သတင်းများ

နေပြည်တော် ဩဂုတ် ၆

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် HNA Myanmar Oil & Gas Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ- ၃ တို့အတွက်လည်းကောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Future Engineering & Gold, Mining Co., ltd. တို့အကြား IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ အတွက်လည်းကောင်း ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

လက်မှတ်ရေးထိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဦးစီးဌာန/ လုပ်ငန်းများမှ တာဝန်ရှိသူများ၊ HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်လာမှုတွင် စွမ်းအင်ကဏ္ဍသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဦးတည်ချက်ပါဝင်သည်ဖြစ်ရာ အဆိုပါဦးတည်ချက်အောင်မြင်စေရေးအတွက် စွမ်းအင်ကဏ္ဍသည် အထူးအရေးပါလျက်ရှိပါကြောင်း။

စိုက်ပျိုးရေးအတွက် လိုအပ်သည့်ဓာတ်မြေဩဇာနှင့် စက်မှုကဏ္ဍမြှင့်တင်ရေးအတွက် အရေးပါသည့် လျှပ်စစ်ဓာတ်အားရရှိရေးသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုအပေါ်တွင် များစွာတည်မှီနေသောကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးစားဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက် (၁၀) ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာ ရေနံမြေတို့သည် ပြည်အနည်ကျ ချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလားအလာကောင်းများရှိသည့် ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် HNA Myanmar Oil & Gas Ltd. နှင့် Future Engineering & Gold, Mining Co., ltd., တို့မှ တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များချုပ်ဆိုနိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီး တာဝန်ရှိသူများက တိုးတက်ထွက်ရှိလာသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

MOI

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။

သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသော AWS+ နှင့် cmapp.tv တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

ထို့အတွက် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ (၄) ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်

ကျောက်ဆည်၊ ဩဂုတ်-၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှု ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံကျေးရွာ (၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

 အဆိုပါကျေးရွာချင်းဆက်လမ်းသည် အရှည်(၂/၃)မိုင်ရှည်လျားပြီး ယခင်ကမြေသား(ကျောက်မှုန့်ဖြူး) လမ်းဖြစ် ကြောင်းနှင့် ဒေသထွက်ကုန်များနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၈၄.၀၆)ကျပ်သန်း အကုန်အကျခံကာ လမ်းအရှည်(၀.၃)မိုင် အား (၂လက်မx ၄လက်မ)ကျောက်များဖြင့် လမ်းထု(၆)လက်မ၊ လမ်းအကျယ်(၁၆)ပေအထိ ကျောက်ချောလမ်းအဖြစ် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူ၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံ ကျေးရွာမှ အိမ်ခြေ (၂၉၈)အိမ်၊ လူဦးရေ(၂၇၇၈)ဦးတို့၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် အခြားဒေသ များနှင့် ကူးလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း လွယ်ကူမြန်စွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)

နေပြည်တော် သြဂုတ် ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်များကို အခြေခံ၍ ပြည်သူများအသိပညာမြင့်မားစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်း ပြည်သူ့စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်ကိုဖွင့်လှစ်ကာ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့် စာကြည့်တိုက်အသုံးပြုသူများအား ပိုမိုလျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Digital Library Management System (DLMS) ရေးဆွဲ၍ ပြည်သူ့စာကြည့်တိုက် Website ကို  www.publiclibrary.gov.mm လိပ်စာဖြင့် လွှင့်တင်ထားရှိသည်။

အဆိုပါ DLMS စနစ်ကို အသုံးပြု၍ Barcode စနစ်ဖြင့် စာကြည့်တိုက်လုပ်ငန်းများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက် အသုံးပြုသူများအနေဖြင့် အဆိုပါ Website မှတစ်ဆင့် Online Public Access Catalogue (OPAC)ဖြင့် ပြည်သူ့စာကြည့်တိုက်များရှိ စာအုပ်စာစောင်များအား Online မှ ဝင်ရောက်ရှာဖွေနိုင်ခြင်း၊ နေ့စဉ်ထုတ်သတင်းစာများအား ဝင်ရောက်ဖတ်ရှုနိုင်ခြင်း၊ e-Resources များ ဝင်ရောက်ဖတ်ရှုနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်။

လက်ရှိတွင် ဦးစီးဌာန၏ပြည်သူ့စာကြည့်တိုက် ၄၀၀ ကျော်အနက် စာကြည့်တိုက်ပေါင်း ၁၅၈ တိုက်တွင် DLMS စနစ်ကိုအသုံးပြု၍ ပြည်သူများအား စာကြည့်တိုက်ဝန်ဆောင်မှုပေးလျက်ရှိပြီး ပြည်သူ့စာကြည့် တိုက်များအားလုံးတွင် DLMS စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်သူ့စာကြည့်တိုက်များတွင် လစဉ်သုတ/ရသ စာအုပ်များ၊ အပျော်ဖတ်ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် နေ့စဉ်ထုတ်သတင်းစာများ ဝယ်ယူဖြည့်ဆည်းထားရှိပြီး ပြည်သူများ အခမဲ့ဖတ်ရှုနိုင်သည်။

ထို့အတူ ကလေးများ ငယ်စဉ်ကတည်းက စာပေနှင့် နီးစပ်ထိတွေ့မှုရှိစေရန်အတွက် ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ပေးခြင်း၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ စသည့်လှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများနှင့် သုတေသနပြုသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ညွှန်းစာဖတ်ခန်းဖွင့်လှစ်ပေးခြင်း၊ အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေများနှင့် ထုတ်ပြန်ပြီးနည်းဥပဒေများအား ပြည်သူများ လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေး သီးခြားထားရှိပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်များတွင် ပြည်သူများ သတင်းအချက်အလက်များ လေ့လာနိုင်ရန်အတွက် Wifi အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်းတွဲမြောင်းပေါင်အား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ဩဂုတ်-၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးတွင်းကာလသွားလာရန်အခက်အခဲဖြစ်ပေါ်နေသည့် သင်းတွဲမြောင်းပေါင် လမ်းပိုင်း တစ်နေရာ အား ရာသီမရွေးသွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးသွားမည့် ကွမ်းဆေးမြောင်းပေါင်လမ်းသည် ကျောက်ဆည်မြို့နယ် သာစည်လေး ကျေးရွာနှင့် ရဲဘော်လေးကျေးရွာအနီး မြောင်း၏ပေတိုင်အမှတ်(၅၀၀၀၀)မှ(၆၀၀၀၀)ကြား အလျား (၁၀၀၀၀)ပေ၊ လမ်း အကျယ် (၁၂) ပေအား မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၀)အကုန်အကျခံ၍ မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဂျင်းကျောက်မြေခင်းပေးပြီး လမ်းအဆင့် မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြောင်းပေါင် လမ်းအားအဆင့်မြှင့်တင်ပြီးပါက သာစည်လေးကျေးရာနှင့် ရဲဘော်လေးကျေးရွာမှ တောင်သူ ၏ လယ်ယာထွက်ကုန်များနှင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအဆင်ပြေသွားမည် ဖြစ်သည့် အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် အခြားဒေသများဖြင့် ကူးလူးဆက်သွယ်ရာ၌ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ကူးလူးဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

နေပြည်တော် ဩဂုတ် ၅

ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင်လည်းကောင်း ဆေးကုသမှုများ ခံယူခဲ့ပါသည်။

ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင် ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှုဆက်လက်ခံယူနေခဲ့ပါသည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပါသည်။

ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

ကျောက်ဆည်၊ ဩဂုတ်-၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည် မြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၌ စပါးစိုက်တောင်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး တောင်သူ ပညာပေး မိုးစပါးစံပြကွက် ဧက(၁၀၀)စိုက်ကွင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ခရိုင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

တွေ့ဆုံဆွေးနွေးပွဲ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်က ကျောက်ဆည်မြို့နယ်တွင် အဓိက ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် သီးနှံများအကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံတစ်မျိုးချင်း စီအလိုက် လျာထားစိုက်ပျိုးသွားမည့် ကျေးရွာအုပ်စုများနှင့် သီနှံဧကများအကြောင်း ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးက ကျောက်ဆည်ဒေသသည် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီးရေ၊ မြေကောင်းသည့်အတွက် စပါးသီးနှံများစိုက်ပျိုးရာ၌တစ်ဧကကောက်ကွက်ပြည့်မီရေးနှင့် သွင်းအားစု များထည့်သွင်းရာနှင့် ပေါင်းမြက်များရှင်းလင်းရာတွင် လိုအပ်ချိန်၌ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနများမှ တောင်သူ များ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးသွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူမှုရေးရာဝန်ကြီးသည် မိုးစပါးစံပြကွက် ဧက(၁၀၀)စိုက်ခင်းများနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ထုတ်လုပ်ထားသည့် လက်ဆွဲမျိုးစေ့ချကိရိယာများအားကြည့်ရှုခဲ့ကြောင်းနှင့် တောင်သူပညာပေး မိုးစပါးစံကွက် ဧက(၁၀၀)စိုက်ကွင်းသည် အင်တိုင်းကျေးရွာအုပ်စု တောင်သူ(၃၂)ဦး၏ လယ်မြေ(၁၀၀)ဧကတွင် စိုက်ပျိုးထား ခြင်းဖြစ်ပြီး စိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ပျိုးထောင် စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။

နေပြည်တော် ဩဂုတ် ၄

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့သည့် မော်တော်ယာဉ်ပြသထားရှိမှုနှင့် မော်တော်ယာဉ်အားပြင်ဆင်နေမှု၊ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၊ မှတ်တမ်းဓာတ်ပုံများနှင့် ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တု၊ ဗိုလ်ချုပ်၏ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဧည့်ခန်း၊ အထူးအစည်းအဝေးခန်း၊ အိပ်ခန်း၊ စာကြည့်တိုက်တို့အတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့် စာအုပ်များနှင့် ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင်ထုတ်ဝေခဲ့သည့် စာအုပ်များအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယာဉ်အား ရေရှည်တည်တံ့ကောင်းမွန်နေစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းမှတ်တမ်းဓာတ်ပုံများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမိုကောင်းမွန် ကြည်လင်ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးလိုင်းများသွယ်တန်းထားရှိမှုများကိုလည်း စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဗိုလ်ချုပ်၏မိန့်ခွန်းများမှ မိန့်ခွန်းကောက်နုတ်ဖော်ပြထားမှုအား လွယ်ကူရှင်းလင်းစွာဖတ်ရှုလေ့လာနိုင်ရေး ကြည်လင်ပြတ်သားမှုရှိအောင် ပြန်လည်ဆောင်ရွက်ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဝန်းအတွင်းရှိ ရေကန်၊ ဗိုလ်ချုပ်ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် သီးပင်စားပင်စိုက်ခင်းနေရာပြကွက်နှင့် ပြတိုက်ပတ်လမ်းအတိုင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်၏ပုံသဏ္ဌန်အမှန်ကို ပြန်လည်ဖော်ထုတ်လေ့လာ၍ နဂိုမူလပုံစံမပြတ် ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်သို့ လာရောက်လေ့လာသူများကိုလည်း စနစ်တကျစာရင်းသွင်းထားရှိရန်လိုပြီး ထူးခြားသည့်ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သောအဆောက်အဦဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦတစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ကြောင်း၊ ပြတိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူးအစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ်အောင်ဆန်း အားလပ်ချိန်တွင် စိုက်ပျိုးသော စိုက်ခင်း၊ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစားမော်တော်ယာဉ်နှင့် ဓာတ်ပုံမှတ်တမ်းပြခန်းတို့အား ခင်းကျင်းပြသထားရှိပြီး အများပြည်သူများအနေဖြင့် သတ်မှတ်ချိန်များအတွင်း အခမဲ့လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)

ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသို့ရောက်ရှိကြပြီး အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်း အထောက်အထားစာရွက်စာတမ်းများနှင့် ဓာတ်ပုံများ ထိန်းသိမ်းထားရှိမှုနှင့် လွှတ်တော်ခန်းမ ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့်ဓာတ်ပုံများနှင့် စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ကြည်လင်ပြတ်သားမှုရှိအောင် ဆောင်ရွက်ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျမှန်ကန်မှုရှိရန်နှင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် ယခင်ခေတ်ကအသုံးပြုခဲ့သည့် ပုံစံများအတိုင်းဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝန်ကြီးများရုံးအဆောက်အဦအတွင်း လှည့်လည်၍ ဗိုလ်ချုပ်ရုံးခန်းနှင့် အစည်းအဝေးခန်းမအတွင်း ဗိုလ်ချုပ်နှင့်အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုအား ပြသထားရှိမှု၊ ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများ ပြသထားရှိမှု၊ သမိုင်းဝင်အထောက်အထားများ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် အဆောက်အဦ ထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်းရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်နှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုခေတ်တွင်မီခဲ့သည့် သတင်းစာဆရာကြီးများ၊ စာရေးဆရာများအား လိုက်လံမေးမြန်း၍ တစ်ပုံစံတည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျသုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦသို့ ရောက်ရှိကြပြီး အဆောက်အဦအတွင်းရှိ ရုံးခန်းများ၊ စာကြည့်တိုက်၊ တရားခွင်များနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ပြတိုက်အတွင်းသို့ လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦသည် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်သဖြင့် မူလလက်ရာမပျက်ယွင်းစေဘဲ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအဆောက်အဦသည် ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်သဖြင့် အဆောက်အဦ ရေရှည်ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၄

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ အမြန်လမ်းမကြီးအတိုင်း မော်တော်ယာဉ်များ ဖြင့်ထွက်ခွာ၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄ နေရာရှိ ရေထွက်ပေါက်နေရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် အမြန်လမ်းမကြီးရှိ ဆောက်လုပ်ရေးရိပ်သာသို့ ခေတ္တရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်ရှိ လမ်းနယ်ပေ ၂၀၀ အတွင်း အမြဲစိမ်းသစ်ပင်များစိုက်ပျိုးသွားရန်လိုကြောင်း၊ လမ်းနယ်အတွင်း လေကာပင်များကို လမ်းဖြင့် ၁၀ ပေခြား၍ ၂ တန်း (သို့မဟုတ်) ၃ တန်းစိုက်ပျိုးသွားရန်လိုကြောင်း၊ အလားတူလမ်းဘေးဝဲယာရှိ သစ်တောကြိုးဝိုင်းကြိုပြင်တောများကိုလည်း ယခုနှစ်မိုးရာသီအတွင်း သစ်ပင်များစိုက်ပျိုးသွားရန်နှင့် ၅ ဧက/၁၀ ဧကခန့်ရှိသော သစ်တောငယ်များ ထူထောင်စိုက်ပျိုးသွားရန်လိုကြောင်း၊ အမြန်လမ်းမကြီးဘေးတစ်လျှောက်ရှိ တရားမဝင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အခြားတရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အဦများကိုလည်း အမြန်လမ်းမကြီးဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူအမြန်လမ်းပေါ်သို့တက်ရောက်ရန်အတွက် တရားမဝင်လမ်းများ ဖောက်လုပ်ထားရှိမှုမရှိစေရေးနှင့် အမြန်လမ်းမပေါ်တက်ရောက်မည့် သတ်မှတ်ထားသည့် လမ်းများကိုလည်း အမြန်လမ်မကြီးဥပဒေ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖောက်လုပ်ရေးအတွက်လည်း ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား ၄ လမ်းသွားနိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးစီမံချက်ရေးဆွဲသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ဆက်လက်ထွက်ခွာလာကြပြီး ဆွာချောင်းတံတား ပြန်လည်တည်ဆောက်နေမှုအခြေအနေမျာကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ ဆွာချောင်းကမ်းထိန်းလုပ်ငန်းများနှင့် ရေလမ်းကြောင်းကောင်းမွန်ရေးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။