ယူကရိန်း သမ္မတ ဇီလန်စကီးသည် ဇူလိုင် ၁၅ ရက်တွင် ယူကရိန်း အမြင့်ဆုံးလွှတ်တော်က ထိုနေ့၌ အတည်ပြုခဲ့သည့် တရားဥပဒေ စာရွက်စာတမ်းအား လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းက “အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေးသဘောတူညီချက်” မှ ယာယီနုတ်ထွက်မှုကို တရားဝင်ခွင့်ပြုခဲ့ သည်။ အဆိုပါလုပ်ရပ်သည် ရုရှား၏ စစ်ရေးဖိအားများ ရင်ဆိုင်ရန်အတွက် ယူကရိန်းဘက်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သဘောတူညီချက်မှ နုတ်ထွက်ခြင်းသည် ကာကွယ်ရေးအင်အား၏ တန်းတူညီမျှမှုအား ပြန်လည် ဖော်ဆောင်ရန်ဖြစ်ကြောင်း ဇီလန်စကီးက ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ပြောကြားခဲ့ သည်။ သေကြေဒဏ်ရာရစေနိုင်သော မြေမြှုပ်မိုင်းအပါအဝင် အချို့သောလက်နက်များ အသုံးပြုခြင်း သည် ယူကရိန်းက ရုရှားဘက်အား ရင်ဆိုင်ရာတွင် “စစ်ရေးအင်အားနှင့် စွမ်းအား၏ ဟန်ချက်ညီမှုကို အနည်းဆုံးဖော်ဆောင်နိုင်ရေး” အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။
ယူကရိန်းက အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ယူကရိန်း -ရုရှား နှစ်ဖက်က မြေမြှုပ်မိုင်း တားမြစ်ရေးအပိုင်းတွင် “ညီမျှမှုမရှိ”သည့် အနေအထားကြောင့် ဖြစ်ကြောင်း၊ ယူကရိန်း-ရုရှား စစ်ပွဲအပြည့်အဝမရပ်တန့်မီ ယူကရိန်းအနေဖြင့် အဆိုပါ သဘော တူညီချက်မှ ယာယီနုတ်ထွက်ထားမည်ဖြစ်ကြောင်း ယူကရိန်း အမြင့်ဆုံးလွှတ်တော်၏ သက်ဆိုင်ရာ ရှင်းလင်းချက် စာရွက်စာတမ်းအား ကိုးကား၍ ယူကရိန်းနိုင်ငံပိုင် သတင်းဌာနက ဇူလိုင် ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
“အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်” သည် ၁၉၉၉ ခုနှစ်တွင် တရားဝင် အသက်ဝင်ခဲ့ပြီး လူသေကြေဒဏ်ရာရမှုဖြစ်စေနိုင်သည့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် လွှဲပြောင်းပေးခြင်းအား တားမြစ်ထားသည်။ ၂၀၀၅ ခုနှစ် မေလ တွင် ယူကရိန်း အမြင့်ဆုံးလွှတ်တော်က အဆိုပါသဘောတူညီချက်တွင် ယူကရိန်းပါဝင်ရန် ခွင့်ပြု ခဲ့သည်။ ဇီလန်စကီးက ယခုနှစ် ဇွန်လ ၂၉ ရက်တွင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုး၍ ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ “အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်” မှ နုတ်ထွက်ခြင်း ဆုံးဖြတ်ချက်ကို ခွင့်ပြုခဲ့သည်။ ထို့နောက် ယူကရိန်း အစိုးရအဖွဲ့က သဘောတူညီချက်မှ နုတ်ထွက်ခြင်း အစီအစဉ်ကို စတင်ခဲ့သည်။
ကိုးကား- ဆင်ဟွာ

ယီမင်ရှိ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည့် လက်နက်ကိုင် အမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (NRF)က ဇူလိုင် ၁၆ ရက်တွင် အီရန်က ၎င်း၏မဟာမိတ် ယီမင်ရှိ ဟူသီလက်နက်ကိုင် အဖွဲ့ ထံသို့ ပို့ဆောင်စဉ် ဒုံးကျည်မျိုးစုံအပါအဝင် လက်နက်မျိုးစုံ တန်ချိန် ၇၅၀ ခန့်ကို သိမ်းဆည်းလိုက်ကြောင်း ကြေညာခဲ့သည်။

NRF က တန်ချိန် ၇၅၀ ရှိသည့် ထိုလက်နက်များကို ဇွန်လကုန်ပိုင်းတွင် သိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆိုပါအဖွဲ့၏ ဗီဒီယိုတွင် သင်္ဘော ဖျက်ဒုံးကျည်များစွာအပြင် အီရန်က အဆင့်မြှင်တင်ထားခဲ့သည့် 358 (သို့) Saqr-1 လေယာဉ်ပစ်ဒုံးကျည်များကို တွေ့ရှိရသည်။ ထိုလက်နက် ကို ခရူးဇ်ဒုံးကျည်အဖြစ် ဖော်ပြထားပြီး သတ်မှတ်ဧရိယာတစ်ခုအတွင်း ပစ်မှတ်များကို ရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိသည်။
ဟူသီတပ်ဖွဲ့များက လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အမေရိကန်၏ MQ-9 လူမဲ့ယာဉ် ၂၆ စီးကို 358 ဒုံးကျည်များဖြင့် ပစ်ချခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပါဆုံးရှုံးမှုအများစုကို အမေရိကန်စစ်တပ်က အတည်ပြုခဲ့သည်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က သိမ်းဆည်းရမိသည့် လက်နက်များတွင် ခရူးဇ်ဒုံးကျည်များ၊ သင်္ဘောဖျက်ဒုံးကျည်များ၊လေယာဉ်ပစ်ဒုံးကျည်များ၊ ထိပ်ဖူးများ၊ ပစ်မှတ်ရှာဖွေရေးစနစ်များ၊ အခြား အစိတ်အပိုင်းများအပြင် ဒရုန်းအင်ဂျင်ရာပေါင်းများစွာ၊ လေကြောင်းရန် ကာကွယ်ရေးပစ္စည်းများ၊ ရေဒါစနစ်များနှင့် ဆက်သွယ်ရေးပစ္စည်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

17 July 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင် အယူအဆမတူသူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီတွင် ရေးမြို့နယ်၊ လေးအိမ်စုကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးကျော်ထူး(၆၂)နှစ်သည် ရေးမြို့မှ လေးအိမ်စုကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် သင်္ဃန်းကျွန်းကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက် နံနက် ၄ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာရပ်ကွက်အတွင်းသို့ KIA လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၏ မျက်နှာကြက်/အမိုး/မြင်းမိုရ်ပိတ်/ပြတင်းပေါက်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ပျက်စီးခဲ့ပြီး ရပ်ကွက်နေသူများဖြစ်ကြသည့် မကြယ်စင်လင်းလဲ့(၁၆)နှစ်နှင့် မောင်စိုးမိုးထက်(၁၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မြစ်ကြီးနားခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ရုံးအဆောက်အအုံနှင့် အပြစ်မဲ့ ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာသူ ၃၈ ဦးကို ထိုင်းနိုင်ငံ အရှေ့ပိုင်းခရိုင်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ အများစုမှာ ၎င်းတို့နိုင်ငံတွင် အလုပ်မရှိသောကြောင့် ထိုင်း နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားများဖြစ်သည်။

ထိုင်းစစ်တပ်သည် ဇူလိုင် ၁၆ ရက်နေ့ ညပိုင်းတွင် Aranyaprathet ခရိုင် ၊ Ban Kud Hin ကျေးရွာရှိ ကြံခင်းတစ်ခုအတွင်း လူ ၂၅ ဦးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့ကို ဦးဆောင်ခဲ့သည့် လူကုန်ကူးသူ ၃ ဦးမှာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးခံရသူ ၂၅ ဦးအနက် ၂၀ ဦးမှာ ကမ္ဘော ဒီးယားနိုင်ငံသားများဖြစ်ပြီး ၅ ဦးမှာ ထိုင်းနိုင်ငံသားများ ဖြစ်သည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားအများစုမှာ ယခင်က ထိုင်းတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ၎င်းတို့ နိုင်ငံသို့ ပြန်သွားခဲ့ကြသူများဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် နိုင်ငံ တွင် အလုပ်အကိုင်ရှာဖွေနိုင်ခြင်းမရှိသောကြောင့် အရှေ့ပိုင်းဒေသနှင့် ဘန်ကောက်မြို့တို့တွင် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ပြန်လာကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်ဝင်ရောက်နိုင်ရန် လမ်းပြ သူများအား လူတစ်ဦးလျှင် ဘတ် ၂,၅၀၀ မှ ၄,၀၀၀ အထိ ပေးခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။
ထိုနည်းတူ ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ၅ ဦးကလည်း ၎င်းတို့ အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ အလုပ်များမှ နုတ်ထွက်ပြီးနောက် နယ်စပ်ဖြတ်ကျော်ရာတွင် အကူအညီရရှိရန် လူတစ်ဦးလျှင် ဘတ် ၃,၅၀၀ မှ ၆,၀၀၀ အထိ ပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။
ထိုညတွင်ပင် Aranyaprathet ခရိုင် အခြားနယ်စပ်တစ်နေရာတွင် ထိုင်း နိုင်ငံသား ၁၀ ဦးထပ်မံဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့သည် ကမ္ဘောဒီးယား နိုင်ငံ ဘက်ခြမ်းတွင် အွန်လိုင်းလောင်းကစားဝိုင်းများကို စီမံခန့်ခွဲသူများ ဖြစ်သည် ဟု ဆိုသည်။ တစ်ညအတွင်း ဖမ်းဆီးရမိသူ ၃၈ ဦးကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရပါသည်။
ကိုးကား- Bangkok Post

ဆီးရီးယား ယာယီသမ္မတ Ahmed al-Sharaa က အစ္စရေးနှင့် တိုက်ရိုက် စစ်မဖြစ်ရန် ရှောင်ရှားသည့်အနေဖြင့် တောင်ပိုင်းမြို့ Sweida မှ တပ်ဖွဲ့ များကို ရုပ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
"မိမိတို့သည် စစ်ကို မကြောက်ရွံ့ပါ။ မိမိတို့၏သမိုင်းသည် ပြည်သူများ ကို ကာကွယ်ခဲ့သည့် တိုက်ပွဲများဖြင့် ပြည့်နှက်နေပါသည်။ သို့သော် ဆီးရီးယားပြည်သူများ၏ အကျိုးစီးပွားကို ကစဥ့်ကလျားဖြစ်မှုနှင့်ဖျက်ဆီးမှုထက် ပိုမိုအလေးထားသော လမ်းကြောင်းကို ရွေးချယ်ခဲ့ပါသည်" ဟု ၎င်းက ဇူလိုင် ၁၇ ရက်၌ နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။

Sweida မြို့တွင် ဆီးရီးယားအစိုးရတပ်များ၊ အာရပ်မျိုးနွယ်စု လက်နက်ကိုင် များနှင့် Druze လက်နက်ကိုင်များ အကြား ပဋိပက္ခဖြစ်ပွားမှုများကြောင့် အစ္စရေးက ဆီးရီးယားစစ်တပ်ကို လေကြောင်းတိုက်ခိုက်မှုများ စတင် ခဲ့သည်။
ဇူလိုင် ၁၆ ရက်တွင် အစ္စရေးလေတပ်က မြို့တော် ဒမတ်စကပ်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ဌာနချုပ်နှင့် သမ္မတအိမ်တော်အနီးရှိ နေရာများကို ပစ်မှတ် ထားခဲ့သည်။ အမေရိကန် သံတမန်များက နှစ်နိုင်ငံအကြား ပဋိပက္ခ မပြန့်ပွားစေရန် ဆီးရီးယားကို Sweida မှ စစ်တပ်များ ရုပ်သိမ်းရန် နှင့် Druze လက်နက်ကိုင်များနှင့် စစ်ပြေငြိမ်းရေး သဘောတူညီမှုရရှိရန် ချက်ချင်းဝင်ရောက်ဖိအားပေးခဲ့သည်။
ဆရီးယား သမ္မတ Sharaa က နိုင်ငံသည် အစ္စရေးနှင့် တိုက်ရိုက်စစ်ဖြစ်မှု (သို့) Druze လူမျိုးများ၏ အသက်စွန့်ရမည့် အခြေအနေနှင့် Druze ဘာသာရေးခေါင်းဆောင်များ အသိဉာဏ်ရှိရှိ နိုင်ငံတော်အကျိုးကို ဦးစားပေးရန် ရွေးချယ်စရာ နှစ်ခုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ အစိုးရသည် စစ်မဖြစ်ရန် ဒုတိယရွေးချယ်မှုကို လုပ်ဆောင်ခဲ့သည်။
ယာယီသမ္မတ Sharaa က ဆီးရီးယားနိုင်ငံရှိ Druze အသိုင်းအဝိုင်း၏ အခွင့်အရေးများကို ကာကွယ်ရန် ကတိပြုခဲ့သည်။ အသစ်ချုပ် ဆိုထားသော စစ်ပြေငြိမ်းရေးသဘောတူညီချက်အရ ဒေသခံခေါင်းဆောင်များသည် Sweida မြို့ရှိ လုံခြုံရေးတာဝန်များကို အစိုးရတပ်ဖွဲ့များထံမှ လွှဲပြောင်း ယူမည်ဖြစ်သည်။
သမ္မတ Sharaa အာဏာရလာသည့်အချိန်မှစ၍ ဆီးရီးယား အစိုးရတပ် များသည် ဧပြီနှင့်မေလများအတွင်း Sweida ပြည်နယ်နှင့် မြို့တော် ဒမတ်စကပ်အနီးတွင် Druze လက်နက်ကိုင်အုပ်စုများနှင့် အကြိမ်များစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။
Druze လူမျိုးများ အများအပြားနေထိုင်သော အစ္စရေးနိုင်ငံကလည်း ဆီးရီးယားရှိ Druze လူနည်းစုကို ကာကွယ်မည်ဟု ကတိပြုထားသည်။ သို့ရာတွင် ဆန်းစစ်သူအချို့က ၎င်းသည် အစ္စရေး၏ စစ်ရေး ရည်မှန်းချက် ဖြစ်သော ဆီးရီးယားအစိုးရတပ်များကို နှစ်နိုင်ငံခြားနား မျဉ်းတစ်လျှောက် ရှိ ဗျူဟာမြောက်ဇုန်မှ နှင်ထုတ်ရန်အတွက် အကြောင်းပြချက်သာ ဖြစ်သည်ဟု ဆိုသည်။
ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးလေ့လာရေးအဖွဲ့ (SOHR) ၏ ပြောကြားချက်အရ Sweida ရှိ တိုက်ပွဲများတွင် အစိုးရတပ်သား၊ ဒေသခံတိုက်ခိုက်သူနှင့် အရပ်သားများအပါအဝင် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပြီး ယင်းတွင် Druze ၂၇ ဦးလည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။

ရုရှား-အိန္ဒိယ ပူးပေါင်းထုတ်လုပ်သည့် BrahMos ခရူးစ်ဒုံးပျံ၏ ဟိုက်ပါ ဆောနစ်ဗားရှင်းကို ထုတ်လုပ်နိုင်ကြောင်း BrahMos Aerospace ၏ အမှုဆောင်အရာရှိချုပ်ဟောင်း Atul Rane က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် RT ၏ သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
Rane က မော်စကိုတွင် BrahMos ၏ အမျိုးကွဲများစွာရှိပြီး နှစ်နိုင်ငံသည် ယခုနှစ်များအတွင်း ၎င်းတို့ကို အဆင့်မြှင့်တင်လျက်ရှိကြောင်း ဖော်ပြခဲ့ သည်။

"ထိုနည်းပညာများကို ရုရှားနှင့် အိန္ဒိယဘက်မှ တည်ဆောက်နေပြီး ယခု နည်းပညာများ အပြည့်အဝအသင့်ဖြစ်သွားပါက တစ်နေ့တွင် BrahMos ဟိုက်ပါဆောနစ်ဒုံးပျံ ပေါ်ထွက်လာမည်" ဟု Rane က ပြောကြား ခဲ့သည်။
BrahMos ဒုံးပျံများကို BrahMos Aerospace မှ ထုတ်လုပ်ပြီး ယင်း ကုမ္ပဏီသည် အိန္ဒိယ၏ Brahmaputra မြစ်နှင့် ရုရှား၏ Moskva မြစ်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ အိန္ဒိယ၏ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) က ၅၀.၅% ပိုင်ဆိုင်ပြီး ရုရှား NPO Mashinostroyenia က ၄၉.၅% ပိုင်ဆိုင်သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ပါကစ္စတန်နှင့် စစ်ရေး တင်းမာမှုဖြစ်ပွားခဲ့သည့် မေလက 'Operation Sindoor' တွင် BrahMos ဒုံးပျံများက အိန္ဒိယနိုင်ငံကို ကာကွယ်ရာတွင် ကြီးမားသော အခန်းကဏ္ဍ မှ ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့သည် "အံ့ဖွယ်အောင်မြင်မှု" ရရှိခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။
RT နှင့်အင်တာဗျူးတွင် Rane က "ယခုအချိန်ထိ အိန္ဒိယအစိုးရက Operation Sindoor တွင် မည်သည့်လက်နက်များ အသုံးပြုခဲ့သည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဆန်းစစ်လေ့လာမှုများအရ BrahMos ဒုံးပျံအသုံးပြုခဲ့ကြောင်း သိရပါသည်။ Operation Sindoor သည် ဆက်လက်တည်ရှိနေသေးသည်ဟု ဆိုရသော်လည်း BrahMos အသုံးပြုမှုကြောင့် ပဋိပက္ခအရှိန်မြင့်တက်မှု ရပ်တန့်သွားခဲ့သည်မှာ သေချာ ပါသည်။ ယင်းကိစ္စတွင် သံသယဖြစ်စရာမရှိပါ" ဟု ပြောကြားခဲ့သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က BrahMos ဒုံးပျံများကို ဝယ်ယူရန် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ စိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့သည်။ RT သို့ မှတ်ချက်ပြုရာတွင် Rane က "BrahMos ကို လူတိုင်း စိတ်ဝင်စားကြသည်" ဟုဆိုကာ၊ အစိုးရချင်းသဘောတူညီချက်အရ မော်စကို နှင့် နယူးဒေလီနှစ်နိုင်ငံလုံးက သဘောတူသည့် မိတ်ဖက်နိုင်ငံများသို့သာ တင်ပို့နိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ BrahMos အမှုဆောင် အရာရှိချုပ်ဟောင်း၏ အဆိုအရ အရှေ့တောင်အာရှနိုင်ငံများသည် အဓိက ဈေးကွက်တစ်ခုဖြစ်သည်။
Rane က ရုရှား-အိန္ဒိယ ပူးပေါင်းလုပ်ငန်းသည် BrahMos နောက်မျိုးဆက် “BrahMos NG” အဖြစ် အမည်ပေးထားသော လေယာဉ်တွင် တပ်ဆင်နိုင်မည့် ဒုံးပျံအရွယ်အစား "ပိုမိုသေးငယ်သည့်ဗားရှင်း" တစ်ခုကိုလည်း လေ့လာပြုစုလျက်ရှိကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- RT

ကိယက်ဗ် ဇူလိုင် ၁၆
ရုရှားနိုင်ငံသည် ဇူလိုင် ၁၅ ရက် ညပိုင်းတွင် ယူကရိန်းစွမ်းအင် အခြေခံ အဆောက်အအုံများကို မောင်းသူမဲ့လေယာဉ်များ၊ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ရုရှားတပ်များအနေဖြင့် ဇူလိုင် ၁၅ ရက်ညပိုင်းတွင် ခါကစ်ဗ်မြို့ အပါအဝင် ယူကရိန်းမြို့ကြီး သုံးမြို့ကို ပစ်မှတ်ထား၍ မောင်းသူ မဲ့လေယာဉ် အစင်း ၄၀၀၊ ဘလစ် စတစ်ဒုံးကျည် တစ်စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

ရုရှား၏ လေကြောင်းတိုက် ခိုက်မှုကြောင့် စွမ်းအင်ကဏ္ဍ အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့ရပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ယူကရိန်း သမ္မတရုံးက သတင်းထုတ်ပြန် ထားသည်။
ယူကရိန်းပဋိပက္ခကို အဆုံးမသတ်ပါကအရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည့်တိုင် ရုရှား တပ်များက ယူကရိန်းနိုင်ငံကို ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဇူလိုင် ၁၅ ရက် လေကြောင်း တိုက်ခိုက်မှုအတွင်း မောင်းသူမဲ့လေယာဉ် အများစုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့သော်လည်း မောင်းသူမဲ့လေယာဉ် ၅၇ စင်းနှင့် ဘလစ်စတစ်ဒုံးကျည်တို့မှာ ပစ်မှတ် ၁၂ ခုကို ထိမှန်ခဲ့ ကြောင်း ယူကရိန်းတာဝန်ရှိသူများ က ပြောကြားထားသည်။
ရုရှားနိုင်ငံသည် ယခုနှစ် နွေရာသီမှစ၍ ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာခဲ့ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များကို ပေးပို့သွားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်ဟု သိရသည်။
ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံသို့ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များဖြစ်သည့် JASSM ဒုံးကျည်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ခိုင်လုံသော သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Military Watch မဂ္ဂဇင်းက ဖော်ပြထားသည်။

ယင်းနောက် သတင်းထောက်များက တာဝေးပစ်လက်နက်များ ပေးပို့နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာ ထရမ့်က အစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားထားခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုထားခြင်းဖြစ်သည်။
အဆိုပါဒုံးကျည်များကို F-16 အမျိုးအစား တိုက်လေယာဉ်ပေါ်မှ ပစ်ခတ်ပါက ရုရှားနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့တို့ကိုပင် ခြိမ်းခြောက်နိုင်ကြောင်းနှင့် ဒုံးကျည်ရောက်ရှိနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ အထိဖြစ်ကြောင်း သိရသည်။
MWD Web Portal

နေပြည်တော် ဇူလိုင် ၁၆
နေပြည်တော် ဇူလိုင် ၁၆
ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိသည့် နောင်ချိုမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းတည်ရှိပြီး မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်၊ အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့ ဝန်းရံတည်ရှိ၍ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့များသို့ မန္တလေး - လားရှိုးလမ်းမကြီးနှင့် မီးရထားလမ်းများဖြင့်လည်းကောင်း၊ တောင်ကြီးမြို့သို့ အမှတ်(၄၃)ပြည်ထောင်စုလမ်းမကြီးဖြင့်လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် တရုတ်- မြန်မာ နယ်စပ်စီးပွားရေး၏ အဓိကလမ်းမကြီးဖြစ်သော မန္တလေး-မူဆယ်လမ်းမကြီး(အမှတ် ၁၄ အာရှ လမ်းမကြီး)သည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းပြီး ပြင်ဦးလွင်- မန္တလေးမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားမြို့ရွာများနှင့် ကျောက်မဲမြို့မှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့ရွာများသို့လည်း ဆက်သွယ်သွားလာနိုင်သည့် မြို့ဖြစ်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/72328