မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျက်စီးနိုင်ခြေစစ်ဆေး

News Image

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျက်စီးနိုင်ခြေစစ်ဆေး

မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျက်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။
           
ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

News Image

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဦးနှောက်နှင့်ကွန်ပျူတာချိတ်ဆက်မည့် ချစ်ပြားကို Paradromics က လူသားဖြင့်စမ်းသပ်

News Image

ဦးနှောက်နှင့်ကွန်ပျူတာချိတ်ဆက်မည့် ချစ်ပြားကို Paradromics က လူသားဖြင့်စမ်းသပ်

အီလွန်မတ်၏ Neuralink ကုမ္ပဏီနှင့် ယှဉ်ပြိုင်လာသည့် Paradromics ကုမ္ပဏီ က ဦးနှောက်နှင့်ကွန်ပျူတာချိတ်ဆက် ပေးမည့်ချစ်ပြားကို လူသားဖြင့်ပထမဆုံး အကြိမ်စမ်းသပ်မှုလုပ်ဆောင်လိုက်ပြီဖြစ် ကြောင်း ဇွန်လ ၂ ရက်တွင်ထုတ်ပြန်ထား သည်။

ယင်းစမ်းသပ်မှုကို မီချီဂန်တက္ကသိုလ် ၌မေလ ၁၄ ရက်တွင်လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ စမ်းသပ်မှုကိုခံယူသူအမျိုးသား သည် ဝက်ရူးပြန်ရောဂါဖြင့်အာရုံကြော ရောဂါကုသမှုခံယူနေသူဖြစ်ကြောင်းနှင့်

ချစ်ပြားကိုထိုအမျိုးသား၏ဦးနှောက်ထဲ သို့ထည့်ပြီး မိနစ် ၂၀ အကြာ၌ ပြန်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

အင်ဒိုနီးရှားက ကိုဗစ်-၁၉ ရောဂါအတွက် သတိပေးချက်ထုတ်ပြန်

News Image

အင်ဒိုနီးရှားက ကိုဗစ်-၁၉ ရောဂါအတွက် သတိပေးချက်ထုတ်ပြန်

အာရှဒေသ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုပြန်လည်မြင့်တက်လာနေစဉ် အင်ဒိုနီး ရှားအစိုးရက အဆိုပါရောဂါအတွက်သတိပေးချက်ထုတ်ပြန်လိုက်သည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဟောင်ကောင်တို့အပါအဝင် ဒေသတွင်း၌ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာကြောင်း၊ ထိုင်းနိုင်ငံတွင် XEC နှင့် JN1 မျိုးကွဲ၊ စင်ကာပူတွင် LF.7 နှင့် NB.1.8 မျိုးကွဲ၊ ဟောင်ကောင်တွင် JN.J မျိုးကွဲနှင့် မလေးရှားတွင် XEC မျိုးကွဲတို့ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၏ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။