ထရမ့်၏ ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်ကို ယခုနှစ်အတွင်း လုပ်ဆောင်မည်ဟု ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်
News Image

ဗြိတိန်နိုင်ငံသည် ယခုနှစ်အတွင်း ဒေါ်နယ်ထရမ့်အား နိုင်ငံတော်အဆင့် ဧည့်ခံပွဲကျင်းပမည်ဖြစ်သော်လည်း ဘုရင် ချားလ်စ် နှင့် အမေရိကန် သမ္မတ တို့သည် နွေရာသီကာလအတွင်း သာမန်တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း CNN သတင်းအရ သိရှိရသည်။ အကြောင်းမှာ ၎င်းတို့၏ အလုပ်အချိန် ဇယားများ ပြည့်နှက်နေသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
“Manu Regia” (ဘုရင်မှ လက်မှတ်ရေးထိုးသော တရားဝင် ဖိတ်ကြားလွှာ)ကို လွန်ခဲ့သော သီတင်းပတ်က ဗြိတိန်သံရုံး ကိုယ်စားလှယ်များမှ အိမ်ဖြူတော်သို့ ကိုယ်တိုင် ပို့ဆောင်ခဲ့သည်။