အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း ဆက်လက်မြင့်တက်လာ
အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းလည်း ဆက်လက် မြင့်တက်လာလျက်ရှိကြောင်းသိရသည်။
ဇွန်လ ၁၇ ရက်ကမ္ဘာ့ရေနံဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်လာသည်ကိုတွေ့ရသည်။ ဘရန့်ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ ၇၆ ဒသမ ၄၅ ဒေါ်လာအထိရောက်ရှိလာသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းဖြစ်သည်။