အမေရိကန် ဆေးဝါးနှင့် ဆေးပစ္စည်းဈေးနှုန်းများကို ၃၀% မှ ၈၀% အထိ လျှော့ချသွားမည်

News Image

အမေရိကန် ဆေးဝါးနှင့် ဆေးပစ္စည်းဈေးနှုန်းများကို ၃၀% မှ ၈၀% အထိ လျှော့ချသွားမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၂ ရက် (တနင်္လာနေ့) တွင် အမေရိကန်ရှိ ဆေးဝါးစျေးနှုန်းများကို ၃၀% မှ ၈၀% အထိ လျှော့ချရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် ရည်ရွယ်ထားကြောင်း မေလ ၁၁ ရက်က ပြောကြားလိုက်ပါသည်။

“မေ ၁၂ ရက် နံနက် ၉ နာရီတွင် အိမ်ဖြူတော်၌ မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက် အရေးပါဆုံး အမိန့်ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းစျေးနှုန်းများမှာ ၃၀% မှ ၈၀% အထိ လျင်မြန်စွာ လျော့ကျသွားပါလိမ့်မည်” ဟု ထရမ့်က ၎င်း၏ Truth Social မီဒီယာပေါ်တွင် ပြောကြားထားပါသည်။

ဖိလစ်ပိုင်၌ သက်တမ်းဝက်ကာလ ရွေးကောက်ပွဲများအတွက် ပြည်သူများ မဲပေးနေကြပြီး အထက်လွှတ်တော် ရွေးကောက်ပွဲအပေါ်အာရုံစိုက်နေကြ

News Image

ဖိလစ်ပိုင်၌ သက်တမ်းဝက်ကာလ ရွေးကောက်ပွဲများအတွက် ပြည်သူများ မဲပေးနေကြပြီး အထက်လွှတ်တော် ရွေးကောက်ပွဲအပေါ်အာရုံစိုက်နေကြ

ဖိလစ်ပိုင်နိုင်ငံမှ မဲဆန္ဒရှင်များသည် တနင်္လာနေ့ (မေ ၁၂) တွင် သက်တမ်း ဝက်ကာလရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပါသည်။ ဒုသမ္မတ Sara Duterte အပေါ် စွဲချက်တင်ရေးအဆိုကို စစ်ဆေးရန်ရှိနေသည့် အထက် လွှတ်တော်အတွက် ယှဉ်ပြိုင်မှုများအပေါ် ပိုမို အာရုံစိုက်နေကြသည်။

ရုရှား-တရုတ်ဆက်ဆံရေးက နိုင်ငံများအကြား ဆက်ဆံရေး၏ စစ်မှန်သော စံနမူနာဖြစ်သည်ဟု ပူတင် ဆို

News Image

ရုရှား-တရုတ်ဆက်ဆံရေးက နိုင်ငံများအကြား ဆက်ဆံရေး၏ စစ်မှန်သော စံနမူနာဖြစ်သည်ဟု ပူတင် ဆို

ရုရှားနိုင်ငံ သမ္မတ ပူတင်က မေ ၁၁ ရက် နံနက်ပိုင်းတွင် မီဒီယာများအား ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရုရှား-တရုတ်ဆက်ဆံရေးသည် နိုင်ငံများအကြား ဆက်ဆံရေး၏ “စစ်မှန်သော စံနမူနာ” ဖြစ်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

ဆေးဝါးအသုံးပြုသူများလိုက်နာသင့်သည့်အချက်များ

Posted_Date

Image

ဆေးဝါးအသုံးပြုသူများလိုက်နာသင့်သည့်အချက်များ

Body

ဆေးဝါးအသုံးပြုတော့မယ်ဆိုရင် အညွှန်းအတိုင်းလိုက်နာမှ သောက်သုံးသူအတွက် အန္တရာယ်ကင်းစေပါတယ်။ ပဋိဇီဝဆေးတွေက အအေးမိတာကို မသက်သာနိုင်ပါဘူး။   ပဋိဇီဝဆေးဝါးတွေက  ဗက်တီးရီးယားတွေကိုသာ တိုက်ခိုက်နိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်ပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝဆေးဝါးကိုအသုံးပြုတာကြောင့်   ဆေးယဉ်ပါးမှုဖြစ်ပွားစေနိုင်ပါတယ်။   ဒါ့ပြင် ဆေးဝါးရဲ့ဆိုးကျိုးဖြစ်တဲ့ ဝမ်းပျက်တာ၊ အဖုအပိမ့်ပေါက်တာနဲ့  မှိုဝင်ရောက်နိုင်တာလိုမျိုး ကျန်းမာရေးပြဿနာအသစ်တွေ ပေါ်လာနိုင်တယ်။ဆေးဝါးတွေမှာ   ရက်လွန်သတ်မှတ်ထားတဲ့အကြောင်းရင်းရှိပါတယ်။ လူ ၁၀ ယောက်မှာ တစ်ယောက်က ရက်လွန်တဲ့ဆေးဝါးတွေကို အသုံးပြုနေတာက  ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ဆေးဝါးတွေကိုသိမ်းဆည်းတဲ့ရက်ကြာရှည်ရင်  သူနဲ့ဓာတ်မတည့်တဲ့ တခြားဆေးဝါးတွေနဲ့မတော်တဆပေါင်းစပ်ပြီး သောက်မိတတ်ပါတယ်။ ဥပမာ-ပြီးခဲ့တဲ့သုံးနှစ်က ဒူးနာတာကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးကို အခုချိန်မှာ ဘယ်ဆရာဝန်မှမညွှန်ကြားဘဲ မိမိသဘောနဲ့မိမိဆက်လက်အသုံးပြုနေတဲ့အပြင်  လက်ရှိမှာ ရောဂါတစ်ခုကြောင့်   ဆရာဝန်ညွှန်ကြားထားတဲ့သွေးကျဲဆေးကိုအသုံးပြုနေရင်    ဆေးအာနိသင်ပြင်းထန်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။ တခြားဆေးဝါးတွေဖြစ်တဲ့ နှလုံးရောဂါကြောင့် ရင်ဘတ်နာတာအတွက်   အသုံးပြုတဲ့ဆေးဝါးတွေနဲ့   အင်ဆူလင်ဆေးဝါးတွေကလည်း သက်တမ်းကုန်သွားရင်   ဆေးရဲ့အကျိုးအာနိသင်လျော့နည်းသွားတဲ့အပြင် အန္တရာယ်ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ဆေးဗီရိုကို    ပုံမှန်သန့်ရှင်းရေးပြုလုပ်ပြီး  ရက်လွန်ဆေးဝါးတွေ  ဒါမှမဟုတ် ပျက်စီးဆေးဝါးတွေ ဒါမှမဟုတ် အသုံးပြုဖို့မလိုတော့တဲ့ဆေးဝါးတွေကို  လွှင့်ပစ်သင့်တယ်။  ဆေးဗီရိုကလည်း   ရေနွေးငွေ့ ဒါမှမဟုတ်  အပူချိန်များတဲ့နေရာမှာ မထားသင့်ပါဘူး။   ဆေးတွေကိုမှောင်ပြီးအေးတဲ့နေရာမှာသာ သိုလှောင်ထားသင့်ပါတယ်။

လိမ်းဆေးတွေကလည်း ဆေးဝါးဖြစ်တယ်လို့ သတ်မှတ်ထားသင့်ပါတယ်။ တချို့လူတွေက လိမ်းဆေးတွေကို ဆေးဝါးတွေလို့ မသတ်မှတ်ကြပါဘူး။ လိမ်းဆေးတွေအသုံးပြုမယ်ဆိုရင်  ဆေးဝါးအဖြစ် သတ်မှတ်ရပါမယ်။ အဲဒီဆေးဝါးတွေကို လိမ်းဆေးအဖြစ် အလွန်အကျွံအသုံးပြုတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးသွားတဲ့ဥပမာ ရှိနှင့်ပြီးဖြစ်ပါတယ်။

နှင်းခူရောဂါလိုမျိုး    အရေပြားပြဿနာတွေအတွက်   စတီးရွိုက်လိမ်းဆေးတွေကို အသုံးပြုပါများရင်၊  ပရိုဂျက်စတုန်းဆေးဝါးတွေကို ခရင်မ်အနေနဲ့  အသုံးပြုပါများရင် ဟော်မုန်းအဆင့်တွေမြင့်တက်လာနိုင်ပါတယ်။  ဒါကြောင့်   လိမ်းဆေးတွေကိုအသုံးပြုမယ်ဆိုရင်  သူ့မှာပါဝင်တဲ့ပစ္စည်းတွေနဲ့တူညီတဲ့    တခြားဆေးဝါးတွေနဲ့ရောစပ်ပြီးအသုံးမပြုသင့်ပါဘူး။ ဆေးဝါးမသုံးခင် ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။  ဆာလ်ဖာမတည့်သူတွေ    ဆာလ်ဖာပါဝင်တဲ့လိမ်းဆေး၊  ပင်နယ်ဆီလင်မတည့်သူတွေ ပင်နယ်ဆီလင်ပါဝင်တဲ့ဆေး အသုံးမပြုသင့်ပါဘူး။

ဆေးဝါးတွေနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ တချို့က ဒိုင်ကလိုဖန်နစ်နဲ့မတည့်ဘူး။ ကလေးငယ်က လည်ချောင်းနာလို့ ရေသောက်ရင်ဝေဒနာခံစားရလို့ ဆရာဝန်သွားပြရာကနေ ဆေးခန်းက ဗိုင်းရပ်စ်ပိုးဝင်တယ်သတ်မှတ်ပြီး  အကိုက်အခဲပျောက်ဆေးပေးလိုက်တယ်။  ဆေးသောက်ပြီး ခြောက်ရက်အကြာမှာ  တစ်ကိုယ်လုံးအဖုအပိမ့်တွေထွက်လာတာကြောင့်   ဆေးခန်းပြရာမှာ  ဓာတ်မတည့်ကြောင်း သိရပါတယ်။

သူ့မှာ  ဓာတ်မတည့်ရောဂါ  စတီဗင်ဂျွန်ဆင်ရောဂါစု ဖြစ်နေလို့ဒိုင်ကလိုဖန်နစ်ဆေးဝါးနဲ့     ဓာတ်မတည့်မှုဖြစ်တာတွေရှိပါတယ်။နှစ်စဉ်နှစ်တိုင်း လူ ၁၀၀ မှာ  သုံးယောက်နှုန်းစတီဗင်ဂျွန်ဆင်ရောဂါစုဖြစ်ပွားလေ့ရှိပါတယ်။

တချို့ဆေးဝါးတွေ တစ်ခြမ်းခြမ်းပြီး ဒါမှမဟုတ် ကြိတ်ပြီး အသုံးမပြုသင့်ပါဘူး။  ဆေးဝါးရဲ့အရွယ်ပမာဏကြီးလို့  မမျိုချနိုင်ရင်  ဆေးဝါးတွေကိုခွဲခြမ်းပြီး ဒါမှမဟုတ် ကြိတ်ပြီးအသုံးပြုတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ   ဒီလိုခွဲခြမ်းကြိတ်ပြီး  အသုံးပြုတာက  ဆေးဝါးစုပ်ယူရာမှာ    အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။    ဆေးဝါးမှာ  ထိရောက်တဲ့အကျိုးရရှိစေဖို့  အစာခြေစနစ်အတွင်း     အချိန်ယူပြီးပျော်ဝင်အောင်ပြုလုပ်ထားတဲ့ခါးပတ်တောင့်လိုမျိုး   ဆေးဝါးတွေနဲ့ခန္ဓာကိုယ်တွင်းကို တဖြည်းဖြည်းရောက်ရှိစေတဲ့စနစ်နဲ့ပြုလုပ်ထားတဲ့    ဆေးဝါးတွေက ဆေးတွေကိုကြိတ်လိုက်တာ၊ ခွဲခြမ်းလိုက်တာကြောင့် ဆေးဝါးရဲ့ပျော်ဝင်နိုင်စွမ်းနှေးကွေးမှု၊   အာနိသင်လျော့နည်းသွားမှုဖြစ်တတ်ပါတယ်။

မူးယစ်ထုံထိုင်းဘေးဖြစ်စေတဲ့ဆေးဝါးဆိုတာ    ဦးနှောက်နဲ့အာရုံကြောကိုထိခိုက်ထုံထိုင်းစေတာ ဒါမှမဟုတ် မူးယစ်စေတာ၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းနဲ့ ဘေးအန္တရာယ်ဖြစ်စေတဲ့ဆေးဝါးတွေကို ဆိုလိုပါတယ်။အဲဒီဆေးဝါးတွေက ဆက်လက်မသုံးစွဲဘဲမနေနိုင်အောင် ဖန်တီးထားတဲ့ဆေးဝါးကို ဆိုလိုပါတယ်။  ဘိန်းအနွယ်ဝင်ကိုဒင်း၊   ပက်သဒင်း၊မော်ဖင်း၊ ဟီးရိုးအင်း၊ မီသာဒုန်းဆေးဝါးတွေက ကင်ဆာရောဂါနောက်ဆုံးအဆင့်လူနာတွေအတွက်   အသုံးပြုတဲ့ဆေးဝါးတွေဖြစ်ပါတယ်။ ကြီးကြပ်ကန့်သတ်ဆေးဝါးတွေထဲမှာ  ထည့်သွင်းထားပါတယ်။ စစ်မြေပြင်မှာ   မိုင်းထိမှန်တာ၊  လက်နက်ငယ်ထိမှန်တာတို့မှာလည်း  အဲဒီဆေးဝါးတွေကို မနာကျင်စေလိုလို့ သုံးစွဲပေးကြပါတယ်။ ခွဲစိတ်ရာမှာ ခဏအတွင်းအိပ်မောကျစေလိုတဲ့အခါလည်း  သုံးစွဲကြပါတယ်။  အဲဒီဆေးဝါးတွေကို  လက်လွတ်စပယ်သုံးစွဲနေပြီဆိုရင်    ဆေးစွဲနေပြီဖြစ်လို့ ဆေးဖြတ်စင်တာနဲ့ဆက်သွယ်ရပါတယ်။

ဆီးချိုရောဂါကုသဆေးအတွက် မက်ဖော်မင်ပေးတတ်ကြပါတယ်။

ဆေးတစ်မျိုးတည်းပေးတာက ဆေးယဉ်ပါးတာနဲ့ ဘေးထွက်ဆိုးကျိုးများတာကို   တွေ့ရှိရပါတယ်။   မက်ဖော်မင်နဲ့    ဂလစ်တွဲပြီးပေးရင်  ဆေးယဉ်ပါးမှုလျော့နည်းစေတဲ့အပြင် ဆေးတိုးမြှင့်စားသုံးဖို့မလိုတာ၊ ရလဒ်ကောင်းတာ၊ ဘေးထွက်ဆိုးကျိုးလျော့နည်းတာတွေတွေ့ရှိရတဲ့အတွက်  ဆီးချိုလူနာတွေကို အနည်းဆုံး မက်ဖော်မင်နဲ့  တခြားဆီးချိုဆေးတစ်မျိုးမျိုးပေးတတ်ကြပါတယ်။

သွေးပေါင်ကျဆေးကိုလည်း  တစ်မျိုးတည်းမပေးဘဲ  ဆီးဆေးနဲ့တွဲပေးလိုက်တဲ့အခါဆေးယဉ်ပါးမှုနည်းပါးတာ၊သွေးတိုးကျစေမှုပိုကောင်းတာ၊ ဆေးတိုးမြှင့်သောက်ဖို့မလိုတာ၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးနည်းတာတွေတွေ့ရပြီး  ရလဒ်ကောင်းလို့ ယခုအခါ တွဲစပ်ပေးပြီးကုသနေကြပါတယ်။

ပဋိဇီဝဆေးတချို့မှာလည်း နှစ်မျိုးတွဲပေးတာက အာနိသင်ပိုကောင်းကြောင်းတွေ့ရှိရလို့ အမောက်စီကလောက်၊ ဖလူကလောက်ဆလင် စသဖြင့်  တွဲဖက်ဖော်စပ်ထားတဲ့အတွဲက  ရလဒ်ကောင်းမွန်တာ၊ ဆေးယဉ်ပါးမှုနည်းတာ၊ဘေးထွက်ဆိုးကျိုးနည်းတာ၊   အကျိုးပိုရှိစေလို့တွဲဖက်ပြီးပေးလာကြသလိုတွဲဖက်ပြီးထုတ်လုပ်ဖြန့်ချိလာတာတွေ့ရှိရပါတယ်။        ။

Source: https://myawady.net.mm/stories

Photo: Kerala Kaumudi