သတင်းများ

ကျောက်ဆည်၊ ဩဂုတ်-၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည် မြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၌ စပါးစိုက်တောင်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး တောင်သူ ပညာပေး မိုးစပါးစံပြကွက် ဧက(၁၀၀)စိုက်ကွင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ခရိုင် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

တွေ့ဆုံဆွေးနွေးပွဲ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်က ကျောက်ဆည်မြို့နယ်တွင် အဓိက ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် သီးနှံများအကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံတစ်မျိုးချင်း စီအလိုက် လျာထားစိုက်ပျိုးသွားမည့် ကျေးရွာအုပ်စုများနှင့် သီနှံဧကများအကြောင်း ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးက ကျောက်ဆည်ဒေသသည် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီးရေ၊ မြေကောင်းသည့်အတွက် စပါးသီးနှံများစိုက်ပျိုးရာ၌တစ်ဧကကောက်ကွက်ပြည့်မီရေးနှင့် သွင်းအားစု များထည့်သွင်းရာနှင့် ပေါင်းမြက်များရှင်းလင်းရာတွင် လိုအပ်ချိန်၌ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနများမှ တောင်သူ များ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးသွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူမှုရေးရာဝန်ကြီးသည် မိုးစပါးစံပြကွက် ဧက(၁၀၀)စိုက်ခင်းများနှင့် စက်မှုလယ်ယာ ဦးစီးဌာနမှ ထုတ်လုပ်ထားသည့် လက်ဆွဲမျိုးစေ့ချကိရိယာများအားကြည့်ရှုခဲ့ကြောင်းနှင့် တောင်သူပညာပေး မိုးစပါးစံကွက် ဧက(၁၀၀)စိုက်ကွင်းသည် အင်တိုင်းကျေးရွာအုပ်စု တောင်သူ(၃၂)ဦး၏ လယ်မြေ(၁၀၀)ဧကတွင် စိုက်ပျိုးထား ခြင်းဖြစ်ပြီး စိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ပျိုးထောင် စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အတွင်းရှိပြည်သူများ စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ဆီ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ရွေ့လျား စနစ်ဖြင့် ပြည်သူ့ သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ်(၂၀)ရာခိုင်နှုန်းလျှော့ချ၍ ဝက်သား (၂၀) ပိဿာ၊ အမဲသား(၂၅)ပိဿာ၊ ဆိတ်သား (၁၅)ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာအပြင် ဟင်းသီးဟင်းရွက် များပါ ရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် - ရန်ကုန် လူစီးအမြန်ရထားဖြင့် ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ငူမြို့သို့ ထွက်ခွာခဲ့ကြပြီး လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လူနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းလျက်ရှိမှု

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့သို့ရောက်ရှိကြပြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာနှင့် မြို့ရိုးအပြင်ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မင်းကြီးညို (အေဒီ ၁၄၈၅ - ၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင် တံတားနေရာများနှင့် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ်ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ ရနိုင်သည့်နေရာများတွင် တည်ဆောက်သွားရန်လိုကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

တောင်ငူမြို့ရှောင်ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူဘူတာသို့ရောက်ရှိကြရာ ဘူတာရုံရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ ဖို့မြေလုပ်ငန်းဆောင်ရွက်သွားမည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရထားလမ်းနှင့်ဘူတာရုံအသစ် တည်ဆောက်ရာတွင် အစကောင်းမှ အနှောင်းသေချာဟူသည့်အတိုင်း ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

နေပြည်တော် - ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားခရီးစဉ်အတိုင်း ခရီးသွားပြည်သူများနှင့်အတူ လိုက်ပါစီးနင်း

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် နေပြည်တော်မှ ထွက်ခွာလာသည့် နေပြည်တော် - ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများနှင့်အတူ တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းသည်။

ထိုသို့လိုက်ပါစီးနင်းစဉ် ရထားလမ်းပိုင်းကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရထားတွဲဆိုင်းများအတွင်း ခရီးသွားများ လိုက်ပါစီးနင်းလျက်ရှိမှုအခြေအနေများ၊ ရထားဖြင့် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် စိတ်လက်ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေး မြန်မာ့မီးရထားမှ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုအခြေအနေများနှင့် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်မည့်အခြေအနေများ၊ ရထားလမ်းဘေးဝဲယာရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရထားလမ်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသာယာလှပပြီး ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေးရှိ လယ်ယာမြေများကို စနစ်ကျနသည့် လယ်ယာမြေများ အဖြစ်ဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာရုံများ စနစ်တကျဖြစ်စေရေးနှင့် သန့်ရှင်းသာယာမှုများရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းနယ်များအတွင်း စိမ်းလန်းစိုပြေသာယာပြီးမျက်စိပသာဒဖြစ်စေသည့် သစ်တောငယ်များကို စိုက်ပျိုးသွားရန်လိုကြောင်း၊ မီးရထားဖြင့် သွားလာလျက်ရှိသည့် မီးရထားစီးပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေးနှင့် ပြည်တွင်း ပြည်ပခရီးသွားများအား ဆွဲဆောင်မှုရှိစေရေး၊ Public Transportation ဖြစ်သည့် ရထားပို့ဆောင်ရေးအပေါ် ပြည်သူများ အားထားမှု ပိုမိုမြင့်တက်လာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ရထားခရီးစဉ်တွင်အတူ လိုက်ပါစီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ DEMU လူစီးအမြန်ရထားတွဲအသစ်များကို ရန်ကုန် - နေပြည်တော်ရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစ၍ ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ရထားများ စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲချိန် ၅ နာရီခွဲခန့် ကြာမြင့်ကြောင်း၊ ထိုသို့ DEMU လူစီးအမြန်ရထားတွဲအသစ်များ ပြေးဆွဲနိုင်ခဲ့သဖြင့် ရထားလမ်းပိုင်းတစ်လျှောက် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့သွားလိုရာခရီးသို့ အချိန်တိုအတွင်း စိတ်အေးချမ်းသာစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေး၊ တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ အရာရှိ၊ စစ်သည်များ မိသားစုများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်၊ သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အေးချမ်းဖြိုးခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်/ ဌာနချုပ်များအနေဖြင့် အချိန်အခါအလိုက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားများသည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ တပ်မတော်မှပေးအပ်သည့် တာဝန်များကို စဉ်ဆက်မပြတ်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှ ကျားကုတ်ကျားခဲ ကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိခါစက ပါလီမန်စနစ်ကိုကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကပိုင်းဆိုင်ရာများတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ညီညွတ်မှုများ ပျက်ပြားလာခဲ့ကြောင်း၊ ပြည်ပနိုင်ငံများက အားပေးကူညီလုပ်ဆောင်ခဲ့သည့် မှောင်ခိုစီးပွားရေးများကြောင့်လည်း ပြည်တွင်းစီးပွားရေးကို ထိခိုက်ကျဆင်းစေခဲ့ပြီး တိုင်းပြည်၏ သယံဇာတများကိုလည်း ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲမှုများ များပြားကြောင်း၊ အလားတူ ရာသီဥတုဖောက်ပြန်မှုများကြောင့်လည်း စားရေရိက္ခာများ ရှားပါးမှုပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ နိုင်ငံအတွင်း အခက်အခဲအကြပ်အတည်းများ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း။

ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ရေးဆွဲ၍ ပြည်သူ့ဆန္ဒခံယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းစေခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် တိုင်းပြည်ကို အကျိုးပြုသည့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ရန်လိုကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ အများပြည်သူအတွက်အကျိုးရှိမည့် စီးပွားရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ပိုမိုအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများ နည်းပါးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားလုံးတစ်ပြေးညီဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ဆောင်ရွက်လျက်ရှိသည့်အဖွဲ့များအားလုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ သို့သော် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှ သွေးထိုးပေးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ခြင်းမရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်မှ နိုင်ငံတာဝန်ယူခဲ့သည့်အချိန်တွင် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်မှုများရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာရေးပိုင်းဆိုင်ရာအားနည်းချက်များရှိခြင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများကြွယ်ဝပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်ခြင်းများကြောင့် နိုင်ငံတော်၌ ပညာရေးအားနည်းမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ အတန်းပညာရှိမှသာ အတတ်ပညာများ ပိုမိုတတ်မြောက်လာမည်ဖြစ်ပြီး မိမိတို့ဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏သားသမီးများ ပညာတတ်လူငယ်များဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာအတန်းအလိုက် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး တွေးခေါ်မြော်မြင်မှုမြင့်မားသည့် ပညာတတ်လူငယ်များ ပိုမိုများပြားလာပါက နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ဒီမိုကရေစီဒုတိယအစိုးရ NLD အစိုးရသက်တမ်းကာလတွင် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ပြီး ၎င်းတို့ပါတီအာဏာရရှိရေး ဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါမဲမသမာမှုအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အနေဖြင့် အကြိမ်ကြိမ်အသိပေးအကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ စီးပွားရေးတို့တွင် တစ်ပြေးညီ တည်ငြိမ်တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများကိုလည်း တည်ငြိမ်ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာပြီး မှန်မှန်ကန်ကန်ဖြင့် သုံးသပ်ဆောင်ရွက်၍ နိုင်ငံကောင်းအောင်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့်တပ်များဖြစ်အောင် ပီပီပြင်ပြင်ဖြင့်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည်မိသားစုများ၏ သက်သာချောင်ချိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါးများနှင့် ဥများကို ပြင်ပသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်းကြောင့် ဈေးကွက်တည်ငြိမ်မှုကို တတ်နိုင်သမျှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဇနီးသည်လည်း ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဆည်၊ ဩဂုတ်-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အပူပိုင်း‌ဒေသစိမ်းလန်း စိုပြည်ရေးဦးစီး ဌာနမှ သစ်တော၊သစ်ပင်များ၏အကျိုးကျေးဇူးများနှင့် အနှစ်သာရများကိုဒေသခံ ပြည်သူများ သိရှိ နားလည် စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပိုမိုပြုလုပ်လာစေရန် ရည်ရွယ်၍ ကျေးရွာများသို့ ကွင်းဆင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုအသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီက အရှေ့ရွာနန်းကျေးရွာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာဟောပြောပွဲပြုလုပ်ခဲ့ပြီး စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဘိုက စွမ်းအားမြှင့်မီးဖိုသည် ဖိုခုံနောက်ဆိုင်မီးဖိုထက် ထင်းသုံးစွဲမှု (၄၀℅) သက်သာ ပြီး ကျေးလက်နေ အိမ်ထောင်စု(၁)စုမှ ထင်းအစား  အခြားလောင်စာဖြစ်သည့် (စိုက်ပျိုးရေးထွက်ပစ္စည်းများ) သုံးစွဲပါက တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန်လျော့နည်းသက်သာခြင်း၊ မြို့နေအိမ်ထောင်စု(၁)စုမှ ထင်း အစား လောင်စာတောင့်(၁၇၅၀)တုံးသုံးစွဲခြင်းဖြင့် တစ်နှစ်ပတ်လုံးသုံးစွဲမည့် ထင်း(၁)တန် လျော့နည်း သက်သာစေပြီး သစ်တော၊ သစ်ပင်ပြုန်းတီးမှုမှ ကာကွယ်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် သဘာဝသစ်တောများ၊ သစ်တောစိုက်ခင်းများ၊ သဘာဝတောကျန်ထိန်းသိမ်းရခြင်း အကြောင်းများ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတတ်သောအကြောင်းအရာများအား ပညာပေး ဟောပြောခဲ့ပြီး စွမ်းအားမြှင့် မီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်း ရပ်ဝန်း ဒေသနေ ပြည်သူများ ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဆည်၊ ကန်နှင့် မြစ်ချောင်းများ၏ ရေဝေရေလွှဲဒေသများအား စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်း စိမ်းလန်း စိုပြည်ရေးနှင့် ရေမြေသဘာဝကောင်းမွန်ရေး အထောက်အကူဖြစ်စေရန် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ထင်းအစားအခြားလောင်စာသုံးစွဲရေးနှင့် လူထုပညာပေးဟောပြောပွဲများကို တစ်လလျှင်(၃)ကြိမ်နှုန်းဖြင့် ကျေးရွာ (၃၆)ရွာအား နှစ်ပတ်လည် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းအားမြှင့် အေဝမ်း မီးဖို(၇၂၀)လုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်

နေပြည်တော် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်စုံတွဲများကို Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်နေ မောင် -----၊ ၂၆/၂၀၂၅ နှင့် ၎င်း၏ ရည်းစားဖြစ်သူ မ-----၊ ၁၈/၂၀၂၅ နှစ်တို့က ခင်မင် ရင်းနှီးသည့် ရွှေပြည်သာမြို့နယ်နေ မယုဝတီထံ အလုပ်လုပ်လိုကြောင်း အကူအညီတောင်းခံခဲ့ရာ မယုဝတီက အလုပ်ရမည်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာသို့လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်၌ မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ် ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာအားဂျယ်၊ ကြီးကြပ်သူ Lin Te၊ Sex Video ရိုက်ကူးသူ Wang Xiaofeng တို့နှင့်အတူ လူငယ်စုံတွဲနှစ်တွဲအား တွေ့ရှိခဲ့ပြီး ၎င်းတို့စုံတွဲသုံးတွဲအား Sex Video ရိုက်ကူးသည့် အလုပ်လုပ်ကိုင်ရမည်၊ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၁ သိန်းမှ ၁၆ သိန်း ခန့်ရရှိမည်ဟု စည်းရုံးပြောဆို၍ Sex Video သုံးကြိမ်စီရိုက်ကူးကာ ချီထိုက် Application မှ တစ်ဆင့် Live လွှင့်တင်ခဲ့ကြောင်း စိစစ်တွေ့ရှိရ သဖြင့် Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများ ဖြစ်သည့် မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ်(တိမ်းရှောင်)၊ Lin Te နှင့် Wang Xiaofeng တို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၃၂၅/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ဥပဒေပုဒ်မ ၃၈(က)(ခ) အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။

အမိန့်ချမှတ်ခဲ့

အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာနေ သူဇာစိုး(ခ) သူသူနှင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားရီဘော် (YIBO)တို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်နေ မ-----၊ ၂၆/၂၀၂၅ နှစ်နှင့် မ-----၊ ၂၂/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းနေထိုင်ပါက မိဘများအား ထောက်ပံ့ပေးနိုင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသား ချောင်ချုံးချွင်(Cao Qiu Quan)၊ ချန်ဟွမ့်(Chen Huan) ဆိုသူတို့နှင့် ငွေကျပ်သိန်း ၁၂၀ ဖြင့် တောင်းရမ်းလက်ထပ်ထိမ်းမြားပေးကာ သူဇာစိုး ငှားရမ်းနေထိုင်သည့် နဝဒေးအိမ်ရာ၌ အိမ်ခန်း တစ်ခန်းစီတွင် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံ သို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၂၆၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက တရားခံ သူဇာစိုး(ခ) သူသူ၊ တရုတ်နိုင်ငံသားရီဘော်(YIBO)၊ ချောင်ချုံးချွင် (Cao Qiu Quan)နှင့် ချန်ဟွမ့်(Chen Huan)တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ဇော်မင်းလှ(ခ)ရဖစ်နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ မ-----၊ ၂၀/ ၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok ၌ @Baby 31.0 အကောင့်မှတစ်ဆင့် ပြည့်တန်ဆာလုပ်ကိုင်ပါက တစ်ညလျှင် ငွေကျပ်နှစ်သိန်းရမည်၊ တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်မယားလုပ်ကိုင်ပါက ငွေကျပ် သိန်း ၇၀ ရမည်၊ လစဉ်ငွေကျပ် ၁၀ သိန်းရမည်ဟု စည်းရုံးပြောဆို၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ ခေါ်ယူစုဆောင်းခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောကျ်ားထံရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း (ပ) ၅၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံး ဥက္ကဋ္ဌက တရားခံဇော်မင်းလှ(ခ)ရဖစ်နှင့် ယွန်းကာရံချိုတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ စံပယ်ချိုက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ မ-----၊ ၁၅/၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok မှ တစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံ တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ(ခ)ရဖစ် နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့၏ အစီအစဉ်ဖြင့် ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ မြစ်ကြီးနားမြို့တွင် အောင်ဆန်းက လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်း ကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန်ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းလှ(ခ)ရဖစ်ပါ လေးဦးကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံ ဇော်မင်းလှ(ခ)ရဖစ်၊ ယွန်းကာရံချိုနှင့် စံပယ်ချို တို့အား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နေ သူသူဝင်း(ခ)မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင်တို့က တစ်မြို့တည်းနေ မ-----၊ ၁၇/၂၀၂၅ နှစ် နှင့် မ-----၊ ၂၄/၂၀၂၅ နှစ်တို့ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈၀ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ်စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ် နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သူသူဝင်း(ခ)မသူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံမြင့်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

MOI

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁

ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အတွက် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် ဆရာဝန်(သစ်လွင်)များကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ယာယီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်၊ မန္တလေး) တို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနမှ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အတွက် ဆရာဝန်(သစ်လွင်) ၁၄ဦး ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို လူမှုဖူလုံရေးအဖွဲ့ပိုင် ရန်ကုန်နှင့် မန္တလေးတို့ရှိ အလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း၊ ဌာနကြီးဆေးခန်း၊ တိုင်းရင်းဆေးကုခန်း ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စာချုပ် ဆေးခန်း၊ သားဖွားခန်းနှင့် ရွေ့လျားဆေးကုသယာဉ် များအပြင် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ (မန္တလေး)တို့၌ ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဆရာဝန် (သစ်လွင်) များအနေဖြင့် အလုပ်သမားဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့်လက်တွဲ၍ ဆေးကုသမှုဆိုင်ရာ အတွေ့အကြုံများအား လုပ်ငန်းခွင်လက်တွေ့လေ့လာသင်ယူကြရန်နှင့် ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ရာ၌ နွေးထွေးပျူငှာစွာ စေတနာထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်၊ မန္တလေး) တို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

မြစ်ကမ်းအနီးနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်

နေပြည်တော် ဇူလိုင် ၃၁

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

သို့ဖြစ်ပါ၍ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည်၊ ဩဂုတ်-၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်ဆည်ခရိုင် အတွင်းရှိ ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်များမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ဥပဒေနှင့်အညီထုတ်လုပ်ရေး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလတ် နှင့်ဝန်ထမ်းများသည် “ရွှေလရောင်”ကြက်သွန်ပေါင်းကြော်လုပ်ငန်း၊ “ကျော်” ကိတ်ခြောက်လုပ်ငန်း၊ “မင်းသူဇော်” ကိတ်အမျိုးမျိုးလုပ်ငန်း၊ “ကံမြင့်သူ”ကြက်သွန်ပေါင်းကြော်လုပ်ငန်းများသို့ ကွင်းဆင်း၍ ထုတ်ကုန် များတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများ၊ ထားသိုနည်းများ၊ စားသုံးရန်အညွှန်းများ၊ သတိပြုရန် အချက်အလက် များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး လုပ်ငန်းသုံး စားအုန်းဆီများ သတ်မှတ်အရည်အသွေးနှင့်ပြည့်မီရေးနှင့် လုပ်ငန်းခွင်၌ မှန်ကန်စွာသုံးစွဲရေး၊ ကုန်ချောများ ထုတ်လုပ်ရာ၌ အရည်အသွေးပြည့်ဝသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲရေး၊ ထုတ်ကုန်များကို ကျန်းမာရေး နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုပ်ပိုး၍ အလေးထားဆောင်ရွက်ရေး၊ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံ မှန်ကန်စွာထည့်သွင်းဖော်ပြရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဋ္ဌာန်းချက်များလိုက်နာစေရေးများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်၊ ဇူလိုင်-၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များ အသင်းတို့ပူးပေါင်း၍ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ရပ်ကွက်/ ကျေးရွာများ၊ စက်ရုံ/ အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများ အား ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဌာနဆိုင်ရာဝန်ထမ်း(၇၀၆၉)ဦးအား စားအုန်းဆီ (၁၄၁၃၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင်ဆည်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းဆိုင် များမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ဝန်ထမ်း(၇၀၆၉)ဦးအား တစ်ပိဿာငွေ (၇၁၄၀)ကျပ်နှုန်း ဖြင့် ဆီပိဿာ(၁၄၁၃၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့အနေဖြင့် စားအုန်းဆီများရောင်းချရာ၌ စံချိန်စံညွှန်း ပြည့်ပြီး သတ်မှတ်အရည်အသွေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို ပြည်သူများ လက်ဝယ်သို့ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။