အီးယူ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည့် ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်

News Image

အီးယူ ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည့် ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်

ဥရောပကုန်ပစ္စည်းများအား သွင်းကုန်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟူသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုအပေါ် ဥရောပသမဂ္ဂ(အီးယူ) တာဝန်ရှိသူများနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များက ကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ထက် စီးနင်းပြုမူသော နည်းပရိယာယ်များက အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေးဆွေးနွေးမှုများကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။

အမေရိကန်၏အကြံပြုချက်ကို ဟားမက်တို့လက်ခံပြီး ဓားစားခံများကို ပြန်လွှတ်ပေးမည်

News Image

အမေရိကန်၏အကြံပြုချက်ကို ဟားမက်တို့လက်ခံပြီး ဓားစားခံများကို ပြန်လွှတ်ပေးမည်

ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတိဝစ်ကော့ဖ်၏ အဆိုပြုချက်ကို ဟားမက်အဖွဲ့က လက်ခံလိုက်သည် ဟု ဟားမက်အဖွဲ့နှင့် နီးစပ်သည့် ပါလက်စတိုင်းအရာရှိတစ်ဦးက ရိုက်တာ သတင်းဌာနကို တနင်္လာနေ့ (မေ ၂၆) တွင် ပြောကြားခဲ့ပြီး ပဋိပက္ခ အဆုံးသတ်ရန် လမ်းခင်းပေးခဲ့ကြောင်း ဖော်ပြထားပါသည်။ 

ရုရှား စစ်ဘက်ဆိုင်ရာ ကုမ္ပဏီများထံသို့ တရုတ်က ပစ္စည်းများ ပေးပို့နေကြောင်း သတင်းရရှိထားသည်ဟု ယူကရိန်းဆို

News Image

ရုရှား စစ်ဘက်ဆိုင်ရာ ကုမ္ပဏီများထံသို့ တရုတ်က ပစ္စည်းများ ပေးပို့နေကြောင်း သတင်းရရှိထားသည်ဟု ယူကရိန်းဆို

တရုတ်သည် ရုရှားစစ်ဘက်ဆိုင်ရာ ကုမ္ပဏီများထံသို့ ယမ်းမှုန့်နှင့် အခြားပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု ယူကရိန်း နိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲ Oleh Ivashchenko က အရိပ်အမြွက် ပြောကြား ခဲ့ပါသည်။

စက်ကိရိယာများ၊ အထူးဓာတုပစ္စည်းများ၊ ယမ်းမှုန့်နှင့် ဆက်စပ် အစိတ်အပိုင်းပစ္စည်းများကို တရုတ်က ရုရှားကုမ္ပဏီများကို ထောက်ပံ့ပေးနေကြောင်း ဖော်ပြထားသည့် အချက်အလက်များ ရှိနေသည်ဟု ယူကရိန်း နိုင်ငံပိုင်သတင်းဌာနက တနင်္လာနေ့ (မေ ၂၆) ၌ ထုတ်ပြန်ခဲ့သော တွေ့ဆုံ မေးမြန်းမှုအစီအစဉ်တွင် မစ္စတာ Ivashchenko က ပြောဆိုခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၌ နှစ်လကျော်အတွင်း PSMS Software အသုံးပြုပြီး ပြေးလေးပြေး ဖမ်းဆီးရမိမှု ဦးရေ ၁၆၀၀ ကျော်ရှိဟုဆို

News Image

မန္တလေးတိုင်းဒေသကြီး၌ နှစ်လကျော်အတွင်း PSMS Software အသုံးပြုပြီး ပြေးလေးပြေး ဖမ်းဆီးရမိမှု ဦးရေ ၁၆၀၀ ကျော်ရှိဟုဆို

မန္တလေးတိုင်းဒေသကြီး၌ နှစ်လကျော်အတွင်း PSMS Software အသုံးပြုပြီး ပြေးလေးပြေး ဖမ်းဆီးရမိမှု ဦးရေ ၁၆၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မတ်လ ၇ ရက်မှ မေလ ၂၁ ရက်နေ့ထိ မန္တလေးတိုင်းတွင်း ပြေးလေးပြေး တရားခံ ၂၃၅ ဦး အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနေဖြင့် ၁၆၅၇ ဦး ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။