လားရှိုးမြို့တွင် စက်သုံးဆီ (92) နှင့် ပရီမီယံတို့ကို တစ်လီတာ ၄၅၀၀ ကျပ်နှုန်းဖြင့် မေ ၁၁ ရက်မှစတင် ရောင်းချ
News Image

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ (92) နှင့် ပရီမီယံတို့ကို တစ်လီတာ ၄၅၀၀ ကျပ် နှုန်းဖြင့် မေ ၁၁ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စက်သုံးဆီများကို ဆိုင်ကယ်တစ်စီးလျှင် နှစ်လီတာ၊ မော်တော်ယာဉ် တစ်စီးလျှင် ၁၀ လီတာနှုန်းဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိရာ စက်သုံးဆီဖြည့်တင်းရန် လာရောက်ကြသူ များပြားလျက် ရှိကြောင်း သိရသည်။