နို့စားနွားများတွင်ဖြစ်ပွားသော အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ(HPAI)

Posted_Date

Image

နို့စားနွားများတွင်ဖြစ်ပွားသော အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ(HPAI)

Body

ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့်  အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်နေစေသည်။ HPAI ဗိုင်းရပ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်၊ ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့်  ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုများသည်လည်း တိုးပွားလာနေကြောင်း  မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH)သို့အစီရင်ခံထားသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်၏  အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသော အိမ်မွေးတိရစ္ဆာန် သို့မဟုတ် တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်၊ ငှက်များအကြား အလျားလိုက်ကူးစက်နိုင်ကြောင်းလေ့လာတွေ့ရှိထားသည်။

-  နွားများမှ အခြားနွားများသို့  ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်း ထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။

-   နွားများမှ ကြောင်များသို့ အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်ကူးစက်ခံထားရသော နွားနို့ကိုသောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။

-        ကြောင်များမှ ကြက်၊ ငှက်များသို့ ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ဗိုင်းရပ်ကို သယ်ဆောင်ကာ ကူးစက်စေနိုင်သည်။

-        တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission) H5N1 ကဲ့သို့သော ဗိုင်းရပ်များသည် တိရစ္ဆာန်များမှ လူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကိုဖြစ်စေနိုင်သည်။

၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းများတွင် H5N1 ဗိုင်းရပ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့သည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်သည် နို့တိုက်သတ္တဝါများသို့  မျိုးဗီဇပြောင်းလဲကူးစက် နိုင်စွမ်းရှိကြောင်းပြသသည့်  အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။  ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်ပိုးကူးစက် ခံထားရပြီဖြစ်ကာ ဤအရေအတွက်သည် ပိုမိုတိုးလာနိုင်သည်ဟုခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အချက်အလက်စနစ် (WAHIS)မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမြင့်ဆုံးသို့ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့်ဖြစ်သည်။ 

ဤဖြစ်ရပ်များသည် ဗိုင်းရပ်၏ မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံအလင်းပြ လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုရှိနို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေသည်။

၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်အားလုံးသည် H5 clade 2.3.4.4b Genotype B3.13 မျိုးကွဲဖြစ်ခဲ့သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 Genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။ 

D1.1 Genotype သည် ၂၀၂၃ ခုနှစ်ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း  မြောက်အမေရိကတိုက်ရှိ  ငှက်များ၏ရွှေ့ပြောင်းရာလမ်းကြောင်း (North American Flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊  နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (Domestic Poultry)တွင် ကူးစက်မှုများတွေ့ရှိရသည်။  နို့စားနွားများတွင် ဗိုင်းရပ်၏မတူညီသော Genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်၏ဆက်လက် ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။  Genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော Genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့သည်။  Genotype D1.1 သည် H5N1 ဗိုင်းရပ်၏ မျိုးဗီဇအမျိုးအစား(Genetic lade)တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ကူးစက်နိုင်စွမ်း (Cross-Species  Transmission)  ပိုမိုမြင့်မားနိုင်သည့် သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ  ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်)တွင် ကူးစက်နိုင်စွမ်းရှိသည်။

Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့် အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကို စောင့်ကြည့်ရန် အရေးကြီးသည်။   ဗိုင်းရပ်၏ မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ရောက်ရှိ လာနိုင်ပေသည်။

HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာ ပြသလေ့ရှိသည်။ သေဆုံးနှုန်းမှာလည်း ၂ ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (Raw Milk) တွင် ဗိုင်းရပ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။ 

H5N1 သည်  ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်၏မျိုးဗီဇပြောင်းလဲမှုကို  မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်အဖြစ်ပြောင်းလဲနိုင်ခြေ(Zoonotic Adaptation)ကိုမြင့်တက်စေသည်။ လက်ရှိတွင်နွားနို့မှတစ်ဆင့် လူသို့တိုက်ရိုက်ကူးစက်မှု အတည်မပြုရသေးသော်လည်း  ဗိုင်းရပ်၏မျိုးဗီဇ ပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။

H5N1 ဗိုင်းရပ်၏နွားများအကြား အပြင်းအထန် ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ကြီးမားသောစိုးရိမ်ဖွယ်ရာ အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှထုတ်လုပ်သော နို့စိမ်း (Unpasteurized Milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျ

သက်သေပြချက်များရှိသည်။   နို့ကိုပေါင်းခံခြင်း (Pasteurization) မပြုလုပ်ပါက ဗိုင်းရပ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။  WHO  ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO)၏အကြံပြုချက်များမှာ 

-        နို့နှင့်နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ်ပြီးမှသာ စားသုံးပါ။  (Pasteurization လုပ်ထားသော နို့ကိုသာရွေးချယ်ပါ)။ 

-        မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (Biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သော ငှက်များနှင့်ထိတွေ့မှုကို ကန့်သတ်ခြင်း)။ 

-        နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။ 

-        ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။ 

အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု

 ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်တို့ရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်ပိုးတွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်ကြောင်ကြီးများ (Bobcats) အပါအဝင်  ကြောင်မျိုးစိတ်များစွာ ကူးစက်ခံခဲ့ရသည်။ 

ကြောင်များတွင်  ရောဂါလက္ခဏာများမှာ ပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ် ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။ 

နိဂုံးချုပ်အားဖြင့်ဆိုသော်  H5N1  ဗိုင်းရပ်၏  နွားများအကြား ကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့်အန္တရာယ်ကို မြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။  ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်မြှင့်၍ဆောင်ရွက်ရန် အရေးကြီးသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊  သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကို ကာကွယ်ရန် အဓိကသော့ချက်များဖြစ်သည်။

“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာ ထိရောက်ပါသည်”

ဆက်စပ်ဆင်ခြင် ယုတ္တိရှိမရှိ စဉ်းစားပါ

Posted_Date

Image

ဆက်စပ်ဆင်ခြင် ယုတ္တိရှိမရှိ စဉ်းစားပါ

Body

မြန်မာပြည်ကို ဖျက်ဆီးနေတဲ့ NUG, PDF နဲ့ EAO အချို့အခြေပြုရာစခန်းတွေကို တပ်မတော် (ကြည်း၊ ရေ၊ လေ) က အထူးသဖြင့် လေကြောင်းက ခပ်စိပ်စိပ်လေး ဖိအားပေးတိုက်ခိုက်မှုတွေ ပြုလုပ်လာတာနဲ့အမျှ ယခုလိုအကြမ်းဖက်အားပေးတွေဘက်ကနေ နှပ်ကြောင်းပေး၊ မဟုတ်တမ်းတရားတွေ ရှိလာတော့မယ်ဆိုတာ မြင်ပြီးသားဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးမှာ မဆန်းတော့ပါဘူး။

သောင်းကျန်းသူတွေက သူတို့အထိနာလာရင် ဒီလိုပဲပြောတတ်၊ ထွက်တတ်၊ ကလိန်စေ့ငြမ်းဆင်ပြုတတ်တယ်။ အမှန်တရားက ဘာလဲမသိရသေး၊ မုသားစကား​က ကမ္ဘာပတ်ပြီးဖြစ်လောက်အောင် ပြည်တွင်းပြည်ပ စည်းဝါးကိုက်ပြီးသား၊ ဒါက အဖျက်သမားတွေ အကျွမ်းကျင်ဆုံးအလုပ်။ ဘယ်လို​ ဖြစ်ဖြစ်​ပါ၊ အပြစ်မဲ့ လူမမည်ကျောင်းသားကလေးတွေကတော့ ပြည်ဖျက်သမား လူလိမ်တစ်စုရဲ့ အကြင်နာကင်းမဲ့တဲ့ အပြုအမူ​ဆိုး​အောက်မှာ သူတို့ရဲ့အသက်တွေ စတေးသွားခဲ့ရပါပြီ။

လူတံတိုင်းကာ မျက်ရည်ခံထိုးရအောင်

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာဖြစ်စဉ်ပေါ့။ စာသင်နေတဲ့ကျောင်းကို တပ်မတော် (လေ) က ဗုံးကြဲချလိုက်လို့ ကျောင်းသားတွေ သေဆုံးရတယ်ဆိုတဲ့ဖြစ်စဉ်၊ logically သဘာဝကျမကျ၊ ယုတ္တိတန်မတန် စဉ်းစားမလား၊ Critically ဆန်းစစ်နှိုင်းချိန်ပြီးမှ စဉ်းစားမလား၊ ဘယ်လိုစဉ်းစားစဉ်းစား ဘယ်လိုမှကို မဖြစ်နိုင်ပါ။ ဇွတ်မှိတ်ငြင်းနေခြင်းမဟုတ်။ မြန်မာ့​တပ်မတော်​ ဖြစ်နေလို့ပါ။ စည်းနဲ့ကမ်းနဲ့ ဖွဲ့စည်းထားတဲ့တပ်မတော်ဖြစ်ပြီး နိုင်ငံတကာအဆင့် အမြဲတမ်းတပ်မတော်လည်းဖြစ်တယ်၊ ပြည်သူ့အတွက်ပဲ အမြဲအာရုံစိုက်နေရတဲ့၊ ပြည်သူကို အကာအကွယ်ပေးနေရတဲ့ တပ်မတော်ဖြစ်ပါတယ်။ ပြည်သူကို ထိမှာစိုးလို့၊ ကြားညှပ်တဲ့ ပြည်သူခံရမှာစိုးလို့ အမြဲဆင်ဆင်ခြင်ခြင် ကိုင်တွယ်နေရတဲ့ တပ်မတော်မို့ ယနေ့ကာလ အဖျက်သမားကို ရင်ဆိုင်တိုက်ခိုက်ရာမှာ အခက်အခဲဆုံးအခြေအနေများစွာကို ရင်ဆိုင်ရပြီး အချို့နေရာတွေမှာ ထိရောက်သင့်သလောက် မထိရောက်နိုင်တာမျိုးတွေလည်း ကြုံကြရတယ်။

ကျောင်းသားတွေရှိတဲ့နေရာ၊ ဘာသာတရားယဉ်ကျေးမှုအမွေအနှစ်တွေထွန်းကားရာ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတွေရှိရာနေရာများဆို ပိုသတိထားရတယ်။ ဒါကြောင့်လည်း အဖျက်သမားတွေဟာ ယုတ်မာပက်စက်စွာနဲ့ ကျောင်း၊ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတွေမှာပဲ စခန်းချတယ်။ ကျောင်းသားအရွယ် လူမမည်ကလေးတွေကို သေနတ်ကိုင်ခိုင်းတယ်။ လူသတ်နိုင်အောင် လက်နက်ငယ်ပစ်ခတ်နည်း၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ်။

ဒီလိုအချက်အလက်တွေအတွက် ဓာတ်ပုံအထောက်အထားများစွာ ရှိပါတယ်။ တစ်နည်းအားဖြင့် လူသားတံတိုင်းကာပြီး လူတွေကို မသေသေအောင်လုပ်ခြင်းဖြင့် မျက်ရည်ခံ၊ မျောက်ပြဆန်တောင်းခြင်းသာဖြစ်တယ်။ ဒီလိုနေရာတွေကို တပ်မတော်က တော်ရုံမလုပ်တဲ့အတွက် သူတို့အတွက်လည်း အန္တရာယ်ကလွတ်ကင်းသလို တပ်မတော်က တိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိရင်လည်း ပြည်သူတွေကို မညှာမတာတိုက်ခိုက်နေကြောင်း နိုင်ငံတကာကိုပါ သတင်းလွှင့်ဖန်တီး၊ လိမ်ညာလို့ရအောင် ထောင်ချောက်ဆင်လေ့ရှိကြတယ်။ ဒါကြောင့်လည်း တပ်မတော်က ပြည်သူတွေကို အဖျက်သမားတွေရဲ့ အဝေးမှာနေဖို့၊ သူတို့အနားမှာမနေကြဖို့ အကြိမ် ကြိမ် ဆော်သြနေရတာဖြစ်တယ်။

ဇာတ်လမ်းများထဲက ဇာတ်လမ်းတစ်ခုမျှသာ

တကယ်တော့ အခု အလိမ်အညာဇာတ်လမ်းကရမယ်အထင်နဲ့ NUG, PDF ကိုယ်တိုင် တမင်ထွင်ခဲ့တဲ့ ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ အဖြစ်မှန်ကို ပြောပြခဲ့တဲ့ သတ်ချင်သတ်ပါစေဆိုပြီး ဖြစ်စဉ် ဝန်းကျင်မှာရှိခဲ့တဲ့ ယခင် NUG ကို ထောက်ခံခဲ့တဲ့ မျက်မြင်ရွာသားကိုယ်တိုင် ပြောပြခဲ့တာရှိတယ်။ သူ့ပြောပြချက်အရဆိုရင် ဖြစ်ခဲ့တဲ့ကျောင်းမှာ PDF တွေ စခန်းချတာကြာပါပြီ။ ကျောင်းက ဒရုန်းဗုံးသီးတွေ ထုတ်လုပ်တဲ့နေရာ ဖြစ်နေတယ်။

အဲဒီနေ့က ကျောင်းမှာ ဓာတ်ပုံရိုက်ဖို့ရှိတယ်ဆိုပြီး ကျောင်းသားနဲ့ မိဘတွေကို ခေါ်ထားတယ်။ ဗုံးသီးလုပ်တဲ့နေရာဆိုတော့ မိဘတွေက သူတို့ကလေးတွေကို ဘယ်လွှတ်ချင်ပါ့မလဲ၊ ဒါပေမယ့် ကလေးနဲ့ ကလေးမိဘတွေ ကံမကောင်းခဲ့ပါဘူး။ ဗုံးသီးတွေထကွဲ၊ ဝုန်းကနဲ အသံကျယ်ကြီးနဲ့အတူ ကလေးငယ် ၂၀၊ ဆရာ ဆရာမ နှစ်ဦးပေါင်း ၂၂ ဦး ထိခိုက်သေကျေပျက်စီးကြရပါတော့တယ်။ အဖြစ်မှန်က ထိုရွာသားရဲ့ပြောပြချက်အရ “ စကစက လေယာဉ်နဲ့ ဗုံးကြဲတာမဟုတ်ကြောင်း၊ လက်လုပ်မိုင်းနဲ့ ဗုံးသီးလုပ်နေတဲ့ PDF တွေရဲ့ပေါ့ဆမှုကြောင့် ဗုံးသီးများ ပေါက်ကွဲရခြင်းဖြစ်ကြောင်း၊ လေယာဉ်ဗုံးကြောင့်ဆိုရင် ထိခိုက်သူတွေအနေနဲ့ စုတ်ပြတ်ပျက်စီးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအနေနဲ့လည်း ယခုထက် ပိုထိခိုက်မှာဖြစ်ကြောင်း၊ PDF တွေကြောင့်ဆိုတာ တစ်ရွာလုံးသိကြောင်း၊ လာရောက်စုံစမ်းနိုင်ပါကြောင်း၊ PDF များက ပြောတဲ့သူကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားလို့ မည်သူမျှမပြောရဲကြောင်း” စသည်ဖြင့် ဖွင့်ဟပြောကြားခဲ့တာ တွေ့ရပါတယ်။

ယုတ္တိတန်မတန် ဆက်စပ်ချင့်ချိန်

ဘာကြောင့် ၊ ဘယ်လိုသဘောတရားတွေအပေါ် အခြေခံပြီး NUG , PDF နဲ့ သူတို့ထောက်ခံသူတွေရဲ့ စွပ်စွဲ​ချက်တွေက မမှန်ကန်၊ မှားနေတယ်လို့ ပြောနိုင်ရပါသလဲ။ နိုင်ငံတော်အစိုးရရဲ့ တရားဝင်ငြင်းဆိုချက်ကကော ဘာကြောင့်အခြေအမြစ်ရှိပြီး ခိုင်လုံမှုရှိသလဲ၊ သူတို့ရဲ့ တစ်ဖက်သတ်စွပ်စွဲချက် အချက်အလက်တွေက တိကျသေချာမှုမရှိ ဘယ်လောက်မှားယွင်းနေသလဲ၊ နှိုင်းချင့်ဆက်စပ်စဉ်းစားကြည့်ရအောင်ပါ.....။ အမှန်မှာ ယခု ဖြစ်စဉ်ကာလက ကျောင်းဖွင့်ချိန်မဟုတ်၊ အလွန်ပူပြင်းလှတဲ့ နွေရာသီကျောင်းပိတ်ချိန်ကာလမှာ ဘာကြောင့်ကျောင်းဖွင့်နေရပါသလဲ၊၊ ဒါပေမယ့် သူတို့ NUG အစိုးရမို့ ဖွင့်ချင်တဲ့အချိန် ဖွင့်ရအောင်ဆိုရင်လည်း ပညာရေးကိုအားမပေးတဲ့ NUG ရဲ့ ညွှန်ကြားချက်ကို ဒီလိုအချိန်၊ ဒီလိုအခြေအနေမျိုးကျမှ ဖွင့်တယ်ဆိုတာက ယုံချင်စရာ ဘယ်လိုရှိနိုင်ပါ့မလဲ၊၊ ပညာရေးကို အားမပေးဘူးလို့ ပြောရတဲ့အကြောင်းရင်းက NUG ဟာ စာသင်တဲ့ ဆရာ၊ ဆရာမတွေကို သတ်ဖြတ်ခဲ့တဲ့၊ စာသင်ကျောင်းတွေကို ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ် တွေကြောင့်ပါပဲ။

နောက်တစ်ချက်က သူတို့ပြောနေတဲ့ မြန်မာ့တပ်မတော်လေတပ်သုံး ပေါင် ၅၀၀၊ ပေါင် ၁၀၀၀ တွေက အင်မတန်ပြင်းထန်တဲ့ဗုံးတွေပါ။ တကယ်တမ်းသာ ကြဲခဲ့တယ်မှန်ရင် ယခုလို သစ်သားစာသင်ကျောင်းဟာ လုံးဝပြိုကျပျက်စီးသွားမှာ အမှန်ပါ။ မြေပြင်မှတ်တမ်းတွေအရ ယခုတော့ အဆောက်အအုံနံရံတွေ ပြိုကျခြင်းမရှိ၊ မျက်နှာကြက်ကွာကျ၊ သွပ်ပြားပြုတ်ထွက်တာလောက်သာတွေ့ရပြီး အကြီးအကျယ်မပျက်စီး၊ ပေါက်ကွဲမှုကြောင့် မီးသွေးတုံးဖြစ်သွားမယ့် ဟိုတစ်စ၊ ဒီတစ်စ DB တွေလည်း မတွေ့ရ၊ ချိုင့်ခွက်ရာပင်မတွေ့၊ အခြားပရိဘောဂတွေ ပျက်စီးခြင်းလည်းမရှိ.. ။ နောက် NUG တို့ ပြောသလို ဗုံးကြောင့်ဖြစ်တဲ့ မြေကျင်းကြီးတွေ မတွေ့ရပြန်တော့ ကြဲချတဲ့ဗုံးတွေဟာ မူလပြောသလို ပေါင် ၅၀၀/ ၁၀၀၀ တွေ မဟုတ်တော့ပြန်၊ ကလပ်စတာဗုံးတွေလို့ ဗလောင်းဗလဲ ဖြစ်ပြန်တယ်။

ဖြစ်နိုင်ပါ့မလား။ ကျွမ်းကျင်သူတို့ရဲ့အဆိုအရ ကလပ်စတာဗုံးဆိုတာက ပစ်မှတ်နဲ့မထိခိုက်ခင်မှာ လေထဲမှာ မူလဗုံးမကြီးကနေ အပိုင်းပိုင်းကွဲထွက်ပြီး ၇ ဧကခန့်အထိ ဗုံးစဗုံးငယ်ပေါင်း ၂၀၀ လောက်အထိ ပျံ့နှံ့သွားနိုင်တယ်။ လူကို အကြီးအကျယ် အသက်အန္တရာယ် ထပ်ခါထပ်ခါပေးနိုင်တဲ့ ဗုံးအမျိုးအစားဖြစ်ပြီး ဒီလိုဗုံးမျိုးကြဲချခံရပြီးရင်တောင် ထပ်ကွဲနိုင်တဲ့အတွက် သတိထားရမယ့် အနေအထားဖြစ်ပါတယ်။ ကလပ်စတာဗုံးဆိုတာက ထိခိုက်သွားတဲ့မြေပြင်မှာ ချိုင့်ခွက်တစ်ခုတည်းမကဘဲ အများကြီးရှိနိုင်တယ်။ DB တွေမှာ အစအနများစွာရှိနိုင်တယ်။ အပျက်အစီးအပိုင်းအစများစွာ တွေ့ရနိုင်တယ်။ ဒါကြောင့်လည်း ကလပ်စတာဗုံးဆိုတာမျိုးက ဖြစ်နိုင်ပါ့မလား၊ အထောက်အထား မခိုင်လုံတဲ့အတွက် မဖြစ်နိုင်သလို ပေါင် ၅၀၀/ ၁၀၀၀ ဆိုတဲ့ ဗုံးကလည်း သူတို့ကိုယ်တိုင် မဟုတ်ကြောင်း ပြန်ငြင်းထားတာဆိုတော့ ...။

နောက်ထပ်ကွဲလွဲနေတဲ့အချက်တွေကို ဆက်စပ်ကြည့်ရအောင်ပါ။ ဗုံးကြဲခံရတဲ့ ကလေးတွေရဲ့ လွယ်အိတ်နဲ့ စာအုပ်တွေက ဗုံးဒဏ်ကြောင့် စုတ်ဖွာထွက်မသွား၊ ဘာကြောင့် အကောင်းပကတိအတိုင်း သပ်သပ်ရပ်ရပ်နဲ့ ရှိနေရပါသလဲ။ လိမ်ပုံညာနည်းတွေက မသပ်ရပ်လှ၊ သေချာမှုမရှိ၊ ဖြစ်ကတတ်ဆန်းရှိလှတယ်။ NUG က ပို့တဲ့ပုံတွေကို AI detector နဲ့ စစ်လိုက်တဲ့အခါ ရာနှုန်းပြည့်မှားယွင်းနေတာလည်း တွေ့ရပြန်တယ်။

ဒါကြောင့် ဒီတစ်ကြိမ်မှာ OHCHR လို၊ UNICEF Myanmar လို အဖွဲ့အစည်းတွေက အသံတိတ်နေတာ ဖြစ်မယ်။ သေဆုံးနေတဲ့ပုံတွေ ကြည့်လိုက်တော့ အချို့ပုံတွေဟာ မျက်လုံးပွင့်နေပုံ သတိပြုမိသလို၊ သေနေတဲ့ပုံမျိုးမဟုတ်ဘဲ နိုးနေသကဲ့သို့ပင် တွေ့နေရတယ်။ ရိုက်တဲ့၊ လွှင့်တဲ့ စာသားဓာတ်ပုံတွေဟာ လည်း အကြိမ်ကြိမ်တည်းဖြတ်ထားပုံပါပဲ။ သူတို့က ဖြစ်စဉ်ကို ပြောတဲ့အခါ Live လွှင့်ပြီးပြောတယ်၊ ပြောခဲ့သူကိုလည်း ကြည့်ပါဦး၊ ဒေါ်ရတီအုန်းဆိုတဲ့ ၂၀၂၁ ခုနှစ်ကတည်းက CDM လုပ်ခဲ့တဲ့ ကလေးမြို့ က စက်မှုလက်မှုလက်ထောက်ကထိကဟောင်းတစ်ယောက်၊ တစ်ခါတစ်ရံ သေနတ်ကိုင်တယ်၊ရှေ့တန်းလိုက် စစ်တိုက်တယ်၊ ပရဟိတ လုပ်တတ်တယ်။ စစ်ကိုင်းနဲ့ ချင်းမှာ တပ်ကလေယာဉ်နဲ့ဗုံးကြဲတဲ့နေရာတိုင်းကို ချက်ချင်းသူရောက်တတ်ပြီး ငိုသံပါ ရုပ်တည်ကြီးနဲ့ မှတ်တမ်းဗီဒီယိုရိုက်တယ် ဝါဒဖြန့်တတ်တဲ့သူတစ်ယောက်ဆိုတော့....။

သုံးသပ်ချင်တာက မြန်မာ့နိုင်ငံအရေးမှာ တချို့ကိစ္စတွေက မရိုးရှင်းဘူး၊ တိုက်ဆိုင်မှုဆိုတာ ဘယ်သောအခါမှ မရှိနိုင်ဘူးဆိုတာပါပဲ၊၊ ယခုတလော နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ NUG, PDF , EAOs တွေက ဘက်စုံတိုက်ကွက်ဖော်နေသလို အရှေ့မြောက်နဲ့မြောက်ပိုင်းမှာ အကြမ်းဖက်တွေအပေါ် တပ်မတော်ဘက်က စစ်ရေးအောင်မြင်မှုတွေကြောင့် အရေးနိမ့်နေတဲ့ဘက်ကို NUG က အထောက်အကူပြုပေးတဲ့သဘောလည်းပါမယ်။ ဒီလိုအခြေအနေကြောင့် တပ်မတော်ကို တစ်ဖက်က ဖိအားပေးနေသလားလို့လည်း မြင်မိတယ်၊၊ တဖြည်းဖြည်း စိတ်ဓာတ်ကျ အလင်းဝင်လာနေတဲ့ PDF တွေ စိတ်အားတက်ကြွလာအောင် စတဲ့အကြောင်းတရားတွေကနေ နိုင်ငံတကာကို မျက်ရည်ချူ၊ နိုင်ငံတကာဆီက ထောက်ပံ့တဲ့ ရန်ပုံငွေရအောင် လုပ်စားနေတာလို့ မြင်ပါတယ်။

အကြမ်းဖက်တွေက သူတို့ရှိတဲ့နေရာမှန်သမျှ လူသားတံတိုင်းလုပ်နေသရွေ့ တပ်မတော်ဘက်က ဘယ်လိုပဲ သတိထားရှောင်နိုင်အောင် အကြိမ်ကြိမ်သတိပေးနေပါစေ၊ သူတို့နဲ့ သူတို့အပေါင်းအပါတွေကတော့ သူတို့ကြောင့်ဖြစ်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ ဒီလိုလုပ်ကြံဖန်တီးတာမျိုးတွေ၊ အလိမ်အညာ ဇာတ်လမ်းတွေကို ဖန်တီးနေဦးမှာပဲ။ အခုလုပ်ကြံဇာတ်လမ်းမှာ အဖျက်သမားတွေ သတိမထားမိတာ က သူတို့အနေနဲ့ ယခုလို ရိုးရှင်းတဲ့အကွက်တွေကိုပဲ ထပ်ခါထပ်ခါ သုံးစွဲနေခြင်းမျိုးဖြစ်ပြီး ပြည်သူတွေရဲ့ သူတို့အပေါ် ယုံကြည်မှု၊ လက်ခံမှု လျော့ကျလာနေ တာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ၊ အကြမ်းဖက်သမားတွေနဲ့ သူတို့ကို ထောက်ခံသူတွေကို ပြောချင်တာက နောက်ထပ်ရင်နာစရာ ယခုလိုအဖြစ်မျိုးတွေ ထပ်မရှိရအောင် အတ္တတွေကို လျှော့ချကြပါ၊ အမှန်တကယ် သေဆုံးသွားသူတွေအတွက်လည်း တကယ့်အမှန်တရားကိုသာ ချပြပေးပါ၊ အကျိုးအပြစ်၊ အမှားအမှန် တွေးခေါ်ဆင်ခြင်ဉာဏ်လေးတွေလည်း ထားပေးကြပါ။ အမှားတန်ဖိုးတွေ၊ မှားယွင်းတဲ့မူဝါဒနဲ့ ပန်းတိုင်အမှား၊ လုပ်နည်းအမှား၊ ကျင့်ဝတ်အမှားတွေကို ရပ်တန်းကရပ်ကြပါလို့သာ တိုက်တွန်းလိုက်ရပါတော့တယ်။ ။

Source: www.moi.gov.mm

 

 

ယခုနှစ် သရက်သီးပေါ်ချိန်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှ ထွက်ရှိသော စိန်တစ်လုံးသရက်သီးများ အရောင်းအဝယ် သွက်နေ

News Image

mango

ယခုနှစ် သရက်သီးပေါ်ချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှထွက်ရှိသော  စိန်တစ်လုံးသရက်သီးများ  စျေးကောင်းရရှိကာ  အရောင်း အဝယ်သွက်လျက်ရှိကြောင်း     မြန်မာ့သရက်ဈေးကွက်နှင့်     နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအသင်း(မန္တလေး)မှ    သိရ သည်။