သတင်းများ

အလိုအလျောက်မောင်းနှင်သည့် နည်းပညာ မြှင့်တင်ရန်အတွက်  တရုတ်က စည်းမျဉ်းစည်းကမ်းသစ်များကို အတည်ပြု         တရုတ်နိုင်ငံ    မြို့တော်ပေကျင်းတွင် အလိုအလျောက် မောင်းနှင်သည့်နည်းပညာကို မြှင့်တင်ရန်အတွက် စည်းမျဉ်းစည်းကမ်းသစ်များကို မြို့တော်အာဏာပိုင်အဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။  မြို့တော်အာဏာပိုင်အဖွဲ့သည် မောင်းသူမဲ့ကား  သို့မဟုတ်  အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များအား ပုဂ္ဂလိကကဏ္ဍများ၊   မြို့တော်ဧရိယာအတွင်းပြေးဆွဲသည့် ဘတ်စကားများ၊ ဓာတ်ရထားများနှင့် အငှားယာဉ်များတွင် အစားထိုးအသုံးပြုရန် အားပေး

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် အလိုအလျောက် မောင်းနှင်သည့်နည်းပညာကို မြှင့်တင်ရန်အတွက် စည်းမျဉ်းစည်းကမ်းသစ်များကို မြို့တော်အာဏာပိုင်အဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။

မြို့တော်အာဏာပိုင်အဖွဲ့သည် မောင်းသူမဲ့ကား  သို့မဟုတ်  အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များအား ပုဂ္ဂလိကကဏ္ဍများ၊   မြို့တော်ဧရိယာအတွင်းပြေးဆွဲသည့် ဘတ်စကားများ၊ ဓာတ်ရထားများနှင့် အငှားယာဉ်များတွင် အစားထိုးအသုံးပြုရန် အားပေးလှုံ့ဆော်သွားမည်ဖြစ်သည်။ ထို့ပြင် မြို့တော်အတွင်း မောင်းသူမဲ့မော်တော်ယာဉ်များ အသုံးပြုနိုင်ရေးအတွက် မြို့အတွင်းရှိ အခြေခံအဆောက်အဦများကိုလည်း အဆင့်မြှင့်တင်ရန် အားပေးလျက်ရှိသည်။

တရုတ်အစိုးရသည် အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ကားများ အသုံးပြုခြင်းကို  ခွင့်ပြုပေးလျက်ရှိပြီး လက်ရှိတွင် နိုင်ငံအတွင်းရှိ  အနည်းဆုံးမြို့ကြီး ၁၉ မြို့သည်  အဆိုပါကားများကို စမ်းသပ်မောင်းနှင်လျက်ရှိသည်။

မြို့တော်အာဏာပိုင်များသည် မောင်းသူမဲ့အများပြည်သူသုံး ဘတ်စကားများနှင့် တက္ကစီများကို လာမည့်နှစ် ဧပြီလ ၁ ရက်မှစ၍ မောင်းနှင်ခွင့်ပေးရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည် နည်းပညာတိုးတက်မှုတွင် ထိပ်ဆုံးမှဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် လျှပ်စစ်ကားများနှင့် မောင်းသူမဲ့ကားများကိုလည်း ထုတ်လုပ်လျက်ရှိသည်။

Source: Myawady Web Portal

ပြည်သူများ၏ သုံးစွဲမှုကို တိုးမြှင့်နိုင်ရန် အစိုးရဝန်ထမ်းများ၏ လစာကို တရုတ်တိုးမြှင့်

တရုတ်အစိုးရသည်  ပြည်သူများ၏ သုံးစွဲမှုကို တိုးမြှင့်နိုင်ရန်အတွက် နှစ်ပေါင်းများစွာအတွင်း  ပထမဆုံးအကြိမ်အဖြစ် အစိုးရဝန်ထမ်းများ၏   လုပ်ခလစာကို တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အစိုးရဌာနအများအပြားတွင် တာဝန်ထမ်းဆောင်နေသည့်    ဝန်ထမ်းများ၏ အခြေခံလစာအဖြစ် တစ်လလျှင် အနည်းဆုံး ယွမ် ၅၀၀ သတ်မှတ်ပေးခဲ့ကြောင်း အစိုးရနှင့်နီးစပ်သူများက ပြောသည်။ အစိုးရ၏ လစာတိုးမြှင့်ပေးမှုသည် ဝန်ထမ်းများ၏ အခြေခံလစာအပေါ်မူတည်၍ ရာခိုင်နှုန်းအားဖြင့် ကွာခြားလျက်ရှိပြီး အချို့ဝန်ထမ်းများ၏ လစာမှာ  အကြမ်းဖျင်းအားဖြင့် ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည် အစိုးရဝန်ထမ်းများအတွက် နောက်ဆုံးအကြိမ် လစာတိုးမြှင့်မှုကို ၂၀၁၅ ခုနှစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလတွင် နိုင်ငံအတွင်းရှိ အစိုးရဝန်ထမ်း သန်း ၄၀ ခန့်သည် တစ်လလျှင် ပျမ်းမျှအားဖြင့် ယွမ် ၃၀၀ ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။

ရှီကျင့်ဖျင်ဦးဆောင်သည့် တရုတ်အစိုးရသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ပြည်သူများ၏ ငွေကြေးသုံးစွဲမှုကို တိုးမြှင့်၍ နှေးကွေးနေသည့် နိုင်ငံ့စီးပွားရေး တိုးတက်မှုကို ပိုမိုအားကောင်းလာစေရန်  ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်   ကလေးသူငယ်အရေအတွက် များပြားသည့်  မိသားစုများအတွက် နေအိမ်နှင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို တိုးမြှင့်မည်ဟု ရှန်ဟိုင်းမြို့တော်အစိုးရက ဒီဇင်ဘာလ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အင်အားပြင်းငလျင် Noto ကြောင့် ကမ်းရိုးတန်းမြေ ၅.၅ မီတာ မြင့်တက်လာမှုကို သုတေသီများ တွေ့ရှိ

ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် Ishikawa ခရိုင် Wajima မြို့၏ ကမ်းရိုးတန်းမြေသည် ၅.၅ မီတာ အထိ မြင့်တက်လာမှုအား သုတေသီအဖွဲ့တစ်ဖွဲ့မှ တိုင်းတာတွေ့ရှိခဲ့ပါသည်။

Toyama တက္ကသိုလ်နှင့် တိုကျိုငလျင်သုတေသနဌာနမှ သုတေသီများပါဝင်သည့် အဆိုပါအဖွဲ့သည် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း Noto ကျွန်းဆွယ်၏ မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ နေရာ ၁၀၀ ခန့်တွင် စစ်တမ်းကောက်ယူခဲ့ပါသည်။

Shika မြို့မှ Suzu မြို့အထိ ကီလိုမီတာ ၈၀ ခန့် ရှည်လျားသော ဧရိယာတစ်လျှောက် ကမ်းရိုးတန်းမြေ မြင့်တက်လာခဲ့ကြောင်း သုတေသီများက အတည်ပြု ခဲ့ပါသည်။Wajima မြို့၏ Monzenmachi Yoshiura တွင် ကမ်းရိုးတန်းမြေ ၅.၅ မီတာခန့် မြင့်တက်လာမှု အား တွေ့ရှိခဲ့ရသည်မှာ အစိုးရ၏ ငလျင် သုတေသန ကော်မတီက ဇန်နဝါရီလတွင် အမြင့်ဆုံးအဖြစ် ထုတ်ပြန်ခဲ့သော ၄ မီတာထက် ပိုမိုကျော်လွန်နေ ပါသည်။

Suzu မြို့၏ Nagahashimachi တွင် ၃ မီတာနီးပါး မြင့်တက်လာခဲ့ကြောင်း အတည်ပြုခဲ့သည်။ ကမ်းရိုးတန်း မြေ သိသိသာသာ မြင့်တက်လာရခြင်းမှာ သက်ဝင် လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောတစ်ခုနှင့် နီးကပ်နေခြင်း ကြောင့်နှင့် ကြီးမားသော ပြတ်ရွေ့ကြော ရွေ့လျားမှု များကြောင့် ဖြစ်သည်ဟု Toyama တက္ကသိုလ်၏ တွဲဖက်ပါမောက္ခ Tateishi Ryo က ပြောဆိုခဲ့သည်။

အဆိုပါလေ့လာမှုအရ ကမ်းရိုးတန်းအနီး သက်ဝင် လှုပ်ရှားနေသည့် ရေအောက် ပြတ်ရွေ့ကြောများသည် ကမ်းရိုးတန်းမြေကို သိသိသာသာ မြင့်တက်လာစေနိုင် ကြောင်းကို တွေ့ရှိခဲ့ကြောင်း၊ အချက်အလက်များကို လေ့လာသုံးသပ်ခြင်းသည် အနာဂတ်တွင် ငလျင်များကို ကြိုတင်ခန့်မှန်းနိုင်ရန် အထောက်အကူပြုနိုင်ကြောင်း Mr Tateishi က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား-NHK World

လာမည့် နှစ် ၃၀ အတွင်း AI က လူသားမျိုးနွယ် ၂၀ % ကို အပျောက်ရှင်းလိမ့်မည်ဟုဆို

AI(ဉာဏ်ရည်တု)နှင့်ပတ်သက်၍ ရှေ့ပြေးပုဂ္ဂိုလ် တစ်ဦး လည်းဖြစ် ၊ ၂၀၂၄ ခုနှစ်၊ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရ ပုဂ္ဂိုလ်လည်းဖြစ်သူ ဂျီရော့ဖရေးဟင်တန်က လာမည့် နှစ် ၃၀ အတွင်းတွင် အေအိုင်က လူသားမျိုးနွယ် ၂၀ % ကို မျိုးသုဉ်းသွားစေမည်ဟု ဆိုလိုက်ပါသည်။ ၎င်း၏ ခန့်မှန်းချက်ကို မနှစ်မှစ၍ဟောကိန်းထုတ်ခဲ့ရာ တစ်နှစ် အတွင်းမှာပင် ၎င်း၏ဟောကိန်းက ၁၀ % တက်လာခဲ့ ပါသည်။ 

ဒီဇင်ဘာ ၂၆ ရက်နေ့တွင် BBC Radio 4 နှင့် အင်တာဗျူး တွင်ဟင်တန်က အေအိုင်မျိုးဖြုတ်မှုနှင့် ပတ်သက်၍ ယခုတွင် ၁၀% မဟုတ်ပဲ ၂၀ % သေချာသွားပြီဟု ဆို ပါသည်။ အင်တာဗျူးအစီအစဉ်သို့ တက်ရောက်လာသည့် ကွန်ပြူတာပညာရှင် ယခင် ဂူဂဲလ် နည်းပညာအတိုင်ပင်ခံဆာဂျစ်ဂျာဗစ်ကလည်း ဟင်တန်ပြောကြားချက်များသည် အမှန်တကယ် ဖြစ်လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

AI ၏ ပံ့ပိုးကူညီမှုများကြောင့် ယခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သော ဗြိတိန်-ကနေဒါ သိပ္ပံပညာရှင် ဟင်တန်က အဆင့်မြင့် AI စနစ်များကို ထိန်းချုပ်ရန် စိန်ခေါ်မှုများအား မီးမောင်းထိုးပြခဲ့ပါသည်။ 

AI၏ တိုးတက်မှုသည် မျှော်လင့်ထားသည်ထက် များစွာ လျင်မြန်နေကြောင်း ဟင်တန်က မှတ်ချက်ပြုခဲ့ပြီး ဘေးကင်းစေရန်အတွက် စည်းမျဉ်းများ တောင်းဆိုခဲ့ ပါသည်။ ကော်ပိုရေးရှင်းများအနေဖြင့် အမြတ်အစွန်း များများရရှိရေးကို ဦးမတည်ကြရန်လည်း ပြောဆိုခဲ့သည်။ 

ဟင်တန်က AI စနစ်များသည် နောက်ဆုံးတွင် လူသား တို့၏ ဉာဏ်ရည်ကို ကျော်လွန်သွားပြီး လူသားတို့၏ ထိန်းချုပ်မှုမှ လွတ်မြောက်ကာ လူသားများကို ကပ်ဘေး ဖြစ်စေနိုင်သည်ဟု ယုံကြည်သူဖြစ်ပြီး AI ဘေးကင်းမှု နှင့် ကျင့်ဝတ်ဆိုင်ရာအသုံးပြုမှု သေချာစေရန်အတွက် အရေးပါသောအရင်းအမြစ်များကို အပ်နှံကာ အချိန် မနှောင်းမီ ကြိုတင်လုပ်ဆောင်ရမည့် အစီအမံများ အတွက် အရေးတကြီးလိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

ကိုးကား-Myanmar National Post

ပြည်ပမှရေနံတင်သွင်းမှု ပမာဏကိုလျှော့ချနိုင်ရန် အင်ဒိုနီးရှားက ရေနံတွင်းဟောင်းများကို ပြန်လည်အသုံးပြုရန် စီစဉ်

အင်ဒိုနီးရှားနိုင်ငံသည် ပြည်ပမှရေနံတင်သွင်းမှု ပမာဏကို လျှော့ချနိုင်ရန်နှင့် လောင်စာဈေးနှုန်း အပြောင်းအလဲဖြစ်ပွားခြင်းကို ရှောင်ရှားရန်အတွက် နိုင်ငံအတွင်းရှိ ရေနံတွင်းဟောင်းများကို     ပြန်လည်ပြုပြင်၍ အသုံးပြုရန် စီစဉ်လျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အသုံးမပြုတော့သည့် ရေနံတွင်း ၁၆၉၉၀ တွင်းရှိပြီး ၎င်းတို့အနက် တွင်းပေါင်း ၄၄၉၅ တွင်း၌ ဟိုက်ဒရိုကာဗွန်ထုတ်ယူနိုင်မည့် အလားအလာရှိကြောင်းနှင့်   အခြားတွင်းများကိုလည်း လေ့လာမှုများ လုပ်ဆောင်လျက်ရှိကြောင်း စွမ်းအင်နှင့်သတ္တု အရင်းအမြစ် ဆိုင်ရာဝန်ကြီး ဘာလီလာဟာဒါလီယာက ဒီဇင်ဘာလ ၂၉ ရက်တွင် ပြောသည်။

အစိုးရအနေဖြင့်    နည်းပညာအသစ်အဆန်းများကို အသုံးပြု၍ တွင်းဟောင်းများမှ ရေနံများထုတ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိရာ  အဆိုပါတွင်းဟောင်းများမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၅ သန်းကျော် ထုတ်လုပ်နိုင်သောကြောင့် နိုင်ငံ့ရေနံထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည်   ၁၉၉၇   ခုနှစ်အတွင်း  တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ယခုအခါ နှစ်စဉ် ပြည်ပမှရေနံ တင်သွင်းရေးအတွက် ရူပီယာ ၅၀၀ ထရီလီယံ (ဒေါ်လာ ၃၁ ဒသမ ၃၃ ဘီလီယံ) ခန့်အသုံးပြုရန် လျာထားလျက် ရှိသည်။  

ရုရှားနိုင်ငံမှ ရောင်းချလျက်ရှိသော ဓာတ်ငွေ့ မရတော့ မည်ကို EU နိုင်ငံများ စိုးရိမ်နေ

ယူကရိန်းနိုင်ငံကိုဖြတ်ကျော်ကာ ရုရှားနိုင်ငံမှ ဓာတ်ငွေ့ အား ပိုက်လိုင်းများနှင့် ဥရောပနိုင်ငံများဆီသို့ ရောင်းချ နေသော ဖြတ်သန်းသွားလာရေး သဘောတူညီချက် သည် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သဖြင့် ရုရှားသဘာဝဓာတ်ငွေ့ ဆက်လက်စီးဆင်းမှု သေချာစေရန် ဥရောပအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ နိုင်ငံများသည် အဖြေများကို ရှာဖွေနေကြကြောင်း Bloomberg သတင်းဌာနကဖော်ပြထားသည်။ 

ရုရှားအစိုးရနှင့်မဖြေရှင်းနိုင်သေးသော တင်းမာမှုများ နှင့် အငြင်းပွားမှုများကြောင့် ယူကရိန်းအစိုးရက သဘောတူညီချက်ကို သက်တမ်းတိုးရန် ငြင်းဆို ထားသည်။ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ သြစတြီးယား နှင့် အီတလီတို့သည် ၎င်းတို့၏ ဓာတ်ငွေ့ရရှိရေးအတွက် အစားထိုးနည်းဗျူဟာများကို ရှာဖွေနေကြသည်။ 

ထည့်သွင်းစဉ်းစားထားသော ရွေးချယ်စရာများထဲတွင် ယူကရိန်းနှင့် ရုရှားတို့အကြား အစိုးရချင်း သဘော တူညီချက်အား သက်တမ်းတိုးရန်လိုအပ်မှုအား ကျော်လွှား နိုင်သည့် ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် တစ်ခုဖြစ်ပါသည်။ ယင်းတွင် ယူကရိန်း၏ ကန့်ကွက်မှု များရှိနေသော်လည်း ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နှင့် တိုက်ရိုက်စာချုပ်ချုပ်ရန် စလိုဗက်ကီးယားနှင့် အခြားဗဟိုဥရောပနိုင်ငံများက ပါဝင်ဆွေးနွေးလျက် ရှိပါသည်။

ဆလိုဗက်ကီးယားနိုင်ငံပိုင် ဓာတ်ငွေ့ကုမ္ပဏီ AS (SPP) သည် အဇာဘိုင်ဂျန်နိုင်ငံပိုင် ရေနံကုမ္ပဏီ SOCAR နှင့် လည်းဆွေးနွေးနေသည်။ အဇာဘိုင်ဂျန်သည် ဓာတ်ငွေ့ တင်ပို့မှုတွင် ရုရှားဓာတ်ငွေ့အပေါ် မှီခိုမှုလျှော့ချရန်ဒီဇိုင်းထုတ်ထားသည့် Southern Gas Corridor မှတစ်ဆင့် အီးယူနိုင်ငံအများအပြားသို့ တင်ပို့နိုင်ရေးကို လိုလားလျက်ရှိသည်။ 

ဟန်ဂေရီ၀န်ကြီးချုပ် ဗစ်တာအိုဘန်က ရုရှား ဓာတ်ငွေ့ ရောင်းချမှု တည်နေရာကို ရုရှားနှင့်ယူကရိန်းကြား နယ်စပ်သို့ ပြောင်းရွှေ့ရန်အဆိုပြုထားပါသည်။ ဟန်ဂေရီ၊စလိုဗက်ကီးယား၊ တူရကီနှင့် အဇာဘိုင်ဂျန် တို့ပါဝင်သော အဆိုပြုချက်အမျိုးမျိုးကို ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် သီတင်းပတ် တွင် ပြောကြားခဲ့သည်။ သို့သော် Gazprom ၏ နှစ်ရှည် စာချုပ်များကြောင့် ထိုကဲ့သို့သော အစီအစဉ်များကို ပြဋ္ဌာန်းရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ယူကရိန်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးခြင်းကြောင့် အခြားနည်းလမ်းများဖြင့် ဓာတ်ငွေ့တင်ပို့ရပါကလည်း ဈေးတက်မည်မဟုတ်ကြောင်း နှင့် အီးယူနိုင်ငံများသို့ ဓာတ်ငွေ့ပေးပို့ရန်အတွက် အမြဲ အသင့်ရှိနေကြောင်း  ပူတင်က ပြောကြားခဲ့ကြောင်း သိရှိ ရသည်။

ကိုးကား - RT

တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံအကြား ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အသစ်တစ်ခုကို စတင် တည်ဆောက်နေ

ရုရှားနိုင်ငံသည် ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ် နိုင်ငံသို့ ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အသစ်တစ်ခုကို စတင်တည်ဆောက်နေပြီ ဖြစ်ပြီး နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ(၄၅)ဘီလီယံထိ ပေးပို့ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး အဲလက်ဇန်းဒါးနိုဗက်က ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗမီတာ (၃၅) ဘီလီယံ ရရှိလိမ့်မည်ဖြစ်ပြီး ကျန်ရှိနေသည့် သဘာဝဓာတ်ငွေ့များကို ကာဇက်စတန်နိုင်ငံက ရရှိ မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား နှစ်နိုင်ငံစွမ်းအင်ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးမှုများအတွင်း စီမံကိန်း၏ မဟာဗျူဟာ မြောက်အရေးပါမှုကို အဲလက်ဇန်းဒါးနိုဗက်က ရှင်းလင်း ပြောကြားခဲ့သည်။

သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအဖြစ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအသစ်၏ အခြေခံအဆောက်အအုံ တစ်စိတ်တစ်ပိုင်းကို လက်ခံမည့် ကာဇက်စတန် နိုင်ငံ သည် နှစ်စဉ်သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၀) ဘီလီယံ ရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါစီမံကိန်းတွင် ကာဇက်စတန်နိုင်ငံ၏ စိတ်ဝင်စား မှုများကို ကာဇက်စတန်စွမ်းအင်ဝန်ကြီး Almasadam Satkaliyev က အတည်ပြုခဲ့ပြီး နိုင်ငံ၏စွမ်းအင် ထောက်ပံ့မှုအတွက် အကျိုးအမြတ်များကို အလေးပေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။ 

တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ရုရှားအပေါ် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်တိုက် တိုးလာလျက်ရှိကြောင်း သိရသည်။

ကိုးကား-NP News

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး ကျည်ဆန်ရထား၏ ရှေ့ပြေးပုံစံရထားတစ်စင်းကို တရုတ်ထုတ်ဖော်ပြသ

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး ကျည်ဆန်ရထား၏ရှေ့ပြေးပုံစံရထားတစ်စင်းကို ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ CR450 မြန်နှုန်းမြင့်ကျည်ဆန်ရထားအား မြို့တော်ပေကျင်းတွင် ပြသခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြသစဉ် အဆိုပါမြန်နှုန်းမြင့်ရထားသည် တစ်နာရီလျှင် ၄၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ခဲ့ကြောင်း နိုင်ငံပိုင်တရုတ်မီးရထား ကုမ္ပဏီကထုတ်ပြန်သည်။

အဆိုပါ ကျည်ဆန်ရထားအား မောင်းနှင်စမ်းသပ်စဉ် တစ်နာရီလျှင် ၄၅၀ ကီလိုမီတာအမြန်နှုန်းဖြင့် မောင်းနှင်ခဲ့ကြောင်း သိရသည်။

တရုတ်အင်ဂျင်နီယာများသည် အဆိုပါကျည်ဆန်ရထား၏ စွမ်းဆောင်ရည်ကို အကဲဖြတ်လျက်ရှိပြီး    ယခုထုတ်ဖော်ပြသခဲ့သည့်     ကျည်ဆန်ရထားအား နိုင်ငံအတွင်းရှိ မီးရထားကွန်ရက်များတွင် ပြေးဆွဲနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံသည် CR450 မြန်နှုန်းမြင့် ကျည်ဆန်ရထားအား ထုတ်ဖော်ပြသခြင်းအားဖြင့် ရထားနည်းပညာတွင် ဆက်လက် ဦးဆောင်ထားနိုင်ပြီး နိုင်ငံ့သယ်ယူပို့ဆောင်ရေး စနစ်အတွက်လည်း မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လေကြောင်းဆိုင်ရာ ဖြစ်ရပ် (၃) ခုဖြစ်ပေါ်ခဲ့

တောင်ကိုးရီးယားတွင် Boeing 737-800 ပျက်ကျ၊ ကနဦးသတင်းများအရ ၁၇၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

PAL လေကြောင်းလိုင်းမှ ပြေးဆွဲနေသည့် Air Canada လေယာဉ်တစ်စင်းသည် Landing Gear ပျက်စီးမှုကြောင့်ကနေဒါနိုင်ငံ၊ Halifax လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့အရေးပေါ်ဆင်းသက်ခဲ့မှုကြောင့် လေယာဉ်အစိတ်အပိုင်း အချို့ မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

KLM လေကြောင်းလိုင်း၏ အော်စလိုလေဆိပ်မှ အမ်စတာဒမ်သို့ ပြေးဆွဲနေသည့် Boeing 737-800 လေယာဉ်သည် ပျံတက်ပြီး မကြာမီ ဟိုက်ဒရောလစ် ချို့ယွင်းမှုကြောင့်လမ်းကြောင်းပြောင်းခဲ့ရပြီး လေယာဉ်သည် အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်သော်လည်းပျံသန်းချိန်အတွင်း ထိန်းချုပ်မှုပျက်သွားခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

ကိုးကား - RT

Photo- Newsweek

ဆူဇူကီး မော်တော်ကားကော်ပိုရေးရှင်း ပိုင်ရှင် သူဌေးကြီး Osamu Suzuki ကွယ်လွန်

ဂျပန်မော်တော်ကား ဆူဇူကီး Suzuki ကော်ပိုရေးရှင်း အကြီးအကဲ Osamu Suzuki သည် ဒီဇင်ဘာ ၂၇ ရက်နေ့က အသက် ၉၄ အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားလိုက် ပါသည်။

ဂျပန်ပြည်တွင်းကားထုတ်လုပ်မှုဈေးကွက်မှ ကမ္ဘာလုံး ဆိုင်ရာဈေးကွက်အထိ အပြိုင်အဆိုင်ထိုးဖောက်နိုင်ရေး ပြောင်းလဲနိုင်သူ Osamu Suzuki ကို ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် မွေးဖွားခဲ့သည်။ သူသည် တိုကျိုရှိ Chuo University မှ ဥပဒေဖြင့် ဘွဲ့ရပြီးနောက် ဘဏ်လုပ်ငန်းလုပ်ကိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဂျပန် နိုင်ငံအလယ်ပိုင်း Hamamatsu မြို့တွင် အခြေစိုက် သည့် Suzuki Motor တည်ထောင်သူ မိသားစုမှ Shunzo Suzuki ဥက္ကဋ္ဌ၏သမီးနှင့် လက်ထပ်ခဲ့ကာ Suzuki Motor ကားထုတ်လုပ်မှုလောကသို့ စတင် ဝင်ရောက် ခဲ့သည်။

ပြတ်သားသောအပြောအဆိုနှင့် ဖော်ရွေပျူငှာသော အမူအရာကြောင့် လူသိများလှသည်။ ၁၉၇၈ ခုနှစ်တွင် Suzuki ၏ CEO ဖြစ်လာခဲ့ပြီး၊ ၎င်း၏ကားများဖြင့် အိန္ဒိယနိုင်ငံအတွင်း ဂျပန်ကားထုတ်လုပ်မှုလုပ်ငန်းကို ပထမဆုံး စတင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။

ကိုးကား- တိုကျို၊ AP