အီရန်ကိုတိုက်ခိုက်ရလျှင် အစ္စရေးက ဦးဆောင်လိမ့်မည်ဟု ဒေါ်နယ်ထရမ့်ပြော
News Image

အီရန်နိုင်ငံကို တိုက်ခိုက်ရမည်ဆိုပါက အစ္စရေးနိုင်ငံသည် ထိုသို့သော တိုက်ခိုက်မှုကို ဦးဆောင်ရလိမ့်မည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၅ ရက်တွင်ပြောသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နျူကလီးယား လက်နက်အစီအစဉ်ကို ရုပ်သိမ်းခြင်း မရှိပါက တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း ထရမ့်ကပြောထားသည်။