သတင်းများ

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ လူသတ်လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

21 July 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ လူသတ်လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁)မီးသတ်စခန်းအနောက်ဘက်တောအတွင်း မီးသွေးဖိုအနီး၌ ကိုးရွာသပြေကုန်းကျေးရွာ၊ လေးကျွန်းမဏ္ဍိုင်ဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးလှဝင်း(၇၄)နှစ်အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ တရားခံများ စိစစ်ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဘုရားကုန်းမြို့မရဲစခန်း(ပ)၃၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။

 အမှုမှ တရားခံများ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းမဖြစ်မီရက်များက အဆိုပါဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ကိုးရွာသပြေကုန်းကျေးရွာနေ နိုင်မင်းထွန်း(ခ)ဘိုဘို(၁၈)နှစ်၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်(၁၇)နှစ်နှင့် ရေတာရှည်မြို့နယ်၊ သရက်တောကျေးရွာနေ ဆန်းမင်းငြိမ်း(ခ)ပေါက်တူး(၂၇)နှစ်တို့ သုံးဦးအား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ လူသတ်လုယက်မှုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည် နှစ်ပေခန့်ရှိ ထင်းချောင်း နှစ်ချောင်း၊ VIVO အမျိုးအစား သက်သေခံဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သုံးဦးသည် ငွေကြေးလိုအပ်ချက်ကြောင့် ကပ္ပိယဖြစ်သူ ဦးလှဝင်းထံမှ ပိုက်ဆံများလုရန်တိုင်ပင်ပြီး ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီတွင် ဦးလှဝင်း၏ မီးသွေးဖိုအနီး ဝါးရုံပင်အောက်၌ အရက်သေစာသောက်စားကာ စောင့်ဆိုင်း၍ ဦးလှဝင်းအား နိုင်မင်းထွန်း(ခ)ဘိုဘိုမှ အသင့်ယူလာသော ထင်းချောင်းဖြင့် ရိုက်နှက်ခဲ့ပြီး မှောက်လျက်လဲကျသွားသော ဦးလှဝင်းအား ဆန်းမင်းငြိမ်း(ခ)ပေါက်တူးမှ ဆွဲလှန်ပေးကာ နိုင်မင်းထွန်း(ခ)ဘိုဘိုနှင့် ဇွဲခန့်နိုင်(ခ)ဇွဲခန့်တို့မှ ထင်းချောင်းများဖြင့် ဝိုင်းဝန်းရိုက်နှက်၍ ဦးလှဝင်း ကိုင်ဆောင်သော VIVO အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းနှင့် လွယ်အိတ်အတွင်းမှ ငွေကျပ် ၇၂,၀၀၀ အား လုယက်ယူဆောင်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 အထက်ပါဖြစ်စဉ်မှ လူသတ်လုယက်မှုကျူးလွန်သူ နိုင်မင်းထွန်း(ခ)ဘိုဘို၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်နှင့် ဆန်းမင်းငြိမ်း(ခ)ပေါက်တူးတို့ သုံးဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

21 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၉ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာနေ ဦးဇော်မျိုးလွင်(၄၅)နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနောက်ဘက် တောင်ယာခင်းသို့ သွားရောက်စဉ် တောင်ယာခင်းအနီးအရောက်၌ TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစ္စရေးနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ပြန်လည်ထူထောင်ပြီးဖြစ်သည်ဟု အီရန်ကြေညာ

အီရန်စစ်တပ်သည် လွန်ခဲ့သောလက အစ္စရေးနှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခ တွင် ပျက်စီးခဲ့သည့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အစားထိုး နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းရည်များ ပြန်လည်ရရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မာမုဒ် မိုဆာဗီက ဇူလိုင် ၂၀ တွင် ပြောကြားခဲ့သည်။

"အစ္စရေးဘက်က အီရန်၏ ကာကွယ်ရေးစွမ်းရည်များကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့ကာ ပဋိပက္ခအတွင်း လေကြောင်းရန်ကာကွယ်ရေးစနစ်အချို့ ပျက်စီးခဲ့ပြီး ယခုအခါ ထိုစနစ်များကို အစားထိုးနိုင်ခဲ့ပြီ" ဟု အီရန် စစ်တပ်၏ ညွှန်ကြားရေးအရာရှိချုပ် (စစ်ဆင်ရေး) ဒုတိယဗိုလ်ချုပ်ကြီး မာမုဒ် မိုဆာဗီက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး မိုဆာဗီ၏ ပြောကြားချက်အရ ဇွန်လအလယ်က ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က အစ္စရေးက ဦးစားပေးပစ်မှတ်များအဖြစ် အီရန်၏ ရေဒါစခန်းများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တိုက်ခိုက် ခဲ့သည်။

"၎င်းတို့၏ရည်ရွယ်ချက်သည် အီရန်၏ လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်ကို ချိုးနှိမ်ရန်ဖြစ်သည်၊ သို့သော် နိုင်ငံ၏လေကြောင်း နယ်နိမိတ် ကို ကာကွယ်နိုင်ခဲ့ပြီး ရန်သူဘက်က ကြိုးစားခဲ့သော်လည်း ၎င်းတို့၏ ရည်မှန်းချက်အောင်မြင်မှု မရရှိခဲ့ပါ" ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

အီရန်နိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အမျိုးမျိုးကို ပိုင်ဆိုင် ထားပြီး အဓိကအားဖြင့် Bavar-373 နှင့် Khordad-15 ကဲ့သို့သော ပြည်တွင်းထုတ်စနစ်များ ပါဝင်သည်။ ထို့အပြင် တီဟီရန်သည် ၂၀၁၆ ခုနှစ်က ရုရှားမှဝယ်ယူခဲ့သော S-300 လေကြောင်းရန်ကာကွယ်ရေးစနစ် (၄) စုံကိုလည်း ပိုင်ဆိုင်ထားသည်။ အီရန်၏လေကြောင်းရန် ကာကွယ်ရေး စနစ်များ အစ္စရေးနှင့်ပဋိပက္ခတွင် မည်မျှပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တီဟီရန်နှင့် တယ်လ်အဗစ်တို့အကြား ပဋိပက္ခမှာ ဇွန်လ ၁၃ ရက် နံနက်ပိုင်းက စတင်ခဲ့ပြီး အစ္စရေးစစ်တပ်က နျူကလီးယား လက်နက် တည်ဆောက်မှုကို တားဆီးရန်အကြောင်းပြချက်ဖြင့် အီရန်ရှိ စစ်ရေး ပစ်မှတ်များနှင့် နျူကလီးယားစက်ရုံများကို ကြိုတင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီးနောက် အမေရိကန်၏ဖျန်ဖြေရေးကြိုးပမ်းမှုဖြင့် စစ်ပြေငြိမ်းရေး သဘောတူညီချက် ရရှိခဲ့သည်။

ယင်းပဋိပက္ခအတွင်း အီရန်တွင် လူပေါင်း ၁,၀၀၀ ကျော်၊ အစ္စရေးဘက် တွင် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပြီး တီဟီရန်၏ နျူကလီးယား အစီအစဉ် အား မည်မျှထိခိုက်ပျက်စီးမှုရှိခဲ့သည် ကိုလည်း မရှင်းလင်းသေးပေ။ NBC ၏ ဇူလိုင် ၁၈ ရက်သတင်းအရ အစ္စရေးနှင့် အမေရိကန်တို့၏ လေကြောင်း တိုက်ခိုက်မှုများအပြီး အီရန်၏နျူကလီးယားစက်ရုံ ၃ ခုအနက် ၁ ခုသာ ပျက်စီးခဲ့သည်ဟု သိရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရေဒါကို ရှောင်ကွင်းနိုင်စွမ်းရှိပြီး စစ်ကစားနိုင်သည့် ဒုံးကျည်အသစ်များ ရုရှားအသုံးပြုလာ

ရုရှားနိုင်ငံသည် ရေဒါရှောင်ကွင်းနိုင်စွမ်းရှိပြီး စစ်ကစားနိုင်သည့် ဒုံးကျည်အသစ်များကို အသုံးပြုလာခြင်းကြောင့် ယူကရိန်းနိုင်ငံရှိ အမေရိကန်လုပ် Patriot အမျိုးအစား ဒုံးကျည်ကာကွယ်ရေးစနစ်များမှာ ရုရှားဒုံးကျည်များကို ကြားဖြတ်ဟန့်တားရာ၌ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း Wall Street Journal က ဖော်ပြသည်။

စစ်ရေးအကူအညီအဖြစ် အမေရိကန်က  ယူကရိန်းနိုင်ငံသို့ ပေးအပ်ထားသည့် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်များသည် ဒုံးကျည်များအား ကြားဖြတ်တားဆီးခြင်းနှင့် ဟန့်တားခြင်းတို့တွင် အစွမ်းထက်သည့် ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုအဖြစ် ကာလရှည်ကြာရပ်တည်နိုင်ခဲ့သော်လည်း   ယခုအခါပိုမို အစွမ်းထက်သည့် ရုရှားပဲ့ထိန်းဒုံးကျည်များအား ကြားဖြတ်ဟန့်တားရာတွင် ရုန်းကန်နေရသည့် အခြေအနေတွင် ရှိနေကြောင်း ပြီးခဲ့သည့် Wall Street Journal ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရုရှားနိုင်ငံက လက်ရှိအသုံးပြုလာသည့် ပဲ့ထိန်းဒုံးကျည်များသည်  ရေဒါစနစ်ကို  ရှောင်ကွင်းနိုင်ခြင်းကြောင့်   ပိုမိုစစ်ကစားနိုင်စွမ်းရှိကြောင်း အမည်မဖော်လိုသူ ယူကရိန်းအရာရှိတစ်ဦးက မီဒီယာတစ်ခုသို့ ပြောကြားသည်။ သို့သော် ရုရှားနိုင်ငံ၏ မည်သည့်ဒုံးကျည်အမျိုးအစားကို ရည်ညွှန်းကြောင်းကိုမူ ရှင်းလင်းစွာ ပြောကြားခြင်းမရှိပေ။

ထို့ကြောင့် လက်ရှိတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ယူကရိန်းတွင် အသုံးပြုနေသည့် အမေရိကန်လုပ် Patriot ဒုံးကျည်ကာကွယ်ရေး စနစ်များ၏နေရာတွင် အစားထိုးအသုံးပြုနိုင်မည့် အဆင့်မြှင့်တင်ထားသော Samp/T ဒုံးကျည်ကာကွယ်ရေး စနစ်သစ်တစ်ခုကို ဖြန့်ကြက်နိုင်ရန် စီစဉ်လျက်ရှိသည်။     

MWD Web Portal

မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် UAV စေလွှတ်ခဲ့မှုနှင့်ပတ်သက်၍ တောင်ကိုရီးယား ဒရုန်းတပ်ဖွဲ့မှူးတစ်ဦးကို ဖမ်းဆီး

၂၀၂၄ ခုနှစ် အောက်တိုဘာလက ပြုံယမ်း၏ လေကြောင်း နယ်နိမိတ် အတွင်း တောင်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ဒရုန်းများ ပျံသန်းစေခဲ့သည့် ဖြစ်စဉ်နှင့် သက်ဆိုင်သည့် တောင်ကိုရီးယား ဒရုန်းတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး Kim Yong-dae အား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

အစိုးရရှေ့နေ Cho Eun-seok ဦးဆောင်သော သမ္မတဟောင်း Yoon Suk-yeol ကို စုံစမ်းစစ်ဆေးနေသည့် အထူးရှေ့နေအဖွဲ့သည် ဇူလိုင် ၂၀ ရက်တွင် တောင်ကိုရီးယားစစ်တပ်၏ ဒရုန်းစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်ချုပ်ကြီး Kim Yong-dae အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့သည်။ 

တင်းမာမှုများဖန်တီးရန် မြောက်ကိုရီးယား လေပိုင်နက်အတွင်းသို့ မောင်းသူမဲ့လေယာဉ်များ (UAV) များ စေလွှတ်ရန် သမ္မတဟောင်း ယွန်း က လျှို့ဝှက်လုပ်ဆောင်ခဲ့သည်ဟူသောစွပ်စွဲချက်များနှင့် စပ်လျဉ်း၍ Kim Yong-dae အား အစိုးရရှေ့နေများက ဇူလိုင် ၁၇ ရက်တွင် ဆင့်ခေါ် ခဲ့သည်။ သမ္မတဟောင်း ယွန်းက အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ 

အထူးစုံစမ်းရေးအဖွဲ့သည် ဗိုလ်ချုပ်ကြီး Kim Yong-dae အား နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု နှင့် အာဏာအလွဲ သုံးစားမှု စွပ်စွဲချက်များဖြင့် စစ်ဆေးနေပါသည်။ ၎င်းတို့သည် ကင်အား ဖမ်းဝရမ်းထုတ်နိုင်ရန်အတွက် စာရွက်စာတမ်းအတုပြုလုပ်မှု စွပ်စွဲချက် ကို အဓိကအသုံးပြုခဲ့သည်။

တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ မှ အမတ် Boo Seung-chan ၏ ယခင်က ထုတ်ပြန်ခဲ့သည့် စာရွက်စာတမ်းများအရ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တပ်ဖွဲ့တစ်ခုအား UAV (ဒရုန်း) နှစ်စီး စေလွှတ်ရန် အမိန့် ပေးခဲ့သော်လည်း တစ်စီးသာ အမှန်တကယ်စေလွှတ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။ ထို့အပြင် တပ်ဖွဲ့အတွင်းမှ ထွက်ဆိုချက်များအရ "ပုံမှန် ပျံသန်းစဉ် အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားသည်ဟု အစီရင်ခံစေခဲ့သည်" ဟု ဆိုသည်။

ထိုစဉ်က ပြုံယမ်းအစိုးရက တောင်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ဒရုန်း သည် "နိုင်ငံရေးရည်ရွယ်ချက်ဖြင့်" ၎င်းတို့၏ လေကြောင်း နယ်နိမိတ် အတွင်း ဝင်ရောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုကာ နောက်ထပ်အလားတူ ဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်ပါက ပြင်းထန်စွာတုံ့ပြန်မည်ဟု သတိပေးခဲ့သည်။ သို့သော် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က မြောက်ကိုရီးယား၏ပြောဆိုချက်များသည် "အတည်ပြုရန် သို့မဟုတ် တုံ့ပြန်ရန် မလိုအပ်" ဟု ပယ်ချခဲ့သည်။

အထူးစုံစမ်းရေးအဖွဲ့က ယခင်သမ္မတ ယွန်းဆက်ယိုး သည် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) ကို ကျော်ဖြတ်ကာ Kim Yong-dae ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့အား ပြုံယမ်းသို့ UAV များ ပျံသန်းစေရန် တိုက်ရိုက်အမိန့်ပေးခဲ့သည်ဟု သံသယရှိနေသည်။

သို့သော် ဗိုလ်ချုပ်ကြီး Kim Yong-dae က အဆိုပါစစ်ဆင်ရေးသည် မြောက် ကိုရီးယား၏ အမှိုက်ပူဖောင်းများ တောင်ကိုရီးယားသို့ စေလွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် JCS ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒရုန်းစစ်ဆင်ရေးနှင့် စစ်အုပ်ချုပ်ရေးအမိန့်အကြား ဆက်နွှယ်မှုမရှိကြောင်း၊ ၎င်းအနေဖြင့် သမ္မတရုံး သို့မဟုတ် ယွန်းဆက်ယိုးထံမှ သီးသန့်ညွှန်ကြားချက် မရရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

20 July 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက်တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “yaminLove” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ယမင်း(ခ)လင်းလင်းအား မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ရေးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှုမှတ်တမ်းဓာတ်ပုံ။

20 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ယက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုး သား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးဘိုကေကျော်(ခ)သန်းစိန်(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ခြောက်ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဘိုကေကျော်(ခ)သန်းစိန်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ဆယ်အိမ်မှူး တစ်ဦး သေဆုံး

20 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ဖောင်းကတောကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုး သား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဆယ်အိမ်မှူး ဦးအေးမင်း(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာကာ “ဒလန်” ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဖောင်းကတောကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာ ကျေးရွာသုသာန်သို့အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအေးမင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသည့် မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

20 July 2025

 အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။ 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သီပေါမြို့နယ်၊ နောင်ကော်ကြီးကျေးရွာနေ မယုဇနထွန်း(၁၂)နှစ်သည် ညနေ ၄ နာရီတွင် ကျေးရွာ၏ အနောက်ဘက်ရှိ တောတွင်းမှ ထင်းခုတ်ပြီး ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ကျေးရွာအနီး တောလမ်းအရောက် လမ်းဘေးမှ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသည့် မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဗြိတိန် သူလျှို ၁၀၀ ကျော်နှင့် ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ၏ အချက်အလက်များ ပေါက်ကြား

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်ပေါက်ကြားမှုကြောင့် MI6 သူလျှိုများ၊ အထူးတပ်ဖွဲ့ဝင်များနှင့် အခြားစစ်ဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထိခိုက်ခဲ့ကြောင်း မီဒီယာများစွာက ကြာသပတေးနေ့ (ဇူလိုင် ၁၇) တွင် ဖော်ပြခဲ့ကြသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါအချက်အလက် ပေါက်ကြားမှု နှင့်ပတ်သက်သည့် အကျိုးဆက်များကို ယခင်က ချမှတ်ထားခဲ့သော ဥပဒေတားမြစ်ချက်များအရ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ ထိုတားမြစ်ချက်ကို အထက်တရားရုံးမှ ရုတ်သိမ်းခဲ့ပြီးနောက် မီဒီယာများက အဆိုပါ ဖြစ်ရပ် ကို သတင်းဖော်ပြခွင့်ရခဲ့သည်။ သတင်းဌာနအချို့က ဗြိတိန်စစ်တပ်နှင့် ထောက်လှမ်းရေးဝန်ထမ်းများ၏ အမည်စာရင်းများလည်း ထိုအချက် အလက်ပေါက်ကြားမှုတွင် ပါဝင်နေကြောင်း ဖော်ထုတ်ခဲ့သည်။

BBC ၏ထုတ်ပြန်မှုတွင် ပေါက်ကြားမှုဖြစ်ပွားခဲ့သည့် အချက်အလက် များတွင် MI6 နှင့် အထူးတပ်ဖွဲ့ဝင်များအပါအဝင် ဗြိတိန်ဝန်ထမ်း ၁၀၀ ကျော်၏ အမည်စာရင်းများ ပါဝင်နေသည်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အီးမေးလ်တစ်စောင်ကို မှားယွင်းပေးပို့မိရာမှ အချက်အလက် စာရင်း ဇယားတစ်ခု ပေါက်ကြားခဲ့ပြီး ယင်းတွင် အမေရိကန်ဦးဆောင်သည့် အာဖဂန်စစ်ပွဲအတွင်း ဗြိတိန်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည့်အတွက် တာလီဘန်တို့၏ ခြိမ်းခြောက်ခံရမှုကြောင့် ဗြိတိန်သို့ ပြောင်းရွှေ့နေထိုင်ရန် လျှောက်ထားခဲ့သူ အာဖဂန်နိုင်ငံသား ၁၉၀၀၀ နီးပါး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါဝင်ခဲ့သည်။

ကိုးကား- RT

Photo: Los Angeles Times