ကွန်ရက်စနစ်တစ်ခုကို ရုရှားလွှတ်တင်မည်
News Image

ရုရှားနိုင်ငံအနေဖြင့် ဒရုန်းအန္တရာယ်ကို ထိန်းချုပ်ကာကွယ်ရန်အတွက် ဂြိုဟ်တု အစင်းပေါင်း ၁၀၀ ကျော်ပါဝင်သည့် ကွန်ရက် တစ်ခုကို ကမ္ဘာပတ်လမ်းအတွင်းသို့ လွှတ် တင်မည်ဖြစ်ကြောင်း ရုရှားအာကာသ အေဂျင်စီအကြီးအကဲ ဒီမီထရီဘာကာ နော့ဗ်က ပြောသည်။
ရုရှားနိုင်ငံကလွှတ်တင်မည့် ကွန်ရက် စနစ်တွင် 886 Rassvet broadband အမျိုးအစား အင်တာနက်ဂြိုဟ်တုနှင့် ကမ္ဘာ မြေကြီးအား အဝေးမှနေ၍ အာရုံခံစောင့် ကြည့်နိုင်သည့် ဂြိုဟ်တုများပါဝင်မည် ဖြစ်ကြောင်း RIA Novosti သတင်း အေဂျင်စီက အာကာသအရင်းအမြစ်များ ကို ကိုးကား၍ဖော်ပြသည်။