ရေအောက်ဒရုန်းမှ ပစ်ခတ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသော တော်ပီဒို ရေအောက်ထဲမှာ ရေမိုင် ၃၀ အထက် အမြန်နှုန်းနဲ့ သွားနိုင်

News Image

ရေအောက်ဒရုန်းမှ ပစ်ခတ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးသော တော်ပီဒို ရေအောက်ထဲမှာ ရေမိုင် ၃၀ အထက် အမြန်နှုန်းနဲ့ သွားနိုင်

အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကုမ္ပဏီ တစ်ခုဖြစ်တဲ့ အန်ဒူရေးက တော်ပီဒိုအမျိုးအစား အသစ်တစ်ခုကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။   သူ့ကိုတော့  Copperhead-M လို့အမည်ပေးထားပါတယ်။

အဲဒီတော်ပီဒိုက သမားရိုးကျတော်ပီဒို မဟုတ်ပါဘူး။   ကမ္ဘာ့ပထမဆုံးသော တော်ပီဒိုအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ကိုရေအောက်သွား ဒရုန်းကနေ ပစ်လွှတ်နိုင်တာကြောင့်ပါ။

လာမည့်ရာသီချိန်တွင် တရုတ်နိုင်ငံသို့မြန်မာ့ထောပတ်သီးတရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ

News Image

လာမည့်ရာသီချိန်တွင် တရုတ်နိုင်ငံသို့မြန်မာ့ထောပတ်သီးတရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ

လာမည့်ရာသီချိန်တွင် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ (G to G)စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ G to G စနစ်ဖြင့် တင်ပို့နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဦးနှောက် အသေးစားများကို စမ်းသပ်ရာမှ စိတ်ဖောက်ပြန်မှုဖြစ်စေသည့် အကြောင်းရင်းတွေ့ရှိ

News Image

ဦးနှောက် အသေးစားများကို စမ်းသပ်ရာမှ စိတ်ဖောက်ပြန်မှုဖြစ်စေသည့် အကြောင်းရင်းတွေ့ရှိ

အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင်များက လူသားတွေရဲ့ ကလာပ်စည်းများနဲ့ ပြုလုပ်ထားတဲ့ဓာတ်ခွဲခန်းဖြစ် ဦးနှောက် အသေးစားတွေကို အသုံးပြုစမ်းသပ် လေ့လာမှုတွေလုပ်တဲ့အခါ ဒီမန်းရှားလို့ခေါ်တဲ့ စိတ်ဖောက်ပြန်မှုကိုဖြစ်စေတတ်သော အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားပြီလို့ ဆိုပါတယ်။

အထူးသဖြင့်တော့ ပရိုတင်းတစ်မျိုးကို သူတို့ကလေ့လာကြည့်လိုက်မိတာပါ။ အဲဒီပရိုတင်းကို GRAMD1Bလို့ခေါ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်က  ဦးနှောက်ရဲ့ ကလာပ်စည်းအတွင်းမှာရှိတဲ့   ကိုလက်စထရောနဲ့ အဆီကို ထိန်းညှိရာမှာ ကူညီပေးရတာပါ။

အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ  ရုရှားနိုင်ငံသားများအား ဥပဒေအရ စစ်မှုထမ်းစေမည့် ကြေညာချက်တစ်ရပ်ကို သမ္မတပူတင် လက်မှတ်ရေးထိုး

News Image

အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ  ရုရှားနိုင်ငံသားများအား ဥပဒေအရ စစ်မှုထမ်းစေမည့် ကြေညာချက်တစ်ရပ်ကို သမ္မတပူတင် လက်မှတ်ရေးထိုး

ရုရှားနိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ နိုင်ငံသားများအား ၂၀၂၅ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ဥပဒေအရ စစ်မှုထမ်းစေမည့် ကြေညာချက်တစ်ရပ်ကို သမ္မတဗလာဒီမာပူတင်က   လက်မှတ်ရေးထိုးခဲ့ကြောင်း မတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည့် အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။