ဂရင်းလန်းနှင့်ပတ်သက်၍ ဒိန်းမတ်၏ အချုပ်အခြာအာဏာကို လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
News Image

ဂရင်းလန်းကျွန်းနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝလေးစားကြောင်း မေလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လာရ်စ် လုခ် ရက်စ်မူဆန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံဘက်မှ ရပ်တည်သွားရန်လည်း ဒိန်းမတ်အား တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။