ရုရှားနှင့်အင်ဒိုနီးရှားက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူ
News Image

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူညီမှုရရှိလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါပလက်ဖောင်းသည် နှစ်နိုင်ငံကြား နည်းပညာ လွှဲပြောင်းမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံများ ဖလှယ်မှုစသည်တို့အတွက် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။