အိန္ဒိယ၏ တတိယမြောက် လေယာဉ်ကို ကက်ရှ်မီးယားဒေသ၊ အဝန်တီပူရ် မြို့အနီးတွင် ပစ်ချ
News Image

အိန္ဒိယ၏ တတိယမြောက် လေယာဉ်ကို ကက်ရှ်မီးယားဒေသ၊ အဝန်တီပူရ် မြို့အနီးတွင် ပစ်ချခဲ့ကြောင်း ပါကစ္စတန် မီဒီယာများက ဖော်ပြထားပါသည်။
ကိုးကား-ပါကစ္စတန် မီဒီယာ
အိန္ဒိယ၏ တတိယမြောက် လေယာဉ်ကို ကက်ရှ်မီးယားဒေသ၊ အဝန်တီပူရ် မြို့အနီးတွင် ပစ်ချခဲ့ကြောင်း ပါကစ္စတန် မီဒီယာများက ဖော်ပြထားပါသည်။
ကိုးကား-ပါကစ္စတန် မီဒီယာ
စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ၌မှီတင်းနေထိုင်ကြသည့် ကျေးလက်လူထု၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖူလုံရေးအတွက် များစွာအရေးပါသည်။ စိုက်ပျိုးရေးကဏ္ဍ အရေးပါသည့် အလျောက် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအနက် ပြည်ပဝင်ငွေများစွာရရှိသည့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးမှာလည်း အဓိကအခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေသည်။ စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့မှုရှိသည်။
ပဲမျိုးစုံတင်ပို့မှုအနေဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဦးဆောင်နိုင်ငံဖြစ်ပြီး ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့တတိယတင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည်။ ပဲမျိုးစုံသီးနှံများအနက် ပဲစင်းငုံသီးနှံသည် အယ်နီညိုကျရောက်ခြင်းကဲ့သို့သော မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရည်ရှိခြင်း၊ အမြစ်ဆင်းအား ကောင်းမွန်ခြင်းကြောင့် ရေစုပ်ယူမှုအားကောင်းခြင်း၊ ငယ်စဉ်တွင် အပင်ဖြစ်ထွန်းမှုနှေးခြင်းကြာင့် သီးညှပ်စိုက်ပျိုးရန် အလွန်ကောင်းမွန်ခြင်း စသည့် အားသာချက်များစွာ ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အပူပိုင်း ခြောက်သွေ့ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။
ပဲစင်းငုံ၏မူရင်းဒေသမှာ အပူပိုင်းအာဖရိက၊ ဇန်ဇီဘာမှ ဂီးနီးဒေသများထိဖြစ်မည်ဟုယူဆကြပြီး ဘီစီ ၂၂၀၀ မှ ၂၄၀၀ ကြား အီဂျစ်ရှိ သင်္ချိုင်းဂူများတွင် ပဲစင်းငုံဆိုင်ရာယဉ်ကျေးမှုအကြွင်းအကျန်များ တွေ့ရှိခဲ့ကြကြောင်း လေ့လာသိရှိရသည်။
ပဲစင်းငုံသည် နှစ်ရှည်ချုံပင်မျိုးဖြစ်သော်လည်း တစ်ရာသီ သီးနှံအမျိုးအစားဖြစ်သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံတို့တွင် အဓိက သီးနှံတစ်ခုအဖြစ် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း နှစ်စဉ်စိုက်ပျိုးလေ့ရှိကြသည်။ ပဲစင်းငုံကို ကုလားပဲနီ၊ ကွန်ဂိုပဲစေ့၊ မျက်ကန်းပဲ၊ ခါးဒီရို၊ အပူပိုင်းပဲစိမ်းဟု လူသိများကြပြီး အပူပိုင်းနှင့် သမပိုင်းတို့တွင် ပေါက်ရောက်သော ပဲမျိုးရင်းဝင်တစ်ခုဖြစ်သည်။ လူသားတို့အတွက် အစားအစာအဖြစ်သာမက တိရစ္ဆာန်အစားအစာနှင့် သဘာဝသစ်စိမ်းမြေဩဇာများအဖြစ်လည်း အသုံးပြုကြသည်။ ကမ္ဘာပေါ်တွင် ပဲစင်းငုံကို နိုင်ငံပေါင်း ၈၂ နိုင်ငံခန့် စိုက်ပျိုးထုတ်လုပ်ကြပြီး အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုဧရိယာ၏ ၇၂ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိသည်။
ပဲစင်းငုံတွင် သိုင်ရမင်း၊ ရွိုင်ဘိုဖလေဘင်၊ နီယစင်း၊ ဗီတာမင် ဘီ-၆၊ ဖောလိတ်၊ ဗီတာမင်အေ၊ကယ်စီယမ်၊ သံ၊ မဂ္ဂနီစီယမ်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်တို့များစွာပါဝင်ခြင်းကြောင့် ပဲစင်းငုံ စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကိုထိန်းပေးခြင်း၊ သွေးအားနည်းခြင်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်းကိုကုသခြင်း၊ ကိုယ်အလေးချိန်လျော့စေရန်ကူညီပေးခြင်း၊ ကိုယ်ခံစွမ်းအားကိုမြှင့်တင် ပေးခြင်း၊ နှလုံးကျန်းမာရေးနှင့် အစာချေဖျက်အားစနစ်တို့ကိုလည်းကောင်းမွန်ခြင်း စသည့်အကျိုး ကျေးဇူးများစွာရရှိသည်။ အထူးသဖြင့် ပဲစင်းငုံတွင် အဓိကအများဆုံးပါရှိသည့် ပိုတက်စီယမ်သတ္တုဓာတ်သည် ခန္ဓာကိုယ်ထဲတွင်ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးနိုင်စွမ်းရှိခြင်းကြောင့် သွေးတိုးရောဂါရှိနေသောသူများအနေဖြင့် နေ့စဉ်စားသုံး ပေးသင့်သည်။
ပဲစင်းငုံစိုက်ပျိုးခြင်းအတွက် အသင့်လျော်ဆုံးအပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းပါက အပင်ကြီးထွားမှုကို နှေးကွေးစေသည်။ အပင်သက်တမ်း တစ်လျှောက် နှင်းခါးရိုက်မှုနှင့် ရေဝပ်ခြင်းဒဏ်ခံနိုင်ရည်မရှိပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀၀ အထိစိုက်ပျိုးနိုင်ပြီး မိုးရေချိန် ၁၀၀ လက်မအထက် ရွာသွန်းသည့်ဒေသများတွင် ရေဝပ်မှုမရှိပါက ကောင်းစွာစိုက်ပျိုးနိုင်သည်။ ပဲစင်းငုံသည် နေ့တာတိုပင်ဖြစ်၍ စိုက်ပျိုးချိန်တွင် အပင်ကြီးထွားမှုနှင့် အပင်အမြင့်အတွက် အဓိကအရေးကြီးသည်။ ပန်းပွင့်ချိန်တွင် မိုးမိခြင်း၊ အပူချိန်မြင့်မားခြင်း စသည့်အခြေအနေများမှ လွတ်ကင်းအောင်စိုက်ပျိုးရန် လိုအပ်သည်။
ပန်းပွင့်ရန် နေ့တာတို လိုအပ်သည်။ အပူချိန် ၂၀-၃၀ ဒီဂရီစင်တီဂရိတ်ရှိပါက နေ့တာရှည်သော်လည်း ပန်းပွင့်ရက်စောနိုင်သည်။ ပူလွန်း၍ ပန်းပွင့်စောလျှင် အဆန်မတည်ခြင်းဖြစ်တတ်၍ ဒေသမျိုးများကို မိုးဦး ကာလတွင်စိုက်ပျိုးသင့်သည်။ ပဲစင်းငုံသီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်ဆိုသော်လည်း ပန်းပွင့်ချိန်တွင် မိုးမိခြင်းနှင့် အပူချိန်မြင့်ခြင်းတို့မှ ကင်းဝေးရန်လိုအပ်သည်။ ဒေသမျိုးများကို မိုးဦးကာလဖြစ်သည့် မေလလယ်မှ ဩဂုတ်လထိ စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းသည်။ မြေအမျိုးအစား ရွေးချယ်မှုမရှိခြင်းကြောင့် သဲသမမြေမှ ရွှံ့စေးသမမြေအထိ စိုက်ပျိုးနိုင်သည်။ မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေတို့တွင်ဖြစ်ထွန်း၍ နုန်းမြေစေးကဲ့သို့ မြေဩဇာထက်သန်ပြီး မြေသားနက်သည့်သမမြေတွင် ပိုမိုဖြစ်ထွန်းသည်။ မြေချဉ်ငန်ဓာတ် ၇ ဝန်းကျင်ရှိပြီး ရေစီးရေလာကောင်းသည့် မြေမျိုးတွင် ရွေးချယ်စိုက်ပျိုးသင့်သည်။
အခြေခံအားဖြင့် ပဲစင်းငုံပင်ပြန့်နှင့် ပဲစင်းငုံပင်ထောင်ဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံတွင်အများဆုံးစိုက်ပျိုးသည့် ပဲစင်းငုံမျိုးများမှာ သက်ကြီးမျိုးများဖြစ်ပြီး သက်တမ်း ၂၇၅ ရက်ခန့်ရှိသည်။ အသက်ရက်အလိုက် သက်ကြီးမျိုး၊ သက်လတ်မျိုးနှင့် သက်လျင်မျိုးဟူ၍ ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အပူပိုင်းခြောက်သွေ့သည့် ဒေသများတွင် ရွှေဒင်္ဂါးနှင့် ငါးဆံပဲစသည့် သက်ကြီးပဲစင်းငုံမျိုးများကို စိုက်ပျိုးကြသည်။ သက်ကြီးမျိုးကို တန်းကြား ၄ ဒသမ ၅ ပေ၊ ပင်ကြားတစ်ပေ၊ သက်လတ်မျိုးကို တန်းကြားသုံးပေ၊ ပင်ကြားတစ်ပေ၊ သက်လျင်မျိုးကို တန်းကြားနှစ်ပေ၊ ပင်ကြားခြောက်လက်မဖြင့် စိုက်ပျိုးကြသည်။ ပဲစင်းငုံကို သီးညှပ်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားကို ၁ ဒသမ ၅-၃ ပေ၊ ၇ - ၁၀ ဒသမ ၅ ပေ အထိထား၍ စိုက်ပျိုးကြသည်။ ပဲစင်းငုံသီးနှံကို သီးသန့် သို့မဟုတ် သီးညှပ်စိုက်ပျိုးလေ့ရှိသော်လည်း စိုက်ပျိုးဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ သီးသန့်စိုက်ပျိုးရာတွင် သက်တမ်းအလိုက် သတ်မှတ်ထားသော အပင်အရေအတွက်ဝင်အောင်စိုက်ပျိုးရမည်။ သီးညှပ်စိုက်ပျိုးရာတွင် ပဲစင်းငုံတစ်တန်းနှင့် တစ်တန်းကြားတွင် ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် နှံစားပြောင်းများကို သုံးတန်းမှငါးတန်းထိ ညှပ်၍စိုက်ပျိုးကြသည်။ ထိုသို့ကြားညှပ်စိုက်ပျိုးခြင်းအားဖြင့် ပဲစင်းငုံသီးနှံမပေါ်မီ အခြားသီးနှံများ ရိတ်သိမ်းရသဖြင့် အပိုဝင်ငွေများစွာရရှိနိုင်သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခု၌ ပဲစင်းငုံဟက်တာထောင် ပေါင်း ၄၂၄ ကျော် စိုက်ပျိုးထုတ်လုပ်မှုရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၈၇ ဖြင့် ပထမအများဆုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၁၄၂ ဖြင့် ဒုတိယအများဆုံး၊ မကွေးတိုင်းဒေသကြီးတွင် ဟက်တာထောင်ပေါင်း ၆၃ ဖြင့် တတိယအများဆုံး၊ ရှမ်းပြည်နယ်တွင် ဟက်တာထောင်ပေါင်း ၂၀ ဖြင့် စတုတ္ထအများဆုံး စိုက်ပျိုးထုတ်လုပ်မှုရှိပြီး ပဲစင်းငုံထုတ်လုပ်နိုင်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးသည် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၅၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၀၀ ကျော်နှင့် မကွေးတိုင်းဒေသကြီးတွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၅၅ ကျော်ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ပဲစင်းငုံသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် စိုက်ပျိုးရေးဂေဟစနစ်အားကောင်းစေခြင်း၊ ဒေသမရွေးစိုက်ပျိုးနိုင်သည့် အားသာချက်များရှိခြင်း၊ မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ခြင်း၊ ကမ္ဘာ့ နိုင်ငံများထဲမှ ပဲစင်းငုံစားသုံးမှု အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံမှ မြန်မာပဲစင်းငုံ အများအပြား ဝယ်ယူတင်သွင်းမှုရှိခြင်း၊ မြန်မာပဲစင်းငုံသည် ဓာတုဓာတ်ကြွင်းကင်းစင်ခြင်း၊ စားသုံးရာတွင် အရသာ ကောင်းမွန်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် နီပေါတို့မှလည်း ဝယ်လိုအားရှိပြီး ပဲစင်းငုံသီးနှံတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်ရှိ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေပြီး တိုင်းပြည်ဝင်ငွေမြင့်မားစေမည်။
မြန်မာနိုင်ငံမှ ပဲစင်းငုံများကို နှစ်စဉ်နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတင်ပို့လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၁၀၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၀၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၅၈၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၂၈ သန်းဖြင့်လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၁၁၄၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇၆ ဒသမ ၃၆ သန်းဖြင့်လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၄၄၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၆၉ သန်းဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ချိန်ထောင်ပေါင်း ၂၃၉၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၇ ဒသမ ၃၉ သန်းဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံမှ ပဲစင်းငုံများကို ပြည်ပနိုင်ငံအသီးသီးသို့တင်ပို့လျက်ရှိရာ ပဲစင်းငုံတစ်တန်လျှင် ရရှိသည့် ဈေးနှုန်းများမှာ နိုင်ငံအလိုက်ကွာခြားမှုရှိသည်ကို တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဲစင်းငုံဈေးနှုန်းအခြေအနေများကို နိုင်ငံအလိုက်လေ့လာကြည့်ပါက အိန္ဒိယနိုင်ငံတွင် မက်ထရစ်တန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၂၅၁၇ ဖြင့် ပထမအများဆုံး၊ ယူအေအီးနိုင်ငံတွင် ၁၈၉၇ ဒေါ်လာဖြင့် ဒုတိယအများဆုံးရရှိခဲ့ပြီး နီပေါနိုင်ငံတွင် ၁၁၁၆ ဒေါ်လာဖြင့် တတိယအများဆုံးရရှိသည်ကိုတွေ့ရှိရသည်။ နယူးဇီလန်နိုင်ငံနှင့် အီရန်နိုင်ငံတို့တွင် ၂ ဒေါ်လာနှင့် ၁ ဒေါ်လာတို့ဖြင့် အနည်းဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။ ပဲစင်းငုံတစ်တန်အပေါ်ရရှိသည့် ဈေးနှုန်းကွာခြားချက်မြင့်မားခြင်းကြောင့် ဈေးနှုန်းရရှိမှုမြင့်မားသည့်နိုင်ငံများနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်သည့် နိုင်ငံများအား ပို့ကုန်တိုးမြှင့်ခြင်းအားဖြင့် ပြည်ပဝင်ငွေရရှိမှု ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ပြည်ပဈေးကွက်ရရှိပြီးဖြစ်သည့် ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုတန်ဖိုးကွင်းဆက် ပိုမိုအားကောင်း စေရေး အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား ဟန်ချက်ညီစွာချိတ်ဆက်ဆောင်ရွက်သင့်သည်။
ပြည်ပဝင်ငွေရရှိသောပဲစင်းငုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူများအား တွန်းအားပေးဆောင်ရွက်သင့်သည်။
ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဂေဟစနစ်ကောင်းစေခြင်း၊ အသားဓာတ်ပါဝင်မှုရှိခြင်း၊ ဘေးထွက်ပစ္စည်းများ ဖြစ်သည့် အပင်အကြွင်းအကျန်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်း၊ အစားအစာပစ္စည်းများ ချက်ပြုတ်ရန် လောင်စာအဖြစ် အသုံးပြုနိုင်ခြင်း၊ ပဲစင်းငုံပင်၏ ပင်စည်များကို ခြံစည်းရိုးအဖြစ် အသုံးပြုနိုင်ခြင်း အပြင် သဘာဝမြေဩဇာအဖြစ် သုံးစွဲနိုင်ခြင်းတို့ကြောင့် ပဲစင်းငုံထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဆက်စပ်ချိတ်ဆက်သည့် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းစေမည်ဖြစ်သည်။ ။
Source: https://myawady.net.mm/stories
အိန္ဒိယသည် “Sindoor” စစ်ဆင်ရေးနှင့် ပတ်သက်၍ ရုရှားအပြင် အမေရိကန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့ကိုလည်း အသိပေးအကြောင်းကြားခဲ့ကြောင်း အိန္ဒိယအစိုးရ အရာရှိများက သတင်းထောက် များအား ပြောကြားခဲ့ပါသည်။
“အိန္ဒိယအနေဖြင့် ယခုလုပ်ဆောင်ချက်များကို ကြိုတင်အသိပေးရန်အကြီးတန်းအိန္ဒိယအရာရှိများသည် ၎င်းတို့၏နိုင်ငံအသီးသီးရှိ သက်ဆိုင်ရာ သံတမန်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ထိုနိုင်ငံများတွင် အမေရိကန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ရုရှားတို့ ပါဝင်ပါသည်” ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ပျားမွေးမြူရေးလုပ်ငန်းတွင် အခြေစိုက်မွေးမြူနည်းနှင့်ရွှေ့ပြောင်းမွေးမြူနည်းဟူ၍နှစ်မျိုးရှိသည်။ အခြေစိုက်မွေးမြူနည်းကို ပျားအုံ ၅ အုံမှ အုံ ၅၀ အထိသာ မွေးမြူသင့်ပြီး ဝါသနာအရ မွေးမြူခြင်း၊သင်ထောက်ကူအဖြစ် သင်တန်းကျောင်းများတွင် မွေးမြူခြင်း၊ စိုက်ပျိုးရေးသုတေသန ခြံများတွင် ဝတ်မှုန်ကူးပေးရန်အတွက်မွေးမြူခြင်း၊ ပျားဘုရင်မသီးသန့်မွေးမြူထုတ်လုပ်ရန်မွေးမြူခြင်း စသည့်ရည်ရွယ်ချက်များဖြင့်သာ မွေးမြူလေ့ရှိသည်။ အားသာချက်များအဖြစ် ပျားအုံရွှေ့ ပြောင်းစရိတ်ကုန်ကျမှုမရှိခြင်း၊ ဝတ်မှုန်ကူးခြင်းကို ရာသီအလိုက် စိုက်ပျိုးသီးနှံများအား ဆောင်ရွက်ပေးနိုင်ခြင်း၊ သင်တန်းသားများအား လက်တွေ့ပြသဆောင်ရွက်နိုင်ခြင်း၊ ပျားအုံနှင့်ပျားလုပ်ငန်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနည်းပါးခြင်းနှင့် ပျားဘုရင်မမွေးမြူရာတွင် ဘုရင်မပျို မိတ်လိုက်ဧရိယာ တည်မြဲစွာရှိနေနိုင်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် ပျားအုံမြောက်မြားစွာ စီးပွားဖြစ်မွေးမြူမှု မပြုနိုင်ခြင်း၊ ဧကများစွာဝတ်မှုန်ကူးနိုင်မှုမရှိခြင်းနှင့် ပျားစာအမြဲမပြတ်ရရှိနိုင်ရန် ခက်ခဲခြင်းကြောင့် အစားထိုးစာ/ဖြည့်စွက်စာများကျွေးမွေးစရိတ်ကုန်ကျခြင်း စသည့်အားနည်းချက်များကြောင့် ရွှေ့ပြောင်းပျားမွေးမြူရေးစနစ် (Migratory Beekee-ping)ကိုသာ မြန်မာနိုင်ငံ၌ကျင့်သုံးမွေးမြူကြသည်။
ပျားတို့၏အစာအာဟာရလိုအပ်မှုများ
ပျားများအတွက် အဓိက အစာအာဟာရနှစ်မျိုးရှိပြီး ဝတ်မှုန်(pollen)နှင့် ဝတ်ရည်(nactor) ဖြစ်သည်။ ပျားတို့သည် ဝတ်မှုန်ကို အသားဓာတ်(protein)အတွက်စားသုံးပြီး ဝတ်ရည်(nactor) ကိုမူ စွမ်းအင်(Energy)အတွက် စားသုံးရသည်။ ပျားများအတွက် အစာရရှိသော ပျားစာရအပင်များ (honey plant)တွင် ဝတ်မှုန်တစ်မျိုးတည်းသာရရှိသောအပင်များ၊ ဝတ်ရည်တစ်မျိုးသာရရှိသောအပင်များနှင့် ဝတ်ရည်၊ ဝတ်မှုန်နှစ်မျိုးရသောအပင်များဟူ၍ရှိသည်။
မြန်မာနိုင်ငံရှိ ပျားစာပင်များ
မြန်မာနိုင်ငံတွင် ပျားစာရအပင်များ(honey plant)အဖြစ် သဘာဝပေါင်းပင်များ၊ သစ်တောသစ်ပင်များ၊ နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံပင်များနှင့် ရာသီအလိုက် စိုက်ပျိုးသီးနှံပင်များဟူ၍ ငါးမျိုးရှိသည်။ သဘာဝပေါင်းပင်များဖြစ်သော ပိစပ်၊ ပင့်ကူထိပ်ပိတ်(နှမ်းဘီလူး၊ ပန်းသုံးဆင့်)၊ ဘောက်ခွေး၊ ဆူးလေ၊ တောငရုတ်၊ တပင်ရွှေထီး၊ ပုစွန်စာ၊ ထိကရုံး၊ နေကြာရိုင်း (ရှမ်းပြည်နယ်တွင် ပေါက်ရောက်သည်) စသည်တို့သည်လည်းကောင်း၊ သစ်တောသစ်ပင်များဖြစ်သည့် လက်ပံ၊ အင်ကြင်း၊ လဲမှို့၊ ကန္တာရရှား၊ အော်ရေးရှား၊ မန်ဂျန်ရှားအပင်များသည်လည်းကောင်း၊ ဆီး၊လိုက်ချီး၊ လောင်ကန်၊ နှင်းသီး၊ ရော်ဘာ၊သရက် စသည့် နှစ်ရှည်ပင်များသည်လည်းကောင်း၊ ငှက်ပျော၊ ဘူး၊ ဖရုံ၊ သခွား၊ဖရဲ၊ ခဝဲ၊ ကြက်သွန်၊ ငရုတ် စသောဥယျာဉ်ခြံသီးနှံပင်များသည်လည်းကောင်း၊ နှမ်း၊နေကြာ၊ ပန်းနှမ်း၊ ပဲအမျိုးမျိုး၊ ဝါ၊ ပြောင်းအမျိုးမျိုး စသည့်ရာသီသီးနှံတို့သည်လည်းကောင်း ပျားတို့အတွက် ပျားစာပင်(honey plant)များ ဖြစ်သည်။
မြန်မာနိုင်ငံ၏ပျားစာအရလုပ်ငန်းစဉ်များ
ပျားမွေးမြူရေးလုပ်ငန်းအောင်မြင်ရန်အတွက် အဓိကအားဖြင့် အချက်လေးခုဖြင့် ပြည့်စုံရန် လိုအပ်သည်။ ပျားရောဂါကင်းစင်မှု၊ ပျားဘုရင်မများ အရည်အသွေးကောင်းမွန်မှု၊ ပျားစာပြတ်လပ်ခြင်းအားဖြေရှင်းနိုင်မှု၊ ပျားမွေးမြူသူ ပျားစခန်းတာဝန်ခံ( Beekeeper )၏ ပျားအုံကိုင်တွယ်ထိန်းသိမ်းခြင်း(management)ကောင်းမွန်မှန်ကန်မှုတို့ဖြစ်သည်။ ထိုအချက်လေးခုအနက် ပျားစခန်းတာဝန်ခံ၏ တာဝန်ပြည့်စုံကောင်းမွန်မှုသည် စဉ်ဆက်မပြတ်လိုအပ်နေပြီး ပျားရောဂါကင်းစင်ရန်နှင့်ပျားဘုရင်မများအရည်အသွေးကောင်းမွန်နေစေရန်အတွက်ကိုမူ ပျားစာရာသီအလိုက် အချိန်ကိုက်ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပျားရောဂါများအနေဖြင့် အတောင်လိပ် ရောဂါ၊ ကပ်ပါးမွှား(Tropilaelaps)နှင့် ကပ်ပါးမွှား(Varroa)ရောဂါတို့သာအဖြစ်များပြီး အမေရိကန် သားလောင်းပုပ်ရောဂါ (AFB)နှင့် ဥရောပသားလောင်းပုပ်ရောဂါ (EFB)တို့ ဖြစ်ပွားမှုမရှိပါ။ (ဖြစ်ပွားမှုရှိလျှင် ပျားအုံနှင့် လုပ်ငန်းသုံးပစ္စည်းများပါ မီးရှို့ဖျက်ဆီးရတတ်သည်)။
ကပ်ပါးမွှားရောဂါကုသခြင်းကို နှစ်စဉ် မေလတွင် ဆောင်ရွက်ရသည်။ အကြောင်းမှာ ပျားရောဂါကုသမှုပြီးဆုံးလျှင် ပျားအုံများ အင်အားလျော့နည်းကျဆင်းလေ့ရှိသဖြင့်ကုသမှုပြီးဆုံးသည့်အချိန်နှင့် ဝတ်ရည်+ဝတ်မှုန်နှစ်မျိုးလုံးရရှိပြီး ပျားဘုရင်မအတွက် သားလောင်းပေါက်ပွားမှုကောင်းမွန်သော နွေနှမ်းပျားစာ (နှမ်းစိုက်ခင်း)ပေါများစွာရရှိမှု အချိန်ကိုက်ဖြစ်ရန်လိုသည်။ ထို့ကြောင့် နှစ်စဉ်မေလတွင် ပျားရောဂါကုသမှုကို ပျားစခန်းအားလုံး ဆောင်ရွက်ရသည်။
ပျားအုံဖွံ့ဖြိုးရေး
ပျားရောဂါကင်းစင်သော ပျားအုံများအား ဖွံ့ဖြိုးတိုးတက်စေရန် ပျားဘုရင်မများ မွေးမြူ၍ ဥနှုန်းကျဘုရင်မများအား အစားထိုးလဲလှယ်ခြင်း၊ ပျားသလက်အသစ်များတည်ဆောက်ခြင်းတို့ကို ဇွန်လမှဇူလိုင်လကုန်အထိ (မိုးနှမ်း)နှမ်းပျားစာအချိန်တွင်ဆောင်ရွက်ကြပြီး ပျားအုံတိုးပွားခြင်း၊ ပျားသလက်ချပ်များတိုးပွားခြင်းများကိုသာ လုပ်ဆောင်ကြရသည်။ မြန်မာ့ပျားမွေးမြူရေးပြက္ခဒိန်အရ ဩဂုတ်လသည် ပျားစာရှားပါးသဖြင့် ရှမ်းပြည်နယ်ရှိ ပြောင်းဖူးစိုက်ခင်းများသို့ ရွှေ့ပြောင်းပြီး မွေးမြူကြသော်လည်း ပြောင်းဖူးစိုက်ခင်း(ပျားစာပင်)များသည် ဝတ်မှုန်တစ်မျိုး တည်းသာရရှိသဖြင့် ပျားအုံများအား ဝတ်ရည်ဖြည့်စွက်စာ/အစားထိုးစာအဖြစ် သကြားရည်တိုက်ကျွေး မွေးမြူကြရသည်။
ထိုသို့ သကြားရည်တိုက်ကျွေးခြင်းသည် ပျားရည်ထုတ်လုပ်ရန်မဟုတ်ပေ။ ပျားတို့အတွက် လိုအပ်သော အစာနှစ်မျိုး (ဝတ်ရည်+ဝတ်မှုန်)အနက် သဘာဝအစာအဖြစ် ဝတ်မှုန်တစ်မျိုးသာရရှိသဖြင့် လိုအပ်သောဝတ်ရည်အတွက် သကြားရည်တိုက်ကျွေးမွေးမြူခြင်းဖြင့် ပျားအင်အား တိုးပွားများပြားမှုကိုဖြစ်စေပြီး စက်တင်ဘာလမှအောက်တိုဘာလ(ဆီးပွင့်ချိန်)အတွင်း ပျားရည်ထုတ်လုပ်မှုကို အင်တိုက်အားတိုက်ဆောင်ရွက်ရရှိနိုင်မည်ဖြစ်သည်။ဆီးပျားရည်သည် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ပျားရည်အားလုံး၏ ၅၀ ရာခိုင်နှုန်းမှ၆၀ ရာခိုင်နှုန်းအထိထွက်ရှိသော အဓိကပျားရည်ဖြစ်သည်။
ဆောင်းရာသီနှင့်ပန်းနှမ်းပျားရည်
အောက်တိုဘာလကုန်၍ နိုဝင်ဘာလဆန်းလျှင် ဆောင်းရာသီပျားစာများအဖြစ် ပန်းနှမ်း၊ ဆီမုန်ညင်း၊ နေကြာရိုင်း၊ ပိစပ်ပျားစာပင်များပွင့်လန်းရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း)ဒေသများသို့ အများစုရွှေ့ပြောင်းမွေးမြူကြပြီး အနည်းစုမှာ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနေကြာ၊ ပဲစင်းငုံ ၊ ဆောင်းနှမ်း၊ ပဲအမျိုးမျိုး စိုက်ခင်းများသို့ ပြောင်းရွှေ့မွေးမြူကြသည်။ ပန်းနှမ်း၊ ဆီမုန်ညင်း ပျားရည်များသည် ရေပါဝင်မှုအနည်းဆုံး (အပျစ်ဆုံး) ပျားရည်များဖြစ်ပြီး ပြည်ပပို့ရာတွင် လူကြိုက်များသောပျားရည်ဖြစ်သည်။
ပျားရည်ဟူသည် ပန်းအမျိုးအစားအလိုက် ဆီးပျားရည်၊ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ လိုက်ချီးပျားရည်၊ ရော်ဘာပျားရည်စသဖြင့် အမျိုးအမည်ခေါ်ဝေါ်မှု ကွဲပြားကြသော်လည်းမည်သည့်ပျားရည်က ပိုကောင်းသည်ဟုမရှိပေ။ ပျားရည်အစစ်အမှန်ဖြစ်ရန်နှင့် ရင့်မှည့်ပျားရည်ဖြစ်ရန်သာလိုသည်။ ရင့်မှည့်ပျားရည်ဟူသည် လုပ်သားပျားများသယ်ယူစုဆောင်းထားသည့် ပန်းပွင့်မှဝတ်ရည်များအား အုံထိန်းပျား(house bee)များက ရုပ်ပြောင်းလဲခြင်း၊ ဒြပ်ပြောင်းလဲခြင်း ပြုလုပ်ပြီး ဝတ်ရည်(nactor)မှ ပျားရည်(honey)ဖြစ်စေကာ ပျားဖယောင်းဖုံးအုပ်ထားသော ပျားရည်ဖြစ်သည်။ တစ်နည်းအားဖြင့် စေးပျစ်မှုကောင်းပြီး ရေပါဝင်မှုနှုန်းတိုင်းကိရိယာ (Refratometer) ဖြင့်တိုင်းပါက water contant ၂၁ ရာခိုင်နှုန်းအောက်သာရှိသော ပျားရည်များဖြစ်သည်။
ပျားရောဂါကာကွယ်ခြင်း
မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန်အရ တစ်နှစ်လျှင် ပျားရောဂါကုသမှုတစ်ကြိမ် (မေလ) နှင့် ကာကွယ်မှုနှစ်ကြိမ်(ဩဂုတ်လ၊ ဒီဇင်ဘာလ)ဆောင်ရွက်ကြရသည်။ ဆောင်းရာသီပန်းနှမ်း၊ ဆီမုန်ညင်းပျားစာပြီးဆုံးချိန်တွင် တောင်ပေါ်မှမြေပြန့်သို့ ပြန်ဆင်းရွှေ့ပြောင်းရသဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့်လည်းကောင်း၊တောင်ပေါ်ဒေသတွင် ဒေသခံသစ်ခေါင်းပျားများ၊ ပျားကြီးမျိုးများနှင့်ထိတွေ့ရာမှ ကူးစက်မှုကြောင့်လည်းကောင်း Varroa-jacobsoni ကပ်ပါးမွှားရောဂါဖြစ်ပွား ကူးစက်တတ်သဖြင့် ဒီဇင်ဘာလ ဒုတိယပတ်မှစတင်ကာ ပျားရောဂါကာကွယ်မှုပြုလုပ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းဒေသများရှိ ဆောင်းနေကြာစိုက်ခင်းများ၊ လဲမှို့၊ လက်ပံ စသည့် သစ်တောသစ်ပင်များ၊ နံနံ၊ ကြက်သွန်စသည့် စားဖိုဆောင်သီးနှံစိုက်ခင်းများ၊ သရက်၊ သံပရာ စသည့်ဥယျာဉ်ခြံများသို့ ရွှေ့ပြောင်းမွေးမြူကြရပြန်သည်။ ၎င်းနေရာများတွင် တစ်လခွဲနှစ်လခန့်မွေးမြူ၍ ပျားဝတ်မှုန်ထုတ်လုပ်မှု၊ ပျားဘုရင်မမွေးမြူမှုနှင့် ပျားရည်ထုတ်လုပ်မှုဆောင်ရွက်ကြပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ လိုက်ချီးပျားစာပင်(နှစ်ရှည်ပင်)များရှိရာသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ(နှစ်ရှည်ပင်)ရော်ဘာစိုက်ခင်းများသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိ သဘာဝပေါင်းပင် (ပင့်ကူထိပ်ပိတ်၊ တောငရုတ်)များရှိရာသို့လည်းကောင်း အများစုရွှေ့ပြောင်းမွေးမြူကာ ရော်ဘာပျားရည်နှင့် ပန်းပေါင်းစုံပျားရည်များ ထုတ်လုပ်ကြသည်။
ဤသို့ဖြင့် မတ်လကုန် ဧပြီလဆန်းတွင်လည်းကောင်း၊ ဧပြီလ တတိယပတ်(သင်္ကြန်အပြီး) ကာလတွင်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းမှ ပျားစခန်း/ပျားအုံများအားလုံးနီးပါးသည် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နွေနှမ်း(ရေသွင်းနှမ်း)စိုက်ခင်းများရှိရာသို့ ပြန်လည်ရွှေ့ပြောင်းရောက်ရှိလာကြပြီး မြန်မာနိုင်ငံ၏ ပျားမွေးမြူရေးပြက္ခဒိန် ပထမလကို ပျားရောဂါကုသခြင်းဖြင့် စတင်ကြပြန်ပါတော့သည်။ ။
Source: https://myawady.net.mm/stories