သတင်းများ

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ(၉)ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီဇင်ဘာ၂၇ရက်တွင် ဗဟန်း မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည့်အတွက် အချိန်အနည်းငယ်သာ ကျန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေး ပြောကြားထားသည်။

ထို့ပြင် အခမ်းအနားကို ယခင်နှစ်ထက် ပိုမို ကောင်းမွန် စေရန် စီမံဆောင်ရွက်ရန်နှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေဖြင့် ဆုများရွေးချယ် ရာတွင် စနစ်တကျရွေးချယ်၍ ရသင့်ရထိုက်သူများ ရရှိ စေရေး ဆောင်ရွက်ရန် ထည့်သွင်းပြောကြားထားသည်။

အလားတူ ‌ရွှေကြိုရွေးချယ်ရေးနှင့်ပတ်သက်၍ အချက်အလက်များကို ဘက်ပေါင်းစုံမှကြည့်ပြီး ‌ရွေးချယ်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်း ထားသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့ အနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာတွင် ပြည်သူများ၏ သဘောထားအမြင်ကိုလည်း လေ့လာ သုံးသပ်၍ သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ရေးကိုလည်း အသိပေးပြောကြား ထားသည်။

ကိုးကား-NP News

ကေဘယ်လ်ကြိုးများ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ဘောလ်တစ်ပင်လယ်တွင် နေတိုးတပ်ဖွဲ့ဝင်များ အင်အား တိုးမြှင့်မည်

ပင်လယ်ရေအောက်ကေဘယ်လ်ကြိုးများ ပြတ်တောက် ပြီးနောက် ဘောလ်တစ်ပင်လယ်တွင် ၎င်း၏ စစ်ရေး လှုပ်ရှားမှုများကို တိုးမြှင့်သွားမည်ဟု မဟာမိတ်အဖွဲ့ အကြီးအကဲ Mark Rutte က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဖင်လန်သမ္မတ Alexander Stubb နှင့် ဖုန်းပြောဆိုပြီးနောက် အတွင်းရေးမှူးချုပ် သည် ၎င်း၏ ကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Helsinki သည် ယခုသီတင်းပတ်အစောပိုင်းတွင် Estlink 2 Power Cable ပျက်စီးသွားပြီးနောက် စုံစမ်းစစ်ဆေးမှုတစ်ခုကိုစတင်ခဲ့သည်။ 

နေတိုးအဖွဲ့ဝင်များသည် ဒေသတွင်းတွင် ရေတပ်စစ်ရေး လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ကြပြီး ရုရှားနယ်စပ်အနီးတွင် တိုက်လေယာဉ်များ ပျံသန်းသည့်ကာလ အတွင်း လေကြောင်းရဲတပ်ဖွဲ့၏ မစ်ရှင်များတွင် ပါဝင် ကူညီကြပြီး ယူကရိန်းပဋိပက္ခစတင်ခဲ့သည့် ကာလမှ စတင်၍ ယူကရိန်းအရှေ့ဘက်ခြမ်းတွင် တပ်အင်အား တိုးမြှင့်ချထားခဲ့သည်။

ဖင်လန်နှင့် အက်စ်တိုးနီးယားအား ဆက်သွယ်ထားသည့် Estlink 2 Cable သည် ခရစ္စမတ်နေ့တွင် ပျက်စီးခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် ဖင်လန်နယ်ခြားစောင့်တပ်က သံသယဖြင့် ရုရှားရေနံတင်သင်္ဘော Eagle S ကို ဖမ်းဆီး ခဲ့သည်။

ရုရှားက ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မှတ်ချက် မပေး သော်လည်း ပိတ်ဆို့အရေးယူမှုသည် တရားမျှတမှု မရှိဘဲ တရားမ၀င်ဟု ယခင်က ရှုတ်ချခဲ့သည်။

နိုဝင်ဘာလအတွင်း ဖင်လန်နှင့် ဂျာမနီကြား ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် Baltic Sea ကေဘယ်လ်ကြိုးနှစ်ခု၊ လစ်သူယေးနီးယားနှင့် ဆွီဒင် ကြားတွင် လည်ပတ်နေသည့် ကေဘယ်လ်ကြိုး တစ်ခုတို့သည် ဆက်တိုက် ပြတ်တောက်သွားခဲ့သည်။ အခင်း ဖြစ်ပွားချိန်ဝန်းကျင်က ကေဘယ်လ်ကြိုးဧရိယာအား ကျော်ဖြတ်လာသည့် တရုတ်သင်္ဘော Yi Peng 3 က မသင်္ကာစရာဖြစ်ခဲ့ကြောင်း ပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက် သည်ဟု ဆွီဒင်၏စွပ်စွဲချက်ကို တရုတ်နိုင်ငံက ငြင်းဆိုထားသည်။

ကိုးကား-RT

အာကာသစူးစမ်းလေ့လာရေးယာဉ် Parker Solar Probe နေနှင့် အနီးကပ်ဆုံး ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိ

ဝါရှင်တန်   ဒီဇင်ဘာ ၂၆

နာဆာ(NASA)၏ အာကာသစူးစမ်းလေ့လာရေးယာဉ်တစ်ခုဖြစ်သည့် Parker Solar Probe သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေနှင့်အနီးကပ်ဆုံး ချဉ်းကပ်ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Parker Solar Probe အာကာသယာဉ်သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေ၏ မျက်နှာပြင်မှ မိုင် ၃ ဒသမ ၈ သန်း(ကီလိုမီတာ ၆ ဒသမ ၁ သန်း) အတွင်းဖြတ်သန်းလှည့်ပတ်သွားလာနိုင်မည်ဟု မျှော်လင့်ရပြီး ယခင်လုပ်ဆောင်ခဲ့သည့် မစ်ရှင်များထက် ခုနစ်ဆပိုမိုနီးကပ်ကြောင်း နာဆာကဆိုသည်။

Parker သည် ၂၀၁၈ ခုနှစ်မှစတင်ကာ နေ‌ရောင်ခြည်စွမ်းအင်သုံးပြီး အာကာသအတွင်း စူးစမ်းလေ့လာမှုများကို ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ မစ်ရှင် ၂၁ ခုအတွင် ယခုအကြိမ်သည် နေနှင့် ပိုမိုနီးကပ်မည်ဖြစ်ကြောင်း သိရသည်။

NASA နှင့် Johns Hopkins Applied Physics Laboratory တို့ ပူး‌ပေါင်းလုပ်ဆောင်သည့် အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ ယခုမစ်ရှင်သည် လူသားတို့၏ မူလအစနှင့် နေရောင်ခြည်၏ ဆင့်ကဲဖြစ်စဉ်များကို ပိုမိူသိရှိနိုင်ရန်အတွက် တိုင်းတာမှုများနှင့် ရုပ်ပုံများကို စုဆောင်းရန် ရည်ရွယ်သည်။

ထို့ပြင် ကမ္ဘာမြေပေါ်ရှိ သက်ရှိများနှင့် နည်းပညာအပေါ် သက်ရောက်မှုရှိသော အာကာသာပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကို ခန့်မှန်းရာတွင်လည်း အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

တရုတ်က ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏ သုံးဆပိုထုတ်နိုင်မည့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်မည်

တရုတ်အစိုးရက ကမ္ဘာကျော်ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏသုံးဆပိုမိုထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စက်ရုံကြီးတစ်ခုကိုတည်ဆောက်သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရေအားလျှပ်စစ်စက်ရုံကြီးကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ယာလန်းဆန်းပိုမြစ်ကြီးပေါ်၌ တည်ဆောက်သွားမည်ဖြစ်သည်။ အင်ဂျင်နီယာပညာပိုင်းအရစိန်ခေါ်မှုများစွာရှိမည့် ထိုရေအားလျှပ်စစ်စက်ရုံစီမံကိန်းကြီးကို ယွမ် ၁ ထရီ လီယံအထိရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင်ကုန်ကျစရိတ်အများဆုံးသော အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

တိဗက်ကုန်းပြင်မြင့်ကို ဖြတ်သန်းစီးဆင်းနေသည့် ယာလန်းဆန်းပိုမြစ်ကြီးက ကမ္ဘာပေါ်တွင်အနက်ဆုံးဖြစ်သောချောက်ကြီးတစ်ခုကိုဖြစ်ပေါ်စေပြီး အမြင့်အားဖြင့် မီတာ ၇၀၀၀ ကျော်ရှိကာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသည့်အခါ ဗြဟ္မပုတ္တရမြစ်အဖြစ် ပြောင်းလဲစီးဆင်းသွားခြင်းဖြစ်သည်။

ထိုရေအားလျှပ်စစ်စက်ရုံမှ နှစ်စဉ်လျှပ် စစ်ဓာတ်အားပမာဏ ကီလိုဝပ်နာရီပေါင်း ဘီလီယံ ၃၀၀ နီးပါးထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်သော ချောက် သုံးလုံးတမံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ပမာဏ ကီလိုဝပ်နာရီပေါင်း ၈၈ ဒသမ ၂ ဘီလီယံသာထုတ်လုပ်ထားနိုင်သည်။

Ref: SCMP

Source: Myawady Web Portal

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဂျပန်လေကြောင်းလိုင်း နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်

တိုကျို   ဒီဇင်ဘာ ၂၆

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရသည့်အတွက် ပြည်တွင်းနှင့် ပြည်ပခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာမှုများ ပေါ်ပေါက်ခဲ့ရသည်ဟု ဂျပန်လေကြောင်းလိုင်းက ပြောသည်။

ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီ ၂၄ မိနစ်ခန့်က ပြင်ပစနစ်များဖြင့် ဒေတာဆက်သွယ်ရေးအတွက် အသုံးပြုသည့် ၎င်း၏ ကွန်ရက်စနစ်တွင် ရှုပ်ထွေးမှုများ ရုတ်တရက်မြင့်မားလာကြောင်း လေကြောင်းလိုင်းကပြောသည်။ ခရီးသည်အိတ်များ တင်ဆောင်ခြင်း စီမံခန့်ခွဲမှုအပါအဝင် ၎င်း၏ စနစ်များတွင် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဂျပန်လေကြောင်းလိုင်းက ပြောသည်။

ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းအထိ ပြည်တွင်းလေကြောင်းခရီးစဉ် ၂၄ ခုမှာ မိနစ် ၃၀ မှ ၈၅ မိနစ်အထိ အချိန်နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။ အချို့သော ပြည်ပခရီးစဉ်များတွင်လည်း နှောင့်နှေးမှုများ ပေါ်ပေါက်ခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် လေယာဉ်လက်မှတ်ရောင်းချမှုများကို ဆိုင်းငံ့ခဲ့သည်။

လေယာဉ်ခရီးစဉ်များကိ ဖျက်သိမ်းခဲ့ခြင်းမရှိဟု ဂျပန်လေကြောင်းလိုင်းက ပြောသည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် ထိခိုက်ထားသည့် စက်ကိရိယာများကို ပိတ်ထားခဲ့ပြီး စနစ်ပြန်လည်စတင်ရန် လုပ်ဆောင်နေကြာင်း လေကြောင်းလိုင်းကပြောသည်။

အဆိုပါပြဿနာသည် လေကြောင်းပျံသန်းမှုဆိုင်ရာ လုံခြုံရေးကို ထိခိုက်ခြင်းမရှိကြောင်း လေကြောင်းလိုင်းကပြောသည်။ ယင်းပြဿနာကြောင့် ခရီးသွားအချို့ အဆင်မပြေဖြစ်ရသည့်အတွက် ‌တောင်းပန်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

အန်န်အိတ်ချ်ကေ

Source: မြန်မာ့အလင်းသတင်းစာ

Zhuhai Airshow

တရုတ်နိုင်ငံ၏ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်ဖြစ်သည့် (White Emperor) သည် ၎င်း၏ ပထမဆုံးပျံသန်းမှုကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။၂၀၂၄ခုနှစ် Zhuhai Airshow တွင် ပထမဆုံး ထုတ်ဖော်ပြသခဲ့သည့် ကိုယ်ပျောက်ဂျက်လေယာဉ်သည် အသံထက်မြန်သော အမြန်နှုန်း၊ လက်နက်စနစ်သစ်များနှင့်အတူ ရေဒါလျှော့ချနိုင်သော မျက်နှာပြင်များပါရှိကြောင်း သိရှိရပါသည်။

ကိုးကား - RT News

Photo- The National Interest

အဇာဘိုင်ဂျန်မှ လေယာဉ်တစ်စင်း ကာဇက်စတန်၌ ပျက်ကျ

အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဒီဇင် ဘာလ ၂၅ ရက် အစောပိုင်းတွင် ကာဇက်စတန်နိုင်ငံ၌ ပျက်ကျမှုဖြစ်ပွားကြောင်း သိရသည်။

လေယာဉ်အမှုထမ်းငါးဦးနှင့် ခရီးသည် ၆၂ ဦးကိုတင်ဆောင်ပြီး ဘာကူမြို့မှ ရုရှားနိုင်ငံ  ဂရော့ဇနီမြို့သို့ ပျံသန်းလာသည့် ထိုလေယာဉ်သည် ကာဇက်စတန်နိုင်ငံ အက်တာအူလေဆိပ်မှ   သုံးကီလိုမီတာအကွာ၌ ပျက်ကျခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းမှာ လေယာဉ်သည် ငှက်အုပ်တစ်အုပ်နှင့်  ဝင်တိုက်မိခြင်းကြောင့် ဖြစ်သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။ ထို့ပြင် လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ ၃၂ ဦးကိုသာ တွေ့ရှိရသေးကြောင်းနှင့်  ကျန်သူများမှာ သေဆုံးနိုင်ခြေရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အဇာဘိုင်ဂျန်ရှေ့နေချုပ်ရုံးက  ပြစ်မှုဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လေတာဘိုင်များကိုသယ်မယ့် ကမ္ဘာ့အရှည်ဆုံး လေယာဉ်

ကော်လိုရာဒိုပြည်နယ်မှာ အခြေစိုက်ထားတဲ့ Radia ကုမ္ပဏီက လေတာဘိုင်များကိုသယ်ဆောင်ပေးနိုင်မယ့် ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကြီးကို ဖန်တီးလိုက် နိုင်ပါတယ်။ လေတာဘိုင်ကြီးတွေကို  သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ   အင်မတန်ခက်ခဲတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကျစရိတ်လည်း   မြင့်မားတဲ့လုပ်ငန်း တစ်ခုဖြစ်ပါတယ်။

အခု Radia ကုမ္ပဏီက Wind Runner လို့ခေါ်တဲ့ ကမ္ဘာ့အရှည်ဆုံး လေယာဉ်ကြီး ကိုဖန်တီးပြီး   ကုန်းလမ်းကနေ သယ်ယူပို့ဆောင်စရိတ်နဲ့   တန်းတူဖြစ်စေမယ့်လုပ်ငန်းကြီးကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သန့်ရှင်းစွမ်းအင်အသုံးပြုနိုင်မှုအတွက်   အောင်မြင်မှုတစ်ခုလည်း ဖြစ်လာပါတယ်။

အသံထက်မြန်ခရီးသည်တင် လေယာဉ်များ ပြန်လည် ထွက်ပေါ်လာမည်

Boom ကုမ္ပဏီရဲ့ အသံထက်မြန် လေယာဉ်နည်းပညာက အသံထက်မြန်ခရီးသည်တင် လေယာဉ်များစွာကို ပြန်လည်ထွက်ပေါ်လာစေမှာဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့စမ်းသပ်ဆဲ XB-1 လေယာဉ်က အမြင့်နှုန်းမှာသာမက အမြန်နှုန်းမှာပါ စံချိန်အသစ်တင်နိုင်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။

အဲဒီလေယာဉ်က အမြင့်ပေ ၂၅၀၄၀ အထိရောက်ရှိတဲ့အတွက် ဒါဟာ သူ့ရဲ့စံချိန်တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။၅၄   မိနစ်ကြာပျံသန်းခဲ့တဲ့    XB-1 ရဲ့ အမြန်နှုန်းက   အသံထက် သုည ဒသမ ၈၂ ဆမြန်တဲ့နှုန်းနဲ့ဖြစ်ပါတယ်။

ကွန်းကော့လေယာဉ်ဆိုတာ အရင်က အသံထက်မြန်လေယာဉ်ဖြစ်ပေမယ့် ကုန်ကျစရိတ်မြင့်မားမှု၊ အသံကျယ်လောင်မှုတို့ကြောင့် ပြေးဆွဲမှုရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။ အခုတော့ XB-1 ကြောင့် အသံထက်မြန်ခရီးသည်တင် လေယာဉ်ပြေးဆွဲမှုက ပြန်လည်အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက် ထွက်ခွာစနစ်

လေကြောင်းစက်မှုလုပ်ငန်းမှာ ပထမဆုံးသော အောင်မြင်မှုတစ်ခုအဖြစ် အလိုအလျောက်ထွက်ခွာစနစ်ကို Embraer က ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်ဟာ ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံးသော အလိုအလျောက် ထွက်ခွာစနစ်လည်း ဖြစ်ပါတယ်။

Embraer ကုမ္ပဏီက သူတို့ရဲ့ E2 အမျိုးအစား ခရီးသည်တင်လေယာဉ်အတွက် အထောက်အပံ့ဖြစ်စေနိုင်ဖို့ အဆင့်မြင့် ထွက်ခွာစနစ်ကို   မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဒီစနစ်ကိုအသုံးပြုခြင်းအားဖြင့် ခရီးသည်တင်လေယာဉ်ရဲ့ စွမ်းအင်အသုံးပြု မှုကို ပိုမိုတိုးတက်စေနိုင်ပါတယ်။ အဲဒီကနေမှတစ်ဆင့် ခရီးသည်တင်လေယာဉ်ရဲ့ ပျံသန်းနိုင်တဲ့ အကွာအဝေးကို တိုးမြှင့်နိုင်မှာဖြစ်သလို လေယာဉ်ရဲ့ကုန်စည်သယ် ဆောင်နိုင်မယ့်ပမာဏကိုလည်း မြင့်မားစေနိုင်မှာပါ။

ဒါ့အပြင် အခုဒီဇိုင်းက ခရီးသည်တင် လေယာဉ်ရဲ့လှည့်ပတ်မှုနဲ့ လမ်းကြောင်းပေါ်ရောက်ရှိမှုကို မြန်ဆန်စေတဲ့အတွက် ပြေးလမ်းလိုအပ်ချက်ကိုလည်း  လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုးအတွက် တစ်ခုတည်းသော လိုအပ်ချက်က လေယာဉ်ရဲ့အစိတ်အပိုင်းများမှလွဲပြီး ဆော့ဝဲတစ်ခုတည်းကိုသာ အဆင့်မြှင့်တင်ရမှာပါ။     

 Source: Myawady Webportal