Vance နှင့် Rubio သည် ၎င်း၏နေရာဆက်ခံနိုင်ကြောင်း ထရမ့် ပြောကြား

News Image

Vance နှင့် Rubio သည် ၎င်း၏နေရာဆက်ခံနိုင်ကြောင်း ထရမ့် ပြောကြား

ဒုတိယသမ္မတ JD Vance နှင့် နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့သည် ၎င်း၏ သမ္မတရာထူးဆက်ခံသူများ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါသည်။ 

“အဆိုပါကိစ္စကို ယခုပြောရန် စောလွန်းသေးသော်လည်း မိမိတွင် ဒုတိယ သမ္မတရှိပါသည်။ JD Vance က အလွန်အလုပ်လုပ်နိုင်ပါသည်၊ Marco Rubio လည်း အလွန်တော်ပါသည်” ဟု ထရမ့်က NBC News နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

မေ ၉ V- Day အခမ်းအနား လာအိုသမ္မတ တက်ရောက်မည်

News Image

မေ ၉ V- Day အခမ်းအနား လာအိုသမ္မတ တက်ရောက်မည်

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ လာအိုသမ္မတ Thongloun Sisoulith သည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပမည့် V- Day နှစ် ၈၀ ပြည့်အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံ မော်စကိုသို့ မေလ ၈ မှ ၁၀ ရက်အထိ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် V- Day အခမ်းအနား တက်ရောက်မည်

News Image

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် V- Day အခမ်းအနား တက်ရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) ၏ နှစ် ၈၀ ပြည့် အခမ်းအနားတက်ရောက်ရန် ရုရှားသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရပိုင်သတင်းဌာန MRTV က မေလ ၅ ရက်က သတင်းထုတ်ပြန်ထားကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြထားပါသည်။

အစ္စရေးအစိုးရက ဂါဇာကို အပြည့်အဝသိမ်းပိုက်ရန်နှင့် ပါလက်စတိုင်း နေထိုင်သူများအား တောင်ပိုင်းသို့ အတင်းအကျပ် ရွှေ့ပြောင်းရန် အစီအစဉ်ကို အတည်ပြု

News Image

အစ္စရေးအစိုးရက ဂါဇာကို အပြည့်အဝသိမ်းပိုက်ရန်နှင့် ပါလက်စတိုင်း နေထိုင်သူများအား တောင်ပိုင်းသို့ အတင်းအကျပ် ရွှေ့ပြောင်းရန် အစီအစဉ်ကို အတည်ပြု

ဂါဇာပြည်နယ်တစ်ခုလုံးကို စစ်ရေးအရ အပြည့်အဝသိမ်းပိုက်ရန်နှင့် ပါလက်စတိုင်းနေထိုင်သူများအား ဒေသ၏တောင်ပိုင်းသို့ အတင်းအကျပ် ရွှေ့ပြောင်းရန် အစ္စရေးအစိုးရက အစီအစဉ်တစ်ရပ်ကို အတည်ပြုလိုက်ကြောင်း နိုင်ငံတကာမီဒီယာများက အမည်မဖော်လိုသော အရာရှိများကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမေရိကန်သတင်းဌာန AP ၏ ဖော်ပြချက်အရ အဆိုပါအစီအစဉ်သည် အစ္စရေး၏ စစ်ရေးရည်မှန်းချက်ဖြစ်သော ဟားမက်အုပ်စုကို ချေမှုန်းရန်နှင့် ဂါဇာတွင်အကျဉ်းချထားသော အစ္စရေးနိုင်ငံသား ၅၉ ဦးကို ကယ်တင်ရန် ရည်ရွယ်သည်။