တရုတ်ဓာတုစက်ရုံတွင် ကြီးမားသောပေါက်ကွဲမှုဖြစ်ပွား၊ အာဏာပိုင်များ က ကယ်ဆယ်ရေးလုပ်ငန်းစတင်
News Image

မေလ ၂၇ ရက် (အင်္ဂါနေ့) တွင် တရုတ်နိုင်ငံ၊ ရှန်ဒုန်းပြည်နယ်၊ ဂေါမိမြို့မှ Shandong Youdao Chemical ဓာတုစက်ရုံ၌ ကြီးမားသော ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် မီးခိုးမီးလျှံများ ကောင်းကင်သို့ ထိုးတက်ခဲ့ပြီး အနီးရှိ အဆောက်အဦများ၏ ပြတင်းပေါက်များ ကွဲအက်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဒေသခံအာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။