အာဖရိကအရှေ့ပိုင်းနိုင်ငံဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း ချီဒို ကြောင့် လူပေါင်း ၉၄ ဦးသေဆုံးသွားရပြီး ၇၆၈ ဦး ဒဏ်ရာရရှိကာ လူပေါင်း ၆၂၂,၀၀၀ ကျော် မုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရကြောင်း မိုဇမ်ဘစ်နိုင်ငံ၊ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန် ထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း ချီဒိုသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်က မိုဇမ်ဘစ်နိုင်ငံကို တစ်နာရီ လေတိုက်နှုန်း ၂၆၀ ကီလိုမီတာ (၁၆၀ မိုင်) ဖြင့် ဖြတ်သန်း ဝင်ရောက် ခဲ့ပြီး ပထမရက် (၂၄) နာရီအတွင်း မိုးရေချိန် ၂၅၀ မီလီမီတာအထိ ရွာသွန်းခဲ့သောကြောင့် နိုင်ငံအတွင်း မြေပြိုမှုများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။
ဆိုင်ကလုန်း ချီဒိုသည် မိုဇမ်ဘစ်၊ မာလာဝီနှင့် ဇင်ဘာဘွေနိုင်ငံများအတွင်းသို့ ဖြတ်သန်းဝင်ရောက်ခြင်းမပြုမီ ပြင်သစ်အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Mayotte နယ်မြေကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
ကိုးကား -BBC/ Malu Cursino

ဝါရှင်တန် ဒီဇင်ဘာ ၂၂
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟု ယူဆကာ တူးမြောင်းကို ပြန်လည် သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောကြားသည်။
ပနားမားတူးမြောင်းသည် အမေရိကန်သင်္ဘောများအား မတန်မဆ ဈေးကောက်ခံခြင်းအပေါ် ကိုးကား၍ ထရမ့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ပနားမားတူးမြောင်းသည် ၎င်း၏ ရေလမ်းကိုဖြတ်သန်းသည့် အမေရိကန်ရေတပ်နှင့် ကူးသန်းရောင်းဝယ်ရေးရေယာဉ်များကို မတန်မဆဈေးဖြင့် ဖြတ်သန်းနှုန်းများ ကောက်ခံလျက်ရှိကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်ပို့စ်တွင် ရေးသားခဲ့ကြောင်း သိရသည်။
၁၉၇၇ ခုနှစ်တွင် ပနားမားနိုင်ငံသားများ၏ဖိအားပေးမှုအောက်တွင်လက်မှတ်ရေးထိုးခဲ့သည့် Torrijos-Carter စာချုပ်အရပနားမားတူးမြောင်းကို ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ပနားမားတူးမြောင်းသည် ပစိဖိတ်နှင့်အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။
၁၉၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် တူးမြောင်းဖောက်လုပ်ရန်အတွက် ပနားမားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီးနောက် ပနားမားတူးမြောင်းဇုန်ဟု လူသိများသော ပနားမားတူးမြောင်းနှင့် ၎င်း၏ အနီးတစ်ဝိုက်ရှိဒေသအချို့ကို အမေရိကန်တရားစီရင်ပိုင်ခွင့်အောက်တွင် စီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ

ဟနွိုင်း ဒီဇင်ဘာ ၂၂
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်းကို ယနေ့စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ မြေအောက်ရထားလမ်း၏ အကျိုးကျေးဇူးကြောင့် ဟိုချီမင်းမြို့၏ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို ပိုမိုသက်သာစေမည်ဖြစ်သည်။ ကီလိုမီတာ ၂၀ (၁၂ မိုင်) အရှည်ရှိ မြေအောက်ရထားလမ်းသည် မြို့လယ်နှင့် ၎င်း၏ ဆင်ခြေဖုံးများကို ချိတ်ဆက်ပေးထားကြောင်း သိရသည်။

မြေအောက်ရထားလမ်း စီမံကိန်းသည် ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ နည်းပညာပေါင်းစပ်မှုနှင့် ၎င်း၏ စီမံခန့်ခွဲမှုပုံစံ အောင်မြင်ကြောင်း ပြသခြင်းပင်ဖြစ်သည်ဟု ဗီယက်နမ်အရာရှိတစ်ဦးက ပြောကြားသည်။
ပထမ ရထားထွက်ချိန်တွင် ပြည်သူအများအပြားသည် မြေအောက်ရထားတွဲဆိုင်းများအတွင်း၌ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး အီတိုနာယိုကီက ရထားလမ်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအသစ်တစ်ခုဖြစ်ကြောင်း ပြောသည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သည် အဆိုပါ မြေအောက်ရထားစီမံကိန်းအတွက် ချေးငွေများထုတ်ပေးခဲ့ပြီး ဂျပန်ကုမ္ပဏီအများအပြားကလည်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်း၏ တစ်ဆင့်ခံ transit ပို့လွှတ်မှုစနစ်ကို ၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက်တွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၊ ဥရောပကော်မရှင်၏ တောင်းဆိုချက်အရ ရုရှားဓာတ်ငွေ့များမှလွဲ၍ ကျန်သည့်ဓာတ်ငွေ့ပို့ဆောင်ရေးများအတွက် ယူကရိန်းတစ်ဆင့်ခံ ဓာတ်ငွေ့ပို့ဆောင်ရေး စနစ်များကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ယူကရိန်း ဝန်ကြီးချုပ်က ပြောကြားလိုက်ပါသည်။

ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်းတစ်ဆင့်ခံ transit ဓာတ်ငွေ့ပို့လွှတ်မှုစနစ် လုပ်ကိုင်ရန် ၂၀၁၉ ဇန်ဝါရီ ၁ ရက်တွင် ၅ နှစ်သက်တမ်းရှိ သဘောတူ စာချုပ်ကို ရုရှားနှင့် ယူကရိန်းကြား နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြပါသည်။ လာမည့်၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက် ဒေသစံတော်ချိန် ၀၇:၀၀ နာရီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ရုရှား၏ဓာတ်ငွေ့ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံပို့လွှတ်မှုစနစ်ကို ယူကရိန်းက ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား - TASS

ဒီဇင်ဘာ ၂၀ ရက်နေ့ညနေပိုင်းက ဂျာမနီနိုင်ငံ အရှေ့ဘက်၊ Magdeburg မြို့၏ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့်ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဥ်ကြောင့် လူ ၅ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ဒီဇင်ဘာ ၂၁ ရက်နေ့အထိ လူ ၄၀ ခန့်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်အတွက် သံသယရှိသူမှာ အသက် ၅၀ အရွယ်၊ Taleb al-Abdulmohsen အမည်ရှိ၊ ဆော်ဒီအာရေဗျနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောကြားထားပါသည်။ ၎င်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသူ တစ်ဦးဖြစ်ပါသည်။
အဆိုပါတိုက်ခိုက်သူ၏ လူမှုကွန်ယက်တွင် တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်သည့်အစွန်းရောက်အမြင်များ ရေးသားထားသည်ကို ဆော်ဒီအာရေဗျနိုင်ငံက တွေ့ရှိပြီးနောက် ဂျာမနီနိုင်ငံရှိ တာဝန်ရှိသူများကို သတိပေးခဲ့ကြောင်း ဆော်ဒီသတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသို့ ပြောကြားထားသည်။
ဂျာမနီဝန်ကြီးချုပ် Olaf Scholz က သူငယ်ချင်းများ၊ မိသားစုများနှင့် ခရစ်စမတ်ဈေးပွဲတော်လောက် အေးချမ်းမှုရှိပြီး ပျော်ရွှင်စရာကောင်းသည့် ပွဲတော် မရှိပါကြောင်း၊ ယခုကဲ့သို့ လူသေစေသည့် တိုက်ခိုက်မှုမှာ ပြင်းထန်ဆိုးရွားပြီး ရူးနှမ်းသည့်လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ပြောဆိုလိုက်ပါသည်။
ကိုးကား(The Guardian)

Foxconn ဟုလူသိများသော Hon Hai Precision Industry သည် ဂျပန်နိုင်ငံ၏ Nissan Motor ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူရန်အတွက် ပြင်သစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာတစ်ခုက ဖော်ပြထားပါသည်။
၎င်းလုပ်ငန်း၏ အဓိကတာဝန်ရှိသူ ၂ ဦးကို ကိုးကားပြီး ဗဟိုသတင်းအေဂျင်စီ (CNA) က ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် အဆိုပါသတင်းကို ဖော်ပြခဲ့ပါသည်။

Nissan ၏ ရှယ်ယာများကို ဝယ်ယူရန် Hon Hai ၏ အဆိုပြုချက်ကို Nissan ကုမ္ပဏီက ပယ်ချပြီးနောက် Hon Hai က Renault နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း CNA က ဖော်ပြထားပါသည်။
ပြင်သစ်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေသည့် Hon Hai ၏ အဖွဲ့ကို လျှပ်စစ်ကား လုပ်ငန်းဆိုင်ရာ နည်းဗျူဟာ အကြီးအကဲ Seki Jun က ဦးဆောင်ကြောင်း CNA က ဖော်ပြထားပါသည်။ Seki Jun သည် Nissan တွင် အကြီးတန်း အမှုဆောင်တစ်ဦး အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။
Hon Hai က စတော့ဝယ်ယူခြင်း သို့မဟုတ် အခြားနည်းလမ်းများအသုံးပြုပြီး Nissan ၏ စီမံခန့်ခွဲမှုတွင် ပါဝင်နိုင်ရန် နောက်ကွယ်တွင် စဉ်းစားနေခဲ့သည်ဟု သတင်းရင်းမြစ်များစွာက ဖော်ပြထားကြသည်။
Nissan သည် လတ်တလောတွင် ဖြစ်နိုင်ချေရှိသည့် ပေါင်းစည်းမှုတစ်ခုအတွက် ဂျပန်ကုမ္ပဏီ Honda Motor နှင့်ဆွေးနွေးနေပါသည်။၎င်းတို့အနေဖြင့် လာမည့်သီတင်းပတ်အစောဆုံးထားပြီး အခြေခံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ကြောင်းဖော်ပြထားပါသည်။
ကိုးကား-NHK World

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။
(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)
( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
Soure: MRTV

တရုတ်နိုင်ငံသည် လူလုပ်ကျွန်းတုပေါ်တွင် ကမ္ဘာ့ အကြီးဆုံး လေဆိပ်ကို တည်ဆောက်နေပါသည်။
လေဆိပ်ကို Dalian Jinzhou Bay အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟုခေါ်တွင်ပြီး နိုင်ငံ၏ အရှေ့မြောက်ဘက်ကမ်းရိုးတန်းတွင် လက်ရှိတည်ဆောက်ဆဲဖြစ်ပါသည်။ လေယာဉ်ပြေးလမ်းလေးခု၊ စတုရန်းမီတာ ၉၀၀,၀၀၀ (၉၆၉,၀၀၀ စတုရန်းပေ) ကျယ်ဝန်းသောဂိတ်ဝင်ပေါက်များဖြင့် စုစုပေါင်း ၂၀ စတုရန်းကီလိုမီတာ ရှိမည်ဟု သိရပါသည်။

တစ်နှစ်လျှင် ခရီးစဉ်ပေါင်း ၅၄၀,၀၀၀ ဖြင့် ခရီးသည် စုစုပေါင်း သန်း ၈၀ အား ဝန်ဆောင်မှုပေးနိုင်မည်ဟုမျှော်လင့်ထားပြီး ၂၀၃၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားပါသည်။
တည်ဆောက်ပြီးစီးပါက အဆိုပါလေဆိပ်သည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ် (HKG) နှင့် ဂျပန်နိုင်ငံ Kansai လေဆိပ် (KIX) တို့ထက် သာလွန်သည့် လူလုပ်ကျွန်း ပေါ်ရှိ အကြီးဆုံးလေဆိပ် ဖြစ်လာမည် ဖြစ်ပါသည်။
Dalian မြို့သည် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့် နီးကပ်စွာတည်ရှိသောကြောင့် သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာတစ်ခုဖြစ်သည်။
တရုတ်နိုင်ငံသည် လေဆိပ်များစွာတည်ဆောက်ပြီး အမေရိကန်နိုင်ငံထက် လေကြောင်းလိုင်းများစွာ ပိုမို ပိုင်ဆိုင်ရမည်ဟူသော ရည်မှန်းချက်ကို ၂၀၃၅ တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ကိုးကား - CNN

ယနေ့ခေတ်နည်းပညာမြင့်ကားများမှာ စကားပြန်ပြောနိုင်စွမ်းရှိတဲ့ အသံ လက်ထောက်စနစ်တွေ များစွာပါဝင်လာပါတယ်။ အဲဒီကားတွေထဲမှာ မာစီဒီးကား တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အသုံးပြုပေးထားတဲ့စနစ်က MBUX စနစ်ပါ။

အရင်တုန်းက အဲဒီစနစ်ဟာ စက်ရုပ် တစ်ရုပ်လိုမျိုးပဲ ကြိုတင်ထည့်သွင်းထား တဲ့အသံဖိုင်တွေကို ဖွင့်ပြတဲ့ပုံစံမျိုးနဲ့သာ အလုပ်လုပ်တာပါ။ ဒါပေမဲ့ အခုအဲဒီလို မဟုတ်တော့ပါဘူး။အဆင့်မြှင့်တင်လိုက်တဲ့ အဲဒီစနစ်မှာ ယာဉ်မောင်းသူက တကယ့်ကိုလူအစစ် တစ်ယောက်နဲ့အပြန်အလှန်စကားပြောနေရသလိုမျိုး ခံစားချက်ကိုရရှိအောင်လို့ ဖန်တီးထားတာဖြစ်ပါတယ်။ အဓိကက AI နဲ့ပေါင်းစပ်ပြီး တီထွင်ဆန်းသစ်ထားတာပါ။ ဒါကြောင့် MBUX စနစ်အသုံးပြုနိုင်တဲ့ မာစီဒီးကားပိုင်ရှင်များက အဲဒီစနစ်ကို အဆင့်မြှင့်တင်နိုင်ပါတယ်။
ကိုးကား - Myawady Web Portal

အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၁၉
ပါကစ္စတန်နိုင်ငံ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်က ညွှန်ကြားခဲ့သည်။
လူကုန်ကူးမှုများအား ပါကစ္စတန်နိုင်ငံသားများက ကျူးလွန်နေကြသဖြင့် အရှက်ရမိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထိရာက်စွာအရေးယူဆောင်ရွက်

မကြာသေးမီက ဂရိနိုင်ငံတွင်ဖြစ်ပွားခဲ့သည့်ရေယာဉ်တိမ်းမှောက်မှုတွင် လူကုန်ကူးခံရသည့်ပါကစ္စတန်နိုင်ငံသားများ သေဆုံးခဲ့ရမှုနှင့်စပ်လျဉ်း၍ ပါကစ္စတန်နိုင်ငံသားများအား အခြားနိုင်ငံများသို့ လူကုန်ကူးခဲ့သူများအပေါ် ထိရောက်စွာအရေးယူဆောင်ရွက်ရန် တာဝန်ရှိသူများအား ၎င်းကထပ်လောင်း ညွှန်ကြားခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း လူကုန်ကူးမှုကျူးလွန်သူ ၁၇၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုပပျောက်ရေးအတွက် နယ်စပ်များတွင် စောင့်ကြည့်ရေးစနစ်များကို မြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ