ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး စာချွန်လွှာကို ရုရှား ထုတ်ပြန်

News Image

ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး စာချွန်လွှာကို ရုရှား ထုတ်ပြန်

ရုရှား-ယူကရိန်း ဒုတိယအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားက ယူကရိန်းထံ လွှဲပြောင်းပေးခဲ့သည့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးစာချွန်လွှာ အကြောင်းအရာ အပြည့်အစုံကို ရုရှား TASS သတင်းဌာနက ဇွန် ၂ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ စာချွန်လွှာ အကြောင်းအရာ အပြည့် အစုံတွင် ယူကရိန်းအကျပ်အတည်း အဆုံးသတ်အဖြေရှာမှု အခြေအနေများ၊ ရက် ၃၀ အတွင်း ဘက်စုံအပစ်အခတ်ရပ်စဲမှုဖော်ဆောင်ခြင်းနည်းလမ်း၊ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးရန် အဆင့်နှင့် အချိန်ကန့်သတ်ချက် စသည်တို့ ပါဝင်သည်။

အီရန်က စေ့စပ်ညှိနှိုင်းရန် ကြိုဆိုသော်လည်း ဗိုလ်ကျအနိုင်ကျင့်မှုကို ငြင်းဆိုကြောင်း အီရန်သမ္မတ ပြောကြား

News Image

အီရန်က စေ့စပ်ညှိနှိုင်းရန် ကြိုဆိုသော်လည်း ဗိုလ်ကျအနိုင်ကျင့်မှုကို ငြင်းဆိုကြောင်း အီရန်သမ္မတ ပြောကြား

အီရန်က စေ့စပ်ညှိနှိုင်းရန် ကြိုဆိုသော်လည်း စေ့စပ်ညှိနှိုင်းမှုက ဗိုလ်ကျအနိုင်ကျင့်မှု သို့မဟုတ် တစ်ဖက်သတ် တောင်းဆိုမှုများကို အခြေခံ၍ မရကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်နှင့်အမေရိကန်ကြား ကြားခံဆွေးနွေးမှုနှင့်စပ်လျဉ်း၍ ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

ကျင်းပလျက်ရှိသော အီရန်-အမေရိကန် ကြားခံဆွေးနွေးမှုနှင့်စပ်လျဉ်းပြီး မည်သည့်နယ်ပယ်တွင် မဆို ဗိုလ်ကျအနိုင်ကျင့်မှုမူဝါဒကို မကျင့်သုံးသင့်ကြောင်း ပါဇက်ရှ်ကီရမ်က အဆိုပါနေ့တွင် အီရန် နိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ထံမှ သံအမတ်ခန့်အပ်လွှာကို လက်ခံစဉ်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေသည့်အကြားမှ ရှေ့လတွင် ဘရာဇီးနိုင်ငံ၌ ကျင်းပပြုလုပ်မည့် BRICS ထိပ်သီး အစည်းအဝေး သို့ မိုဒီတက်ရောက်ဖွယ်ရှိ

News Image

အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေသည့်အကြားမှ ရှေ့လတွင် ဘရာဇီးနိုင်ငံ၌ ကျင်းပပြုလုပ်မည့် BRICS ထိပ်သီး အစည်းအဝေး သို့ မိုဒီတက်ရောက်ဖွယ်ရှိ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ရှေ့လတွင် ကျင်းပရန်ရှိသည့်  BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ရေရိုဒီဂျနေရိုးမြို့သို့ သွားရောက်ဖွယ်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါသည်။ အဆိုပါ အစည်းအဝေးသည် G7 အဖွဲ့နှင့် အားပြိုင်ဖြစ်လာမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဖွဲ့ဖြစ်သဖြင့် အမေရိကန်ပြည်ထောင်စု ထရမ့် အစိုးရအဖွဲ့က အနီးကပ်စောင့်ကြည့်လေ့လာခြင်းခံနေရပါသည်။ ယင်းအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်မည်ဖြစ်ပြီး၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီရန်၊ အီဂျစ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ခေါင်းဆောင်များလည်း အတ

တရုတ်နိုင်ငံက TNT တန်ချိန်သန်းချီကာ အဖျက်စွမ်းအားရှိသည့် ICBM ဒုံးကျည်ကို ထုတ်ဖော်ပြသ

News Image

တရုတ်နိုင်ငံက TNT တန်ချိန်သန်းချီကာ အဖျက်စွမ်းအားရှိသည့် ICBM ဒုံးကျည်ကို ထုတ်ဖော်ပြသ

တရုတ်သတင်းဌာန (CCTV) က ယခုသီတင်းပတ်အတွင်း DF-5 နျူကလီးယားဒုံးကျည်၏ အဓိက အချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး ၎င်းဒုံးကျည်သည် ကီလိုမီတာ ၁၂,၀၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်ကာ TNT တန်ချိန် သန်း ၃-၄ သန်းနှင့် ညီမျှသည့် အဖျက် စွမ်းအား ရှိသော ထိပ်ဖူးကို သယ်ဆောင်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ စွမ်းအားသည် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က ဟီရိုရှီးမားမြို့ပေါ်သို့ ပစ်ချခဲ့သည့် အနုမြူဗုံး၏ စွမ်းအားထက် အဆ ၂၀၀ ပိုမို ကြီးမားသည်။