အမေရိကပင်လယ်ကွေ့ ဟု ပြောင်းလဲဖော်ပြနေသော Google ကို မက္ကဆီကို တရားစွဲ

News Image

အမေရိကပင်လယ်ကွေ့ ဟု ပြောင်းလဲဖော်ပြနေသော Google ကို မက္ကဆီကို တရားစွဲ

မက္ကဆီကိုပင်လယ်ကွေ့ အစား အမေရိကပင်လယ်ကွေ့ ဟု ပြောင်းလဲဖော်ပြနေသော Google ကို မက္ကဆီကိုက တရားစွဲဆိုလိုက်ကြောင်း မက္ကဆီကိုသမ္မတ Claudia Sheinbaum က မေ ၉ (သောကြာနေ့)မှာ ပြောကြားထားပါသည်။

အဆစ်ရောင်‌ လေးဖက်နာနှင့် သဘာဝကုထုံးများ

Posted_Date

Image

Gout

Body

သွေးလေးဖက်နာ ရေနွေးစိမ်ပါ

ရေနွေးစိမ်ခြင်းသည် အဆစ်ရောင်၊ အဆစ်အမျက် ကိုက်ရောဂါ၊ လေးဖက်နာဝေဒနာသည်များအတွက် အလွန်ကောင်းသောနည်းဖြစ်သည်။ ရေနွေးစိမ်ကုသခြင်းကို ဂျပန်နိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများတွင် များစွာတွေ့ရသည်။ စာရေးသူ မဲခေါင်မြစ်ဝှမ်း ဒေသခြောက်နိုင်ငံ တိုင်းရင်းဆေးဆရာများတွေ့ဆုံပွဲ တတိယအကြိမ်အဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွားရောက်လေ့လာခဲ့စဉ်ကအစိုးရဆေးရုံများ သာမက ပုဂ္ဂလိကဆေးရုံများတွင် ရေနွေးစိမ်ကန်များ ကို သစ်သားစည်ကြီးများအသုံးပြု၍  ပြုလုပ်ထား သည်ကို တွေ့ရသည်။ဂျပန်နိုင်ငံသားများ ရေချိုးသည့်အခါ ရေနွေးကို စိမ်ချိုးကြသည်ဟု ငယ်စဉ်ကကြားဖူးသည်။ ၎င်းတို့ ရိုးရာဓလေ့မှာ ညောင်းညာကိုက်ခဲမှုကို ပြေလျော့စေသောနည်းလမ်းဖြစ်သည်။ တရုတ်နိုင်ငံ၌  ဆေးပင်၊ ဆေးမြစ်များကိုပြုတ်ပြီး ရေနွေးစိမ်ခြင်း၊ ဆေးပြုတ်ရည်ဖြင့် ရေချိုးခြင်း၊ ခြေထောက်စိမ်ခြင်းများကိုလည်း တွေ့ခဲ့ရသည်။

ရေနွေးစိမ်ရန် ကန်အခက်အခဲရှိပါက ရေနွေးကို ပုံးဖြင့်ထည့်ပြီး  ရေအေးဖြင့်သင့်တင့်အောင် စပ်ချိုးနိုင်ပါသည်။ ရေနွေးအတွင်း ဆားလက်တစ်ဆုပ်ခန့် ထည့်ပြီးချိုးလျှင် ပိုကောင်းသည်။ ဆားရည်နွေးသည်ခန္ဓာကိုယ်ရှိ   မွေးညင်းပေါက်များကို ပွင့်စေသည်။ ငုပ်နေသော အခိုးအကင်းများကို အပြင်သို့ထွက်သွားစေသဖြင့်  ညောင်းညာကိုက်ခဲမှုများ  လျော့သွားစေ နိုင်သည်။တချို့ဒေသများ၌   သဘာဝနည်းအတိုင်းထွက်နေသော  ရေပူစမ်းများရှိသည်။ ရေပူစမ်းမှာ ရေတွင် ထုံးဓာတ်တစ်မျိုးလွန်ကဲပြီး   ပူနွေးနေသောရေမျိုး ဖြစ်သည်။ ယင်းရေပူစမ်းများတွင် စိမ်ခြင်းဖြင့် ညောင်းညာမှုများ ပြေလျော့စေသည်။ငပလီ၊  ချောင်းသာကမ်းခြေတို့၌  အပန်းဖြေသူများသည် ပင်လယ်ရေ(ဆားငန်ရည်)ကို စိမ်ချိုးရသည့် အပြင် ပင်လယ်ဘက်မှ တိုက်ခတ်လာသော ဆားပါသောလေကိုပါ ရှူရှိုက်ရသဖြင့် ကျန်းမာရေးကောင်း စေသည်ဟု ယူဆကြသည်။ကလေးများ ပိုလီယိုလေးဖက်နာဖြစ်ပြီး အဆစ်များ ကောက်ကွေးနေခြင်းကို နှစ်နှစ်သားအရွယ်မှစ၍ ရေနွေးစိမ်နှိပ်ပေးခြင်းဖြင့် ကောက်နေသော အရိုးအဆစ်များကို ပြန်ဖြောင့်အောင် ကုသပေးနိုင်ကြောင်း သိရသည်။ ရေစိမ်ကန်မရှိလျှင်လည်း ကလေးကို သံစည်ပိုင်းပြတ်တွင် အောက်မှမီးဖိုပေး၍ ရေကိုနွေးအောင် ပြုလုပ်၊  ဆားအနည်းငယ်ထည့်ပြီး  စိမ်စေခြင်းဖြင့် ပိုလီယိုရောဂါကို ပြန်လည်သန်စွမ်းအောင် ကုသနိုင် ပါသည်။

ဂေါက်ရောဂါခေါ် ခြေမဆစ်၊ ခြေမျက်စိ၊ ခြေချင်းဝတ် အဆစ်ရောင်ရောဂါရှိသူများမှာ ဆားလက်တစ်ဆုပ်ထည့်ရေအေးသင့်အောင်ရောပြီး   ခြေမျက်စိမြုပ်အောင် စိမ်ပေးခြင်းဖြင့် အဆစ်ရောင်နာကို သက်သာစေနိုင်သည်။ တစ်ကြိမ်ရေနွေးစိမ်လျှင် အနည်းဆုံး ၁၅ မိနစ်မှ နာရီဝက်အထိသာ စိမ်သင့်သည်။ ဂေါက်ရောဂါသည် ဆားရည်နွေးစိမ်ခြင်းဖြင့် သုံးရက်အတွင်း သက်သာစေနိုင်သည်။သွေးလေးဖက်နာမှာ လေးဖက်နာမှန်သမျှတို့တွင် ကုသရအခက်ဆုံးဖြစ်သည်။ လူ့ဘဝတွင်ဝဋ်နာ၊ ကံနာ ဟု ရှေးလူကြီးများပြောသည့်စကားမှာ သွေးလေးဖက် နာကဲ့သို့ ဝေဒနာမျိုးတွင် မှန်ကန်နေပေသည်။လူ့ခန္ဓာကိုယ်တွင် သွေးသည် အသက်၊ အသက် သည်သွေးပင်ဖြစ်သည်။ သို့သော် မိမိသွေးကဖောက် ပြန်၍ မိမိကိုယ်မိမိပြန်တိုက်ခိုက်သဖြင့် အဆစ်များ ဒဏ်ရာအနာတရဖြစ်ပြီး ပွန်းစားကုန်သောရောဂါကို သွေးလေးဖက်နာဟုခေါ်သည်။

သွေးလေးဖက်နာဖြစ်ပြီးနောက် ရုပ်ပျက်ဆင်းပျက် အဆစ်များကောက်ကွေးကုန်သည်အထိ ဖြစ်ရသော လေးဖက်နာအမျိုးအစားမှာ ဆေးတွေ့ရန်ခက်ခဲ သည်။  ပိုးလေးဖက်နာကဲ့သို့   ပင်နီဆီလင်ဆေးနှင့်လည်း မပျောက်ကင်းနိုင်ပေ။  သွေးလေးဖက်နာကို    ပိုးလေးဖက်နာထင်ပြီး  အနာတခြား  ဆေးတခြား ဖြစ်ကာ ကျောက်ကပ်ပါ ပျက်စီးနိုင်သည်။

သွေးလေးဖက်နာနှင့်  တခြားအဆစ်ရောင်

လေးဖက်နာ၊ ပိုးလေးဖက်နာများ ကွဲပြားသည့်အချက် မှာ ဘယ်ဘက်လက်ချောင်း သုံးချောင်းရောင်လျှင် ညာဘက်လက်ချောင်း သုံးချောင်းမှာလည်း ထပ်တူ ရောင်သည်။ ရောင်သည့်အဆစ်များမှာ ဂေါက်ရောဂါ ကဲ့သို့   အထိမခံနိုင်အောင်  မနာကျင်သော်လည်း အတွင်းသို့ဖိကြည့်လျှင် နာကျင်ပြီး ကြာသောအခါ အရိုးများပွန်းစားကာ အကိုင်အတွယ် များသော လက်ချောင်းများ ကွေးကောက်သွားသည်။ အကြည့်ရဆိုး သည်။အနောက်တိုင်းတွင်   ထိုကောက်ကွေးသွားသော အဆစ်များကို   ပြန်ဆန့်ပေးနိုင်ရန်  မီးလုံးဖြင့်အပူပေးခြင်း၊  ဖယောင်းတစ်မျိုးကိုအပူပေး၍   အရည်ပျော်စေပြီး ကပ်ပေးခြင်း စသည့် ရူပကုထုံးများဖြင့် ကုသပေးလေ့ရှိသည်။  သူ့နည်းနှင့်သူ   စနစ်တကျကုသလျှင်၊   စိတ်ရှည်ရှည်ကုသလျှင်   အဆစ်များကောက်ခြင်းကို ကာကွယ်နိုင်ပါသည်။သွေးအတွင်းမှ  ဖောက်ပြန်မှုအတွက်  ဆေးအတိ အကျမရှိဘဲ ပရက်ဒီစလုံးကဲ့သို့ ဆေးလုံးများဖြင့်သာ ကုသပေးလေ့ရှိသဖြင့် နောက်ဆက်တွဲ အရိုးကျိုးခြင်း၊ အရိုးဆွေးခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊    လမ်း မလျှောက်နိုင်ခြင်း၊  လေဖြတ်ခြင်းတို့ပါ ဖြစ်နိုင်သည်။ထိုသွေးလေးဖက်နာအတွက် စာရေးသူ၏အတွေ့ အကြုံအရ တစ်ဖက်တစ်လမ်းမှ သက်သာစေနိုင်သော နည်းလမ်းများရှိပါသည်။ ယင်းတို့မှာ ရေနွေးစိမ်ခြင်း၊ ဆီလိမ်းခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ဆေးစည်းကုသခြင်း တို့ဖြစ်သည်။

အဆစ်ရောင်ပျောက်သော ကျားမနိုင်နွယ်ပင်

ကျားမနိုင်မြစ်ဟု အများကခေါ်ကြသောအပင်မှာ နွယ်ပင်ကြီးဖြစ်သည်။   ယင်းကျားမနိုင်နွယ်ပင်၏ ထိပ်ဖြတ်ပိုင်းတွင် ကျားခြေရာနှင့်တူသော အကွက် များကိုတွေ့ရသည်။ ထို့ကြောင့်ပင် ကျားမနိုင်ပင်ဟု ခေါ်ကြခြင်းဖြစ်သည်။

သနပ်ခါးသည် အအေးဖြစ်သည်။ သွေးလိမ်းလျှင် အေးမြသောအရသာကို အရေပြားပေါ်တွင်ဖြစ်စေသည်။ ကျားမနိုင်သည်လည်း  အအေးပင်ဖြစ်သည်။ ကျောက်ပျဉ်တွင် သွေးလိုက်လျှင် နီကြင်ကြင်အရောင်များ ထွက်လာသည်။  သို့သော်  အရေပြားပေါ်သို့ လိမ်းလိုက်သောအခါ သနပ်ခါးကဲ့သို့ပင် အေးမြမှုကိုခံစားရသည်။

ပူ၍ရောင်သော အဆစ်ရောင်ရောဂါမှန်သမျှ ကျားမနိုင်နှင့်သင့်သည်။ တစ်ခါက ဝက်သားစား၊ မျှစ်ချဉ်စားပြီး ခြေမဆစ်ကြီးရောင်လာသူတစ်ဦးကို တွေ့ဖူးသည်။ ယင်းခြေမဆစ်မှာ နီရဲနေပြီး ဖိနပ်မစီးနိုင်၊ ခြေမထောက်နိုင်၊ ခြေတွဲလောင်းချထိုင်နေလျှင်ပင် တစစ်စစ်ကိုက်နေသည်။ဤကဲ့သို့သော အဆစ်ရောင်ခြင်းအတွက် ကျားမနိုင်သွေးလိမ်းလျှင် အလွန်သင့်လျော်သည်။ လိမ်းလိုက်လျှင် အေးသွားပြီး အပူများအငွေ့ပြန်သလိုဖြစ်ကာ လိမ်းထားသောဆေးမှာ အမြန်ခြောက်သွေ့သွား သည်။ ဆက်ထားလျှင် ဆေးဖတ်များအက်ကွဲပြီး ကွာကျသွားလေသည်။ ထိုအခါ ကျားမနိုင်နွယ်ကို ထပ်မံသွေးပြီး လိမ်းပါ။ တဖြည်းဖြည်း အပူလျော့သွားပြီး အရောင်လည်း ကျသွားသည်ကို တွေ့ရမည် ဖြစ်သည်။

ကျားမနိုင်ကို အပူနာမှန်သမျှလိမ်းပေးနိုင်သည်။ မျက်စိနာလျှင် ကျားမနိုင်သွေးပြီး မျက်လုံးတစ်ဝိုက် ကွင်းပေးပါက ရဲနေသောမျက်သားများ  ပြန်ဖြူလာနိုင်သည်။   မျက်ရိုးကိုက်လျှင်လည်း  ကျားမနိုင်ကို မျက်ခွံနှင့် မျက်ခုံးပေါ်တွင် လိမ်းပေးပါက သက်သာစေနိုင်သည်။အာသီးရောင်၊ လည်ချောင်းနာ၊ အပူငုပ်၊ အသံဝင်လျှင် ကျားမနိုင်ကိုသွေးပြီး လည်ပင်း၊ မေးအောက်တွင် သုံးကြိမ်ခန့် လိမ်းပေးလျှင် သက်သာစေနိုင်သည်။မမှည့်မပေါက်ဘဲခဲနေသော  ဝက်ခြံ၊  သွေးစုနာ၊ ကိန္နရာနာစသော အပူဖုများကိုလည်းကျားမနိုင် သွေးလိမ်းပေးလျှင် သက်သာစေနိုင်သည်။အနာနုလျှင်မပေါက်ဘဲ  အဖုပျောက်ပြီး   ချပ်သွားစေနိုင်သည်။ ဒဏ်ရာဟောင်းများကိုလည်း အမာရွတ်မထင်စေရန် ကျားမနိုင်ကို လိမ်းပေးနိုင်သည်။လေးဖက်နာအတွက် ကောက်သွားသော လက်ချောင်း၊ အဆစ်လေးများ ဖုထစ်နေသော ကျီးပေါင်းဆစ်များကို ကျားမနိုင်သွေးလိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။ကျားမနိုင်ကို ပရဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ တချို့က  ကျားမနိုင်အပြင်အခေါက် ကိုခွဲပြီး တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြ သည်။  တချို့က   ကျားမနိုင်နွယ်မှအဆီကို   နည်းအမျိုးမျိုးဖြင့်ထုတ်ယူကြသည်။ ကျားမနိုင်မှာ သောက်သုံးလျှင် ဝမ်းသွားလွန်တတ်သဖြင့် သောက်ဆေးအဖြစ်   သုံးစွဲမှုမပြုကြပေ။  လိမ်းဆေးအဖြစ် သုံးစွဲခြင်းမှာ အန္တရာယ်ကင်းပြီး  ထိရောက်မှုလည်း ရှိသော ဆေးအေးအမျိုးအစားဖြစ်သည်။

အဆစ်ရောင်နာနှင့် ကွမ်းရွက်ကပ်ခြင်း

တချို့အဆစ်ရောင်နာများမှာ  မပူ၊  မရောင်ဘဲ အတွင်းမှနာသော အဆစ်ရောင်မျိုးလည်းရှိသည်။ ထိုရောဂါမျိုးသည် မိုးရွာတော့မည်ဆိုလျှင် အရိုးထဲမှ ကိုက်လာသည်။ တချို့မှာ ရေကိုင်ခြင်း၊  အဝတ်လျှော်ခြင်းများပြုလုပ်လျှင်ပင် အဆစ်ကိုက်လာသည်။ထိုကဲ့သို့သော အဆစ်ရောင်နာမျိုးကို လိမ်းဆေး အဆီ၊ ပရုတ်ဆီ၊ လေးညှင်းဆီ၊ မုန်ညင်းဆီတို့ လိမ်းပေးလျှင် သက်သာစေနိုင်သည်။  ဖြစ်နိုင်လျှင် အဆီကို မီးဖြင့်  အပူပေးပြီးမှ  စိမ့်ဝင်အောင်လိမ်းပေးလျှင် ပို၍သက်သာစေနိုင်သည်။အတွင်းအရိုးထဲမှနာသော အဆစ်နာများအတွက် လွယ်လွယ်ကူကူနှင့်ထိရောက်သောကုသနည်းမှာ   ရိုးရာကုထုံးကွမ်းရွက်ကပ်ခြင်းပင်ဖြစ်သည်။

ကွမ်းရွက်ပြောင်ချောနေသောဘက်ကိုမီးအပူပေးပြီးအနည်းငယ်ပျော့ပျောင်းလာသောအခါ အဆစ်ပေါ်တွင် ကပ်ထားရုံသာဖြစ်သည်။ ကပ်နည်းမှန်ကန်လျှင် တော်တော်နှင့်ကွာမကျပါ။ ကွမ်းရွက်ကို အဆစ်၏အရွယ်အစားကိုလိုက်၍ အနေတော်ဖဲ့ပြီး    အသုံးပြုနိုင်သည်။    လက်ဆစ်၊ လက်ချောင်းလေးများအတွက်ဆိုလျှင်    ကွမ်းရွက် ကို အနေတော်ဖဲ့ပြီး  မီးကင်ကပ်ပေးရမည်ဖြစ်သည်။ လက်ချောင်းငါးချောင်းစလုံး တစ်ချောင်းစီ စိတ်ရှည် ရှည်ကပ်ပေးရန်လိုသည်။ခြေမျက်စိဆစ်၊ ခြေမဆစ်၊ ဒူးဆစ်များအတွက်ဆို လျှင်ကွမ်းရွက်ကိုအဆစ်ပုံသဏ္ဌာန်လိုက်၍ဖဲ့ပြီး ကပ်ရန်လိုပေသည်။ကွမ်းရွက်သည် ဒဏ်နှင့်အတွင်းငုပ်နေသော ရောဂါများကိုဆွဲထုတ်နိုင်သောအစွမ်းရှိသည်။ မျက်လုံးတွင်ကပ်လျှင် မျက်စိဒီဂရီကို လျော့စေနိုင် သည်။ မျက်စိဒဏ်နှင့် တိမ်ရောဂါများပင် ကွမ်းရွက်ကပ်၍ပျောက်ကင်းဖူးသော သာဓကများစွာရှိသည်။

နားကိုက်ရောဂါရှိသူသည် နားရွက်နောက် နားအုံအရိုးဖုပေါ်တွင် ကွမ်းရွက်ကို ပုံစံကျဖဲ့ပြီး  ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။  ယင်းရောဂါသည်  နားစည်အတွင်းပိုင်းရှိ  အရိုးနုငယ်လေးများရောင်သောရောဂါဖြစ်သည်။ စားဆေးနှင့်မပျောက်ဘဲကွမ်းရွက်အုံ၍ ပျောက်သောသူကို တွေ့ရဖူးသည်။ တစ်ခါက ဆိုင်ကယ်နှင့်စက်ဘီးတိုက်မိရာတွင် စက်ဘီးလက်ကိုင်နှင့် ဆောင့်မိသဖြင့်ဘယ်ဘက်ရင်အုံနှလုံးတည့်တည့်တွင် အောင့်နေသူ အမျိုးသမီးငယ်တစ်ဦးကိုကုသဖူးသည်။ နူးညံ့သောရင်သား ဖြစ်၍ ပရုတ်ဆီလိမ်း၍လည်းမဖြစ်၊ ရင်အုံအောက်၌ ရှိသော   နံရိုးများကြား  အမြှေးပါးရောင်သွားသော ဝေဒနာဖြစ်သည်။ နောက်ဆုံး ကွမ်းရွက်ကိုမီးကင်ပြီး  ရင်သားအောက်    နံရိုးပေါ်တွင်  ကပ်ပေးခြင်းဖြင့် သက်သာသွားသည်။ငွေကုန်ကြေးကျမရှိဘဲ     လွယ်လွယ်ကူကူနှင့် ပျောက်ကင်းသွားသည်မှာ ခဲယဉ်းသော အရိုးအဆစ် ဖုရောင်သောဝေဒနာဖြစ်သည့်အတွက်ကွမ်းရွက် သည်ဆေးဖက်ဝင်အသုံးပြုနိုင်ကြောင်ရေးသား လိုက်ရပါသည်။

Source: https://myawady.net.mm/stories 

Photo : Steemit

ထရမ့်တစ်ယောက် Air Force One အစား ကာတာဘုရင်လက်ဆောင် ဇိမ်ခံလေယာဉ်ကိုသာ စီးမည်ဟု ပြော

News Image

ထရမ့်တစ်ယောက် Air Force One အစား ကာတာဘုရင်လက်ဆောင် ဇိမ်ခံလေယာဉ်ကိုသာ စီးမည်ဟု ပြော

ကာတာဘုရင်မိသားစုသည် အမေရိကန်သမ္မတများသာ စီးနင်းအသုံးပြုသည့် Air Force One နေရာတွင် အစားထိုး အသုံးပြုရန် Boeing 747-8 လေယာဉ်တစ်စီး မေတ္တာလက်ဆောင်ပေးရန် ရှိကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မေ ၁၁ (တနင်္ဂနွေနေ့) ညနေချမ်းမှာ ပြောကြား လိုက်ပါသည်။

တောင်သူစီးပွားတိုးတက်ဖို့ နှမ်းသီးနှံကို စိုက်ကြပါစို့

Posted_Date

Image

တောင်သူစီးပွားတိုးတက်ဖို့ နှမ်းသီးနှံကို စိုက်ကြပါစို့

Body

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးလုပ်ငန်း ဦးတည်ချက်များချမှတ်ဆောင်ရွက်နေသကဲ့သို့ သီးနှံများဓာတ်ကြွင်းအာနိသင်လျော့နည်းပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးမှုအာဟာရတန်ဖိုးများကြွယ်ဝစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတွင် ဆီထွက်သီးနှံအဖြစ် တွင်ကျယ်စွာစိုက်ပျိုးခဲ့သောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊  မိုးနှမ်း၊   ဆောင်းနှမ်း (မိုးနှောင်းနှမ်း)စသည်ဖြင့် တစ်နှစ်လျှင်   သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။  နှမ်းသည် နေကြာ၊ ပဲတီစိမ်း၊ဝါကဲ့သို့    ရွက်ပြန့်ပင်ဖြစ်ပြီး မြေနှင့် အစိုဓာတ်အပေါ်မူတည်ကာ အပင်အမြင့် ၄ ပေ မှ ၆ ပေ အထိမြင့်နိုင်ပြီး အပူပိုင်းဒေသတွင်   ၃ ပေ  မှ  ၅   ပေ အထိရှိနိုင်ကြောင်း သိရသည်။ နှမ်းသည် အခြားသီးနှံများထက် စိုက်ပျိုးရလွယ်ကူပြီး   ဆုံးရှုံးမှုလည်းနည်းပါးကာ ငှက်၊ ကြွက် စသည့်အကောင်များ၏  ဖျက်ဆီးခံရခြင်း နည်းပါးသည့်အပြင် သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ပြီး အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့်ပိုးများကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံခြားဝင်ငွေရနေသော   ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ၂၀၁၁ မတိုင်ခင်တွင် နှမ်းနက်နှင့် နှမ်းဖြူတို့ကို တင်ပို့ကုန်အဖြစ် ခွင့်ပြုခဲ့ကာ ၂၀၁၁ ခုနှစ်တွင် နှမ်းရောကိုပါ   ပြည်ပပို့ကုန်အဖြစ်ခွင့်ပြုခဲ့ကြောင်းသိရသည်။  နှမ်းသီးနှံသည်  ဆီထွက်သီးနှံစိုက်ဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများအလွယ်တကူစိုက်ပျိုးနေသည့် သီးနှံဖြစ်သည်။ နှမ်းသည် ဆီထွက်သီးနှံစိုက်ဧရိယာ စုစုပေါင်း ၆၀ ရာခိုင်နှုန်းကျော်ရှိသော်လည်း နှမ်းမှဆီထွက်စုစုပေါင်း ၃၀ ရာခိုင်နှုန်းသာရှိသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရန်နှင့်  နေရာဒေသရေမြေအနေအထားအရ အထွက်နှုန်းသေချာကောင်းမွန်နိုင်သည့်  ဒေသများတွင် တစ်ဧကတင်း  ၂၀  ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်ချက်ထားရှိ၍  အလေးထားစိုက်ပျိုးရန် လိုအပ်ကြောင်းတိုက်တွန်းလိုသည်။

မကွေးတိုင်းဒေသကြီး  ဂန့်ဂေါမြို့နယ်ရှိ စိုက်ပျိုးမြေအားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်မှာ ဆီထွက်သီးနှံဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၇၁  ရာခိုင်နှုန်းကျော်သည်  မိုးနှမ်းသီးနှံစိုက်ဧရိယာများဖြစ်သည်။ သို့ဖြစ်ပါ၍   မကွေးတိုင်းဒေသကြီး   ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ပြီး  ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ  ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့်  ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍  အရည်အသွေးကောင်းမွန်သော နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊    ပြည်ပပို့ကုန် ဈေးကွက်ကောင်းရရှိသည့်    နှမ်းမျိုးသန့်များ အာဟာရတန်ဖိုးမလျော့ကျစေရေးနှင့် ဓာတ်ကြွင်းအာနိသင်မရှိစေရေး၊ နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ  တောင်သူများသိရှိလိုက်နာလာစေရန်၊ တောင်သူများ၏ သမားရိုးကျ လုပ်ငန်းဆောင်ရွက်မှုအပေါ် သိပ္ပံနည်းကျလေ့လာသုံးသပ်၍  ခေတ်မီနည်းပညာများလိုက်နာကျင့်သုံး လာစေရန်၊   တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ပြီး စိုက်ပျိုးရေးကဏ္ဍများ  ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အပံ့ဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးအမြတ်များကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားသောသူများလည်း ကျယ်ပြန့်စွာပါဝင်ဆောင်ရွက်လာခြင်းဖြင့်  တန်ဖိုးမြှင့်ထုတ်ကုန်များအထိ တိုးတက်ထုတ်လုပ်နိုင်စေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသည်။

တောင်သူများအနေဖြင့် ဓာတုဓာတ်ကြွင်းကင်းစင်၍   အရည်အသွေးကောင်းမွန်ပြည့်ဝပြီး တစ်ဧက တင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန် ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန်  အောက်ပါနည်းပညာများကို   ကျင့်သုံးဆောင်ရွက်သင့်ကြောင်း  အကြံပြုတိုက်တွန်းလိုသည်။နှမ်းသည် ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သောမြေမျိုး၊ မစေးလွန်းမဖွယ်လွန်းသောမြေမျိုးနှင့်  မချဉ်လွန်းမငန်လွန်းသောမြေမျိုးကို နှစ်သက်သည်။ အထူးသဖြင့် ပွရွသောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ အစိုဓာတ်ထိန်းသိမ်း၍ ရေမဝပ်သောမြေများကို ကြိုက်နှစ်သက်သည်။ မိုးရေနှင့် အစိုဓာတ်သင့်တင့်ပါက မြေမျိုးစုံ၌ စိုက်ပျိုးနိုင်သည်။

နှမ်းသည် မြေ၏ အပူချိန် ၇၀° F / ၂၁°C ထက်အေးပါက နှမ်းမျိုးစေ့များ အပင်မပေါက်နိုင်ပါ။ နေ့စဉ်ပျမ်းမျှအပူချိန် ၈၀°F / ၂၆°C ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကိုအားပေးသည်။ နှမ်းမှာမိုးရေချိန်လက်မ ၂၀ ခန့်ကို ညီညွတ်မျှတစွာရပါက လုံလောက်သည်။ ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်သည်။မိုးကြိုသီးနှံအဖြစ် ရေသွင်းစိုက်ပျိုးမည်ဆိုပါက မစိုက်မီမြေပြုပြင်ချိန်တွင် တစ်ကြိမ်၊  စိုက်ပြီး အပင် ၄ - ၆ လက်မရှိချိန်  သို့မဟုတ်  ၂၅-၃၀ ရက်သားတွင်တစ်ကြိမ်၊ ပန်းပွင့်စုံချိန်တွင် တစ်ကြိမ် စုစုပေါင်း ရေသုံးကြိမ်ပေးသွင်းသင့်သည်။ စိုထိုင်းဆအနေဖြင့် ၇၀ ရာခိုင်နှုန်းအောက်ကျပါက အပွင့်အောင်မြင်မှုနည်းသည်။ နှမ်းကို ပင်လယ်ပြင်အထက် အမြင့်ပေ  ၄၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်သည်။လက်ရှိစိုက်ပျိုးလျက်ရှိသောနှမ်းမျိုးများမှ  ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးကွဲပြားလျက်ရှိပြီး မျိုးကွဲများလည်း   ကွဲပြားလျက်ရှိသည်။ အဓိကအားဖြင့် တောင်သူများသည် နှမ်းကို နှမ်းလျင်နှင့် နှမ်းကြီးဟူ၍ ခွဲခြားကြသည်။

နှမ်းလျင်မှာ မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီ-မတ်လအတွင်းစိုက်ပျိုးနိုင်ပြီး မိုးစိုက်အဖြစ် မေ-ဇွန်လတွင်စိုက်ပျိုးနိုင်သည်။ လယ်သီးထပ်အဖြစ် အောက်တိုဘာ - နိုဝင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ အသက်ရက်မှာ ၇၅ - ၉၀ ရက်ခန့်ရှိသည်။နှမ်းကြီးကို မိုးနှောင်းစိုက်အဖြစ် ဩဂုတ် - စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ နေ့တာတုံ့ပြန်မှုရှိသဖြင့် အခြားအချိန်တွင်  စိုက်ပျိုးလေ့မရှိကြပါ။ အသက်ရက်မှာ ၁၂၀-၁၃၅ ရက်ခန့်ရှိသည်။ သက်လျင်  သက်ရက် ၆၀-၇၀၊ သက်လတ်သက်ရက် ၈၀-၉၀၊ သက်ကြီးသက်ရက် ၁၂၀-၁၅၀ ဟူ၍လည်း သက်ရက်အလိုက်  နှမ်းမျိုးအုပ်စုသုံးမျိုးခွဲခြားကြသည်။

မြန်မာနိုင်ငံတွင်  လက်ရှိစိုက်ပျိုးနေသော   နှမ်းမျိုးများ၏အများစုမှာ   ကိုင်းဖြာသောမျိုးများဖြစ်ကြသည်။ တစ်ပင်တိုင်ကိုင်းမဖြာမျိုးအချို့လည်းရှိသည်။နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှ တိုးထွက်နိုင်ရန်  ထွန်ရေးညက်ရန်လိုသည်။ ထို့ပြင် မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ ရေ၊ အာဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက်ထွန်ပေးရန်လိုအပ်သည်။ မိုးဦးစိုက်ပျိုးပါက သင်္ကြန်မတိုင်မီ  မိုးကြိုမိုးခံထယ်ရေး ထွန်ထားရန်လိုအပ်သည်။ ထယ်ရေးနက်နက်ရရှိစေရန်သုံးသွားစက်ထယ်ဖြင့် ထွန်ယက်ပေးသင့်သည်။သီးထပ်လယ်မြေများနှင့် ကိုင်းမြေများတွင် ထယ်ခွဲပေး၍ အစိုဓာတ်သင့်တင့်ချိန်တွင် ထွန်မွှေပြီး မြေညီရန်နှင့် အစိုဓာတ်ထိန်းရန် ကျမ်းတုံးဖြင့် ဖုံးဖိထားရမည်။ ဒလိမ့်တုံး၊ ဓားကျမ်းတုံးများကိုသုံး၍လည်း ထယ်ခဲခြေပေးပြီး ထွန်ရေးပြုပြင်နိုင်သည်။

နှမ်းစိုက်ရန်အတွက်   သင့်လျော်သည့်အတန်းအကွာအဝေးမှာ   တစ်ပင်တိုင်မျိုးအတွက်  ၂၁ လက်မ၊ ကိုင်းဖြာမျိုးအတွက် ၁၅ လက်မဖြစ်သည်။ ပင်ကြားမှာ ၄ လက်မဖြစ်သည်။  မြေသန်လျှင် ၁၈ လက်မအတန်း စိုက်ပျိုးနိုင်သည်။ ကြောင်းဆွဲရာတွင် များစွာမနက်ရန်လိုသည်။  ကြောင်းနက်ပါက မျိုးစေ့များမတွန်းကန်နိုင်ဘဲ  အပင်ပေါက်ညံ့မည်ဖြစ်သည်။ တစ်ဧကလျှင် မျိုးစေ့  ၂-၄ ပြည်အထိ  အသုံးပြုနိုင်ပြီး အသင့်လျော်ဆုံးအပင်ဦးရေမှာ တစ်သိန်းခွဲခန့် လိုအပ်သည်။

နှမ်းစိုက်ပျိုးရာတွင် မြေအောင်းပိုးများရန်မှကာကွယ်ရန်၊  အပင်ပေါက်နှုန်းကောင်းရန်၊  အပင်ပေါက်များသန်မာရန်၊ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါများကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုရန်လိုအပ်မည်ဖြစ်သည်။ နှမ်းစိုက်ပျိုးပြီးလျှင်ပြီးချင်း  မိုးမိသွားလျှင် ထိပ်တင်း၍နှမ်းပင်ငယ်များ မြေတွင်းမှမတွန်းနိုင်ဘဲနေမည်ဖြစ်သဖြင့် မြေဖန့်သွားလျှင် ထွန်သွားချွန်ချွန်တပ်ဆင်၍  ကန့်လန့်ဖြတ်ဖွင့်ပေးရမည်။ သို့မှသာလျှင် အပင်ပေါက်ညီညာ၍  အထွက်ကောင်းမည်ဖြစ်သည်။ စိုက်တန်းအတွင်း    မျိုးစေ့ချရမည့်   အကွာအဝေးမှာ  ၃ - ၅ လက်မဖြစ်ပြီး  တစ်ကြိမ်မျိုးစေ့ချလျှင် ၁၀ စေ့ခန့်ချပေးရန်လိုအပ်သည်။ မျိုးစေ့များ  မြေတွင်းချပေးရမည့်အနက်မှာ ၁-၂- ၃-၄ လက်မခန့်ဖြစ်သည်။နို့ဆီဘူးအောက်ခြေတွင် ၃ လက်မ သံချောင်းဖြင့် အပေါက်တစ်ပေါက်ဖောက်ပြီး မျိုးစေ့ချကိရိယာအဖြစ်လည်းအသုံးပြုနိုင်သည်။  ထွန်ကြောင်းခံလက်ကြဲနည်းစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်သည်။

နှမ်းစိုက်ပျိုးရာတွင် အထူးသဖြင့်မျိုးစေ့များမြေကြီးထဲနက်နက်ချထားပါက မတွန်းကန်နိုင်ဘဲ ရှိမည်ဖြစ်သဖြင့် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးပေးရန်လိုအပ်သည်။   အတန်းလိုက်စိုက်ပျိုးခြင်းအားဖြင့်  ပေါင်းရှင်းရလွယ်ကူခြင်း၊ ပင်ကြားတန်းကြား  ပေါင်းသင်မြေဆွ ကြားထွန်ဝင်ရလွယ်ကူခြင်း၊  လေဝင်လေထွက်ကောင်းမွန်စေခြင်း၊  ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် လွယ်ကူခြင်း၊ အပင်ခွဲရာတွင်လွယ်ကူခြင်းစသည့် အကျိုးများရရှိစေ၍ အထွက်တိုးခြင်းကို အထောက်အကူပြုစေသည်။ ၁၅ ရက်သားတွင်တစ်ကြိမ် ၃၅ ရက်သားတွင် တစ်ကြိမ် လက်ပေါင်းလိုက်ပေးရန်လိုအပ်သည်။ပေါင်းမြက်ကင်းစင်လေ အထွက်ကောင်းလေဖြစ်သည်။  လက်ပေါင်းမရှင်းပါက   အပင်ငယ်များကို ပေါင်းမြက်များက ဖုံးအုပ်သွားနိုင်သည်။ ၁၅ ရက်သားတွင်  လက်ပေါင်းမလိုက်မီ အပင်ငယ်များကို လေးသွားထွန်ဖြင့်မှုန်းပေးပြီးမှ လက်ပေါင်းလိုက်ပေးရမည်။ အပင်ခွဲပြီး အပင်ခြေမြေဖို့ရန်နှင့် ပေါင်းမြက်များကိုဖုံးအုပ်သွားစေရန် ကြားထွန်လိုက်ပေးရမည်။ မြေအစိုဓာတ်အခြေအနေကိုကြည့်၍ ကြားထွန်ဖြင့်လည်းကောင်း၊ သံထွန်ဖြင့်လည်းကောင်း အနည်းဆုံး သုံးကြိမ်ခန့် ကြားထွန်လိုက်ပေးရမည်။

နှမ်းပင်ငယ်များသည် ပေါင်းမြက်ဒဏ်ကိုမခံနိုင်သဖြင့် ပေါင်းကင်းစေရန်  အပင်ခြေအထိကပ်၍ ကြားထွန်လိုက်ပေးရန်လိုအပ်သည်။ နှမ်းကိုအပူပိုင်းဒေသများတွင်စိုက်ပျိုးသဖြင့် အစိုဓာတ်နည်းပါးသည်။ အစိုဓာတ်နှင့် အာဟာရကို ပေါင်းမြက်များကလုယူစားသုံးခြင်းမှကာကွယ်ရန်အတွက် အပင်ငယ်စဉ်ကပင် ကာကွယ်နှိမ်နင်းရန် အထူးလိုအပ်သည်။

နှမ်းအထွက်ကောင်းစေရန်   မြေပြင်ချိန်တွင် နွားချေး၊ မြေဆွေးလှည်းအစီး ၅ - ၁၀ စီးခန့်ထည့် ပေးရန်လိုအပ်သည်။ မြေဆီလွှာကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍    စိုက်ပျိုးရာသီတစ်လျှောက် သင့်တင့်သောဓာတ်မြေဩဇာများကို   အချိုးညီအချိန်ကိုက်ကျွေးသင့်သည်။  မြေဩဇာအသင့်အတင့် ကြွယ်ဝသောမြေအတွင်း (၂၆:၁၃:၇) (နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ ပိုတက်)ကီလိုဂရမ်/ဧကနှုန်း ထားသုံးသင့်သည်။

အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ဖော့စဖိတ်သည် မြေကြီး၏ထိန်းချုပ်မှုကြောင့် အပင်အထွက်ကောင်းစွာမရရှိစေသဖြင့် ထည့်သွင်းနည်းမှန်ကျင့်သုံးရန်လိုသည်။ မြန်မာနိုင်ငံတွင် နှမ်းကို အထက်မြန်မာပြည် အပူပိုင်းဒေသများ၌ ပိုမိုစိုက်ပျိုးကြသဖြင့် နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေဩဇာများကို မစိုက်မီ ၇-၁၀ ရက်ခန့် ကြိုတင်၍ထည့်ပေးရန်လိုသည်။မြေဩဇာများကို ကြိုတင်ထည့်ပေးခြင်းဖြင့် စိုက်ချိန်၌အချိန်ကုန်သက်သာပြီး အစိုဓာတ်မိစေနိုင်မည် ဖြစ်သည်။နှမ်းသီးနှံတွင် အထွက်နှုန်းကိုထိခိုက်စေနိုင်သည့်ပိုးမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ရွက်လိပ်ပိုးဖြစ်ပြီး ရောဂါမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါတို့ဖြစ်ကြသည်။

အပင်ငယ်စဉ်ကျရောက်မည့် စုပ်စားပိုးများအတွက်  မျိုးစေ့လူးနယ်ဆေးက  ကာကွယ်ပေးမည်ဖြစ်ပြီးသက်ရက် ၂၅ - ၃၀ ပွင့်ဖူးဝင်ချိန်(ကြက်ချေးစုချိန်)တွင် ဖြုတ်စိမ်း၊ ဖြုတ်ညိုပိုးများ ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ဖြုတ်ညိုပိုးသည် အပင်ကိုအားနည်းစေရုံသာမက နှမ်းဖိုရောဂါကိုပါ ကျရောက်စေသဖြင့် ပွင့်ဖူးဝင်ချိန်တွင် ဖြုတ်ညိုပိုးကို မဖြစ်မနေအထူးကာကွယ်ရန်လိုအပ်သည်။

နှမ်းဖိုရောဂါကျရောက်ပါက  အရွက်သေးငယ်ခြင်း၊  ဆစ်ကြားတိုခြင်း၊   ကြားဖူးများမှ  မူမမှန် ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ  အစိမ်းရောင်ဖြစ်ခြင်းတို့ကိုတွေ့ရှိနိုင်သည်။

နှမ်းရိုးမည်းရောဂါသည်  ရေဝပ်သောနှမ်းခင်းများတွင် ကျရောက်တတ်သည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင်အနာကွက်ငယ်  စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်သျှူးသားများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်းဖွာလန်၍လာသည်။ ယင်းတစ်သျှူးသားပေါ်တွင် ခပ်မည်းမည်းအဖုလေးများဖြစ်ပေါ်လာသည်။  ထိုအချိန်တွင် နှမ်းပင် ခြေရင်းတွင် လုံးဝမည်းနက်ပြီး အပင်အပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာညှိုးစပြုလာသည်။ နောက်ဆုံး တစ်ပင်လုံးမည်းခြောက်၍သေသွားသည်။ ရောဂါရနှမ်းရိုးကို  ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။

အထွက်နှုန်းလျော့နည်းရသည့်   အဓိကအကြောင်းရင်းဖြစ်သည့်  အောက်သီးများကွဲခြင်းမဖြစ်စေရန် မျိုးအလိုက်အသီးပီပြင်သည့် အဖျားသီးများခွဲကြည့်၍ အရောင်လိုက်ပါက ရိတ်သိမ်းရန် သို့မဟုတ် နှမ်းပင်အရွက်များဝါလာလျှင် ရိတ်သိမ်းရန်ဖြစ်သည်။ ရိတ်သိမ်းပြီးနောက်  ထွာဆိုင်ခန့်စည်းပြီး  ဖိုခုံလောက်ဆိုင် အစည်းများထောင်၍နေလှန်းပေးရမည်။ အသီးများပွင့်လာ၍ အစေ့များခြောက်သွေ့ပါက   အစည်းကိုဇောက်ထိုးထားပြီး သန့်ရှင်းစင်ကြယ်သော စောင်ကြမ်းများပေါ်တွင်ရိုက်ခါ၍ အစေ့ခြွေခြင်းပြုလုပ်နိုင်သည်။ သန့်စင်ပြီးနှမ်းစေ့များအား  အစိုဓာတ်  ၉ ရာခိုင်နှုန်း ရှိအောင်လှန်းပြီး အလုံပိတ်ထားသောပုံးများ၊ သိုလှောင်အိတ်များ၊  ပုတ်များဖြင့်သိုလှောင်ရမည်ဖြစ်သည်။မြေ၊ မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုပြုစုနိုင်မှုအပေါ်မူတည်၍ တစ်ဧကလျှင် တင်း  ၃၂၀ အထိထွက်ရှိနိုင်သည်။ နှမ်းတစ်တင်းမှ နှမ်းဆီခြောက်ပိဿာထွက်ရှိသည်။ နှမ်းသီးနှံမှထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ နှမ်းဆီ၊ နှမ်းယို၊ နှမ်းလှော်၊ နှမ်းဖတ်၊ နှမ်းလှော်ဆီမွှေး စသည်တို့ဖြစ်သည်။

နှမ်းကိုစားသုံးခြင်းဖြင့် ဆံသားကျန်းမာခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်စေခြင်း၊  အရေပြားကျန်းမာခြင်း၊ သွားကျန်းမာခြင်း၊ အစာခြေလွယ်စေခြင်း၊ စွမ်းအင်ရရှိစေသော အရင်းအမြစ်ဖြစ်ခြင်း၊ သွေးဖိအားထိန်းပေးခြင်း၊ အရိုးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းကိုသက်သာစေခြင်း၊ Unsaturated Fats ကြွယ်ဝခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီး  ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်လည်း ဖော်ပြပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်ဆက်တိုက်  ဓာတုဓာတ်ကြွင်းကင်းစင်၍  အရည်အသွေးပြည့်ဝပြီး ပန်းတိုင်အထွက်နှုန်းများရရှိသည်အထိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နှမ်းနီ ၂၅/၁၆၀၊ မကွေးဖြူ၊ စမုန်နက်၊ ဆင်းရတနာ -၅၊ ဆင်းရတနာ - ၃ စသည့်မျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် နှမ်းစိုက်ဧက၅၅၅၂၆ စိုက်ပျိုးပြီး တစ်ဧကလျှင် ၆ ဒသမ  ၉၁ တင်းနှုန်းဖြင့်  ၃၈၃၆၇၄ တင်း ထွက်ရှိပြီးပန်းတိုင်ဧက ၅၀၀၀ တွင်  ၂၀  ဒသမ   ၂၀ တင်းနှုန်းဖြင့် ၁၀၁၀၀၀  တင်း  ထွက်ရှိကာ  ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ဧက ၅၅၇၀၉ စိုက်ပျိုးပြီး တစ်ဧကလျှင်  ၉ ဒသမ ၄၈ တင်းနှုန်းဖြင့်  ၅၂၈၀၀၀ တင်းထွက်ရှိပြီး ပန်းတိုင်ဧက ၅၅၀၀ တွင်  ၂၀ ဒသမ  ၄၅ တင်းနှုန်းဖြင့်  ၁၁၂၅၀၀ တင်းထွက်ရှိသည်အထိ ဖြစ်ထွန်းအောင်မြင်ပြီး ဒေသတွင်းကြိတ်ခွဲ၍လည်းကောင်း၊ အခြားဒေသများသို့ တင်ပို့ရောင်းချ၍လည်းကောင်း  ဆောင်ရွက်လျက်ရှိပြီး တောင်သူများဝင်ငွေတိုးပွား၍ ပြုံးပျော်ရွှင်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီး  ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို   အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ပြီး   ကောင်းမွန်ခိုင်မာသော   ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော သီးနှံထုတ်ကုန်များထွက်ရှိရေးအတွက် တောင်သူများ၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုန်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့်  ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းရင်း မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူဦးကြီးများအားလုံး  စီးပွားရေးများတိုးတက်အောင်မြင်ပြီး ကိုယ်စိတ်နှလုံးရွှင်ပြုံးကြစေရန်   ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories