်သည် Positive  Charge   ဖြစ်သောကြောင့် Negative Layer က စုပ်ယူခြင်းဖြစ်ပါသည်။ Negative Layer က စုပ်ယူပြီးနောက်  ဖိုတွန်မှနျူကလီးယားဆဲလ်သို့ စွမ်းအင်လွှဲပြောင်းမှုကြောင့် ဆိုလာပြား၏ အက်တမ်ဆဲလ်ကို charge လုပ်ခြင်းဖြစ်ပေါ်လာပါသည်။  ထိုသို့စွမ်းအင်ပြောင်းလဲမှုကြောင့်  အက်တမ်၏ အီလက်ထရွန် (electrons) များသည်  ၎င်း၏အပြင်ဘက် အကျဆုံးအခွံမှ လွတ်မြောက်ပြီး ဆဲလ်၏ positive layer ဆီသို့ ရွေ့လျားသွားပါသည်။  နောက်ဆုံးတွင်ဆဲလ်၏   Positive နှင့် Negative  အလွှာကြားမှာ  Potential difference ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ဆိုလာပြားများမှ စွမ်းအင်ထုတ်လုပ်မှုကို တင်ပြပြီးနောက် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းကို  ဆက်လက်တင်ပြပေးလိုပါသည်။  P-type ဆိုလာပြားများတွင် ဘိုရွန်အောက်ဆီဂျင် ချို့ယွင်းချက်ပါဝင်နေပါသည်။ ထို့ကြောင့် ဆဲလ်များဖွဲ့စည်းသော အခါတွင် dissolved oxygen ကြောင့် အလင်းထိတွေ့မှုအောက်တွင် ဘိုရွန်နှင့် ပြန်လည်ပေါင်းစည်းသည့်နေရာကို  ဖြစ်ပေါ်စေပါသည်။ ဤဖြစ်ရပ်ကို အလင်းကြောင့်ပျက်စီးခြင်း (light induced degradation) ဟုခေါ်ပြီး ၎င်းသည် ဆဲလ်များ၏ စွမ်းဆောင်ရည်ကို လျော့နည်းစေပါသည်။

ထို့ကြောင့် N-type ဆိုလာပြားများသည် P-type ဆိုလာပြားများထက် ပိုမိုမြင့်မားသော လုပ်ဆောင်နိုင်စွမ်းရှိပါသည်။ အပူချိန်ခံနိုင်ရည်ရှိမှုကို နှိုင်းယှဉ်ကြည့်လျှင်လည်းN-type အမျိုးအစားများသည် P-type အမျိုးအစားများထက် အပူချိန်ပြောင်းလဲမှုများကိုခုခံရန် စွမ်းအားပိုရှိသောကြောင့် အပူချိန်မြင့်သော ဒေသများအတွက် ပိုမိုသင့်လျော်ပါသည်။ N-type အမျိုးအစားများသည် ဝယ်ယူသည့်အခါတွင် ကုန်ကျစရိတ်မှာ P-type အမျိုးအစားများထက်  ပိုများသော်လည်း ဓာတ်အားထုတ်လုပ် သုံးစွဲနေသည့် သက်တမ်းတစ်လျှောက် စွမ်းဆောင်ရည် ပိုမိုမြင့်မားစွာရရှိစေပါသည်။ သက်တမ်းလည်းပိုရှည်ပါသည်။

ထို့ကြောင့် N-type ဆိုလာပြားများကို ရွေးချယ်ခြင်းသည် ရေရှည်အတွက် ဆုံးဖြတ်ချက်ကောင်း  တစ်ခုဖြစ်ပါသည်။  ယခုN-type နှင့် P-type ဆိုလာပြားဟူသော ဝေါဟာရများကို  အကြမ်းဖျင်းနားလည် သဘောပေါက်လောက်ပြီဟု   ယူဆပါသည်။     

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာနည်းပညာကို  ပြောင်းလဲသုံးစွဲရန် ကြိုးစားဆောင်ရွက်လျက်ရှိကြရာ နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အေဂျင်စီ IRENA  ၏  အဆိုအရ  အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ၂၀၃၀  ပြည့်နှစ်မတိုင်မီ    နေရောင်ခြည်စွမ်းအင်မှာ လျှပ်စစ်ဓာတ်အား ၁၂၅ ဂစ်ဂါဝပ်အထိ ထုတ်လုပ်လာနိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်လည်း  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်    နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ MSME   လုပ်ငန်းများတိုးတက်ဖြစ်ထွန်းရေး၊ အရည်အသွေးမြင့်မားသည့်   ပညာရေးစနစ် ဖြစ်ပေါ်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ  ပေါ်ထွက်လာစေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသောကြောင့် တစ်နိုင်ငံလုံးမှ ပြည်သူအားလုံး လျှပ်စစ်ဓာတ်အားကို သာတူညီမျှ ရရှိသုံးစွဲနိုင်ရေး ရည်မှန်းချက်ထားကာ မူဝါဒများချမှတ်ပြီး   “၂၀၃၀  ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေး”   အတွက်  စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေးစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။  ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲ လျှော့ချရေးနှင့်  လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ် (Nationally Determine Cotribution – NDC)  အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု  ၂၈  ရာခိုင်နှုန်း (၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နှင့်လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု ၁၁ ရာခိုင်နှုန်း (၂၀၀၀ မဂ္ဂါဝပ်) လျာထားရေးဆွဲထားပါသည်။ လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်မှ  ၃  ဒသမ  ၃ ရာခိုင်နှုန်း    ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍နေရောင်ခြည်နှင့် လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MoU၊ MoA၊ LoA များ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါသည်။  သို့ဖြစ်ရာ  ၂၀၃၀ ပြည့်နှစ်တွင်  နေနှင့်လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှ ပါဝင်မှု အချိုးအစားသည် ရည်မှန်းထားသည့် ၁၁ ရာခိုင်နှုန်းကို ပြည့်မီရောက်ရှိလာမည်ဖြစ်ပါသည်။

ထိုသို့ ရည်မှန်းချက်ထားအကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ ရလဒ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် သာစည်(၃၀ မဂ္ဂါဝပ်)၊ သပြေဝ -၃(၃၀ မဂ္ဂါဝပ်)   နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် Build – Operate - Own - BOO တည်ဆောက်/ လည်ပတ်/ ပိုင်ဆိုင်စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အားမှာ  ၆၀ မဂ္ဂါဝပ်ဖြစ်ကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၈ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သောကြောင့် အိမ်ထောင်စုပေါင်း ၉၉၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်မံတိုးတက်ဖြန့်ဖြူးပေးနိုင်မှာလည်း ဖြစ်ပါသည်။ သပြေဝ-၃ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ၁၃ လအတွင်းတည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့   ၂၀၂၄  ခုနှစ် မတ်လ  ၃၀   ရက်တွင် လည်းကောင်း၊ သာစည်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ၁၄ လအတွင်း  တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်တွင် လည်းကောင်း အသီးသီးချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။  မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်ကွန်ရက်အတွင်းတွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး  လျှပ်စစ်ဓာတ်အားများ ချိတ်ဆက်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံခြောက်ရုံရှိရာမှ   ထပ်မံ၍  နှစ်ရုံမှထွက်ရှိသော ဓာတ်အားများကို လည်း နိုင်ငံတော်ဓာတ်အားစနစ် အတွင်းသို့   ထပ်မံချိတ်ဆက်ပို့လွှတ်နိုင်ပြီဖြစ်သည့်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံရှစ်ရုံ စုစုပေါင်းတပ်ဆင် စက်အင်အား ၂၄၀ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။ လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုးအစား (Generation Mix) အားဖြင့် ရေအား (၄၅ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့(၅၀   ရာခိုင်နှုန်း)၊ နေရောင်ခြည်(၃ ရာခိုင်နှုန်း)၊ ကျောက်မီးသွေး (၂ ရာခိုင်နှုန်း)တို့ဖြင့်သာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပါသည်။   နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝကို မြှင့်တင်နိုင်ရန် လျှပ်စစ်ဓာတ်အားကို   လုံလောက်စွာရရှိသုံးစွဲနိုင်ရေးသည် အဓိကဖြစ်သည့်အတွက် တစ်နိုင်ငံလုံးမှပြည်သူများအားလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်ရရှိသုံးစွဲနိုင်ရေး    အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံများကို    အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့်   အသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ၊    ဓာတ်အားခွဲရုံများ  တိုးချဲ့တည်ဆောက်ခြင်းတို့ကို နိုင်ငံပိုင်ရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ၊ အထောက်အပံ့တို့ဖြင့် နှစ်စဉ်အဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့သည့်အတွက် နေရောင်ခြည် စွမ်းအင်သုံးနှင့် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများကို ဦးစားပေး အကောင်ထည်ဖော် စီစဉ်ဆောင်ရွက်လျက် ရှိခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ရေအား၊ လေအား၊ နေရောင်ခြည် အစရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အလျောက် ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏နေရာအနှံ့အပြားတွင် နေရောင်ခြည်စွမ်းအင် ကောင်းမွန်စွာ ကျရောက်သည့်အတွက် သဘာဝက ပေးထားသောအားသာချက်ကို ကောင်းစွာအသုံးချပြီး နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားရန် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ရရှိစေရေးအတွက် ထုတ်လုပ်မှုအပိုင်းတွင် အထောက်အကူဖြစ်စေရန် လျှပ်စစ် ဓာတ်အားသိုလှောင်စနစ် Energy Storage System တပ်ဆင်အသုံးပြုနိုင်ရေးအတွက်လည်း တွန်းအားပေး‌ဆောင်ရွက်လျက်ရှိပါသည်။ နေရောင်ခြည်စွမ်းအင်ကို နာရီအချိန်အလိုက် ပိုမိုသိုလှောင်ရရှိနိုင်ရေး ဆိုလာပြားများအား Tracking System တပ်ဆင်အသုံးပြုနိုင်ရေး အတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းဆိုင်ရာ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်လျက် ရှိသောကြောင့် လျှပ်စစ်ဓာတ်အား ထိန်းညှိထုတ်လုပ်ဖြန့်ဖြူးနေမှုမှာ နေ့စဉ်ပျမ်းမျှ ၂၅၀၀ မဂ္ဂါဝပ်ခန့်သာဖြန့်ဖြူးပေးနိုင်ပြီး နေ့စဉ်ခန့်မှန်းဓာတ်အားလိုအပ်ချက်မှာ ၆၀၀၀ မဂ္ဂါဝပ်ခန့် ရှိသောကြောင့် အများပြည်သူ မီးသုံးစွဲမှုများသော နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဝန်အားထိန်းညှိလျှော့ချခြင်းများကိုအလှည့်ကျဆောင်ရွက်နေရပြီး ဓာတ်အားလိုင်းထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ချိန်ထဲတပြိုင်ထဲ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အတွင်း ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း ၁၀ သန်းကျော်ရှိသည့်အနက် မီးသုံးစွဲသူ အိမ်ထောင်စု စုစုပေါင်း ၇ သန်းကျော်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး (Electrification Ratio - ER) အနေဖြင့် (၆၇ ဒသမ ၃၄ ရာခိုင်နှုန်း)သို့ ရောက်ရှိလာပြီလည်းဖြစ်ပါသည်။ 

အချုပ်အားဆိုသော် ဆိုလာစနစ်ဖြင့် National Grid (ဓာတ်အားစနစ်)မှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းလျက်ရှိသလို ဓာတ်အားစနစ် ပြင်ပ၌လည်း   ရခိုင်ပြည်နယ် မာန်အောင်မြို့၌ နေရဉ္စရာဆိုလာ ဓာတ်အားပေးစက်ရုံ  သုည ဒသမ ၅ မဂ္ဂါဝပ် စက်ရုံမျိုးလိုစက်ရုံငယ်များကို မြောက်မြားစွာ အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ရာငွေကြေးတတ်နိုင်သူများအနေဖြင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းရရှိနေချိန်တွင် ဓာတ်အားစနစ်အား မှီခိုသုံးစွဲနေခြင်းများကို လျော့ချပြီး မိမိတို့ဘာသာ တစ်နိုင်တစ်ပိုင်ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို မိမိတို့လုပ်ငန်းများအတွက် လျှော့ချလာနိုင်ပါမည်။ ထို့ပြင်ပြည်သူများအနေဖြင့်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆောင်ရွက်နေရမှုများကို နားလည်သဘောပေါက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှလျပ်စစ်ရရှိရေး လုပ်ငန်းစဉ်များအပေါ် ပြည်သူများမှ ဝိုင်းဝန်းကူညီစောင့်ရှောက် ဆောင်ရွက်ပေးကြမှသာလျှင် လျှပ်စစ်ဓာတ်အားကို ပိုမိုရရှိ၍ ကျန်ပြည်သူများ အနေဖြင့်မျှတစွာ ရရှိသုံးစွဲနိုင်လာကြမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ။

Source: Myawady Web Portal

မောင်မောင်စွယ်စုံထွန်း