မော်စကိုမြို့တွင် ကျင်းပမည့် 9 May Victory Day အောင်ပွဲခံချီတက်ပွဲသို့ ပါဝင်တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များ အရေအတွက်မှာ အယောက် ၃၀ အထိ ရှိလာ
News Image


မော်စကိုမြို့တွင် ကျင်းပမည့် 9 May Victory Day အောင်ပွဲခံချီတက်ပွဲသို့ ပါဝင်တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များအရေအတွက်မှာ အယောက် ၃၀ အထိ ရှိလာပြီဖြစ်ကြောင်း RT သတင်းကဖော်ပြသည်။
ကိုးကား-RT
ပါကစ္စတန်ဝန်ကြီးချုပ်သည် အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူ
News Image

ပါကစ္စတန်ဝန်ကြီးချုပ်သည် အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယ၏ တိုက်ခိုက်မှုများကို “နိုင်ငံသည် အင်အားအပြည့်ဖြင့် တုံ့ပြန် ပိုင်ခွင့်ရှိသည်” ဟုလည်း ပါကစ္စတန်ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ်က အိန္ဒိယ၏ တိုက်ခိုက်မှုသည် “စစ်ကြေညာခြင်း” ဟု သတ်မှတ်ပြောဆိုခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ၎င်းတို့နိုင်ငံရှိ ကျေးရွာ ၅ ရွာကို တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
ကိုးကား - GEO TV
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယနှင့် ပါကစ္စတန်အကြား ဖြစ်ပွားနေသော ပဋိပက္ခကို လျင်မြန်စွာ အဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား
News Image

အိန္ဒိယနှင့် ပါကစ္စတန်အကြား ဖြစ်ပွားနေသော ပဋိပက္ခကို လျင်မြန်စွာ အဆုံးသတ်ရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတသည် တိုက်ခိုက်မှုများစတင်ဖြစ်ပွားကြောင်းကို မီဒီယာ ကိုယ်စားလှယ်များထံမှ ယခုမှပင်သိရှိရကြောင်း ဝန်ခံပြောကြားခဲ့ပါသည်။
“အခုတော့ ဒီကိစ္စတွေအားလုံး အရမ်းမြန်မြန်ဆန်ဆန် ပြီးသွားမည်ဟု မျှော်လင့်ပါသည်” ဟု ၎င်းက မေ ၆ ရက် (အင်္ဂါနေ့)တွင် အိမ်ဖြူတော်၌ သတင်းထောက်များ၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ကိုးကား - Tass