သတင်းများ

Netanyahu သည် ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုအတွက် Pope ရဟန်းမင်းကြီးအား တောင်းပန်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဂါဇာရှိ Holy Family Catholic Church ကို အစ္စရေးတင့်ကားမှ ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦး အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပြီးတွင် Pope Leo ထံသို့ ဖုန်းဆက်ပြီး တောင်းပန်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစ္စရေး တင့်ကားမှ ဘုရားကျောင်းဝင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုဘုရားကျောင်းသည် ကလေးများ၊ မသန်စွမ်းသူများအပါအဝင် နေရပ် စွန့်ခွာထွက်ပြေးရသူ ပါလက်စတိုင်းရာနှင့်ချီ၍ ခိုလှုံရာနေရာအဖြစ် အသုံးပြုနေသည်။ အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က ယင်း ပစ်ခတ်မှုသည် မတော်တဆဖြစ်မှုဖြစ်ပြီး ဖြစ်စဉ်ကို ပြန်လည် သုံးသပ် နေကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟုသည် Pope Leo ထံသို့ ကိုယ်တိုင်ဖုန်းဆက်ကာ မတော်တဆ ပစ်ခတ်ခဲ့မိမှုအတွက် နောင်တရကြောင်း ပြောကြားခဲ့ပြီး "ဒဏ်ရာရသူ မိသားစုများထံ အစ္စရေးနိုင်ငံ၏ကိုယ်စား အမှန်တကယ် ဝမ်းနည်းကြောင်း" ကိုလည်း ဖော်ပြခဲ့သည်။

ဗာတီကန်မှ ဂါဇာရှိအခြေအနေကို စိတ်မချမ်းသာစရာဖြစ်သည်ဟု ပြောဆို ခဲ့ပြီး ဝါရှင်တန်တွင် သမ္မတ Donald Trump သည်လည်း ဘုရားကျောင်း ကို တိုက်ခိုက်မှုကြောင့် စိတ်ထိခိုက်နေကြောင်း သိရှိရသည်။

ထရမ့်နှင့် နေတန်ယာဟုတို့ ဖုန်းဆက်၍ ဖြစ်စဉ်ကို ဆွေးနွေးခဲ့သော်လည်း တောင်းပန်မှုပြုလုပ်နေစဉ် ကာလအတွင်း၌ပင် ဇူလိုင် ၁၈ တွင် လေကြောင်း တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပြီး ဂါဇာတစ်ဝှမ်းလုံးတွင် ပါလက်စတိုင်း လူမျိုး အနည်းဆုံး ၁၄ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆရာ/ဆရာမများကို အကြမ်းဖက် ခြိမ်းခြောက်

19 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်မှ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ခွက်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၁၅ ဦးခန့် ရောက်ရှိလာပြီး ကျောင်းဆရာ/ဆရာမများအား ကျောင်းပိတ်ရန် အကြမ်းဖက်ခြိမ်းခြောက်ပြောဆိုကာ ကျောင်းခန်းတံခါးများနှင့် ကျောင်းခြံဝင်းတံခါးတို့အား သော့ခတ်၍ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းဆရာ/ဆရာမ ငါးဦးမှ ကျောင်းသား၊ ကျောင်းသူ ၅၂ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆရာ/ဆရာမများကို အကြမ်းဖက်ခြိမ်းခြောက်၍ စာသင်ကျောင်းအား သော့ခတ်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

19 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာရှိ ဆီအုန်းခြံအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက် ည ၁၁ နာရီတွင် ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာရှိ “ယုဇန” ဆီအုန်းကုမ္ပဏီ၊ စိုက်ခင်းအထူးဇုန်-၁ သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၂၀ ဦးခန့် ရောက်ရှိလာပြီး စိုက်ခင်းတာဝန်ခံဖြစ်သူ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နေ ဦးထွန်းထွန်းအောင်(၄၀)နှစ်နှင့် စိုက်ခင်းအလုပ်သမားဖြစ်သည့် ဦးမှတ်ကြီး(၆၈)နှစ်တို့ နှစ်ဦးအား “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆီအုန်းခြံအပြင်အရောက် ၌ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

19 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

19 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပယ်ငါးဆယ်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇူလိုင် ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျေးရွာနေ ဒေါ်ဥမ္မာ(၅၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၂၀ ဦးခန့်က ဆိုင်ကယ် ငါးစီး၊ မော်တော်ယာဉ် တစ်စီးတို့ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရုရှား-လာအို စစ်ရေးပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်

Laros-2025 အမည်ရှိ ရုရှားနှင့် လာအိုနိုင်ငံတို့၏ စစ်ရေး ပူးတွဲ လေ့ကျင့်မှု ကို ၂၀၂၅ ခုနှစ်နောက်ပိုင်းတွင် လာအိုနိုင်ငံ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း လာအိုကာကွယ်ရေးဝန်ကြီးဌာနပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ် အသံလွှင့်ဌာန က ကြေညာထားပါသည်။ 

လာအိုကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုများမှာ နှစ်နိုင်ငံစစ်တပ်၏ အတွေ့အကြုံများ ဖလှယ်ရန်နှင့် ရှိရင်းစွဲ ချစ်ကြည်ရေး ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်ကတည်းက နှစ်နိုင်ငံရှိ လေ့ကျင့်ရေးနေရာများတွင် နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်ပါသည်။

ယမန်နှစ်က အဆိုပါစစ်ရေးလေ့ကျင့်မှုကို ရုရှားအရှေ့ဖျားရှိ ဆာဂျီဗက် စကီး လေ့ကျင့်ရေးစခန်းတွင် ကျင်းပခဲ့ပါသည်။

လက်ရှိတွင် ရုရှားနှင့်လာအိုတို့သည် စစ်ရေးလေ့ကျင့်မှုများအပြင် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပါဝင်မည့် လေ့ကျင့်မှုအစီအစဉ်များအတွက် တက်ကြွစွာ ညှိနှိုင်းလျက် ရှိပါသည်။

ကိုးကား- TASS

Photo: Laotian Times

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ဟန်ဂေရီမှ ယူကရိန်းစစ်ဘက်အရာရှိများကို ဒဏ်ခတ်အရေးယူနိုင်ရေး ဆောင်ရွက်

ဟန်ဂေရီနိုင်ငံသည် အတင်းအကျပ်စစ်မှုထမ်းဆောင်ရန် ဖိအားပေးမှု များအတွက် တာဝန်ရှိသည်ဟု ဗူဒါပက်က သတ်မှတ်ထားသော ယူကရိန်းအရာရှိ (၃) ဦးကို ဒဏ်ခတ်အရေးယူနိုင်ရန်အတွက် EU ထံ တင်ပြ လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ကြေညာ ခဲ့သည်။ ယူကရိန်းစစ်သားစုဆောင်းရေး အရာရှိများက ဟန်ဂေရီ နိုင်ငံသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဟန်ဂေရီ က ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ဟန်ဂေရီသည် EU ၏ ယူကရိန်းအား လက်နက်ထောက်ပံ့မှုများကိုအဆက်မပြတ် ဝေဖန်ခဲ့သည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဟန်ဂေရီနှင့် ယူကရိန်းအကြား အပြန်အလှန် သံသယဖြစ်မှုများကြောင့် ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။ ထို့အပြင် ဟန်ဂေရီသည် ယူကရိန်း ၏ အနောက်ဘက် Transcarpathia ဒေသရှိ ဟန်ဂေရီ လူမျိုးစု အခွင့် အရေးများကို ချိုးဖောက်နေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။ 

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) က X (တွစ်တာ) တွင် တင်ခဲ့သော Szijjarto ၏ ပို့စ်၌ "ယနေ့တွင် မိမိတို့သည် အတင်းအကျပ်စစ်မှုထမ်းဆောင်စေရန် လုပ်ဆောင်မှုကြောင့် ဟန်ဂေရီလူမျိုးတစ်ဦး သေဆုံးမှုအတွက် တာဝန်ရှိ သူများကို EU ၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းရန် အဆိုပြုလိုက် ပါပြီ" ဟု ရေးသားထားသည်။ ဆက်လက်၍ "ယူကရိန်း လမ်းများပေါ်တွင် ဆိုးရွားသည့် ရိုက်နှက်ညှဉ်းပန်းမှုများနှင့်အတူ စစ်မှုမထမ်းဆောင်လိုသူ များကို ရက်စက်စွာ ဖမ်းဆီးနေမှုများ ဖြစ်ပေါ်နေသည်" ဟု ဝန်ကြီးက ဖော်ပြခဲ့သည်။

Szijjarto က ယူကရိန်းရှိ ဟန်ဂေရီလူမျိုးစုသည် ကိယက်ဗ်အစိုးရ၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို ၁၀ နှစ်ကြာ ရင်ဆိုင်ခဲ့ရသည်ဟု ဆိုကာ EU အား အဆိုပါခွဲခြားဆက်ဆံမှုများကို မျက်ကွယ်ပြုထားသည်ဟု စွပ်စွဲ ခဲ့သည်။ ဇူလိုင် ၁၇ (ကြာသပတေးနေ့) က ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးဌာနသည် ယူကရိန်းသံအမတ်ကြီးအား အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆင့်ခေါ်သတိပေးခဲ့သည်။

ဟန်ဂေရီမီဒီယာများက Jozsef Sebestyen (၄၅ နှစ်) သည် ဇူလိုင် ၆ ရက်နေ့တွင် စစ်သားစုဆောင်းရေးအရာရှိများက သံတုတ်များဖြင့် ရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ဖော်ပြ ခဲ့ကြသည်။

ယူကရိန်းစစ်ဖက်က Sebestyen အား ဥပဒေနှင့်အညီ စစ်မှုထမ်းဆောင်ရန် ခေါ်ယူခဲ့ပြီး ၎င်းသည် ဆေးရုံတက်ရောက်ခဲ့စဉ် အဆုတ်သွေးကြော ပိတ်ဆို့မှုဖြင့် သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှုလက္ခဏာ မတွေ့ရကြောင်း ငြင်းဆိုခဲ့သည်။

ယူကရိန်း၏ စစ်မှုထမ်းဆောင်ရေးလုပ်ဆောင်မှုများသည် စုဆောင်းရေး အရာရှိများ၏ အတင်းအကျပ် လိုက်လံခေါ်ယူ စုဆောင်းမှုများနှင့် ဆိုးရွားသော အကြမ်းဖက်မှုများကြောင့် နိုင်ငံတကာဝေဖန်မှုများ တိုးမြင့် လာလျက်ရှိပြီး လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများစွာက အဆိုပါအချက်ကို သက်သေပြနေသည်။

ကိုးကား- RT

phtot: The Guardian

ရုရှားစစ်သည်တစ်ဦးက ယူကရိန်းဒရုန်းကို လက်ဗလာဖြင့် ဖမ်းကာ ဖျက်ဆီး

ရုရှားစစ်သည်တစ်ဦးသည် ၎င်း၏ဘန်ကာအနီးသို့ ပျံဝဲလာသော ယူကရိန်း အသေခံဒရုန်းကို ဖမ်းယူပြီး ဖျက်ဆီးလိုက်သည့် ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ယက် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။

ဇူလိုင် ၁၇ ရက်က ရုရှားမီဒီယာများမှ ဖော်ပြသည့် ဗီဒီယိုတစ်ခုတွင် ယူကရိန်းအသေခံဒရုန်းတစ်စင်းသည် Kharkiv ပြည်နယ်တွင် တိုက်ပွဲ ဝင်နေသည့် ရုရှားစစ်သည်များ၏ သစ်ပင်များဖြင့်ဖုံးအုပ်ထားသော ဘန်ကာအနီးသို့ အနိမ့်ပျံသန်းလာကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရသည်။ သို့သော် အဆိုပါဒရုန်း ပေါက်ကွဲခြင်း မရှိသည့် အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရှိရပေ။

ထို့နောက် ရုရှားစစ်သည်က ဒရုန်းကို ဘန်ကာမှ ဝေးရာသို့ ယူဆောင် သွားကာ အနီးရှိ သစ်ပင်တစ်ပင်နှင့် ထပ်ခါထပ်ခါ ထုရိုက်ပြီး ပန်ကာ ဒလက်များကို ကျိုးပဲ့စေခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် ဖျက်ဆီး ပစ်လိုက်သော ဒရုန်းကို ဗုံးခိုကျင်းတစ်ခုအတွင်း ပစ်ထည့်ကာ ဘန်ကာအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။

"ကျွန်တော်သေနိုင်သည်ကို သိသော်လည်း ရဲဘော်များစွာ၏ အသက် တွေကို အန္တရာယ်ဖြစ်စေသည်ထက် မိမိတစ်ဦးတည်းသေသည်က ပို၍ ကောင်းပါသည်" ဟု ရုရှားစစ်သည်က ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ယူကရိန်းစစ်တပ်တို့သည် အဆိုပါ ဗီဒီယိုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုခြင်း မပြုသေးပေ။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများတွင် (ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင်) ဒရုန်းများကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနေကြသည်။ ရန်သူ့စစ် ပစ္စည်းများ၊ စစ်စခန်းများနှင့် တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်အတွက် နှစ်ဖက်စလုံးမှ ဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

ဒရုန်းများသည် နိုင်ငံများစွာ၏ စစ်ရေးမဗျူဟာများကို ကြီးမားစွာ ပြောင်းလဲစေခဲ့သကဲ့သို့ ခုခံကာကွယ်နိုင်ရေး နည်းလမ်းအသစ်များ တိုးမြှင့် လုပ်ဆောင်ရန်ကိုလည်း လှုံ့ဆော်ပေးလျက်ရှိသည်။ အနာဂတ် လေကြောင်း တိုက်ခိုက်ရေး စစ်ဆင်မှုများတွင် ဒရုန်းများသည် သမားရိုးကျ လက်နက် များနေရာတွင် အစားထိုးနိုင်သည်ဆိုသည်ကို ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား- VN Express

Photo: The Wall Street Journal

ဖိလစ်ပိုင်နိုင်ငံ ပါလာဝန်ပြည်နယ်၌ သင်္ဘောပြင်ဆင်ရေးအလုပ်ရုံများ အမေရိကန်ရေတပ်တည်ဆောက်မည်

မနီလာ ဇူလိုင် ၁၇

တောင်တရုတ်ပင်လယ်ဒေသနှင့် မျက်နှာချင်းဆိုင် တည်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံ ပါလာဝန် ပြည်နယ်၌ ဖိလစ်ပိုင်ရေတပ်အတွက် စစ်သင်္ဘောပြင်ဆင် ထိန်းသိမ်းရေး အလုပ်ရုံများကို တည်ဆောက်ရန် အမေရိကန် ရေတပ်က စီစဉ်ထားကြောင်း ယနေ့တွင် ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်ဒေသသည် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကြား နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာများဖြစ်ပွား နေသည့် ရေပြင်ဒေသဖြစ်ကြောင်း သိရသည်။

အမေရိကန်ရေတပ်အနေဖြင့် ပါလာဝန်ပြည်နယ် ရှိုင်းစတား ပင်လယ်အော်နှင့် ကွီဇွန်မြို့တို့၌ ဖိလစ်ပိုင်စစ်သင်္ဘောများအတွက် ပြင်ဆင်ရေးအလုပ်ရုံများ တည် ဆောက်ရန် စီစဉ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ဒေသ တစ်ခုလုံး နီးပါးကို ပိုင်ဆိုင်ခွင့်တောင်းဆိုထားပြီး ဖိလစ်ပိုင်နှင့်ဗီယက်နမ် အပါအဝင် အခြားဒေသတွင်းနိုင်ငံ အချို့ကလည်း ယင်းပင်လယ်ဒေသကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်တောင်းဆိုထားကြောင်း သိရသည်။

ပါလာဝန် ပြည်နယ်သည် တောင်တရုတ် ပင်လယ်ဒေသရှိဖိလစ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရသည့် အနောက်ဘက် ဒေသ စစ်ဌာနချုပ်တည်ရှိရာ ပြည်နယ်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေ ရိကန်နိုင်ငံ၏သက်တမ်းအရှည်ဆုံး အာရှမဟာမိတ်နိုင်ငံဖြစ်ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

ဘင်္ဂလားဒေ့ရှ်၌ နိုင်ငံရေးပါတီလူထုအစည်းအဝေးပွဲကျင်းပစဉ် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား

ဒါကာ ဇူလိုင် ၁၇

ဘင်္ဂလားဒေ့ရှိနိုင်ငံတောင်ပိုင်း ဂိုပယ်လ်ဂန်မြို့၌ အမျိုးသားနိုင်ငံ သားပါတီအမည်ရှိ လူငယ်များ ဦးဆောင်သော နိုင်ငံရေးပါတီတစ်ခု က လူထုအစည်းအဝေးပွဲ ကျင်းပ နေစဉ် အကြမ်းဖက်တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ လူပေါင်း လေးဦး သေဆုံးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အမျိုးသားနိုင်ငံသားပါတီက ငြိမ်းချမ်းစွာပြုလုပ်နေသည့် လူထု  

အစည်းအဝေးပွဲ၌ ပါတီဝင်များ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းသမား များ တိုက်ခိုက်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ ခေါင်းဆောင် မူဟာမက်ယူနွတ်က လူမှုမီဒီယာ စာမျက်နှာပေါ်၌ ရေးသားထားသည်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပေါ်ထွက်လာသည့် အမျိုးသား  နိုင်ငံသားပါတီသည် ဇူလိုင် ၁၆ ရက်တွင် ဂိုပယ်လ်ဂန်မြို့ လူထုအစည်းအဝေးပွဲကို ကျင်းပခြင်းဖြစ်သည်။

အမျိုးသားနိုင်ငံသားပါတီ၏ လူထုအစည်းအဝေးပွဲကိုဝန်ကြီးချုပ် ဟောင်း ရှိတ်ခ်ဟာစီနာ၏ အဝါ မီလိဂ်ပါတီဝင်များနှင့် အဝါမီလိဂ် ပါတီထောက်ခံသူများက တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ ခေါင်းဆောင် မူဟာမက်ယူနွတ်က ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာစီနာသည် ၂၀၂၄  ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အိမ်စောင့်အစိုးရ အဖွဲ့ ယာယီတာဝန်ယူထားသော် လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှောင့်နှေးနေမှုကြောင့် နိုင်ငံ ရေးအရ သဘောထားကွဲပြား မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။  

Ref: Xinhua

ဆီးရီးယားက အစ္စရေးနှင့် စစ်မဖြစ်ရန် ရှောင်ရှားသည့်အနေဖြင့် တောင်ပိုင်းမှ တပ်ဖွဲ့များ ရုပ်သိမ်း

ဆီးရီးယား ယာယီသမ္မတ Ahmed al-Sharaa က အစ္စရေးနှင့် တိုက်ရိုက် စစ်မဖြစ်ရန် ရှောင်ရှားသည့်အနေဖြင့် တောင်ပိုင်းမြို့ Sweida မှ တပ်ဖွဲ့ များကို ရုပ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

"မိမိတို့သည် စစ်ကို မကြောက်ရွံ့ပါ။ မိမိတို့၏သမိုင်းသည် ပြည်သူများ ကို ကာကွယ်ခဲ့သည့် တိုက်ပွဲများဖြင့် ပြည့်နှက်နေပါသည်။ သို့သော် ဆီးရီးယားပြည်သူများ၏ အကျိုးစီးပွားကို ကစဥ့်ကလျားဖြစ်မှုနှင့်ဖျက်ဆီးမှုထက် ပိုမိုအလေးထားသော လမ်းကြောင်းကို ရွေးချယ်ခဲ့ပါသည်" ဟု ၎င်းက ဇူလိုင် ၁၇ ရက်၌ နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။

Sweida မြို့တွင် ဆီးရီးယားအစိုးရတပ်များ၊ အာရပ်မျိုးနွယ်စု လက်နက်ကိုင် များနှင့် Druze လက်နက်ကိုင်များ အကြား ပဋိပက္ခဖြစ်ပွားမှုများကြောင့် အစ္စရေးက ဆီးရီးယားစစ်တပ်ကို လေကြောင်းတိုက်ခိုက်မှုများ စတင် ခဲ့သည်။

ဇူလိုင် ၁၆ ရက်တွင် အစ္စရေးလေတပ်က မြို့တော် ဒမတ်စကပ်ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ဌာနချုပ်နှင့် သမ္မတအိမ်တော်အနီးရှိ နေရာများကို ပစ်မှတ် ထားခဲ့သည်။ အမေရိကန် သံတမန်များက နှစ်နိုင်ငံအကြား ပဋိပက္ခ မပြန့်ပွားစေရန် ဆီးရီးယားကို Sweida မှ စစ်တပ်များ ရုပ်သိမ်းရန် နှင့် Druze လက်နက်ကိုင်များနှင့် စစ်ပြေငြိမ်းရေး သဘောတူညီမှုရရှိရန် ချက်ချင်းဝင်ရောက်ဖိအားပေးခဲ့သည်။

ဆရီးယား သမ္မတ Sharaa က နိုင်ငံသည် အစ္စရေးနှင့် တိုက်ရိုက်စစ်ဖြစ်မှု (သို့) Druze လူမျိုးများ၏ အသက်စွန့်ရမည့် အခြေအနေနှင့် Druze ဘာသာရေးခေါင်းဆောင်များ အသိဉာဏ်ရှိရှိ နိုင်ငံတော်အကျိုးကို ဦးစားပေးရန် ရွေးချယ်စရာ နှစ်ခုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ အစိုးရသည် စစ်မဖြစ်ရန် ဒုတိယရွေးချယ်မှုကို လုပ်ဆောင်ခဲ့သည်။

ယာယီသမ္မတ Sharaa က ဆီးရီးယားနိုင်ငံရှိ Druze အသိုင်းအဝိုင်း၏ အခွင့်အရေးများကို ကာကွယ်ရန် ကတိပြုခဲ့သည်။ အသစ်ချုပ် ဆိုထားသော စစ်ပြေငြိမ်းရေးသဘောတူညီချက်အရ ဒေသခံခေါင်းဆောင်များသည် Sweida မြို့ရှိ လုံခြုံရေးတာဝန်များကို အစိုးရတပ်ဖွဲ့များထံမှ လွှဲပြောင်း ယူမည်ဖြစ်သည်။

သမ္မတ Sharaa အာဏာရလာသည့်အချိန်မှစ၍ ဆီးရီးယား အစိုးရတပ် များသည် ဧပြီနှင့်မေလများအတွင်း Sweida ပြည်နယ်နှင့် မြို့တော် ဒမတ်စကပ်အနီးတွင် Druze လက်နက်ကိုင်အုပ်စုများနှင့် အကြိမ်များစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။

Druze လူမျိုးများ အများအပြားနေထိုင်သော အစ္စရေးနိုင်ငံကလည်း ဆီးရီးယားရှိ Druze လူနည်းစုကို ကာကွယ်မည်ဟု ကတိပြုထားသည်။ သို့ရာတွင် ဆန်းစစ်သူအချို့က ၎င်းသည် အစ္စရေး၏ စစ်ရေး ရည်မှန်းချက် ဖြစ်သော ဆီးရီးယားအစိုးရတပ်များကို နှစ်နိုင်ငံခြားနား မျဉ်းတစ်လျှောက် ရှိ ဗျူဟာမြောက်ဇုန်မှ နှင်ထုတ်ရန်အတွက် အကြောင်းပြချက်သာ ဖြစ်သည်ဟု ဆိုသည်။

ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးလေ့လာရေးအဖွဲ့ (SOHR) ၏ ပြောကြားချက်အရ Sweida ရှိ တိုက်ပွဲများတွင် အစိုးရတပ်သား၊ ဒေသခံတိုက်ခိုက်သူနှင့် အရပ်သားများအပါအဝင် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပြီး ယင်းတွင် Druze ၂၇ ဦးလည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။