အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံသားများအား “စစ်ဘက် ဆိုင်ရာ နေရာများ၊ ထောက်လှမ်းရေးအခြေစိုက်နေရာများနှင့် နီးကပ်သောနေရာများကို ရှောင်ကြဉ်ရန်” တိုက်တွန်းနှိုးဆော်

News Image

အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံသားများအား “စစ်ဘက် ဆိုင်ရာ နေရာများ၊ ထောက်လှမ်းရေးအခြေစိုက်နေရာများနှင့် နီးကပ်သောနေရာများကို ရှောင်ကြဉ်ရန်” တိုက်တွန်းနှိုးဆော်

အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံသားများအား စစ်ဘက်ဆိုင်ရာနေရာများ၊ ထောက်လှမ်းရေးအခြေစိုက်နေရာများနှင့် နီးကပ်သော နေရာများကို ရှောင်ရှားရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

Abbas Araghchi က X တွင် အီရန်စစ်တပ်သည် အစ္စရေး၏ ကွပ်ကဲမှု၊ ထိန်းချုပ်မှုနှင့် ထောက်လှမ်းရေးဌာနချုပ်ကို တိကျစွာဖျက်ဆီးနိုင်ခဲ့ပြီး နောက်ထပ်အရေးကြီးသော ပစ်မှတ်တစ်ခုကိုပါ ထည့်သွင်းဖျက်ဆီး ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း နေရာအချက်အလက်ကို ဖော်ပြခဲ့ခြင်း မရှိပေ။

အမေရိကန်နိုင်ငံ NAACP က အီလွန်မက်စ်၏ xAI ကုမ္ပဏီကို လေထုညစ်ညမ်းစေမှုဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ထုတ်ပြန်

News Image

အမေရိကန်နိုင်ငံ NAACP က အီလွန်မက်စ်၏ xAI ကုမ္ပဏီကို လေထုညစ်ညမ်းစေမှုဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ထုတ်ပြန်

ဝါရှင်တန် ဇွန် ၁၉

အမေရိကန်နိုင်ငံ တန်နက်စီ ပြည်နယ် မပ်ဖစ်မြို့တွင် ဘီလီယံနာ အီလွန်မက်စ်ပိုင်ဆိုင်သည့် xAI ကုမ္ပဏီကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသဖြင့် National Association for the Advancement of colored People (NA-ACP) က တရားစွဲဆိုရန်ပြင်ဆင်နေ ကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။

အီရန်၏ Fordow အဏုမြူစက်ရုံကို တိုက်ခိုက်မည်ဆိုပါက ရေဒီယိုသတ္တိ ကြွမှု အနည်းငယ်သာ ယိုစိမ့်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆို

News Image

အီရန်၏ Fordow အဏုမြူစက်ရုံကို တိုက်ခိုက်မည်ဆိုပါက ရေဒီယိုသတ္တိ ကြွမှု အနည်းငယ်သာ ယိုစိမ့်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆို

ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အမေရိကန်က အီရန်၏ Fordow အဏုမြူစက်ရုံကို တိုက်ခိုက်ပျက်စီးစေပါက ချက်ချင်း သက်ရောက်မည့် ဧရိယာအတွင်း ရေဒီယိုသတ္တိကြွမှု အနည်းငယ်ယိုစိမ့်နိုင်သော်လည်း အဏုမြူဓာတ်ပေါင်းဖိုတစ်ခုကို ဗုံးကြဲခြင်းကဲ့သို့ ကြီးမားသည့် အကျိုးဆက်မျိုး ဖြစ်မည်မဟုတ်ဟု ဆိုပါသည်။

ဟန်ဂေရီ ရဲတပ်ဖွဲ့က ဘူဒါပက်စ်မြို့၌ ကျင်းပမည့် Pride ချီတက်ပွဲကို တားမြစ်

News Image

ဟန်ဂေရီ ရဲတပ်ဖွဲ့က ဘူဒါပက်စ်မြို့၌ ကျင်းပမည့် Pride ချီတက်ပွဲကို တားမြစ်

ဟန်ဂေရီ ရဲတပ်ဖွဲ့က လာမည့် ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် LGBTQ+ လိင်တူချစ်သူများ အသိုင်းအဝိုင်း၏ ဘူဒါပက်စ် Pride ချီတက်ပွဲကို တားမြစ်လိုက်ကြောင်း ကြာသပတေးနေ့ (ဇွန် ၁၉) က ထုတ်ပြန်ကြေညာခဲ့ ပါသည်။

ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ လက်ယာယိမ်းအစိုးရ Fidesz ပါတီ အင်အားကြီးထွားနေသည့် ဟန်ဂေရီပါလီမန်က မတ်လအတွင်းတွင် ကလေး သူငယ်များကို ကာကွယ်ရန်ဆိုသည့် အကြောင်းပြချက်နှင့် LGBTQ ချီတက်ပွဲများကို ရဲတပ်ဖွဲ့က တားမြစ်နိုင်သည့် ဥပဒေတစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။