အိန္ဒိယသည် အကြမ်းဖက်ဝါဒအပေါ် သည်းခံမှုလုံးဝမရှိဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

News Image

အိန္ဒိယသည် အကြမ်းဖက်ဝါဒအပေါ် သည်းခံမှုလုံးဝမရှိဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

အိန္ဒိယသည် အကြမ်းဖက်ဝါဒအား လုံးဝသည်းခံမှုမရှိကြောင်း၊ အကြမ်းဖက် သမားများကို မည်သည့်နေရာတွင်ဖြစ်စေ ပစ်မှတ်ထားတိုက်ဖျက်ရန် မတွန့်ဆုတ်ဟု ကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောကြား ခဲ့သည်။

ကြာသပတေးနေ့ (ဇွန် ၂၆) တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွက် တရုတ်နိုင်ငံ Qingdao တွင် ရောက်ရှိနေသော ဝန်ကြီး Singh က အဖွဲ့ဝင် နိုင်ငံ အားလုံးအား အကြမ်းဖက်ဝါဒကို ပြတ်သားစွာ ရှုတ်ချရန် တိုက်တွန်း ခဲ့သည်။

ကမ္ဘာ့ရေနံစျေးနှုန်းများ ကြာသပတေးနေ့တွင် ဆက်လက်မြင့်တက်

News Image

ကမ္ဘာ့ရေနံစျေးနှုန်းများ ကြာသပတေးနေ့တွင် ဆက်လက်မြင့်တက်

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများနှင့် အမေရိကန်ရေနံသိုလှောင်မှု အချက်အလက်များအပေါ် ရင်းနှီးမြှုပ်နှံသူများ တုံ့ပြန်မှုကြောင့် ကမ္ဘာ့ ရေနံစျေးနှုန်းများသည် ကြာသပတေးနေ့ (ဇွန် ၂၆) တွင် ဆက်လက် မြင့်တက်ခဲ့သည်။

ကမ္ဘာ့စံချိန်စံညွှန်း ဘရန့် ရေနံစိမ်းစျေးသည် ၀.၂ % တက်ကာ ၁ စည် လျှင် ၆၇ ဒေါ်လာရှိပြီး အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းစျေးမှာ ၀.၃% တက်ကာ ၁ စည်လျှင် ၆၅ ဒေါ်လာ ရှိသည်။