အင်အားပြင်းငလျင် Noto ကြောင့် ကမ်းရိုးတန်းမြေ ၅.၅ မီတာ မြင့်တက်လာမှုကို သုတေသီများ တွေ့ရှိ
News Image

ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် Ishikawa ခရိုင် Wajima မြို့၏ ကမ်းရိုးတန်းမြေသည် ၅.၅ မီတာ အထိ မြင့်တက်လာမှုအား သုတေသီအဖွဲ့တစ်ဖွဲ့မှ တိုင်းတာတွေ့ရှိခဲ့ပါသည်။
Toyama တက္ကသိုလ်နှင့် တိုကျိုငလျင်သုတေသနဌာနမှ သုတေသီများပါဝင်သည့် အဆိုပါအဖွဲ့သည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း Noto ကျွန်းဆွယ်၏ မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ နေရာ ၁၀၀ ခန့်တွင် စစ်တမ်းကောက်ယူခဲ့ပါသည်။