ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပန်းခရုပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

News Image

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပန်းခရုပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ဖျာပုံ   ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ပန်းခရုပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးသူ က ပြောပြ၍ သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ပန်းခရုပိဿာချိန် ၄၅၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း ပန်းခရု ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ဒေသထွက် ရင်ကွဲသရက်သီးများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

News Image

မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ဒေသထွက် ရင်ကွဲသရက်သီးများ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

မော်လမြိုင်ကျွန်း  ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှထွက်ရှိသည့် ဒေသထွက် ရင်ကွဲသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ သရက်သီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းသူ က ပြောပြ၍ သိရသည်။

ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်

News Image

ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်  ဇွန် ၂၁

ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးကိုအသုံးပြု၍ အူမကြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၂၀ ရက်တွင် ပြောကြားသည်။

နေ့စဉ်သတ်မှတ်ချိန် ရှစ်နာရီအတောအတွင်း၌သာ အစာစားခြင်းနှင့် တရားထိုင်ခြင်းတို့သည် အူမကြီးကင်ဆာရောဂါနှင့် ဆက်စပ်နေသော အဆီဓာတ်များကို ဖယ်ရှားပေးနိုင်ပြီး အစာခြေလမ်းကြောင်းစနစ် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

YBS 75 ယာဉ်လိုင်း လမ်းကြောင်း တိုးချဲ့ ပြေးဆွဲပေးမည်

News Image

YBS 75 ယာဉ်လိုင်း လမ်းကြောင်း တိုးချဲ့ ပြေးဆွဲပေးမည်

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။

တိုးချဲ့ပြေးဆွဲပေးသည့် လမ်းကြောင်းမှာ ယခင်ဂိတ်ရင်း ငမိုးရိပ် (ကားကြီးဂိတ်) အစား မြောက်ဒဂုံ(ပင်လုံအိမ်ရာ)မှ ပြေးဆွဲပေးခြင်းဖြစ်သည်။