ဘရာဇီးလ်သမ္မတ လူလာက ထရမ့်အား လူမှုကွန်ရက်အသုံးပြုမှု လျှော့ချရန် အကြံပြု

News Image

ဘရာဇီးလ်သမ္မတ လူလာက ထရမ့်အား လူမှုကွန်ရက်အသုံးပြုမှု လျှော့ချရန် အကြံပြု

ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လူမှုကွန်ရက်ပေါ်တွင် အချိန်များစွာမဖြုန်းဘဲ ၎င်း၏နိုင်ငံကို အုပ်ချုပ်ရန် အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လအစောပိုင်းက The Independent သတင်းဌာန၏ ဖော်ပြချက်အရ ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်သို့ ပြန်ရောက် ပြီးနောက် ၎င်း၏ Truth Social ပလက်ဖောင်းပေါ်တွင် ပြည်တွင်း၊ ပြည်ပ အရေးကိစ္စများနှင့်ပတ်သက်၍ ပျမ်းမျှ တစ်နေ့လျှင် ၁၇ ကြောင်းနှုန်းဖြင့် စုစုပေါင်း ပို့စ် ၂,၁၀၀ ကျော် ရေးတင်ခဲ့သည်။