အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းချော်ကျပြီး လမ်းပိုင်းပျက်စီးခဲ့မှု ပြုပြင်ပြီးစီး၍ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

News Image

နေပြည်တော် မေ ၂၇

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ မွန်ပြည်နယ် သထုံမြို့နယ် သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမှတ် (၆၈၇) အစုန်ကျောက်ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး သိမ်ဆိပ်နှင့် ဒုံဝန်းရထားလမ်းပိုင်းအား မေ ၂၅ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရသဖြင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသော အမှတ် (၈၁) အဆန်/ (၈၂) အစုန် လူစီးရထားများ ယာယီရပ်နားခဲ့ရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တံတားဦးခရိုင်/ မြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

News Image

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တံတားဦးခရိုင်/ မြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက်နေ့၊ နံနက် (၁၀) နာရီက တံတားဦးမြို့နယ်ခန်းမတွင် ကျင်းပကြောင်းသိရသည်။

တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးရာသီ သီးနှံမျိုးစုံ (၁၇၈,၁၆၉) ဧက လျာထားစိုက်ပျိုးမည်

News Image

တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးရာသီ သီးနှံမျိုးစုံ (၁၇၈,၁၆၉) ဧက လျာထားစိုက်ပျိုးမည်
တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးရာသီ သီးနှံမျိုးစုံ (၁၇၈,၁၆၉) ဧက လျာထားစိုက်ပျိုးမည်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ ၊ မိုး ၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ် မြစ်ရေတင်နှင့်   မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ (၁၇၈,၁၆၉) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည် ။

အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန် မြောက်ကိုရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီး ရုရှားနိုင်ငံသို့ထွက်ခွာ

News Image

အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန် မြောက်ကိုရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီး ရုရှားနိုင်ငံသို့ထွက်ခွာ

မြောက်ကိုရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီး Ri Chang Dae သည် အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်အတွက် ပြုံယမ်းမှ ရုရှားနိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် ထွက်ခွာခဲ့ကြောင်း မြောက်ကိုရီးယားအာဏာရပါတီ၏ မေလ ၂၅ ရက်နေ့ထုတ် Rodong Sinmun သတင်းစာတွင် ရေးသားဖော်ပြခဲ့ပါသည်။