ဇီလန်စကီးက ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်မှတ်တမ်းကို ပယ်ချ
News Image

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ရုရှား၏ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်သင့်မခံနိုင်သော “ရာဇသံ” အဖြစ် ပယ်ချလိုက်ပြီး စဉ်းစားရန် ငြင်းဆန်လိုက်ပါသည်။
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ရုရှား၏ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်သင့်မခံနိုင်သော “ရာဇသံ” အဖြစ် ပယ်ချလိုက်ပြီး စဉ်းစားရန် ငြင်းဆန်လိုက်ပါသည်။
တရုတ်နိုင်ငံက ရုရှားကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခြင်းမရှိကြောင်း အခိုင်အမာ ငြင်းဆို နေသော်လည်း ရုရှားသည် ယူကရိန်းဒရုန်းများကို ပစ်ချရန် တရုတ်လုပ်လေဆာလက်နက်ကို အသုံးပြုနေပါသည်။ ရုရှားတပ်ဖွဲ့များသည် တရုတ်လုပ် Silent Hunter တာတိုလေဆာ လက်နက် ကိုအသုံးပြုကာ တစ်မိုင်နီးပါးအကွာမှ ယူကရိန်းမောင်းသူမဲ့လေယာဉ် (UAV) များကို ပစ်ချခဲ့ ကြောင်း ဗီဒီယိုမှတ်တမ်းတိုများတွင် တွေ့ရပါသည်။
ယမန်နေ့မှအဆက်
အီးအမ်မြေဆွေးသည် အကျိုးပြုအဏုဇီဝသက်ရှိများကို သီးနှံစွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျရောနှောပြုလုပ်၍ရရှိသော မြေဆွေးဖြစ်သည်။ အီးအမ်မြေဆွေးပုံပြုလုပ်ရန်အတွက် ပထမဦးစွာ အသင့်သုံးအီးအမ်ဖျော်ရည်ပြုလုပ်ရမည်ဖြစ်သည်။ အသင့်သုံးအီးအမ်ဖျော်ရည်ရရှိရန်အတွက် အီးအမ်အပြင်း တစ်ဆ၊ တင်လဲရည် လေးဆ အား ရေ ၉၅ ဆ ဖြင့် ရောစပ်ရမည်။ ယင်းတို့ကိုရောစပ်ပြီး သမအောင်လှုပ်ပေးပြီးနောက် လေလုံအောင် ပိတ်ထားရမည်။ ရောစပ်ပြီး သုံးရက်အကြာတွင် မူလအမည်းရောင်မှ အဝါရောင်သို့ ပြောင်းသွားမည်။ အဝါရောင်ပြောင်းပြီး ခုနစ်ရက်မှ ၁၀ ရက်အတွင်း သုံးစွဲရမည်ဖြစ်သည်။
အီးအမ်မြေဆွေးပြုပုံအဆင့်ဆင့်မှာ-
(က) ဖျော်စပ်ထားသည့် အသင့်သုံးအီးအမ်ဖျော်ရည် တစ်ဆ (တစ်လီတာ) + တင်လဲရည် တစ်ဆ (တစ်လီတာ) + ရေ ၉၈ ဆ ( ၂၀ ဂါလန်)တို့ကို ရောစပ်ဖျော်၍ မြေဆွေးပုံပြုလုပ်ရာတွင် အသုံးပြုရမည်။ လယ်ယာစွန့်ပစ်ပစ္စည်းများအား ၎င်းအရည်တွင် စိမ်နှစ်၍ ဆယ်ယူစုပုံပေးပါ။ သို့မဟုတ် လယ်ယာစွန့်ပစ်ပစ္စည်းများအား အလျား ၆ ပေ၊ အနံ ၃ ပေ၊ ထု ၆ လက်မခန့် တစ်လွှာပြုလုပ်ပါ။ ၆ လက်မ အထူရရှိရန် ဖြန့်ခင်းပြီး သိပ်သည်းမှုရှိစေရန် လူဖြင့်နင်းရမည်။
(ခ) ထို့နောက် နွားချေး ရှစ်ပြည် ဖြူးပေးပြီး မြေဆွေးပြုလုပ်ရန် ဖျော်စပ်ထားသည့် အီးအမ်ဖျော်ရည် ၃ ဂါလန်ခန့်ကို နှံ့စပ်စွာဖျန်းပေးပါ။
(ဂ) ဤနည်းစဉ်အတိုင်း အလွှာခြောက်လွှာပြုလုပ်ပြီး မြေဆွေးပုံအမြင့် ၃ ပေခန့်အထိပြုလုပ်ပါ။
(ဃ) ထို့နောက် မြေဆွေးပုံအတွင်း ရေမဝင်စေရန်နှင့် အပုံအား အခြားလူ/တိရစ္ဆာန် ဖျက်ဆီးမှုမဖြစ်စေရန်အတွက် ပလတ်စတစ် သို့မဟုတ် အခြားစွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လေလုံအောင်ဖုံးပေးရမည်။
(င) ခုနစ်ရက်မှ ၁၀ ရက်အတွင်း တစ်ဝက်တစ်ပျက်ဆွေးမြည့်စပြုချိန်တွင် သီးနှံစိုက်ခင်းပြုပြင်ချိန်၌ ထည့်သွင်းသုံးစွဲနိုင်သည်။ နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံပင်များတွင် အစိုဓာတ်ရှိချိန်၌ ထည့်သွင်း၍ မြေဖုံးပြုလုပ်ပေးနိုင်သည်။
(ခ) ဒိုချက်ကင်(Dochakin) သဘာဝမြေဩဇာပြုလုပ်ခြင်း
သဘာဝသစ်တောမြေများသည် အဏုဇီဝသက်ရှိပါဝင်မှုများသောကြောင့် မြေဆီဩဇာထက်သန်သော မြေများဖြစ်သည်။ မိမိတို့ ဒေသအတွင်းရှိ သဘာဝသစ်တောမြေ၊ ဝါးရုံတောမြေများတွင်ပါဝင်နေသည့် အဏုဇီဝပိုးများကို မွေးမြူပွားများပြီး စိုက်ခင်းတွင်ပြန်လည်အသုံးပြုနိုင်သော အဏုဇီဝမြေဩဇာကို ဂျပန်ဘာသာဖြင့် ဒိုချက်ကင်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ အဏုဇီဝသက်ရှိများကို မွေးမြူရာတွင် သာမန်သစ်ပင်များထက် ဝါးရုံပင်အောက်နှင့် ထူထပ်စွာပေါက်ရောက်နေသည့် သစ်တောသစ်ပင်အောက်များရှိ အဏုဇီဝများဖြင့် ပြုလုပ်ပါက ပိုမိုကောင်းမွန်သော ဒိုချက်ကင်ကို ရရှိမည်ဖြစ်သည်။
ဒိုချက်ကင်ကိုအသုံးပြုခြင်းအားဖြင့် မြေဆီလွှာအတွင်းရှိ မဆွေးမြည့်သောအပင်အကြွင်းအကျန်များကို ဆွေးမြည့်စေပြီး အပင်အတွက် အာဟာရဓာတ်အဖြစ်ပြောင်းလဲရရှိစေခြင်း၊ မြေဆီလွှာအတွင်း လေဝင်လေထွက်၊ ရေဝင်ရေထွက်ကောင်းမွန်စေပြီး သီးနှံများကောင်းစွာဖွံ့ဖြိုးကြီးထွားစေခြင်း၊ သစ်ရွက်ဆွေး၊ နွားချေး၊ ဝက်ချေးများတွင် ရောဂါ/ပိုးမွှားများ ပါဝင်လာပါက မြေဆွေးပုံပြုလုပ်စဉ် အပူချိန်ကြောင့် နှိမ်နင်းပြီး ဖြစ်သဖြင့် ရောဂါ/ပိုးမွှားကင်းစင်သော သဘာဝမြေဩဇာကောင်းများရရှိစေခြင်း၊ အာဟာရဓာတ်နည်းပါးစေပြီး စေးလွန်းသော/ ကြမ်းလွန်းသောမြေများကိုကောင်းမွန်စေပြီး အာဟာရဓာတ်ထက်သန်လာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
ဒိုချက်ကင်ပြုလုပ်ရာတွင် ပထမအဆင့်တွင် ဒိုချက်ကင်အဏုဇီဝမွေးမြူရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဒိုချက်ကင်သဘာဝမြေဩဇာပြုလုပ်ရမည် ဖြစ်သည်။
ဒိုချက်ကင်အဏုဇီဝမွေးခြင်း
လိုအပ်သောပစ္စည်းများ-
(၁) ဝါးရုံတောမြေ / သစ်တောမြေဆွေး
(၂) တင်လဲရည် (သို့) ထန်းလျက်
(၃) ဖွဲနု
(၄) နွားချေး၊ ဝက်ချေး၊ ကြက်ချေး
(၅) ကောက်ရိုး၊ ပေါင်းမြက်များ
(၆) စပါးခွံ
ဒိုချက်ကင်မွေးမြူရန် ဝါးရုံပင်(သို့)သစ်ပင်အောက်များတွင် လူတို့ မီးမရှို့၊ ပြုပြင်ခြင်းမရှိ၊ တူးဆွထားခြင်းမရှိသည့်နေရာမှ အကျယ် ၃ ပေ ရှိသည့်နေရာမှ အပေါ်ယံမြေသား ၅-၆ လက်မကို တူးဆွခြေမွရမည်။ ဖွဲနု တစ်ပြည်ခန့်ကို တူးဆွထားသည့် မြေများနှင့် ရောစပ်ရမည်။ တင်လဲရည် တစ်ပုလင်း( ထန်းလျက် ၅၀ ကျပ်သား)အား ရေ ၃ ဂါလန်ဖြင့် ရော၍ဖျော်ပါ။ ထို့နောက် ဖွဲနုနှင့်မြေရောစပ်ထားသည့် အပုံပေါ်သို့ တင်လဲရည်ဖျန်းပြီး မွှေပေးရမည်။ ရေအား လိုအပ်သလိုဖျန်းပေးနိုင်ပြီး ရေနည်းလွန်းခြင်း၊ များလွန်းခြင်းမဖြစ်စေရပါ။ ရောစပ်ထားသည့်ဖွဲနုနှင့် မြေအရောအပေါ်တွင် သစ်ရွက်ခြောက်(သို့)ဝါးရွက်ခြောက်များနှင့် ဖုံးထားပြီး အပေါ်မှ မြွေရေခွံအိတ်များဖြင့် ထပ်မံဖုံး၍ သုံးညအိပ်ထားရမည်။ လေးရက်မြောက်သောနေ့တွင် အနံ့သင်းသောအဖြူရောင်မှိုမျှင်များတွေ့ရှိရမည်ဖြစ်ပြီး ၎င်းမြေများကို ဒိုချက်ကင်အဖြစ် အိတ်များဖြင့် စုဆောင်းသိမ်းဆည်းထားပြီး လိုအပ်သလိုအသုံးပြုနိုင်သည်။ ရရှိလာသော ဒိုချက်ကင်အဏုဇီဝအား စိုက်ခင်းတွင် ပမာဏအများအပြားအသုံးပြုလိုပါက ဒိုချက်ကင်အသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ပြီး သုံးစွဲနိုင်သော်လည်း ဒိုချက်ကင်အဏုဇီဝမွေးမြူပြီး တစ်ပတ်အတွင်းပြုလုပ်ရန်လိုအပ်သည်။
ဒိုချက်ကင်အသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်ခြင်း
ဒိုချက်ကင်သဘာဝမြေဩဇာပုံပြုလုပ်မည့် နေရာအား ညီညာပြန့်ပြူးပြီး အရိပ်ရ၍ ရေမဝပ်သောနေရာတွင် ရွေးချယ်ပြုလုပ်သင့်သည်။
(၁) စပါးခွံကို ၆ ပေပတ်လည်နှင့် ၃ လက်မအထူရအောင်ဖြန့်ခင်း၍ ရေဖျန်းပေးပါ။
(၂) ထို့နောက် ကောက်ရိုး/သီးနှံအကြွင်းအကျန်များကို ၆ လက်မ ခန့် ဖြန့်ခင်း၍ သိပ်သည်းစေရန် လူဖြင့်နင်းပါ။
(၃) ယင်းအပေါ်မှ နွားချေး/ကြက်ချေး/ဝက်ချေး တိရစ္ဆာန်ချေးများကို ၆ လက်မ ဖြန့်ခင်းပါ။
(၄) ယင်းနောက် ဒိုချက်ကင်များကို ပါးပါးဖြူးပေးပါ။
(၅) အလွှာတစ်လွှာခင်းပြီးတိုင်း အစိုဓာတ်ရရှိစေရန် ရေဖျန်းပေးပါ။
(၆) စပါးခွံ၊ ကောက်ရိုးနှင့် နွားချေးအလွှာများသည် တစ်ထပ်ဖြစ်သည်။ အဆိုပါနည်းအတိုင်း အထပ် လေးထပ်၊ အမြင့် ၄ ပေခန့်ရှိသည့် မြေဆွေးပုံရရှိလာပါက အပေါ်ဆုံးမှ စပါးခွံများဖြင့် ဖုံးအုပ်ပေးပါ။
(၇) မြေဆွေးပုံအား အစိုဓာတ်လိုအပ်ပါက ရေထပ်မံဖျန်းပေးရန် လိုအပ်သည်။
(၈) ၃-၄ ပတ်ကြာလျှင် အတွင်းအပြင်သမစေရန်အပုံပြောင်းပြီး ရေဖျန်းပေးပါ။ ပထမအကြိမ် အပုံပြောင်းပြီး နှစ်ပတ်ကြာလျှင် ထပ်မံ၍ အပုံပြောင်းပေးရမည်။
(၉) ဒိုချက်ကင်မြေဆွေးပြုလုပ်ပြီး နှစ်လအကြာတွင် စိုက်ခင်းအတွင်း အသုံးပြုနိုင်သော သဘာဝမြေဩဇာရရှိနိုင်ပြီဖြစ်သည်။
(၃) အဏုဇီဝအားဖြည့်စာများဖြင့်ပြုလုပ်နည်း (ME: Microbe Enhancer Technology)
(က) စပါးခွံမီးသွေး
လယ်ယာသီးနှံများရိတ်သိမ်းပြီးနောက် စိုက်ပျိုးထွက်ရှိလာသည့် လယ်ယာစွန့်ပစ်ပစ္စည်းများ (စပါးခွံ၊ ပြောင်းရိုး၊ နှမ်းရိုး၊ နေကြာရိုး၊ ပဲခွံ) များအား မီးသွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းအားဖြင့် အပင်ကြီးထွားမှုကောင်းစေပြီး သီးနှံအထွက်နှုန်းကိုတိုးတက်စေကြောင်းကို ဂျပန်နိုင်ငံအစိုးရမဟုတ်သော စိမ်းလန်းမြေအဖွဲ့မှ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွင် စမ်းသပ်ခဲ့သော နည်းပညာတစ်ခုဖြစ်သည်။ လယ်ယာစွန့်ပစ်ကုန်ကြမ်းများ၊ စပါးခွံများပြားစွာရရှိနိုင်သောဒေသများတွင် သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်သောနည်းပညာတစ်ခု ဖြစ်သည်။
စပါးခွံမီးသွေးပြုလုပ်ခြင်း
(၁) ၁၀ 5 ၁၀ 5 ၁၅ လက်မ အရွယ်ခန့်ရှိ အပေါက်ငယ်ဖောက်ထားသော လေးထောင့်သံပုံးငယ်ကို ခေါင်းတိုင်တစ်ခုတပ်ဆင်ပါ။ ခေါင်းတိုင်သည် ချွတ်နိုင်တပ်နိုင်သော အနေအထားဖြစ်ရမည်။
(၂) သံပုံးပေါ်တွင် စပါးခွံများကို စုပုံပါ။
(၃) ထိုပုံးထဲသို့ လောင်စာအဖြစ် စက္ကူစများထည့်ပါ။
(၄) စက္ကူစများကို မီးရှို့ပြီးနောက် ခေါင်းတိုင်ကို ပြန်ဖုံးပေးပါ။
(၅) လိုအပ်ပါက ဂေါ်ပြားဖြင့် နှစ်ကြိမ်မှ သုံးကြိမ်ခန့် လှန်ပေးပါ။
(၆) အပေါ်ယံအထိမည်းလာပါက ရေလောင်းပေးပြီး မီးငြှိမ်းသတ်ကာ စပါးခွံဖွဲပြာပုံကိုအအေးခံ၍ စိုက်ခင်းထဲသို့ အသုံးပြုနိုင်သည်။
စပါးခွံမီးသွေးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ-
(၁) မြေချဉ်ငန်ဓာတ်ကိုထိန်းညှိပြီး ရေထိန်းစွမ်းအားကိုကောင်းစေခြင်း
(၂) မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိကောင်းလာစေခြင်း
(၃) ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း
(၄) မြေဆီလွှာအတွင်းကာဗွန်ပမာဏတိုးမြင့်စေပြီးပိုတက်စီယမ်၊မဂ္ဂနိနှင့် အနည်းလိုအာဟာရဓာတ် များရရှိစေခြင်း
(၅) မြေဆီလွှာအတွင်း အာဟာရဓာတ်များရွေ့လျားပျောက်ဆုံးခြင်းမှ ကာကွယ်ပေးခြင်း
(၆) မြေဆီလွှာမှထွက်သောအနံ့ဆိုးများနှင့် လေထုပတ်ဝန်းကျင်ကို သန့်ရှင်းစေခြင်းတို့ဖြစ်သည်။
(ခ) ငါးအမိုင်နိုအက်စစ်
ငါးအမိုင်နိုအက်စစ်သည် နိုက်ထရိုဂျင်ရရှိရန် အရင်းအမြစ်တစ်ခုဖြစ်ပြီး သီးနှံပင်များကြီးထွားဖွံ့ဖြိုးရန်အတွက် အပင်အာဟာရဓာတ်အမြောက်အမြား ပါဝင်သည်။ ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်း အဆင့်ဆင့်မှာ-
(၁) ငါးအမိုင်နိုအက်စစ်ပြုလုပ်ရာတွင် ငါးအစို/ ငါးဘေးထွက်ပစ္စည်းများ တစ်ပိဿာအား ရေပြောင်အောင်ဆေး၍ ထုခြေပြီး မြေအိုး သို့မဟုတ် ပလတ်စတစ်ပုံးထဲထည့်ပါ။
(၂) တင်လဲရည် သို့မဟုတ် ထန်းလျက် တစ်ပိဿာအားထည့်ပေးပါ။
(၃) ငါးနှင့်တင်လဲရည်တို့သည် ပုံမှာပြထားသည့်အတိုင်းဖြစ်ရမည်။ အိုး၏ သုံးပုံနှစ်ပုံခန့်ရှိရမည်။
(၄) အိုးအား လေလုံအောင် စက္ကူဖြင့်ပိတ်၍ ကြိုးဖြင့်ချည်ပါ။
(၅) နေရောင်တိုက်ရိုက်မကျသည့် အေး၍ခြောက်သွေ့သောနေရာ တွင်ထားပါ။ တစ်လပြည့်လျှင် ငါးအမိုင်နိုအက်စစ်အားရရှိပြီ ဖြစ်သည်။
(၆) ရရှိလာသည့် ငါးအမိုင်နိုအက်စစ် တစ်ဆလျှင် ရေ အဆ ၁၀၀၀နှင့်ရော၍ တစ်ပတ်လျှင် တစ်ကြိမ်ဖျန်းပက်နိုင်သည်။
ငါးအမိုင်နိုအက်စစ်အသုံးပြုပုံ
(က) ငါးအမိုင်နိုအက်စစ်အား ရွက်ဖျန်းဆေးအဖြစ် အသုံးပြုရာတွင် ငါးအမိုင်နိုအက်စစ် တစ်ဆလျှင် ရေအဆ ၁၀၀၀ နှင့်ရော၍ အသုံးပြုပါ။
(ခ) ခုနစ်ရက်ခြားတစ်ကြိမ် အပင်ကြီးထွားချိန်တွင် အသုံးပြုပါ။
(ဂ) သီးနှံပင်၏ အရွက်ပေါ် သို့မဟုတ် မြေပေါ်သို့ ပက်ဖျန်းနိုင်သည်။
(ဃ) ငါးအမိုင်နိုအက်စစ်ကို ရေနှင့်မရောဘဲ တိုက်ရိုက်အပင်ပေါ်ဖျန်းခြင်း/အပင်ခြေတွင်ပုံပါက အပင်ညှိုးခြောက်နိုင်သည်။
(င) ငါးအမိုင်နိုအက်စစ်ကို သဘာဝမြေဩဇာပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။
(စ) ငါးအမိုင်နိုအက်စစ်အသုံးပြုရာတွင် သက်ရှိများလှုပ်ရှားမှုအကောင်းဆုံးအချိန်ဖြစ်သည့် နံနက်အစောနှင့် ညနေပိုင်းအချိန်တွင် ပက်ဖျန်းသင့်သည်။
(ဆ) မျိုးစေ့/ပျိုးပင်များ သို့မဟုတ် မျိုးစေ့စိမ်ရာတွင်လည်း အသုံးပြုနိုင်သည်။
(ဈ) ငါးအမိုင်နိုအက်စစ်ကို သီးနှံပင်များ သီးပွင့်ချိန်တွင် အသုံးမပြုသင့်ပါ။ အသုံးပြုရာတွင် ရောစပ်မည့် ရေအဆမှန်ကန်ရန်လိုအပ်ပြီး ရေအဆနည်းပါက အပင်အရွက်များ ဝါလာနိုင်သည်။
(၄) အခြားမြေဆွေးများ
တီကျစ်စာမြေဆွေး
တီကျစ်စာမြေဆွေးဆိုသည်မှာ မြေဆွေးပြုလုပ်ပေးနိုင်သော တီကောင်များအား သစ်ပင်အကြွင်းအကျန်များ၊ သစ်ရွက်များ၊ နွားချေး၊ လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် မီးဖိုချောင်စွန့်ပစ်ဟင်းသီးဟင်းရွက် စသည့် စွန့်ပစ်ပစ္စည်းများကို အစာအဖြစ်ကျွေးမွေး၍ တီကောင်များမှ ပြန်လည်စွန့်ထုတ်လိုက်သည့်ပစ္စည်းများကို ခေါ်ဆိုသည်။ ထို့ကြောင့် တီကောင်လေးများကို လူတို့ဖန်တီးပေးထားသည့် ပတ်ဝန်းကျင်တွင် ပွားများစေပြီး မြေဆွေးထုတ်လုပ်ခြင်းဖြင့် တီကျစ်စာမြေဆွေးကို ရရှိစေနိုင်သည်။ တီကျစ်စာမြေဆွေးအား မြေကျင်းတူး၍ ပလတ်စတစ်ဖြင့် တီမွေးမြူခြင်း၊ အမိုးအကာအောက်တွင် ဝါးကပ်များကာ၍ မြေပေါ်တွင် ပလတ်စတစ်ကန်များပြုလုပ်၍ တီမွေးမြူခြင်း၊ ကွန်ကရစ်ကန်များ သို့မဟုတ် ကွန်ကရစ်အခွေများပြုလုပ်၍ တီမွေးမြူ၍ တီကျစ်စာ ထုတ်လုပ်နိုင်သည်။ တောင်သူများသည် မိမိတို့နှင့်သင့်လျော်သည့် နည်းစနစ်များကိုအသုံးပြု၍ တီကောင်မွေးမြူ၍ တီကျစ်စာမြေဆွေးထုတ်လုပ်နိုင်သည်။
ကွန်ကရစ်ကန်ဖြင့် တီကျစ်စာမြေဆွေးပြုလုပ်နည်း
(၁) ကြိုက်နှစ်သက်ရာအရွယ်အစားရှိ ကွန်ကရစ်ကန်၏အောက်ခြေတွင် တီကျစ်စွန့်ပစ်ရည်ထုတ်ယူနိုင်ရန် ရေထုတ်ပေါက်ဖောက်ပေးပါ။
(၂) တီစွန့်ပစ်ရည် အလွယ်တကူစီးဆင်းနိုင်ရန်အတွက် ကန်၏အောက်ခြေကို ဆင်ခြေလျှောပြုလုပ်ပေးပါ။
(၃) အောက်ခံတွင် အရည်များစစ်နိုင်ရန် ၁ ဒသမ ၅ လက်မကျောက် သို့မဟုတ် အုတ်ကျိုးတစ်ထပ်ခင်းပေးပါ။
(၄) ၎င်းအပေါ်မှ နွားချေး ၆ လက်မခန့် ထုရအောင်ထည့်ပေးပါ။ ထို့နောက် သီးနှံအကြွင်းအကျန်များ၊ အရွက်များစင်းထားသော ငှက်ပျောအူ၊ ဗေဒါ စသောအစာစိမ်းများ၊ မြက်များ၊ ပေါင်းပင်များကိုစုစည်းပြီး ၈-၁၀ လက်မခန့်ထည့်ပေးပါ။
(၅) ၎င်းအလွှာများပေါ်မှ ကောင်းစွာဆွေးသော နွားချေးဆွေးကို ၆ လက်မအလွှာခန့်ရအောင်ဖြန့်ထည့်ပြီး အရွက်များကို ၄-၆ လက်မခန့်ထည့်ပေးပါ။
(၆) တီကောင်များကိုထည့်ပေးပါ။
(၇) အစိုဓာတ်မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးပါ။
(၈) အပေါ်မှ ဂုန်နီအိတ်ခွံဟောင်း၊ ဓနိရွက်များ၊ အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ပေးပါ။
(၉) သစ်ရွက်ပေါင်းမြက်စွန့်ပစ်ပစ္စည်းများအား နှစ်ပတ်လျှင်တစ်ခါဖြည့်တင်းပေးရမည်။
(၁၀) သုံးလကြာမြင့်ပြီးနောက် အညိုရောင်တီကျစ်စာမြေဆွေးကို ရရှိနိုင်မည်ဖြစ်သည်။
(၁၁) တီကောင်စွန့်ပစ်မြေဆွေးပြုလုပ်ရန်မြေဆွေးကန်အား ရေ ၂-၃ ရက်ဖြတ်ရမည်။
(၁၂) တီကောင်များသည် ကန်အောက်ရှိ အစိုဓာတ်ရှိသည့်နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။
(၁၃) အပေါ်ယံမြေဆွေးများအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။
တီစွန့်ပစ်ထုတ်ယူသုံးစွဲခြင်း
တီကျစ်စာမြေဆွေးထုတ်လုပ်သည့် ကန်၏အောက်ခြေတွင် ၁ ပေခန့်ရှိသည့် ပလတ်စတစ် သို့မဟုတ် ပြွန်တစ်ချောင်း တပ်ဆင်ထားရမည်။ အဆိုပါပိုက်သည် ကန်အတွင်းထိုးသွင်းရာ ၎င်းဘေးပတ်လည်မှ တီကျစ်စာမြေဆွေးအရည်များ ပြင်ပသို့မထွက်စေရန်အတွက် သေချာစွာ ဖိကပ်ထားပြီး ထွက်ရှိလာသည့် တီအရည်များအား ပလတ်စတစ်ပုံးများဖြင့် စုဆောင်းထားရှိပြီး စိုက်ခင်းအတွင်း အသုံးပြုနိုင်သည်။ တီကောင်စွန့်ပစ်ရည်သည် တီမွေးမြူပြီး သုံးပတ်ခန့်အကြာမှ ထုတ်ယူသုံးစွဲပါက ပိုမိုကောင်းမွန်သည်။ တီကျစ်စွန့်ပစ်ရည်အား တီကျစ် စွန့်ပစ်ရည် တစ်ဆလျှင် ရေ ၅-၁၀ ဆနှင့်ရော၍ ပန်းအလှပင်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
တီကျစ်စာမြေဆွေးအသုံးပြုခြင်း၏အကျိုးကျေးဇူးများ
(က) သစ်ပင်သီးနှံများအတွက် အပင်အာဟာရဓာတ်စုံပါဝင်သော သဘာဝမြေဩဇာဖြစ်ခြင်း
(ခ) မြေချဉ်ငန်ဓာတ်မျှတပြီး မြေဆီလွှာဖွဲ့စည်းမှုကိုပြုပြင်ပေးနိုင်ခြင်း
(ဂ) အပင်ရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း
(ဃ) အပင်ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်သော ဓာတ်ပစ္စည်းများ၊ အင်ဇိုင်းများပါဝင်ခြင်း
(င) တီကျစ်စာမြေဆွေးသည် ရိုးရိုးမြေဆွေးထက် နိုက်ထရိုဂျင် ၅ ဆ၊ ပိုတက်စီယမ် ၁၀ ဆ၊ ဖော့စဖိတ် ၃ ဆ မှ ၅ ဆ၊ မဂ္ဂနီဆီယမ် ၃ ဆ၊ ကယ်လစီယမ် ၁ ဒသမ ၅ ဆ ပိုမိုပါဝင်ခြင်းတို့ဖြစ်သည်။
MWD Web Portal
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ ချစ်ကြည်ရင်းနှီးစွာနေထိုင်လာခဲ့ကြသည်မှာ ယခုအခါ(၇၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံရှိခေါင်းဆောင်များ အဆက်ဆက် ချစ်ကြည်ရင်းနှီးမှုများရှိနေသကဲ့သို့ ပြည်သူများအချင်းချင်းသည်လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့်အညီနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသည်အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်လာလျှင် စိတ်ကောင်းစေတနာကောင်းဖြင့် မိတ်ဆွေကောင်းပီသစွာနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုလျက်ရှိသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကိုလည်း စောင့်ထိန်းလျက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် နှစ်နိုင်ငံသံတမန်ဆက်သွယ်မှုစတင်ခဲ့သည်။
ဤသည်မှာ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ခေတ်သစ်ကာလတွင် သံတမန်ဆက်ဆံရေးစတင်ခြင်း ဖြစ်သော်လည်း နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးမှု၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံမှု၊ ယဉ်ကျေးမှုကူးလူးဆက်ဆံမှုတို့မှာ ရှေးယခင်နှစ်ပေါင်းများစွာကတည်းကတည်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏သမိုင်းတင်ခေတ်ဦးဖြစ်သောပျူခေတ်ကပင် မြန်မာနှင့်တရုတ်တို့၏ဆက်ဆံရေးများရှိခဲ့သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံချစ်ကြည်ရေးသံတမန်များသွားလာခြင်းများရှိခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းဆက်စပ်မှုနယ်ပယ်ရှည်လျားဆုံးဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံသည် အပြန်အလှန်ကူညီမှုများစွာရှိခဲ့သည်။ ဘာသာရေးနှင့်ယဉ်ကျေးမှုမှာတူညီမှုရှိပြီး မြတ်ဗုဒ္ဓ၏အထက်လက်ဝဲစွယ်တော်သည် တရုတ်နိုင်ငံတွင်ရှိသည်။ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ကြွရောက်အဖူးမြော်ခံ ခြင်းများရှိခဲ့သည်။ ဤသည်မှာ ဘာသာရေးအရတူညီမှုရှိခြင်းကိုပြဆိုခြင်းဖြစ်သည်။
ယခုနှစ်သည် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး ထူထောင်ခြင်း(၇၅)နှစ်ပြည့် စိန်ရတုကာလဖြစ်သဖြင့် နှစ်နိုင်ငံအတွက်ထူးခြားလေးနက်မှုရှိသည်။ ဇွန်လ ၁ ရက်နေ့က အနာဂတ်ဆီသို့အတူလက်တွဲလျှောက်လှမ်းမည့်မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်၌ကျင်းပခဲ့သည်။ မြန်မာနှင့်တရုတ်မီဒီယာပူးပေါင်းဆောင်ရွက်မှုမှာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီး ရင်းနှီးခင်မင်သောကူးလူးဖလှယ်မှုများရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမီဒီယာများက ကမ္ဘာအနှံ့သိရှိအောင်အချိန်နှင့်တစ်ပြေးညီ မျှဝေပေးနိုင်ခဲ့သည့်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်များစွာအထောက်အပံ့ဖြစ်ခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံမီဒီယာဆက်ဆံမှုခိုင်မြဲလျက်ရှိကြောင်း သိရှိနိုင်သည်။
တရုတ်နိုင်ငံအနေဖြင့် ငလျင်ဘေးသာမက မြန်မာနိုင်ငံတွင် ရာဂိမုန်တိုင်းဒဏ်ခံရစဉ်ကလည်းကူညီ ထောက်ပံ့မှုများပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်လည်းတရုတ်နိုင်ငံနှင့်ပတ်သက်လာလျှင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုအစဉ်တစိုက် လက်ကိုင်ထားပြီး ကမ္ဘာ့အရေးကိစ္စများတွင် တရုတ်နိုင်ငံဘက်ကအမြဲရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာ့စာမျက်နှာများတွင်မြန်မာနိုင်ငံဘက်ကအစဉ်တစိုက်ရပ်တည်ခဲ့သည်များကိုလည်းမြန်မာပြည်သူများအနေဖြင့် အလေးထားလျက်ရှိသည်။ အိမ်နီးချင်းများမှာ အပြန်အလှန်အကျိုးပြုစောင့်ရှောက်ခြင်းဖြင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေးကိုဖော်ဆောင်လာနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းပြီး စည်းလုံးညီညွတ်မှုခိုင်မာစေမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ဆိုရိုးစကားတစ်ခုဖြစ်သည့် “ဝေးကွာနေသောဆွေမျိုးသည်အနေနီးသော အိမ်နီးချင်းလောက်မကောင်းနိုင်ပါ” ဆိုသည့်အတိုင်း အိမ်နီးချင်းကောင်းရှိခြင်းမှာအေးချမ်းလုံခြုံသောအိမ်ကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်။ထို့ပြင်တရုတ်စကားပုံတစ်ခုတွင် “အဝတ်အစားသစ်လျှင်အကောင်းဆုံးဖြစ်သည်။ မိတ်ဆွေဟောင်းလျှင် ပို၍အကောင်းဆုံးဖြစ်သည်”ဟုဆိုထားပေရာ မြန်မာနှင့်တရုတ်နိုင်ငံသည် မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကြသည်။
အာဆီယံအသိုက်အဝန်းတွင်လည်းကောင်း၊ မဲခေါင်-လန်ချန်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် လည်းကောင်းပူးပေါင်းပါဝင်မှုများက နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေသည်။ အရေးကြုံတိုင်း မိတ်ဆွေကောင်းတို့က ဦးစွာကူညီမှုပေးကြသည်။ တရုတ်နိုင်ငံမှ အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူနှင့်အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် လူပေါင်း ၆၀၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၃၁ ဖွဲ့ကို မန္တလေးငလျင်ကြောင့် အတိဒုက္ခရောက်သည့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက်လာရောက်ခဲ့သည်မှာလည်း မိတ်ဆွေကောင်းတို့၏ တာဝန်ကျေပွန်မှုဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအတွင်း တရုတ်နိုင်ငံမှကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့ခြင်းမှာလည်း ချစ်ကြည်ရင်းနှီးမှု၏ပြယုဂ်ပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်ခဲ့သည့် မေလ ၉ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က “မြန်မာနိုင်ငံတွင်ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံးဆက်လက်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် “မိမိတို့ မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်၌ အဆွေတော်အနေဖြင့် မြန်မာပြည်သူလူထုနှင့်ထပ်တူဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး အမြန်ဆုံးကျော် ဖြတ်နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် (Golden Hour)တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်းပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှရပ်တည်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း” ပြန်လည်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ကြိုတင်ပြင်ဆင်မှုများနှင့်ရွေးကောက်ပွဲကျင်းပခြင်းအား တရုတ်နိုင်ငံအနေဖြင့်အားပေးထောက်ခံသည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသောအသိုက်အဝန်းတစ်ခုကိုတည်ဆောက်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံများဆိုင်ရာလုပ်ငန်းများအတွက် အခြေခံအသစ်များဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့်အားပေး ထောက်ခံလျက်ရှိသည်။
မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည်နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့်အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတုမှသည် ရတုနှစ်ပေါင်းများစွာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုခိုင်မြဲနေမည်ဟုယုံကြည်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
MWD Web Portal