ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးနှင့် အတူယှဉ်တွဲနေထိုင်ကြရာဝယ်

Posted_Date

Image

ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးနှင့် အတူယှဉ်တွဲနေထိုင်ကြရာဝယ်

Body

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က   နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်က သတ်မှတ်ကြေညာ ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ အချိန်ကာလအားဖြင့်   ငါးနှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်က ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၇၇၇ ဒသမ ၇ သန်းခန့်ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ  ၇ ဒသမ  ၀၉  သန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍    နိုင်ငံတကာပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်  ကြေညာထားရှိခြင်း ကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်က ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကမူ ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ရောဂါ စတင်ရောက်ရှိ ချိန် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၁၁  ရက်အထိ  ရောဂါဖြစ်ပွားသူ   ၆၄၃၂၄၂ ဦးရှိပြီး  သေဆုံးသူ  ၁၉၄၉၄  ဦးရှိခဲ့သည်။   မြန်မာနိုင်ငံ၌ လူဦးရေတစ်သန်းတွင် ရောဂါကြောင့် သေဆုံး သူ ၃၈၁ ဦးရှိခဲ့ရာ အာဆီယံ ၁၀ နိုင်ငံတွင် သေဆုံးမှု နှုန်းအနေဖြင့် အဆင့် (၈)နေရာ၌ရှိခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊    ဗီယက်နမ်နိုင်ငံ၊    ဘရူနိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ၌  နိုင်ငံတော်အစိုးရ၏ ဦးဆောင် လမ်းညွှန်ပံ့ပိုးမှု၊ တာဝန်သိကျန်းမာရေး ဝန်ထမ်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊   လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၏တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းအပါအဝင် ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို အချိန်တိုအတွင်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့သည်မှာ သမိုင်းတွင် မှတ်တမ်းတင်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။   ထိုသို့   ထိရောက်စွာကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်မှုကြောင့်   ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်က  မြန်မာနိုင်ငံ၌   ကိုဗစ်-၁၉  ရောဂါဖြင့်သေဆုံးသူကို နောက်ဆုံးတွေ့ရှိခဲ့ရပြီး   ရောဂါဖြင့် ထပ်မံသေဆုံးမှုမရှိခဲ့သည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပါသည်။

ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ   ပုံစံသစ်အနေဖြင့်    ယခင်ကနှင့်မတူ နည်းပါးသောဒေသတွင်း ကူးစက်မှုများကို တွေ့လာ ရပြီး ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားမှုပုံစံ (Epidemic)မှ  ဒေသတွင်းအမြစ်တွယ် ကူးစက်မှုပုံစံ   (Endemic)   အသွင်သို့   ကူးပြောင်းလာသည်ကို   တွေ့ရသည်။ ထိုသို့ ကူးစက်မှုပုံစံပြောင်းလာသည်နှင့် အတူကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုများကို   အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ  စောင့်ကြပ်ကြည့်ရှုခြင်းစနစ်တွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်လာသည်ကို တွေ့ရပါသည်။

ထိုသို့ ဒေသတွင်းအမြစ်တွယ် ကူးစက်မှု(Endemic)ပုံစံသို့   ပြောင်းလဲလာခဲ့သော်လည်း  ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝသည် မကြာခဏ မျိုးရိုးဗီဇပြောင်းလဲ၍ ပေါ်ထွက်လာတတ်ခြင်းကြောင့် ရောဂါပိုးမျိုးကွဲများ ဆက်တိုက်ထွက်ပေါ်နေသည်နှင့်အတူ ရောဂါကူးစက်မှုများ  ပြန်လည်မြင့်တက်လာခြင်းကို   ကမ္ဘာ့နိုင်ငံအများအပြားတွင်  ယနေ့အထိတွေ့နေရဆဲဖြစ်သည်။     ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း  ကိုဗစ်-၁၉ ရောဂါပိုး၏  မျိုးရိုးဗီဇပြောင်းလဲမှုကို    စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

လတ်တလောတွင်  ကမ္ဘာ့မီဒီယာများနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များအရ  ထိုင်းနိုင်ငံ၊   စင်ကာပူနိုင်ငံ၊ ဟောင်ကောင်နှင့်   တရုတ်နိုင်ငံ စသည့်ဒေသတွင်း နိုင်ငံတချို့တို့တွင်     ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခြင်းကို တွေ့ရှိလာရသည်။

အိမ်နီးချင်းထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၁၇ ရက်အထိ  ရောဂါဖြစ်ပွားသူ ၁၀၆၄၈၁ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ  ၂၆ ဦးရှိကြောင်း သိရသည်။ သို့ရာတွင် ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလဆန်းပိုင်းအထိ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံ တက်ရောက်သူ  ခုနစ်သိန်းကျော်ရှိခဲ့သဖြင့်  ယခုနှစ်ဖြစ်ပွားမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သိသာစွာ လျော့နည်းကြောင်း   သိရသည်။   ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအမြင့်မားဆုံးကာလမှာမေလ ၁၁ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီးရောဂါဖြစ်ပွားသူလူနာသစ် ၃၃၀၃၀ ဦးရှိ၍ ဆေးရုံ တက်ရောက်သူ  ၁၉၁၈  ဦးနှင့် သေဆုံးသူနှစ်ဦးရှိခဲ့ကြောင်းသိရသည်။ ယင်း ၂၀၂၅ ခုနှစ် မေလ ၄ ရက်မှ ၁၀  ရက်အတွင်းတွင်  ရောဂါဖြစ်ပွားသူလူနာသစ် ၃၁၁၉၄ ဦးရှိ၍ ဆေးရုံတက်ရောက်သူ ၂၄၉၀ ဦးနှင့် သေဆုံးသူရှစ်ဦး   ရှိခဲ့ကြောင်းသိရ၍    အဆိုပါရက်သတ္တနှစ်ပတ်ကို နှိုင်းယှဉ်ပါက     ရောဂါဖြစ်ပွားသူဦးရေ ပိုမိုများပြားလာသော်လည်း ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုလျော့ကျလာသည်ကိုတွေ့ရသည်။ ရောဂါကူးစက်မှုမြင့်မားရခြင်းအကြောင်းရင်းအနေဖြင့်   ထိုင်းနိုင်ငံ၌   မိုးရာသီကာလစတင်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် သင်္ကြန်ပွဲတော်ကဲ့သို့ လူစုလူဝေးဖြင့် ခရီးသွားလာမှုများပြားခြင်း စသည်တို့ကြောင့်ဖြစ်သည်။   အဓိကကူးစက်ပျံ့နှံ့သည့်  ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်မျိုးကွဲမှာ ကူးစက်လွယ်အိုမီခရွန်အုပ်စုမှ  ဆက်လက်၍     မျိုးရိုးဗီဇ ပြောင်းလဲလာသည့်   JN.1 အုပ်စု ထိုမှ ဆက်လက်၍ မျိုးရိုးဗီဇပြောင်းလာသည့် XEC မျိုးကွဲသည်  အများစု ဖြစ်ကြောင်းသိရှိရပြီး  ဘန်ကောက်၊  ချွန်ဘူရီနှင့် ရယောင်းစသည့်နေရာများတွင်  ကူးစက်မှုနှုန်းမြင့်မား၍  ကလေးများတွင်လည်း ကူးစက်မှုမြင့်မားသည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉  ရောဂါကူးစက်မှုနှင့် ဗီဇပြောင်းမျိုးကွဲအသစ်များကူးစက်မှုတို့ကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့်နယ်စပ် ဝင်ထွက်ပေါက်များတွင် အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၊ ဆေးရုံများတွင် အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက ဆေးရုံများတွင်  သီးခြားထားရှိကုသနိုင်ရန်  ကြိုတင်ပြင်ဆင်ခြင်းတို့အား ပိုမိုအားဖြည့်ဆောင်ရွက်လျက် ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင်  အဓိကကျသည့်   ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို  နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့်  ဆောင်ရွက်ခဲ့ရာ  ကာကွယ်ဆေးအမျိုးအစား ရှစ်မျိုးကိုအသုံးပြု၍ အသက်ငါးနှစ်နှင့် အထက် ပြည်သူ ၃၆ ဒသမ ၃၆ သန်းကို ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံနိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး  ၂၁ ဒသမ ၂၅ သန်း Doses ထိုးနှံပေးနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးများ မျိုးရိုးဗီဇပြောင်းလဲလာသည်နှင့်အတူ ယင်းမျိုးရိုးဗီဇပြောင်း ရောဂါပိုးများကို ကာကွယ်နိုင်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမျိုးဆက် သစ်များသည်လည်း စဉ်ဆက်မပြတ် ထွက်ပေါ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer X.B.B. 1.5  အသုံးပြု၍  ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ  ဧပြီလ အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ပြည်သူ   ၁၁၂၅၂၉ ဦးနှင့် ကိုယ်ဝန်ဆောင် ၁၄၇၇၅ ဦး  အပါအဝင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှု ကာလခြောက်လနှင့်တစ်နှစ်အတွင်းရှိသည့် ပြည်သူ၂၂၈၆၇၂၆ ဦးအား ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၅  ခုနှစ်  မေလအတွင်းတွင်   GAVI support  for  C-19  Vaccination    အစီအစဉ်ဖြင့်ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ  ဆက်လက်၍  မျိုးရိုးဗီဇပြောင်းလဲလာသည့် JN.1 အုပ်စုနှင့် နောက်ဆက် တွဲမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉  ရောဂါဗိုင်းရပ်စ်ပိုးများကို ကာကွယ်နိုင်မည့် Pfizer COVID-19 Vaccine JN.1    များကိုလည်း  ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပေါ်ထွက်လာသည့်ဗိုင်းရပ်စ်အသစ်  (Novel  Coronavirus)ဖြစ်သည့် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးသည်   ယင်း၏ကူးစက်ပြန့်ပွား လွယ်မှု၊ လျင်မြန်စွာမျိုးရိုးဗီဇပြောင်းလွယ်မှု၊  လူ၏ ကိုယ်ခံအားစနစ်နှင့် မျိုးဆက်ဟောင်း ကာကွယ်ဆေးများမှ ပေးအပ်သော   ကိုယ်ခံအားကိုရှောင်လွှဲနိုင်မှု စသည့်ဂုဏ်သတ္တိများရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်နှင့် လူသားတို့နှင့်ယှဉ်တွဲနေထိုင်ရမည်မှာ ရှောင်လွှဲခြင်းမပြုနိုင်သည့်ကိစ္စ တစ်ရပ်အဖြစ် ထင်ရှားလာခဲ့ပြီဖြစ်ပါသည်။

ပြည်သူများအနေဖြင့်  ထိုသို့  ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးနှင့်အတူ ယှဉ်တွဲနေထိုင်ကြရာတွင်ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာ၍  ဦးတည်အုပ်စုအလိုက်၊ အသက်အရွယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  ထိုးနှံပေးခြင်းကို မပျက်မကွက်အထူးဂရုပြုခံယူရမည် ဖြစ်ပါသည်။ အထူးသဖြင့်   သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ အခံရှိသူ၊    ကိုယ်ခံအားကျဆင်းနေသူများ၊   လူနာနှင့်ထိတွေ့ရသည့်   ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်  ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို ခံယူရမည်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်များအနေဖြင့်    ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပါအဝင်  တခြားသင့်လျော်သည့်  ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာ၍    မပျက်မကွက်ထိုးနှံမှု ခံယူသင့်ပါသည်။  ထို့ပြင်  စနစ်တကျလက်ဆေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးရာတွင် ပါးစပ်နှင့်နှာခေါင်းကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ လူစုလူဝေးရှိရာနေရာများနှင့်   အလုံပိတ်အခန်းများသို့ သွားရောက်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ခြင်းတို့ကို  ဆောင်ရွက်သင့်ပါ သည်။

အသက်အရွယ်ကြီးသူများနှင့်  နာတာရှည်ရောဂါ အခံရှိသူများအနေဖြင့် အထက်ပါတစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို အထူးလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊  ကိုယ်လက်ကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက  ကိုဗစ်-၁၉ ရောဂါဖြစ်နိုင်ခြေရှိသဖြင့် သတိပြုပြီး  လူစုလူဝေးရှောင်ကြဉ်ခြင်း၊   ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်းတို့ကို ဆောင်ရွက်၍  နီးစပ်ရာ ဆေးရုံ၊  ဆေးခန်းများသို့ သွားရောက်ပြသ၍   စနစ်တကျစစ်ဆေးကုသမှု ခံယူရမည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ် ပိုးနှင့်ယှဉ်တွဲနေထိုင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏   ညွှန်ကြားချက်များကိုလိုက်နာ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊  လိုအပ်သည့်ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံမှုခံယူခြင်းနှင့် တစ်ကိုယ်ရေကာကွယ်ရေးနည်း လမ်းများကိုကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း   တိုက်တွန်းရေးသားလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

Photo - vejthani

 

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

News Image

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ငပုတော   မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကင်းမွန်ပိဿာချိန် ၅၁၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

News Image

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ကျောင်းကုန်း  မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြ၍ သိရသည်။

နေရာကွက်၍ မိုးကြီးနိုင်

News Image

နေရာကွက်၍ မိုးကြီးနိုင်

မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး မကွေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

(မိုး/ဇလ)