PDF အမည်ခံအကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံထားရသည့် သားအမိ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ပြန်လည်ကယ်တင်နိုင်ခဲ့

News Image

PDF အမည်ခံအကြမ်းဖက်သမားများ၏ ပြန်ပေးဆွဲဖမ်းဆီးခြင်းခံထားရသည့် သားအမိ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ ပြန်လည်ကယ်တင်နိုင်ခဲ့

PDF အမည်ခံအကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီး ချုပ်နှောင်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza or Bird Flu) နှင့် ငှက်ရိုင်းများ၏ အခန်းကဏ္ဍ

Posted_Date

Image

ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza or Bird Flu) နှင့် ငှက်ရိုင်းများ၏ အခန်းကဏ္ဍ

Body

ကြက်ငှက်တုပ်ကွေးရောဂါ (Avian Influenza or Bird Flu)  သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စောင့်ကြည့်နေသော ရောဂါများစွာထဲမှတစ်ခုဖြစ်ပြီး ဗိုင်းရပ်မျိုးကွဲအလိုက် လူသို့ကူးစက်နိုင်သော ပြည်သူ့ကျန်းမာရေးအန္တရာယ် (Pandemic  Risk) ရှိသည့် (က)စာရင်းဝင်ရောဂါဖြစ်သည်။  ကြက်ငှက်တုပ်ကွေး ရောဂါသည် ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ငှက်စသည့် မွေးမြူရေးငှက်များနှင့် အရိုင်းငှက်မျိုးစိတ်များတွင်  အဓိက ဖြစ်ပွားတတ်သော  ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး  အချို့သောဗိုင်းရပ်မျိုးကွဲများ ( ဥပမာ H5N1, H7N9) သည် လူသို့ကူးစက်နိုင်ကာ ပြင်းထန်သောကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။   

ရေတွင်ကျက်စားလေ့ရှိသောငှက်ရိုင်းများ (Water Birds)  နှင့် ကမ်းခြေနေ ငှက်ရိုင်းများ(ShoreBirds)တို့သည် ကြက်ငှက်တုပ်ကွေး (Avian Influenza) ရောဂါပိုးများအား သဘာဝအတိုင်းသယ်ဆောင်နိုင်သည့် လက်ခံကောင်များ (Natural Reservoirs) ဖြစ်သည်။ ထိုငှက်များသည်    ရောဂါလက္ခဏာပြခြင်းမရှိဘဲ ဗိုင်းရပ်ပိုးများကိုသယ်ဆောင်နိုင်ပြီး ဆောင်းခိုငှက်များ (Migratory Birds) အဖြစ် နိုင်ငံအချင်းချင်း    ရွှေ့ပြောင်းသွားလာမှုများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါပျံ့နှံ့မှုကိုဖြစ်စေနိုင်သည်။

ကြက်ငှက်တုပ်ကွေးရောဂါ၏ အကျိုးသက်ရောက်မှုများ

စီးပွားရေးထိခိုက်မှု - ကြက်ငှက်တုပ်ကွေးရောဂါသည် ကြက်မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေနိုင်သည့်အပြင် ရောဂါကူးစက်ခံရသော ကြက်ငှက်များကိုသတ်ပစ်ရသဖြင့် စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်စေသည်။

ပြည်သူ့ကျန်းမာရေး - ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် လူသို့ကူးစက်နိုင်ပြီး အထူးသဖြင့် H5N1 နှင့် H7N9 ဗိုင်းရပ်များသည် အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။

ဂေဟစနစ်ထိခိုက်မှု - ငှက်ရိုင်းများတွင်ရောဂါပြန့်ပွားခြင်းသည် ဂေဟစနစ်ကို များစွာထိခိုက်စေနိုင်သည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ပိုး၏ မျိုးရင်းနှင့်မျိုးစုကြက်ငှက်တုပ်ကွေးကိုဖြစ်စေသော ဗိုင်းရပ်များသည် Orthomyxoviridae မျိုးရင်းတွင်ပါဝင်ပြီး ဤမျိုးရင်းတွင် လူနှင့်အခြားနို့တိုက်သတ္တဝါများတွင်တုပ်ကွေးရောဂါဖြစ်စေသော   ဗိုင်းရပ်များလည်းပါဝင်သည်။ Orthomyxoviridae မျိုးရင်းအတွင်း   ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် Influenza virus A မျိုးစုတွင်ပါဝင်သည်။

ရောဂါဖြစ်စေနိုင်စွမ်းပြင်းထန်သောအမျိုးအစား (HPAI - Highly Pathogenic Avian Influenza)

HPAI ဗိုင်းရပ်များ အထူးသဖြင့် H5 နှင့် H7 အုပ်စုဝင်ဗိုင်းရပ်များသည်   ငှက်များတွင် ပြင်းထန်သောရောဂါလက္ခဏာများနှင့်  သေဆုံးနှုန်းမြင့်မားစေနိုင်သည်။ 

အားပျော့သောအမျိုးအစား (LPAI - Low Pathogenic Avian Influenza) 

LPAI ဗိုင်းရပ်များသည် ကြက်များတွင် ရောဂါလက္ခဏာသိပ်မပြင်းထန်ဘဲ အသက်ရှူလမ်းကြောင်း၊ အစာခြေလမ်းကြောင်း သို့မဟုတ် မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ - ဥဥနှုန်းကျခြင်း) ကိုသာဖြစ်စေနိုင်သည်။

ရောဂါလက္ခဏာမပြသောအမျိုးအစားအချို့အခြေအနေများတွင် ရောဂါလက္ခဏာလုံးဝမပြဘဲ    ဓာတ်ခွဲစစ်ဆေးမှုများဖြင့်သာ   ရောဂါကို ဖော်ထုတ်နိုင်သည်။ 

လူသို့ကူးစက်နိုင်မှုအခြေအနေများ (Zoonotic Potential)

အချို့သော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်ပြီး အသက်အန္တရာယ် ရှိသော ရောဂါများဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် H5N1 နှင့် H7N9 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် လူသို့ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်စေနိုင်ကာ ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်။ ဗိုင်းရပ်များသည် ဗီဇပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လူအချင်းချင်းအလွယ်တကူကူးစက်နိုင်သော ပုံစံသစ်တစ်ခုဖြစ်ပေါ်လာပါက ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ်ပြန့်ပွားနိုင်ပေသည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ မျိုးဗီဇဖွဲ့စည်းပုံကြက်ငှက်တုပ်ကွေးဗိုင်းရပ်များတွင်အပိုင်းရှစ်ပိုင်းပါဝင်သော   negative-sense single-stranded RNA ဗီဇပစ္စည်းပါရှိပြီး ထိုဖွဲ့စည်းပုံသည် ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲနိုင်စွမ်း (High Genetic Variability) ကို   အထောက်အကူဖြစ်စေကာ မတူညီသော ဗိုင်းရပ်မျိုးကွဲများ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုသို့မတူညီသော ဗိုင်းရပ်များပူးတွဲကူးစက်ပါက   ဗီဇအပိုင်းများ ပြန်လည်ပေါင်းစည်းကာ Reassortment ဗိုင်းရပ်အမျိုးအစားအသစ်များဖြစ်ပေါ်နိုင်ပြီး ကပ်ရောဂါအန္တရာယ်ရှိသည်။ Influenza A ဗိုင်းရပ်များကို ၎င်းတို့၏မျက်နှာပြင်ရှိ ဂလိုက်ကိုပရိုတင်းနှစ်မျိုးအပေါ်အခြေခံ၍ Hemagglutinin (H) နှင့် Neuraminidase (N)ဟူ၍ခွဲခြားထားသည်။ HPAI (Highly Pathogenic Avian Influenza) ၏ ထင်ရှား သောမျိုးကွဲများမှာ H5N1, H7N9 စသည်တို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ကြက်မွေးမြူမှုအခြေအနေ မြန်မာနိုင်ငံ၏    ကြက်မွေးမြူခြင်းကဏ္ဍကို တစ်နိုင်တစ်ပိုင်မွေးမြူခြင်းနှင့် စီးပွားဖြစ်မွေးမြူခြင်းဟူ၍ နှစ်ပိုင်းခွဲခြားနိုင်သည်။ ကြက်ကိုမြန်မာနိုင်ငံအနှံ့အပြားမွေးမြူကြပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စုများ၏ ၂၄ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ ကြက်မွေးမြူသည်ကိုတွေ့ရသည်။  မြန်မာနိုင်ငံတွင် ဒေသကြက်ကိုအများဆုံးမွေးမြူကြပြီး စုစုပေါင်းကောင်ရေ ၈၈ ဒသမ ၆ သန်း၏ ၄၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။  တစ်နိုင်တစ်ပိုင် လွှတ်ကျောင်းမွေးမြူရေးကိုကြည့်လျှင်   အိမ်ထောင်စုအလိုက် မွေးမြူထားသော ပျမ်းမျှဒေသကြက်ကောင်ရေမှာ အိမ်ထောင်စုတစ်စုတွင် ၁၅-၂၀ ကောင်ခန့်ရှိသည်။ အသားစားကြက် ၂၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ဥစားကြက် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဒေသဘဲ ၄ ဒသမ ၄၄ ရာခိုင်နှုန်း၊ ဥစားဘဲ ၁ ဒသမ ၇၄ ရာခိုင်နှုန်း၊ ငုံး ၁ ဒသမ ၄၆ ရာခိုင်နှုန်းတို့ဖြစ်ပြီး    အသားစားဘဲ၊ ကြက်ဆင်၊ ဘဲငန်းနှင့် မန်ဒါလီတို့ကို ၁ ရာခိုင်နှုန်းအောက်သာ မွေးမြူကြောင်းတွေ့ရှိရသည်။ (တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအစီရင်ခံစာ ၂၀၂၃ မှ)သဘာဝတောရိုင်းငှက်များအခြေအနေမြန်မာနိုင်ငံတွင် သဘာဝဘေးမဲ့တောနှင့် အမျိုးသားဥယျာဉ် ၃၃ ခုရှိသည်။  ဧရိယာအားဖြင့် ၃၁၈၃ စတုရန်းကီလိုမီတာ(၈၂၄၅ စတုရန်းမိုင်)ရှိသည်။

ပျမ်းမျှ   ၉၇ စတုရန်းကီလိုမီတာတွင်   ၂၅၀ စတုရန်းမိုင် သဘာဝဘေးမဲ့တောတစ်တောရှိသည်။ မြန်မာနိုင်ငံအတွင်း၌တွေ့ရသောကျေးငှက်များတွင် မျိုးတူမျိုးကွဲအားဖြင့်   မှတ်တမ်းတင်ထားသောငှက်မျိုးမှာ  ၁၂၄ဝ ခန့်ရှိသည်။ ယင်းတို့အနက် ငှက်မျိုး ၂ဝဝ ခန့်သည် ဆောင်းရာသီတွင်မှရောက်လာတတ်သည့်ဧည့်သည်ငှက်မျိုးဖြစ်၍ ကျန်ငှက်များကား မြန်မာနိုင်ငံတွင် အမြဲတမ်းနေသောငှက်များဖြစ်၏။ 

သို့သော်လည်း ထိုသို့အမြဲတမ်းနေသောငှက်များထဲတွင်  နိုင်ငံတွင်း၌ တစ်နေရာမှတစ်နေရာသို့လှည့်လည်သွားလာနေထိုင်တတ်သည့် ငှက်မျိုးများလည်းပါဝင်ပေသေးသည်။ မြန်မာနိုင်ငံ၏တည်နေရာသည် တိုတောင်းသည့်နွေရာသီအတွင်း အစာရေစာမရှားပါးလှသော်လည်း ဆောင်းရာသီအတွင်း အခြေအနေများလွန်ကဲပြင်းထန်လှသည့်   အာရှတိုက်မြောက်ပိုင်းနှင့်  အလယ်ပိုင်းရှိ ကုန်းမြေထုကြီး၏  တောင်ဘက်တွင်ရှိနေသည်။ ထို့ကြောင့် ပိုးမွှားနှင့်ဟင်းသီးဟင်းရွက် အစားအစာပေါများရာ  မြန်မာနိုင်ငံအတွင်းသို့ ဆောင်းခိုရန်ငှက်များအုပ်နှင့်ချီ၍ ရောက်လာတတ်သည်။ ထိုသို့လာရောက်ရာတွင် ဇူလိုင်လမှစတင်ကာ တဖြည်းဖြည်းရောက်လာတတ်ပြီးလျှင် စက်တင်ဘာလတွင်ကား အများဆုံးဖြစ်လေသည်။

ငှက်ရိုင်းများနှင့်   ကြက်ငှက်တုပ်ကွေးရောဂါ၏ ဆက်နွှယ်မှုငှက်ရိုင်းများသည်  ကြက်ငှက်တုပ်ကွေးရောဂါပြန့်ပွားမှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်သောကြောင့် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန်အတွက် ငှက်ရိုင်းများကိုစောင့်ကြည့်လေ့လာခြင်းသည် လွန်စွာအရေးကြီးသည်။ ငှက်ရိုင်းများ အထူးသဖြင့် ရေနေငှက်များသည် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်၏ သဘာဝအိမ်ရှင်များ ဖြစ်ပြီး ထိုငှက်ရိုင်းများသည် ဗိုင်းရပ်ကိုသယ်ဆောင်နိုင်ပြီး ရောဂါလက္ခဏာမပြဘဲနေနိုင်သည်။ ရေနေငှက်များ (ရေကြက်၊ စင်ရော်၊ ရေဘဲ၊ ဘဲငန်း) နှင့် ကမ်းခြေနေငှက်များ (ကြိုးကြာ၊ မြစ်တွေး၊ တင်ကျီး၊ ဗျိုင်း) တို့တွင် ပုံမှန်အားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါအပျော့စားဗိုင်းရပ်ပိုးများ ခိုအောင်းလျက်ရှိသည်။ ၎င်းတို့ကျက်စားရာဒေသတွင် မွေးမြူရေးဘဲများနှင့်ရောနှော၍ ဗိုင်းရပ်များမျိုးရိုးဗီဇပြောင်းလဲစေသည်။ ထိုမှတစ်ဆင့် ရောဂါပြင်းထန်သောကြက်ငှက်တုပ်ကွေးရောဂါအသွင်ပြောင်းလဲ၍ မွေးမြူရေးကြက်များအပြင် လူကိုပါကူးစက်၍သေဆုံးနိုင်သည်။

အချို့နိုင်ငံများတွင် ယခင်အခါက လုံးဝဖြစ်ပွားခဲ့ဖူးခြင်းမရှိသေးသည့် ကြက်ငှက်တုပ်ကွေးရောဂါမှာ ယခုအခါတွင်   ဆောင်းခိုငှက်များကြောင့် ရောဂါကူးစက်ဖြစ်ပွားကြောင်းတွေ့ရှိရသည် (ဥပမာ - အိုက်စလန်၊ ဖင်လန်၊ နော်ဝေ၊ ကနေဒါ၏ အချို့ဒေသများ)။ ဆောင်းခိုငှက်များ မြန်မာနိုင်ငံသို့လာရောက်ရာတွင် မြန်မာနိုင်ငံရှိ အထင်ကရတည်ရှိသော အင်းအိုင်ကြီးများတွင် နေထိုင်ကျက်စားကြပြီး အချို့မှာ ခေတ္တ နားနေကြပြီးနောက်တောင်ဘက်နိုင်ငံများသို့ ဆက်လက်ပျံသန်းပြီး အချို့မှာ ဆောင်းရာသီကုန်ဆုံး သည်အထိ  မြန်မာနိုင်ငံတွင်ပင်နေထိုင်ကြသည်။

ဆောင်းခိုငှက်များ ရာသီအလိုက်ရွှေ့ပြောင်းသွားလာသည့်အခါတွင်   ကြက်ငှက်တုပ်ကွေးဗိုင်းရပ်ကို တစ်နေရာမှတစ်နေရာသို့  သယ်ဆောင်သွားနိုင်ခြင်းသည် ရောဂါပျံ့နှံ့မှုကိုအားပေးသည့် အဓိကအချက် တစ်ခုဖြစ်သည်။ သစ်တောဦးစီးဌာန၏စာရင်းများအရ ဆောင်းခိုငှက်များလာရောက်တတ်သော အင်းအိုင်၊ ဆည်မြောင်းနှင့် မြစ်များ၏စာရင်းအရ ၈၈ ခုရှိပြီး အထူးသဖြင့် ၎င်းတို့အနက်  ၁၂ ခုမှာ ဆောင်းခိုငှက်များကြောင့် ပိုမိုထင်ရှားကြောင်းသိရှိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားရန်အန္တရာယ်ရှိသောဒေသများ

H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် ငှက်မျိုးစိတ် ၇၅ မျိုးကျော်   (ငှက်မျိုးစဉ် ၁၀ ခုအတွင်း) တွင် တွေ့ရှိရသော်လည်း ရေတိမ်ဒေသ (သို့) ရေနေငှက်မျိုးစိတ်များတွင် အဓိကအဖြစ်များသည်။ H5N1ကူးစက်ခံရသော အရိုင်းငှက်များ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ရေတိမ်ဒေသငှက်များဖြစ်ပြီး  သေဆုံးမှုနှုန်းမြင့်မားသည်။

ရေတိမ်ဒေသဆိုသည်မှာ   ရေချိုနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အနည်းဆုံးကာလအတိုင်းအတာတစ်ခုအထိ ရေလွှမ်းမိုးနေသော မြေနေရာများကိုဆိုလိုသည်။ သို့သော် ရေတိမ်ဒေသများသည် မြေဆီလွှာအမျိုးအစား၊ ဆားငန်ဓာတ်၊ ရေလွှမ်းမှု အကြိမ်ရေနှင့် သစ်ပင်ပန်းမန်များအပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသည်။ သဘာဝရေတိမ်ဒေသများ ဆုံးရှုံးလာခြင်းနှင့်အတူ   လူသားတို့ဖန်တီးထားသော ရေတိမ်ဒေသများ (ဥပမာ-ရေလှောင်ကန်၊ ဆားအိုင်များ၊ စပါးစိုက်ခင်းများ၊ မွေးမြူရေးကန်များ)သည်လည်း ငှက်များ၏   အဓိကနေထိုင်ရာနေရာများ ဖြစ်လာသည်။   သဘာဝရေတိမ်ဒေသများဆုံးရှုံးလာ ခြင်းနှင့်  စပါးစိုက်ခင်းများပြောင်းလဲခြင်းတို့ကြောင့် ရေငှက်များသည် နေရာကျဉ်းကျဉ်းတွင် ပိုမိုစုဝေးလာရသည်။  ဤသို့သိပ်သည်းစွာစုဝေးမှုသည် H5N1 အပါအဝင် ဗိုင်းရပ်များကူးစက်မှုအန္တရာယ်ကိုမြင့်တက်စေသည်။ မွေးမြူရေးကြက်များ သိပ်သည်းစွာမွေးမြူထားသောဒေသများနှင့်  အင်းအိုင်ချောင်းမြောင်းဒေသများ (ငှက်ရိုင်းနှင့် မွေးမြူရေးကြက်များ  အလွယ်တကူရောယှက်နိုင်သည့်ဒေသများ)တွင်လည်း ကြက်ငှက်တုပ်ကွေးရောဂါဗိုင်းရပ်များ  အလွယ်တကူကူးစက်နိုင်သည်။

ကြက်ငှက်တုပ်ကွေးရောဂါပိုးသယ်ဆောင်နိုင်သောငှက်များရေဝမ်းဘဲ၊  တစီးမှုတ်၊  ဆက်ရက်၊  တင်ကျီး၊ အော်ရော၊ ငန်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ဘဲငန်း၊ ငှက်ကျား၊ ဘဲကျား၊ ဘဲတောင်ကျား၊ ခရုစုတ်၊ ဘဲရစ်၊ ရေကြက်ဒုံ၊ သင်္ဘောရေကြက်၊ စင်ရော်ခေါင်းမည်း၊ စွန်၊ လင်းတ၊ သိမ်းငှက်တို့ဖြစ်သည်။

ငှက်ရိုင်းများတွင်တွေ့ရှိရသော ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများ

•        ရုတ်တရက်သေဆုံးခြင်း။

•        ဝမ်းကျဲကျဲသွားခြင်း။

•        နှာချေခြင်း။

•        အကြောင်းတစ်စုံတစ်ရာမရှိဘဲပိန်ချုံးနေခြင်း။

•        ကိုယ်ခန္ဓာအရေပြားအောက်တွင် သွေးယိုစီးမှုများဖြစ်ပေါ်ခြင်း။

•        ပါးစပ်၊ နှာခေါင်း၊ နားရွက်နှင့် စအိုဝများမှအရည်များယိုစီးနေခြင်း။

•        ဦးခေါင်းရောင်ရမ်းခြင်း။ (မျက်စိအပါအဝင်)

•        အတောင်ပြန့်ကားနေခြင်း၊ သွေးယိုစီးခြင်း။

•        အမူအကျင့်ပုံမှန်မဟုတ်ခြင်း။ (မတ်တတ် မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းနှင့် မပျံသန်းနိုင်ခြင်း)

•        ငှက်ရိုင်းများ  အစုလိုက်အပြုံလိုက်နှင့်တစ်စုစီသေဆုံးခြင်း။  

အထက်ဖော်ပြပါလက္ခဏာများကိုတွေ့ရှိရပါက သက်ဆိုင်ရာမွေးမြူရေးနှင့်  ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန်လိုအပ်သည်။

ငှက်ရိုင်းများမှတစ်ဆင့်   ကြက်ငှက်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် သတိပြုရမည့်အချက်များ

•        ငှက်ရိုင်းများကျက်စားသော   ဒေသဝန်းကျင်တွင် မွေးမြူရေးဘဲနှင့်ကြက်များ မမွေးမြူစေခြင်း။

•        ငှက်ရိုင်းများကျက်စားသောဒေသတွင်းရှိ ရေကန်များမှရေကို မွေးမြူရေးကြက်များ အား မတိုက်ကျွေးစေခြင်း။

•        ငှက်ရိုင်းနှင့်မွေးမြူရေးကြက်များ ထိတွေ့မှု          မရှိစေခြင်း။

•        ကြက်မွေးမြူရေးခြံမှ ထွက်ရှိလာသော အညစ်အကြေးများကို ငှက်ရိုင်းများကျက်စားရာရေအိုင်များသို့ မစွန့်ပစ်ရခြင်း။

•        ငှက်ရိုင်းများကို စိုက်ပျိုးရေးဒေသများ သို့မဝင်ရောက်စေခြင်း။

•        ကြက်၊ ဘဲမွေးမြူရေးသမားများအနေနှင့် ကြက်ငှက်တုပ်ကွေးရောဂါကို ငှက်ရိုင်းများမှ မကူးစက်နိုင်စေရန် ကျန်းမာသန့်ရှင်းမှုနှင့်  ဇီဝလုံခြုံရေးဆိုင်ရာအဆင့်အတန်းများကို ခြံများတွင် မြှင့်တင်ထားရှိရမည့်အပြင် ကြက်နှင့်ဘဲများ သယ်ဆောင်ရာတွင် ဘေးကင်းလုံခြုံမှုကိုဂရုပြုရမည်။

•        ငှက်ရိုင်းများ  ကျက်စားသောနေရာနှင့် နားနေသောနေရာများမှ  ကြက်၊  ဘဲလွှတ်ကျောင်းခြင်းကိုရှောင်ကွင်းရမည်။

•        လွှတ်ကျောင်းစနစ်ဖြင့်မွေးမြူထားသော ဒေသကြက်များကို ခြံလှောင်စနစ်ဖြင့်

          မွေးမြူရန်  လူထုပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း။

•        ရောဂါစမ်းသပ်ရန်အတွက် သေနေသောငှက်ရိုင်းနှင့် နာနေသောငှက်ရိုင်းများကိုယူဆောင်၍ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ပေးပို့ခြင်း။

အချုပ်အားဖြင့်ဆိုသော်   ကြက်ငှက်တုပ်ကွေးရောဂါသည် တိရစ္ဆာန်များအကြား ကူးစက်မှုမြင့်မားပြီး လူသားများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် သတိထားကာကွယ်ရန် အရေးကြီးသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ကြက်မွေးမြူရေးလုပ်ငန်းများနှင့် ဂေဟစနစ်အတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ငှက်ရိုင်းများ (Wild Birds) သည် ဤရောဂါပျံ့နှံ့မှုတွင် အဓိကသယ်ဆောင်သူများအဖြစ်ပါဝင်နေသည်။ ထို့ကြောင့် ငှက်ရိုင်းများ၏အခန်းကဏ္ဍကိုနားလည်ခြင်းသည် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် အရေးကြီးသည်။ H5N1၊ H7N9 အပါအဝင် အချို့သောကြက်ငှက်တုပ်ကွေးဗိုင်းရပ်များသည် ငှက်ရိုင်းများ၏ သဘာဝကျက်စားရာဒေသမှတစ်ဆင့် မွေးမြူရေးကြက်များသို့ကူးစက် ပျံ့နှံ့ကာ လူသားများအတွက်ပါ ကြီးမားသောကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သည်။ ငှက်ရိုင်းများသည် ဂေဟစနစ်၏ အရေးပါသောအစိတ်အပိုင်းဖြစ်သော်လည်း ၎င်းတို့မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ထိရောက်စွာစီမံခန့်ခွဲရန်အရေးကြီးသည်။  ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိနိုင်ငံအချို့တွင် အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ (HPAI) ဖြစ်ပွားမှုအသစ်များရှိခဲ့ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)၊  စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) သို့ သတင်းပို့ခဲ့သည်ကို  လေ့လာတွေ့ရှိရသည်။  အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်တွင် ကြက်ငှက်တုပ်ကွေး(HPAI) ရောဂါကူးစက်မှုများဖြစ်ပွားနေသဖြင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် သတိထားကြိုတင်ကာကွယ်ရန်လိုအပ်သည်။

ဤဖြစ်စဉ်များသည် ကြက်မွေးမြူရေးလုပ်ငန်းအတွက် ကြုံတွေ့နေရဆဲဖြစ်သော ကြီးမားသည့် ခြိမ်းခြောက်မှုများကို ထင်ဟပ်ပြနေပြီး ပိုမိုထိရောက် သောကြိုတင်စောင့်ကြည့်ရေးစနစ်များနှင့် ဇီဝလုံခြုံရေးဆိုင်ရာ ကာကွယ်မှုများချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်းသတိပေးနေသည်။  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ကြက်ငှက်တုပ်ကွေးရောဂါထိန်းချုပ်ရေးအား အမျိုးသားအဆင့်ငှက်ရိုင်းဆိုင်ရာ  စူးစမ်းလေ့လာရေး (Wild Bird Surveillance) အပါအဝင် မွေးမြူရေးခြံများတွင် ကာကွယ်ထိန်းချုပ်ခြင်း၊ ဇီဝလုံခြုံရေးစည်းမျဉ်းများအားချမှတ်ခြင်း၊  ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအစီအမံများကိုမွမ်းမံခြင်း၊ ပြည်သူလူထုအား ကြက်ငှက်တုပ်ကွေးရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများဖြင့်ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံများမှကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ၏  ခြိမ်းခြောက်မှုကို သိသာစွာလျှော့ချနိုင်မည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ၏စီးပွားရေး၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ပြည်သူလူထုကျန်းမာရေးကို  ကာကွယ်နိုင် မည်ဖြစ်ကြောင်းနှင့်  ပြည်သူလူထုအနေဖြင့်လည်း ကြက်ငှက်တုပ်ကွေးရောဂါဆိုင်ရာ သတိပြုကာကွယ်မှုများပြုလုပ်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။   ။ 

Source: https://myawady.net.mm/stories

        

အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်ပေးကြပါစို့

Posted_Date

Image

အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်ပေးကြပါစို့

Body

နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည်။  ကာယ၊  ဉာဏ အလုပ်သမားကြီးများ၏    စွမ်းဆောင်မှုကို အသိအမှတ်ပြုရန် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ နေ့စဉ် ၈ နာရီအလုပ်လုပ်ရန်၊  ၈  နာရီအပန်းဖြေရန်နှင့် ၈ နာရီအနားယူခွင့်ရရှိရန်တောင်းဆိုသည့် အလုပ်သမားသမဂ္ဂများ၏ လှုပ်ရှားမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့တွင် ရုံးပိတ်ပေးထားသဖြင့် ကမ္ဘာတစ်ဝန်းရှိ  ကာယ၊ ဉာဏ အလုပ်သမားကြီးများသည် မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရရှိကြမည်ဖြစ်သည်။

တောင်းဆိုခဲ့ရ      

လွန်ခဲ့သော ၁၈ ရာစုက ဝိသမလောဘသမားအလုပ်ရှင်များသည် အလုပ်သမားများကို တစ်နေ့လျှင် ၁၆ နာရီမှ   နာရီ  ၂၀  ခန့်  ခိုင်းစေခဲ့ကြသည်။ အလုပ်သမားများသည်   နေ့စဉ် နာရီပေါင်းများစွာ လုပ်ကိုင်ကြရသော်လည်း  ထိုက်တန်သော လုပ်ခလစာမရရှိခဲ့ချေ။ ထို့ကြောင့် အလုပ်သမားများ၏ လူနေမှုအဆင့်အတန်းသည်   နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိရေးအတွက် တောင်းဆိုခဲ့ကြသည်။

၁၈၂၀ ပြည့်နှစ်မှ  ၁၈၄၀   ပြည့်နှစ်ကာလအတွင်း အလုပ်သမားခေါင်းဆောင်များသည်   အလုပ်ချိန် လျှော့ချရေးအတွက် စဉ်ဆက်မပြတ်တောင်းဆိုခဲ့ကြသည်။  သို့သော် အလုပ်ရှင်များသည်  အလွယ်တကူ လိုက်လျောပေးခဲ့ခြင်းမရှိချေ။ အလုပ်ချိန်လျှော့ပေါ့ရေးအတွက်  တောင်းဆိုသူများကို ဖမ်းဆီးမှုများရှိခဲ့သည်။ အလုပ်သမားတို့၏တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့်ဩစတြေးလျတိုက်သို့ပင် ပျံ့နှံ့ လာခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ချီကာဂိုမြို့၌ပြုလုပ်သည့် အမေရိကန်အလုပ်သမားများအဖွဲ့က တစ်နေ့လျှင်  အလုပ်ချိန်  ၈  နာရီသာ သတ်မှတ်ပေးရန်တောင်းဆိုခဲ့သည်။

ထိုသို့တောင်းဆိုမှုများကြောင့် ၁၈၈၉ ခုနှစ် မေလ ၁ ရက်ကို  အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်မှစတင်၍ နှစ်စဉ်မေလ ၁ ရက်တွင် ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း အလုပ်သမားနေ့အခမ်းအနားကို   နှစ်စဉ်ကျင်းပလျက်ရှိသည်။  အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် တရားဝင်ရုံးပိတ်ပေးထားသည်။ ထိုနေ့တွင် ကာယ၊ ဉာဏ လုပ်သားကြီးများသည်  လုပ်ငန်းခွင်ဝင်ရန်မလိုဘဲ အနားရသော်လည်း လုပ်ခလစာအပြည့်အဝရရှိကြသည်။ လက်ရှိအချိန်တွင် အလုပ်သမားများသည် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိနေကြပြီ ဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။

ဖွဲ့စည်းထားရှိ       

အလုပ်သမားများကို တန်ဖိုးထားသောအားဖြင့် ၁၉၁၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) ကိုဖွဲ့စည်းခဲ့သည်။  ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလုပ်သမားတို့၏ဘဝနှင့်  လုပ်ငန်းခွင်တိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့သို့ဝင်ရောက်ခဲ့သည်။

ILO ၏ရည်ရွယ်ချက်သည် အလုပ်သမားတို့၏ အလုပ်ချိန်သတ်မှတ်မှု၊ အလုပ်သမားရရှိရေးနှင့် အလုပ်လက်မဲ့ မပေါ်ပေါက်ရေး၊ အလျဉ်မီလစာနှုန်းထားသတ်မှတ်ရေး၊ လုပ်ငန်းခွင်ကြောင့် ရောဂါအနာတရမဖြစ်ပွားရေး၊ ကလေးသူငယ်များကို အလုပ်သမားအဖြစ်စေခိုင်းခြင်းမှအကာအကွယ်ပေးရေး၊ လူငယ်အလုပ်သမား၊ အမျိုးသမီးအလုပ်သမားများအား အကာအကွယ်ပေးရေး၊ သက်ကြီးထောက်ပံ့ကြေးနှင့် အနာတရဖြစ်သူ ထောက်ပံ့ကြေးပေးရေး၊ တိုင်းတစ်ပါး၌အလုပ်လုပ်ရသူများအတွက် အကာအကွယ်ပေးရေး၊ အလုပ်တူလုပ်ရလျှင် လုပ်ခတူရရေး၊ အလုပ်သမားအသင်းအဖွဲ့များ    လွတ်လပ်စွာဖွဲ့စည်းခွင့်ရရေး၊   အလုပ်ခွင်သင်တန်းများနှင့် နည်းပညာသင်တန်းများပေးရေးတို့ပင်ဖြစ်သည်။

ကာယ၊ ဉာဏလုပ်သားကြီးများ

စင်စစ်အားဖြင့်  ကာယ၊  ဉာဏလုပ်သားကြီးများသည်  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဖော်ဆောင်ရာတွင်  အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ထိုအလုပ်သမားကြီးများကို အတန်းအစားနှစ်မျိုးခွဲခြားနိုင်ပေသည်။

အတတ်ပညာတစ်ခုခုဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသော(White Collar Worker) ဉာဏလုပ်သားနှင့် ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ရုန်းကန်နေကြရသော(Blue Collar Worker) ကာယလုပ်သားတို့ဖြစ်ကြသည်။ လူတိုင်းသည် ဉာဏလုပ်သားအဖြစ်သာအသက်မွေးလိုကြသည်။ သို့သော် ဘဝပေးအခြေအနေအရ လှေထိုး၊ လွှတိုက်၊ ကုန်ထမ်း၊ လယ်ထွန်နေရသော   ကာယလုပ်သားများစွာလည်းရှိနေသည်။ 

မည်သို့ပင်ဆိုစေကာမူ လူသားတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်ထားရှိသည့် စေတနာအင်အားအပေါ်မူတည်၍ ဆင်းရဲ၊ ချမ်းသာကွာဟသွားကြသည်။

အလေးထားဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားမှု၊ ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားမှုတို့အပေါ် တည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ကာယအား၊ ဉာဏအားဖြင့် အရည်အသွေးကောင်းမွန်သည့်ထုတ်ကုန်များကို ဖန်တီးဖော်ဆောင်လျက်ရှိသော အလုပ်သမားအင်အားထုကြီးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အလုပ်သမားများအကျိုးခံစားခွင့်များရရှိစေရေးနှင့်  လုပ်ငန်းခွင်အေးချမ်းသာယာရေး၊    အလုပ်ရှင်နှင့်အလုပ်သမားများအကြား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေရေးတို့အတွက် အထူး အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။

အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့်အလုပ်သမားတို့ကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများ စနစ်တကျနှင့်လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊   လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးအပါအဝင် အခြားအကျိုးခံစားခွင့်များ ရရှိနိုင်ရန်တို့အတွက် မြန်မာနိုင်ငံသည်  အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံး ဆောင်ရွက်ခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်ကို လက်ခံကျင့်သုံးလျက်ရှိသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဥပဒေအရ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားအဖွဲ့အစည်း ၃ဝ၁၇ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့ကိုလည်းဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော  အလုပ်သမားကလေးများ၏  လူမှုဘဝ လုံခြုံရေးနှင့်   ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မေလ ၁ ရက်အထိ အလုပ်သမားဆေးရုံကြီးသုံးခု၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း ၆၄ ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးတို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင်  အလုပ်သမားကြီးများ  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေးအတွက်    ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှစတင်၍ အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက်(ASEAN Occupational Safety and Health Network- ASEAN-OSHNET)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်

အမှန်တော့ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ အလုပ်သမားများအရေးကိုအထူးအလေးထားကာ အလုပ်သမားများအခွင့်အရေးအပြည့်အဝရရှိရေးကိုဆောင်ရွက်ပေးလျက်ရှိသည်။ အရည်အချင်းပြည့်ဝသော  လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ  ပိုမိုဖန်တီးပေးနိုင်ရေး တို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ    အလုပ်ရှင်၊     အလုပ်သမားများအကြား ဖြစ်ပွားသော  အငြင်းပွားမှုများကို တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို  မျှတမှန်ကန်စွာနှင့်  မြန်ဆန်စွာရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။  တစ်ချိန်တည်းမှာပင်  အလုပ်သမားများအတွက် အနည်းဆုံးလုပ်ခလစာသတ်မှတ်နိုင်ခဲ့ပြီး အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။

အလားတူ ပြည်ပရောက်အလုပ်သမားများအရေးနှင့်စပ်လျဉ်း၍လည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ  ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ခွင့်ပြု၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိသည်။

အထူးသဖြင့် ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့်  ဒုက္ခကြုံတွေ့နေရသူများကို သက်ဆိုင်ရာသံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။

အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်ပေးကြပါစို့

လက်ရှိအချိန်တွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ဘွဲ့ရပညာတတ်လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

နှစ်စဉ် မေလ ၁ ရက်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကြီးဖြစ်သည်။ ထိုနေ့သည် ကမ္ဘာ့နိုင်ငံတိုင်း အတွက် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ 

ကာယ၊   ဉာဏလုပ်သားကြီးများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။  ထို့ကြောင့် ကျေးဇူးရှင်အလုပ်သမားကြီးများ၏  လူမှုဘဝဖူလုံရေးအာမခံချက်ရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိပေသည်။ 

ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့်ပါဝင်ထမ်းဆောင်နိုင်ကြရန်လည်း အားထုတ်ကြိုးပမ်း လျက်ရှိသည်။  ထို့ကြောင့်  နိုင်ငံတော်အစိုးရနှင့် အလုပ်ရှင်များသည် ကာယ၊ ဉာဏလုပ်သားကြီးများ၏   လူမှုစီးပွားဘဝ မြင့်မားလာပြီး   တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် အလုပ်သမားကြီးများအရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း  တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

 

 

အိန္ဒုမြစ်ရေကို ဖြတ်တောက်ပိတ်ဆို့လိုက်ပါက ပါကစ္စတန်၏ စိုက်ပျိုးရေး ၈၀ % ခန့်ရပ်သွားမည်

News Image

အိန္ဒုမြစ်ရေကို ဖြတ်တောက်ပိတ်ဆို့လိုက်ပါက ပါကစ္စတန်၏ စိုက်ပျိုးရေး ၈၀ % ခန့်ရပ်သွားမည်

အိန္ဒိယသည် ၎င်း၏ ပိုင်နက်မှ အိမ်နီးချင်း ပါကစ္စတန်သို့ စီးဆင်းနေသည့် ရေပေးဝေမှုကို ကန့်သတ်ရန် စတင်နေပြီဖြစ်ပြီး အလားတူအစီအမံများ ရှိလာမည်ဟု PTI သတင်းအေဂျင်စီက အမည်မဖော်လိုသည့် သတင်းရင်းမြစ် ကိုကိုးကားပြီး ဖော်ပြခဲ့ပါသည်။

နယူးဒေလီအစိုးရက အစ္စလာမာဘတ်အစိုးသည် နယ်စပ်ဖြတ်ကျော် စစ်သွေးကြွများ၏ ကျုးကျော်မှုများကို ကူညီပေးနေကြောင်းစွပ်စွဲကာ အဓိကရေခွဲဝေမှု အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေး စာချုပ်ကို မကြာမီက ဆိုင်းငံ့လိုက်ပါသည်။ အစ္စလာမာဘတ်က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားပါသည်။