အိမ်ဖြူတော်က လျှို့ဝှက်အဆင့် သတ်မှတ်ထားသော အချက်အလက်များကို ကွန်ဂရက်နှင့် မျှဝေခြင်းကို ကန့်သတ်သွားမည်
News Image

ထရမ့်အစိုးရသည် အရပ်ဘက်သတင်းထောက်လှမ်းရေး အရင်းအမြစ် များက အီရန်နျူကလီးယားစက်ရုံများ ထိခိုက်မှုနှင့်ပတ်သက်သည့် အဆင့်မြင့် လျှို့ဝှက်အချက်အလက်များကိုဖော်ပြခဲ့ပြီးနောက် ကွန်ဂရက် နှင့် လုံခြုံမှုအဆင့်အတန်းသတ်မှတ်ထားသော အချက်အလက် မျှဝေမှု ကို ကန့်သတ်သွားမည်ဖြစ်သည်။
အမေရိကန်နှင့် ဆွစ်ဇာလန်တို့ F-35 တိုက်လေယာဉ်ဈေးနှုန်းအပေါ် အငြင်းပွား
News Image

ဆွစ်ဇာလန်နှင့် အမေရိကန်တို့သည် F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃၆ စီးဝယ်ယူမည့် စာချုပ်နှင့်ပတ်သက်၍ အငြင်းပွားနေကြပြီး အမေရိကန် ဘက်မှ မိတ်ဖက်နိုင်ငံများအား ဈေးနှုန်းမြင့်တက်မှုအတွက် အပိုငွေ ပေး ချေရန် တောင်းဆိုနေသည်။
ဆွစ်ဇာလန်အစိုးရအရာရှိများက ဇွန်လ ၂၅ ရက်နေ့တွင် ပင်တဂွန် လက်အောက်ရှိ အမေရိကန် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (DSCA) မှ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃၆ စီးဝယ်ယူရာတွင် ကနဦးစာချုပ်ပါ ဆွစ်ဖရန် ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇.၅ ဘီလီယံခန့်) အပြင် အပိုငွေပေးဆောင်ရန် တောင်းဆို နေကြောင်း ပြောကြားခဲ့သည်။
EU မှ လက်ဆွဲအိတ်များနှင့်ပတ်သက်သည့် စည်းမျဉ်းအသစ်များ ထုတ်ပြန်
News Image

ဥရောပပါလီမန်သည် လေကြောင်းလိုင်းများအား ခရီးသည်များထံမှ လက်ဆွဲအိတ်အတွက် အပိုကြေးငွေများ ကောက်ခံခြင်းကို တားမြစ်ရန် မဲခွဲဆုံးဖြတ်ခဲ့သည်။