ပါကစ္စတန်စစ်တပ်သည် အိန္ဒိယလေတပ်မှ တိုက်လေယာဉ်နှစ်စင်းကို ပစ်ချ

News Image

ပါကစ္စတန်စစ်တပ်သည် အိန္ဒိယလေတပ်မှ တိုက်လေယာဉ်နှစ်စင်းကို ပစ်ချ

အိန္ဒိယလေတပ်၏ ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချခဲ့ကြောင်း အစ္စလာမ္မစ်သမ္မတနိုင်ငံ လုံခြုံရေးဝန်ဆောင်မှုများမှ သတင်းရင်းမြစ် များကို ကိုးကား၍ SAMAA ရုပ်သံလိုင်းမှ သတင်းပေးပို့ခဲ့ပါသည်။

အစောပိုင်းတွင် ပါကစ္စတန်ဘက်မှ အမြောက်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အိန္ဒိယစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါသည်။ နယ်စပ်ဒေသ အသီးသီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ကိုးကား - Tass

နွေရာသီမှာ တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ

Posted_Date

Image

နွေရာသီမှာ တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ

Body

နွေရာသီက အရင်နှစ်တွေထက် တစ်နှစ်ထက်တစ်နှစ်    ပိုပြီးအပူရှိန်ပြင်းလာပါတယ်။  နွေရာသီမှာ  အပူရှိန်ပြင်းလွန်းတာကြောင့်  ကျန်းမာရေးပြဿနာတွေလည်း   အများကြီးဖြစ်ပေါ်နိုင်ပါတယ်။

အခုလိုရာသီမှာ   အပူရှိန်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်းသိမ်းတဲ့စနစ်ကို သိရှိဖို့လိုပါ တယ်။

ပတ်ဝန်းကျင်အပူချိန်ကို (Environ-mental Temperature) လို့မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရဲ့အပူချိန်ကို (T.core- Body care temperature)လို့ မှတ်ယူပါ တယ်။ အဆိုပါ T.core ကို ၃၇ ဒီဂရီစင်တီ ဂရိတ်မှာငြိမ်နေအောင်  ထိန်းသိမ်းထားနိုင်ရပါမယ်။ ပတ်ဝန်းကျင်အပူရှိန်တက်လာလေ T.core ကို ၃၇ ဒီဂရီစင်တီဂရိတ်ဖြစ် အောင် ခန္ဓာကိုယ်က ကြိုးစားရလေဖြစ်ပါတယ်။  အဲဒီတာဝန်ကို   ဦးနှောက်ထဲက ဟိုက်ပိုသဲလမတ်    (Hypothalamus) အစိတ်အပိုင်းတစ်ခုက လုပ်ဆောင်ပေးပါ တယ်။ ခန္ဓာကိုယ်အပူချိန်  ၃၂  ဒသမ  ၅  ဒီဂရီစင်တီဂရိတ်ကျော်လာတာနဲ့  ခန္ဓာ ကိုယ်က ချွေးထွက်လာပါတယ်။ အဲဒီအခါ အပူတွေထွက်အောင် လုပ်ပေးပြီး T.core ကို ထိန်းထားနိုင်ရပါတယ်။ အဲဒီလိုမလုပ် ပေးနိုင်ရင် T.core အလွန်အကျွံတက်လာ ပြီး ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း (Enzymes)   စနစ်တွေ  ပျက်စီးသွားပါလိမ့်မယ်။   နောက်ဆက်တွဲအနေနဲ့  အပူကြောင့်လေဖြတ် ခြင်း (Heat stroke) လို့ခေါ်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

နွေရာသီမှာ  ပူပြင်းလွန်းတာကြောင့် ခံစားရတဲ့ ကျန်းမာရေးပြဿနာတွေကို အပူကြောင့်မိတ်ပေါက်ခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း၊   အပူကြောင့်ဖျားခြင်းနဲ့ အပူကြောင့်လေဖြတ်ခြင်းဆိုပြီး လေးမျိုး ခွဲခြားနိုင်ပါတယ်။

အပူကြောင့် မိတ်ပေါက်ခြင်းက  ချွေးထွက်တဲ့ဂလင်းတွေပိတ်ကုန်ပြီး  အဖုအပိမ့်တွေက အင်ပျဉ်ထွက်သလိုထွက်လာတတ်တာမျိုးဖြစ်ပါတယ်။

အပူကြောင့် ကြွက်တတ်ခြင်းက ပူအိုက်တဲ့ရာသီဥတုမှာကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်မိတဲ့အခါ ကြွက်သားတွေ၊      ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးကို  ခေါ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ရေကို ပြန်ဖြည့်တဲ့အခါမျိုးမှာလည်း ဆားဓာတ်ထက် ရေဓာတ်ကိုပိုဖြည့်မိတဲ့အခါ၊ ချွေးထွက်များတဲ့အခါ၊ ဓာတ်ဆားရည်မသောက်ဘဲ ရေပဲသောက်နေမိတဲ့အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။  အဲဒီအခြေအနေမှာ T.core  က မတက်သေးဘဲ   ပုံမှန်ထိန်းသိမ်းထားပါ သေးတယ်။

အပူကြောင့်ဖျားခြင်း   ဆိုတာကတော့ T.core   က   ၃၇  ဒီဂရီစင်တီဂရိတ်ထက်ကျော်လာပြီး     ကြွက်သားတွေနာကျင် ကိုက်ခဲတာ၊  နုံးခွေနေတာ၊    ခြေလက်မသယ်ချင်ဖြစ်တာ၊     မူးဝေတာနဲ့  သတိလစ်တာတွေတွဲဖြစ်လာတာမျိုးကို ခေါ်ပါ တယ်။   အဲဒီအခြေအနေရောက်ပြီဆိုရင် အဆိုးဆုံးအခြေအနေဖြစ်တဲ့ အပူကြောင့် လေဖြတ်ခြင်းဖြစ်ဖို့ အခွင့်အလမ်းအရမ်းများနေပြီဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန် ကုသဖို့   လိုအပ်ပါတယ်။   ဖြစ်နိုင်ရင် ပတ်ဝန်းကျင်အပူရှိန်ကို     မြန်မြန်ချပေးရပါမယ်။    လေအေးပေးစက်တပ်ဆင် ထားတဲ့အခန်းထဲမှာနေဖို့ လိုအပ်ပါတယ်။ ရေဖတ်ရွှဲနစ်နေအောင်တိုက်တာ၊ ပန်ကာ ဖွင့်ထားတာ စတဲ့နည်းလမ်းတွေနဲ့ အပူကျ အောင် လုပ်ပေးသင့်ပါတယ်။

ကိုယ်အပူချိန်ကြီးစေတဲ့      တခြားအကြောင်းရင်းတွေ ရှိပါတယ်။    ဥပမာ-ငှက်ဖျား၊ တိုက်ဖွိုက်၊ သိုင်းရွိုက် ရောဂါတွေနဲ့   သွေးဆိပ်တက်တာတွေ ဖြစ်ပါတယ်။ ရေနဲ့ဓာတ်ဆား   ဆုံးရှုံးမှုများတဲ့အတွက် ဓာတ်ဆားရည်       တိုက်ပေးရပါမယ်။ အနည်းဆုံး  ဓာတ်ဆားရည်  ၅  လီတာ ဝင်အောင်တိုက်ဖို့လိုပါတယ်။ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက လိုအပ်သလို ဆက်လက် ဆောင်ရွက်ပေးရပါမယ်။      သိပ်လိုအပ်ရင် အကြောထဲကနေ Drip သွင်း ပေးရတာမျိုးတွေ ရှိတဲ့အတွက်  နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အမြန်ဆက်သွယ်ပြီး    ဆောင်ရွက်မှသာ အသက်အန္တရာယ်ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ T.core  က ၄၁ ဒီဂရီစင်တီဂရိတ်ထက်     ကျော်သွားပြီဆိုရင်တော့ အသက်ဆုံးရှုံးဖို့ လက်တစ်ကမ်းအလိုသာ ရှိတော့တဲ့ အပူလျှပ်ခြင်းလို့ခေါ်တဲ့ အခြေအနေကို ရောက်နေပါပြီ။ အထက်မှာ ဖော်ပြခဲ့တဲ့    လက္ခဏာတွေအပြင်   ကယောင်ကတမ်းပြောခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ ကိုမာလို့ခေါ်တဲ့ အခြေအနေနဲ့  နေထိုင်သွားရတတ်ပါတယ်။

အပူလျှပ်ခြင်း ဖြစ်နိုင်ခြေများသူတွေကတော့ အသက်အရွယ်ကြီးသူတွေ၊ ဆီးချို ဝေဒနာရှင်တွေ၊ အရက်သေစာသောက် သုံးသူတွေ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးသောက်နေရသူတွေ၊ ဆီးဆေးသောက်နေ ရသူတွေနဲ့ အရမ်းပူတဲ့အချိန်မှာ အဝတ် အစားထူထူဝတ်ပြီး အားကစားလေ့ကျင့် ခန်းလုပ်မိသူတွေ၊   အရမ်းပူတဲ့အချိန်မှာ အကာအကွယ်မဲ့   အပြင်ထွက်သူတွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။

ကုသမှုအပိုင်းအနေနဲ့  အတွင်းလူနာအဖြစ်  အရေးပေါ်ကြပ်မတ် ကုသခန်းမှာ စနစ်တကျကုသမှုခံယူဖို့ လိုအပ်ပါတယ်။

T.core  ၄၁  ဒီဂရီစင်တီဂရိတ်ထက်  ကျော် နေတာတောင်မှ အချိန်မီကုသမှုခံယူနိုင်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက အချိန်မီဆေးရုံရောက်ရှိဖို့ ဖြစ်ပါတယ်။

အပူချိန်အပြင်   ကာကွယ်မှုအပိုင်းကတော့ အပူကြောင့်ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလက္ခဏာတွေကို    သိရှိနားလည်ထားဖို့ လိုပါတယ်။ အခြေခံအနေ နဲ့   အလွယ်တကူနားလည်လွယ်ခြင်းလို့ခေါ်တဲ့   နေပူထဲထွက်ရင်   ထီး၊    ဦးထုပ်ဆောင်းရမယ်ဆိုတာမျိုး၊ ပွပွချောင်ချောင် အဝတ်အထည်တွေ     ဝတ်ဆင်တာမျိုး၊ အရိပ်ထဲနေရမယ် ဆိုတာမျိုး၊ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပေးရမယ် ဆိုတာမျိုး၊  မိတ်ဖုထွက်လာရင်  အေးနေ အောင်ထားရမယ်ဆိုတာမျိုး၊  ပျစ်ချွဲစေး ကပ်နေတဲ့ခရင်မ်တွေ   မလိမ်းရတာမျိုး စတဲ့နားလည်လွယ်ခြင်းမျိုးတွေ သိရှိဖို့လိုပါတယ်။

အရေးကြီးဆုံးက    အချိန်မီကုသစီမံ ခြင်း(Timely Managements) လို့ခေါ်တဲ့အချိန်မီကုထုံးရနိုင်ဖို့အတွက်    နီးစပ်ရာကျွမ်းကျင်သူ မိသားစုဆရာဝန်နဲ့ လိုအပ်သလို ဆောင်ရွက်ခြင်းနည်းနဲ့ အပူကြောင့် လေဖြတ်ခြင်း ဖြစ်မှုနှုန်း၊ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ   ဖြစ်ပေါ်မှုနှုန်းကို ရာနှုန်းပြည့်လျှော့ချပေးနိုင်ဖို့   လိုအပ်ပါ တယ်။

အိုဇုန်းလွှာက   ခရမ်းလွန်ရောင်ခြည် ကမ္ဘာမြေလွှာပေါ်  တိုက်ရိုက်မကျရောက်အောင် တားဆီးပေးတယ်။ အိုဇုန်းလွှာပြီးရင် နီယိုစပီးယားဆိုပြီး ရှိပါတယ်။ လူသားတို့ သက်မဲ့ရုပ်ကြွင်းလောင်စာများ ဖြစ်တဲ့ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တို့ လောင်ကျွမ်းရာကနေ လူသားတို့စီမံ ထားတဲ့လေအေးပေးစက်၊  ရေခဲသေတ္တာ၊ ရင်ကျပ်ရှူဆေး၊  လက်သည်းဖျက်ဆေးစတာတွေက    လေထုထဲပါဝင်မှုများပြီး အိုဇုန်းလွှာပေါက်ပြဲစေပါတယ်။    လူတို့ပြုလုပ်စီမံတဲ့ Chlorofluorocarbon (CFC)  နဲ့ တောမီးလောင်ခြင်း၊ မော်တော်ကား၊ လေယာဉ်ပျံ၊   သင်္ဘောများမှ   သဘာဝ ရုပ်ကြွင်းလောင်စာတွေကနေ CFC ထွက်ရှိ မှုများလာတာနဲ့အမျှ   အိုဇုန်းလွှာပါးပြီး ပေါက်ခြင်း ဖြစ်လာပါတယ်။  အိုဇုန်းလွှာ ပေါက်သွားတာကြောင့်   ခရမ်းလွန်ရောင်ခြည်က မွန်းလွဲ  (၁-၃) နာရီမှာ  အမြင့်ဆုံး ဖြစ်ပေါ်နေတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က    လူသားတို့အပေါ် ကျရောက်ရင် အင်ပျဉ်ထခြင်း၊   အဖုအပိမ့်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ယားယံခြင်း၊ အရေပြား ညိုမည်းစွဲထင်ခြင်း၊    အရေပြားအနာ၊ အရေပြားကင်ဆာ၊ သက်ကြီးပိုင်းမျက်စိ တိမ်စွဲခြင်း ဖြစ်စေနိုင်ပါတယ်။

နေရောင်ထဲ    မဖြစ်မနေထွက်ရမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ၉၉ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့ မျက်မှန်တပ် ဆင်သင့်ပါတယ်။     နေရောင်ကာခရင်မ် လိမ်းသင့်ပါတယ်။  သနပ်ခါးလိမ်းသင့်ပါတယ်။ အသက်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ခံအားနည်းသူများအနေနဲ့ နေ့လယ်ပိုင်းအချိန်တွေမှာ  အိမ်ထဲ  ဒါမှမဟုတ်   အမိုးအကာ‌အောက်၊   သစ်ပင်အောက်၊ အဲကွန်းသုံးအခန်းတွေမှာ အေး အေးလူလူနေသင့်ပါတယ်။ နေ့စဉ် ရေနွေး ကြမ်း ဒါမှမဟုတ် ရေသန့် (၂-၃)  လီတာ သောက်သင့်ပါကြောင်း    ရေးသားလိုက်ရပါတယ်။             ။

Source: https://myawady.net.mm/stories

Photo Crd: City Rewards

 

အိန္ဒိယသည် ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပစ်မှတ်များကို တိုက်ခိုက်

News Image

အိန္ဒိယသည် ဂျမူးနှင့် ကက်ရှ်မီးယားရှိ ပစ်မှတ်များကို တိုက်ခိုက်

အိန္ဒိယတပ်ဖွဲ့များသည် ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ၏ ပါကစ္စတန်ထိန်းချုပ်နယ်မြေအတွင်းရှိ ပစ်မှတ်ကိုးခုကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါသည်။

နယူးဒေလီရှိ အိန္ဒိယအာဏာပိုင်များက အဆိုပါတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်များပေါ်တွင်သာ သီးသန့်လုပ်ဆောင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ကျောက်ကပ်ကျန်းမာရေးအတွက် ရှောင်ရန် ဆောင်ရန် အစားအစာများ

Posted_Date

Image

ကျောက်ကပ်ကျန်းမာရေးအတွက် ရှောင်ရန် ဆောင်ရန် အစားအစာများ

Body

ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသောက်မှုပုံစံ စနစ်မကျခြင်းကြောင့် ရောဂါဝေဒနာအမျိုးမျိုးခံစားနေကြရကာ  ဆန်းသစ်သော ဝေဒနာများအနက် လူတော်တော်များများ ကျောက်ကပ်ပျက်စီးသောရောဂါနှင့် တွေ့ကြုံနေကြရသည်။ ကျောက်ကပ်၏လုပ်ငန်းဆောင်တာမှာ ခန္ဓာကိုယ်ထဲမှ မလိုလားအပ်သော အဆိပ်အတောက်များကိုဖယ်ရှား၍ သွေးကိုသန့်စင်ပေးသည်။ အကယ်၍ ကျောက်ကပ်သည် ၎င်းအလုပ်လုပ်နိုင်သည်ထက်ပို၍ အလုပ်လုပ်ရသည့်အခါ ဖိအားများစွာဖြစ်လာပြီး ကျောက်ကပ်ပျက်စီးလာသည်။

ကျောက်ကပ်ပျက်စီးခြင်းဝေဒနာကို အမျိုးသား၊ အမျိုးသမီးအားလုံး ခံစားရနိုင်သည်။ ဆီးအခြေအနေပြောင်းလဲခြင်း၊ ခက်ခက်ခဲခဲဆီးသွားရခြင်း သို့မဟုတ် ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း၊ ဆီးထဲတွင်သွေးပါခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ခန္ဓာကိုယ်ဖောသွပ်ခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း၊ မူးနောက်၍ အာရုံမစူးစိုက်နိုင်ခြင်း၊     ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊    အရေပြားယားယံ၍   အနီစင်းကြောင်းများပေါ်ခြင်း၊အသက်ရှူရာတွင်  အမိုးနီးယားဓာတ်ငွေ့နံ့ခံစားရခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အသက်ရှူမ၀ခြင်း၊ ခါးဘေးနာကျင်ခြင်းစသည်တို့သည် ကျောက်ကပ်ပျက်စီးသော လက္ခဏာများဖြစ်၍ မပေါ့ဆသင့်ပေ။

သို့ပါ၍   ကျောက်ကပ်ကျန်းမာရေးအတွက် မိမိတို့နေ့စဉ်ဘ၀တွင် ရှောင်ရန်၊ ဆောင်ရန် အစားအစာများကို အောက်ပါအတိုင်း ရေးသား အကြံပြုလိုက်ရပါသည်။

ကျောက်ကပ်ကို ကောင်းကျိုးမပြုသောအစားအစာများ

-  နို့၊ ဒိန်ချဉ်၊ နို့ခဲ စသည့်တိရစ္ဆာန်မှရရှိသော အဆီမထုတ်ထားသည့်  နို့ထွက်ပစ္စည်းများကို လွန်ကဲစွာစားသောက်ပါက  ကျောက်ကပ်ထဲ ကယ်လ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေသည်။

- ဆိုဒီယမ်(အငန်)ဓာတ်က ခန္ဓာကိုယ်ထဲရှိ အရည်များကို မျှတအောင်ထိန်းပေးနိုင်သောကြောင့် ဆားက မရှိမဖြစ်ဆိုသော်လည်း အငန်ဓာတ်ကို လိုအပ်သည်ထက် ပိုမိုစားသုံးမိပါက ခန္ဓာကိုယ်ထဲတွင် ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှုပိုများသဖြင့် အရိုးသန်မာမှုကို လျော့နည်းစေသည့်အပြင် ကျောက်ကပ်တွင် ကျောက်တည်နိုင်ခြေ အလားအလာပိုများလာစေသည်။  ထို့ကြောင့် ဆားကို လျှော့နိုင်သမျှ လျှော့စားပါ။

- အသားစား မကြူးပါနှင့်။ အထူးသဖြင့် အမဲ၊ သိုး၊ ဆိတ်၊ ကြက်ဆင် စသည့် အနီရောင်အသားများ၊ ပင်လယ်ငါးနှင့် ပုစွန်တို့တွင်ပါရှိသော Phosphorus (ခေါ်) မီးစုန်းဓာတ်က ကျောက်ကပ်ကို လုံးဝကောင်းကျိုးမပြုနိုင်ပေ။

-  အရက်အလွန်အကျွံမသောက်ပါနှင့်။ အရက်ထဲတွင်ပါသော အယ်လ်ကိုဟောက အသည်းရောဂါကြောင့် ကျောက်ကပ်ကို သွယ်ဝိုက်သောနည်းဖြင့် ပျက်စီးစေသည်။

-  ရှားစောင်းလက်ပပ်ပင်၏  အနှစ်(ဂျယ်လီ)က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း ယင်းဂျယ်လီကို တစ်ရက်လျှင် ၂၀ စီစီထက် ပိုစားမိပါက ကျောက်ကပ်ပျက်စီးစေနိုင်သည်။

-   ဟင်းနုနယ်ထဲတွင် Oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံမစားသင့်ပေ။

-   Oxalates ဓာတ်ကြွယ်၀သော ဗိုလ်စားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက်တို့က ဆီးကျောက်တည်စေနိုင်၍ သင့်တင့်ရုံသာစားပါ။

-  ဥပမာ- အစားအစာများကို တာရှည်ခံအောင် ပြုပြင်ထားသော သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ စည်သွတ်ဘူးများ၊ ကြက်အူချောင်း၊၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အသင့်စားခေါက်ဆွဲထုပ်၊ကြာဆံထုပ် စသည်တို့က အသည်းနှင့်ကျောက်ကပ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့်  ရံဖန်ရံခါမှသာ  စားသုံးပါ။

- သဘာ၀သစ်သီးဖျော်ရည်မဟုတ်သော အချိုရည်အမျိုးမျိုးနှင့် ဆိုဒါတို့တွင် တာရှည်ခံအောင်၊ အနံ့ကောင်းအောင်နှင့် အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားသဖြင့် အာဟာရမဖြစ်သည့်အပြင် ကျောက်ကပ်ကိုပါ ထိခိုက်နိုင်သည်။

-ထိုနည်းတူ ကာဗွန်ဒိုင်အောက်ဆိုက်ဂက်စ်ထည့်ထားသည့် အဖျော်ယမကာများကလည်း ကျောက်ကပ်ထဲရှိသွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စသည့်ဆိုးကျိုးများဖြစ်စေနိုင်သည်။

-  ကဖိန်းဓာတ်များသော ကော်ဖီနှင့်လက်ဖက်ရည်ကို အလွန်အကျွံသောက်ခြင်းက  ခန္ဓာကိုယ်အနှံ့  သွေးလည်ပတ်စီးဆင်းမှုကို  လှုံ့ဆော်ပေးသောကြောင့် သွေးဖိအားများလာပြီး ကျောက်ကပ်ကို ဖိအားဖြစ်စေသည်။

ကျောက်ကပ်ကို ကောင်းကျိုးပြုသောအစားအစာများ-       

ကြက်ဥ၊ ဘဲဥအကာ(အဖြူရောင်အကာ)ထဲတွင်ပါရှိသော အမိုင်နိုအက်စစ်က ကျောက်ကပ်ကို ကျန်းမာစေသည်။

- ဂေါ်ဖီထုပ်ထဲတွင် ပိုတက်ဆီယမ်ပါ၀င်မှု လွန်စွာနည်းပါးသည့်အပြင် ယင်းထဲရှိ သဘာဝဗီတာမင်များနှင့် အမျှင်ဓာတ်များက ကျောက်ကပ်အတွက် အားဆေးဖြစ်သည်။

-        လူတို့တွင် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ခြင်းက သွေးတိုးရောဂါဖြစ်စေပြီး   ကျောက်ကပ်ကို   သွယ်ဝိုက်သောနည်းဖြင့်  ဘေးဖြစ်စေသည်။ ထို့ကြောင့် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀သည့် အစားအစာများဖြစ်ကြသော အခွံမာသီးအစေ့အဆန်များ၊ မြေထောက်ပဲနှင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းကဲ့သို့ ဟင်းရွက်စိမ်းများကို လုံလောက်စွာစားပေးပါ။

-  အစိမ်းရောင်ငရုတ်ပွထဲတွင် ပိုတက်ဆီယမ်ဓာတ်ပါ၀င်မှု နည်းပါးသည့်အပြင် ယင်းထဲရှိ သဘာ၀ဗီတာမင်နှင့် သတ္တုဓာတ်က ကျောက်ကပ်ကို သန့်စင်ပေးနိုင်သည့်အစွမ်းများရှိသည်။

-        စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ်များကို    ဆီးအဖြစ်ထွက်ရှိလာအောင်   တွန်းအားပေးသောကြောင့် ဆီးရွှင်စေကာ  ကျောက်ကပ်ကျန်းမာစေသည့်အပြင်  ခန္ဓာကိုယ်တွင်း အဆိပ်များကို  သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေသည်။

-  ဘယ်ရီသီးမျိုးနွယ်၀င်များဖြစ်ကြသော စတော်ဘယ်ရီနှင့် Cran-berry (ခေါ်)  အချဉ်အရသာရှိသည့်   ဘယ်ရီသီးအနီရောင်ထဲတွင် ပါရှိသော Hippuric အက်စစ်က ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်သည်။

- ကြိတ်မှန်ရွက်ပဉ္စငါးပါးကို ရေစင်စင်ဆေး၊ အခြောက်လှန်းပြီးသွပ်ပြားပေါ်တင်၍ ပြာချပါ။ ယင်းပြာကို သံဒယ်အိုးတွင်ထည့်၊ ရေနှင့်ဖျော်ပြီး ခန်းခြောက်သွားအောင် အပူပေးခြင်းဖြင့် ရလာသောဆေးကို ကြိတ်မှန်ရွက်ရုက္ခမူဆားဟု  ခေါ်သည်။  ယင်းကို ထမင်းမစားမီ ဆီးကင်းခန့် နေ့စဉ် အချိန်မှန်မှန်စားပါ။

- မည်သည့်ငှက်ပျောပင်၏ အူတိုင်ကိုမဆို ကျောက်ဖရုံသီးဖျော်ရည်လုပ်သောက်ပါက  ကျောက်ကပ်၊  ဆီးအိမ်၊  အမျိုးသားများ ဆီးကျိတ် ဝေဒနာနှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။

- ရွှေဖရုံသီးနှင့်    ရွှေဖရုံစေ့ထဲရှိအဆီက    ကျောက်ကပ်၏စွမ်းဆောင်ရည်ကို တိုးတက်မြင့်မားစေပြီး ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သောအညစ်အကြေးများကို ဆီးအဖြစ်စွန့်ထုတ်ပေးနိုင်၍ ဆီးကျောက်တည်ခြင်းကို မဖြစ်စေတော့ပေ။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက ဆီးကျိတ်ကင်ဆာရောဂါကိုလည်း     ထိထိရောက်ရောက်တားဆီး ကာကွယ်ပေးနိုင်သည်။

- နာနတ်သီးကို  ပန်းသီး သို့မဟုတ် ဖရဲသီးနှင့် တွဲဖက်စားပေးပါက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အငန်ဓာတ်များကို ဖယ်ရှားပေးကာ ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်စေသည်။ ထို့ပြင် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သောကြောင့် ကျောက်ကပ်ကို သန့်စင်စေသည်။

-        အာလူးထဲတွင် မဂ္ဂနီဆီယမ်ဓာတ် မြင့်မားစွာပါရှိနေပြီး ထိုဓာတ်က ကျောက်ကပ်နှင့်တစ်သျှူးများထဲတွင် ကျောက်ကပ်ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိသည်။

-        ကြံရည်က ကျောက်ကပ်ကိုအားပေးပြီး ဆီးချုပ်၊ ဆီးအောင့်ခြင်း မဖြစ်အောင် ကာကွယ်ပေးသည်။

-        ခရမ်းချဉ်သီးကို   အစေ့ဖယ်စားခြင်းက  ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်သည်။

-        မြင်းခွာရွက်ကို   နေ့စဉ်မှန်မှန်စားပေးခြင်းဖြင့်    ကျောက်ကပ်နှင့်ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးကို ကြိုတင်ကာကွယ်ရာရောက်သည်။

ကျောက်ကပ်ကိုသန့်စင်ပေးနိုင်သော သဘာ၀ဖျော်ရည်များ-   Beet Root (ခေါ်) သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံးကလည်း  ကျောက်ကပ်အတွက်   ဆေးတစ်ပါးဖြစ်သည်။  Beet Root ထဲရှိ  Betaine   ဓာတ်တိုးဆန့်ကျင်ပစ္စည်းက  ကျောက်ကပ်အတွင်း ကယ်လ်စီယမ်၊  Phosphorus  ဖြစ်တည်ခြင်းကို      ရှင်းထုတ်ပေးကာ ကျောက်ကပ်ကင်ဆာမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်သည်။  ယင်းအတွက် Beet Root ကို ဖျော်ရည်အဖြစ် တစ်နေ့တစ်ကြိမ် သောက်ပေးသင့်သည်။ Beet Root ကို မြန်မာနိုင်ငံ၏ အေးမြစိုစွတ်သော တောင်ပေါ်ဒေသ   ရှမ်းပြည်နယ်၌   တွေ့ရတတ်သည်။ သွေးနီရောင် သို့မဟုတ် ခရမ်းနီရောင်ဖြစ်ပြီး ဓားဖြင့်လှီးလိုက်သောအခါ သွေးရည်ကြည်ကဲ့သို့ နီနီရဲရဲအရည်ရွှမ်းသည်။   ပုံစံမှာ   ကြက်သွန်နီကဲ့သို့  လုံးဝိုင်း၍   အပေါ်ယံအခွံအထပ်ထပ်ဖြစ်နေကာ    လက်သီးဆုပ်ခန့်အရွယ်အစားဖြစ်သည်။ ဥ၏ထိပ်ပိုင်းတွင် အစိမ်းရင့်ရောင် သို့မဟုတ် စိမ်းညိုရောင်သန်းနေသော    ရိုးတံရှည်နှင့်အတူ  အရွက်ဖားဖားများပါရှိကြသည်။         

-   သံပရိုသီးက   ကျောက်ကပ်ထဲရှိ  ကျောက်များကို  ကြေပျက်စေသည်။ သံလွင်ဆီက ကျောက်ကပ်ထဲရှိ ကျောက်များ၏အရွယ်အစားကို သေးငယ်သွားစေနိုင်သည်။ ပန်းသီးရှလကာရည်(ခေါ်) Apple Cider Vinegar (ACV)က ဆီးကျောက်တည်ခြင်းဝေဒနာကို ကောင်းကျိုးပြုသည်။ သံပရိုသီးအရည် ၁ အောင်စ၊ ရေသန့် ၁၂ အောင်စ၊ ACV လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောစပ်၍  ရလာသောဖျော်ရည်ကို တစ်နေ့တစ်ကြိမ် သောက်သုံးပေးနိုင်သည်။

ဟင်းသီးဟင်းရွက်တစ်မျိုးစီတွင်သဘာဝမှပေးစွမ်းထားသော ကျန်းမာရေးအတွက်   အာနိသင်တစ်မျိုးစီပါရှိနေသည်။  တရုတ်နံနံ၊ ဂေါ်ဖီ၊ သခွားသီး၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကိုက်လန် စသည်တို့က ကျောက်ကပ်အတွက် အထူးဆေးဖက်ဝင်သော ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။ ထို့ကြောင့် ယင်းဟင်းသီးဟင်းရွက်အားလုံးကိုဖြစ်စေ၊ နှစ်မျိုး၊ သုံးမျိုးကိုဖြစ်စေ တစ်ပြိုင်တည်းကြိတ်ခြေကာ ဖျော်ရည်အဖြစ် သောက်သုံးပေးခြင်းဖြင့်  ခန္ဓာကိုယ်ထဲမှ  အဆိပ်အတောက်များကို ဆီး(အရည်)အဖြစ်စွန့်ထုတ်ပေးကာ ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်သည်။

အချုပ်ဆိုရသော် အစာလည်းဆေး၊ ဆေးလည်းအစာဟု ဆိုသော်လည်း တန်ဆေး၊ လွန်ဘေးဖြစ်တတ်၍    မည်သည့်အစားအစာကိုမဆို    သင့်တင့်မျှတစွာစားသုံးကြစေလိုကြောင်းနှင့်   ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

Source: https://myawady.net.mm/stories