လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ပြည်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

News Image

လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ပြည်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း  နျူဆာတန်ဂါရာပြည်နယ်ရှိ   လီဝိုတိုဘီမီးတောင် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများစွာကို ဘေးကင်းရာသို့ပြောင်းရွှေ့ပြီး လေယာဉ် ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူ များက ဇွန်လ ၁၈ ရက်တွင် ပြောသည်။

မီးတောင်ပေါက်ကွဲမှုသည်   ဇွန်လ ၁၇ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သော်လည်း ဇွန်လ ၁၈ ရက်အထိ လှုပ်ရှားမှုရှိနေဆဲဖြစ်ကြောင်းနှင့် တောင်စောင်းရှိ ကျေးရွာများအပေါ်  ပြာများကျဆင်းနေဆဲ ဖြစ်ကြောင်း သဘာဝ ဘေးလျော့ပါးရေး ဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယက ပါကစ္စတန် နှင့်ဆက်ဆံရေး ပြေလည်စေရန် တတိယနိုင်ငံ၏ ကြားဝင်မှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်

News Image

အိန္ဒိယက ပါကစ္စတန် နှင့်ဆက်ဆံရေး ပြေလည်စေရန် တတိယနိုင်ငံ၏ ကြားဝင်မှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးပြေလည်စေရန် တတိယနိုင်ငံ ၏ကြားဝင်ဖျန်ဖြေမှုကို မည်သည့်အခါမျှ လက်ခံမည် မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောသည်။

ထရမ့်က ကနေဒါနိုင်ငံ၌ ကျင်းပသော G-7 ထိပ်သီး အစည်းအဝေးမှ အချိန်မတိုင်မီ ထွက်ခွာလာပြီးနောက် ဇွန်လ ၁၇ ရက်တွင် မိုဒီနှင့် ၃၅ မိနစ်ကြာ ဖုန်းပြောစဉ် မိုဒီက၎င်း၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ပိုမို ခိုင်မာအောင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကနေဒါနှင့်အိန္ဒိယ ဆက်ဆံရေးပြန်တည်ဆောက်မည်

နယူးဒေလီ၊ ဆက်ဆံရေး

ကနေဒါနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်သဘောတူလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန်လ ၁၈ ရက်တွင် ပြောသည်။ ထို့ပြင် ရပ်ဆိုင်းနေသော ကုန်သွယ်ရေးဆွေးနွေးမှုများကိုလည်း ပြန်လုပ်သွားမည်ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့ခြင်းက တစ်လမ်းမောင်းမဟုတ်ဟု ထရမ့်ပြော

နိုင်ငံတစ်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ခြင်းသည် အမေရိကန်နိုင်ငံ ကို စီးပွားရေးအရများစွာဆုံးရှုံးစေနိုင်ပြီး လွယ်ကူသည့်လုပ်ငန်းတစ်ခုမဟုတ်သည့် အပြင် တစ်လမ်းမောင်းသွားသည့်ပုံစံ ဖြစ်မနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် ရုရှားနိုင်ငံအပေါ် ပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အသင့်မဖြစ်သေးကြောင်း၊ ရုရှား နိုင်ငံကို နောက်ထပ်ချမှတ်မည့်ဒဏ်ခတ် ပိတ်ဆို့မှုများသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးကို များစွာဆုံးရှုံးနိုင်စေမည်ဖြစ်ကြောင်း ထရမ့်ကပြောသည်ဟု Bloom-berg သတင်းဌာနက ဇွန်လ ၁၇ ရက်တွင် ဖော်ပြထားသည်။