ကွန်ဖူးတိုက်ကွက်များကိုပင် ပြသနိုင်တဲ့ တရုတ်နိုင်ငံရဲ့ လူတူစက်ရုပ် Lingxi X2

News Image

ကွန်ဖူးတိုက်ကွက်များကိုပင် ပြသနိုင်တဲ့ တရုတ်နိုင်ငံရဲ့ လူတူစက်ရုပ် Lingxi X2

တရုတ်နိုင်ငံရဲ့ Agibot ဆိုတဲ့ ကုမ္ပဏီက သူတို့ ထုတ်လုပ်တဲ့ လူတူစက်ရုပ်များရဲ့ စွမ်းဆောင်ရည် တစ်ခုကို မကြာသေးခင်ကထုတ်ဖော်ပြသသွားပါတယ်။ အဲဒီထုတ်ဖော်ပြသမှုအပြီးမှာ လူတူစက်ရုပ်က လူအများရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာတာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ အဲဒီလူတူစက်ရုပ်ဟာ ကွန်ဖူးတိုက်ကွက်များကိုတောင်မှ ကစားပြနိုင်တဲ့ အတွက်ပါပဲ။

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ(ဗီနိုင်း) စိုက်ထူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို မေလ ၁၉ ရက်နေ့၊ နံနက် (၈) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် ဆုံကုန်းရပ် တံတားဦး-မြို့သာကားလမ်း မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ကျင်းပကြောင်း သိရသည် ။

ကမ္ဘာ့ပထမဆုံး မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ပင့်ကူက အနီရောင် ပင့်ကူမျှင်ကို ထုတ်လွှတ်

News Image

ကမ္ဘာ့ပထမဆုံး မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ပင့်ကူက အနီရောင် ပင့်ကူမျှင်ကို ထုတ်လွှတ်

ဘေးရုတက္ကသိုလ်မှ သုတေသနပညာရှင်များက   မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုမှာ အဓိကအခန်းကဏ္ဍ ကနေပါဝင်နေတဲ့ CRISPR-Cas9 ဆိုတဲ့ကိရိယာကို ထိထိရောက်ရောက်နဲ့ အောင်မြင်စွာ အသုံးပြုလိုက်နိုင်ပါပြီ။ သူတို့ရဲ့အောင်မြင်မှုကိုတော့ ပင့်ကူတစ်ကောင်က အနီရောင်ပင့်ကူမျှင်များကို ထုတ်လွှတ်မှုမှာ မြင်တွေ့နိုင်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာပထမဆုံးသောအောင်မြင်မှုလည်း ဖြစ်ပါတယ်။

အသံလှိုင်းအသုံးပြုပြီး အဝတ်များ ဖန်တီးနိုင်မယ့် နည်းပညာကို ပညာရှင်များ တီထွင်

News Image

အသံလှိုင်းအသုံးပြုပြီး အဝတ်များ ဖန်တီးနိုင်မယ့် နည်းပညာကို ပညာရှင်များ တီထွင်

အခုဆိုရင် အဝတ်များကို ဖန်တီးချုပ်လုပ်မှုနည်းပညာက ခေတ်သစ်တစ်ခုကို ရောက်လာပြီလို့ဆိုနိုင်ပါတယ်။ ဒီနေရာမှာတော့ အထည်တွေ ချုပ်လုပ်ဖို့အတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြုစရာမလိုဘဲ အသံလှိုင်းကိုသာ အသုံးပြုရမှာဖြစ်တယ်လို့ ဇူးရစ်တက္ကသိုလ်မှ သုတေသနပညာရှင်များကပြောပါတယ်။

သုတေသနပညာရှင်များက  စမတ်တီရှပ်နဲ့ လက်အိတ်တစ်မျိုးကို  တီထွင်လိုက်ပါတယ်။ အဲဒီတီရှပ်က ဝတ်ဆင်ထားသူရဲ့ အသက်ရှူနှုန်းကို တိုင်းတာနိုင်ပါတယ်။ လက်အိတ်ကကျတော့ လက်ရဲ့လှုပ်ရှားမှုကို ကွန်ပျူတာအတွက် အမိန့်ပေးစေခိုင်းမှုအဖြစ် ပြောင်းလဲပေးစေနိုင်ပါတယ်။