ပင်တဂွန်က ကိယက်ဗ်မှ ဒုံးကျည်အစိတ်အပိုင်းများကို အရှေ့ အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံ ပြန်လည်လွှဲပြောင်းပေး

News Image

ပင်တဂွန်က ကိယက်ဗ်မှ ဒုံးကျည်အစိတ်အပိုင်းများကို အရှေ့ အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံ ပြန်လည်လွှဲပြောင်းပေး

ဝါရှင်တန်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) သည် ယခင်က ယူကရိန်းလေကြောင်းရန် ကာကွယ်ရေး အတွက် ရည်ရွယ်ခဲ့သော အရေးကြီးဒုံးကျည်အစိတ်အပိုင်းများကို အရှေ့ အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထိုလုပ်ဆောင်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် ယူကရိန်းအားထောက်ပံ့မှုများကို တဖြည်းဖြည်း လျှော့ချလာခြင်းနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားက ရုရှားအတွက် ခြွင်းချက်မရှိ ထောက်ခံမှုကို ထပ်လောင်းပြောကြား

News Image

မြောက်ကိုရီးယားက ရုရှားအတွက် ခြွင်းချက်မရှိ ထောက်ခံမှုကို ထပ်လောင်းပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ပြုံယမ်း၌ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergey Shoigu နှင့် တွေ့ဆုံစဉ် ယူကရိန်းပဋိပက္ခတွင် ရုရှားအား ခိုင်မြဲစွာ ထောက်ခံမည် ဟု ကတိပြုခဲ့သည်။

Korean Central News Agency (KCNA) ၏ ဖော်ပြချက်အရ နှစ်ဖက်သည် နှစ်နိုင်ငံအကြား နည်းဗျူဟာမြှင့်တင်ရေး မိတ်ဖက်ဆက်ဆံရေးကို အားဖြည့်ရန် ဆွေးနွေးခဲ့ပြီး ပဋိပက္ခတွင် မြောက်ကိုရီးယားတပ်များ၏ ပါဝင်မှုကို ဂုဏ်ပြုခဲ့ကြသည်။

အမေရိကန်က ယူကရိန်း၏တိုက်ခိုက်မှုသည် ရုရှား လေယာဉ် ၂၀ ကို ထိခိုက်နိုင်စေခဲ့သည်ဟု ယုံကြည်ဟုဆို

News Image

အမေရိကန်က ယူကရိန်း၏တိုက်ခိုက်မှုသည် ရုရှား လေယာဉ် ၂၀ ကို ထိခိုက်နိုင်စေခဲ့သည်ဟု ယုံကြည်ဟုဆို

အမေရိကန်အရာရှိများက ယူကရိန်းသည် ဇွန်လ ၁ ရက်နေ့တွင် ရုရှား လေယာဉ် ၂၀ ကို ထိခိုက်စေနိုင်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ၎င်းအရေအတွက်သည် ကိယက်ဗ် ကြေညာချက်၏ တစ်ဝက်သာရှိသည်။

ဇွန်လ ၄ ရက်နေ့တွင် အမည်မဖော်လိုသော အမေရိကန်အရာရှိနှစ်ဦးက ယူကရိန်းဘက်မှ လွန်ခဲ့သည့်သီတင်းပတ်က ရုရှား၏ မဟာဗျူဟာမြောက် လေကြောင်းအခြေစိုက်စခန်းများကို စီးနင်းတိုက်ခိုက်မှုအပေါ် ၎င်းတို့၏ အကဲဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းတို့အဆိုအရ ကိယက်ဗ် သည် “လေယာဉ် ၂၀ ထက်မပိုသော အရေအတွက်ကို ထိခိုက်စေနိုင်ခဲ့ပြီး ယင်းအနက် ၁၀ စီးခန့်ကို ဖျက်ဆီးနိုင်ခဲ့သည်” ဟုဆိုသည်။

မော်တော်ယာဉ် အစင်းပေါင်း ၃ဝဝဝ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်း ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်း

News Image

မော်တော်ယာဉ် အစင်းပေါင်း ၃ဝဝဝ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်း ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်း

မော်တော်ယာဉ်အစင်းပေါင်း ၃၀၀၀ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

The Morning Midas ဟုအမည်ပေးထားသည့် အဆိုပါသင်္ဘော ပေါ်တွင် လျှပ်စစ်ကားများကို တင်ဆောင်လာခဲ့ပြီး အလက်ဆကာ ကမ်းလွန်တွင် ဇွန်လ ၃ ရက်က မီးစွဲလောင်ခြင်းဖြစ်သည်။ မီးလောင် ကျွမ်းမှုကြောင့် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ရေယာဉ်အမှုထမ်း ၂၂ ဦးစလုံးကို အနီးအနားမှ ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘော တစ်စင်းက ကယ်ဆယ်နိုင်ခဲ့သည်။