27 June 2025

27 June 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ည ၆ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ အောင်ချမ်းသာဘုန်းကြီးကျောင်းဝင်းအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းမင်းဦး(၄၂)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန် ဒဏ်ရာများ ရရှိခဲ့၍ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်မှုအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် ကျေးရွာလုံခြုံရေးဆောင်ရွက်ပေးနေသည့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်း မရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေး လုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ညနေ ၅ နာရီတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နောင်ခိုရပ်ကွက်ရှိ ဗန်းမော်အကျဉ်းထောင်သို့ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားအိပ်ဆောင်အမှတ်(၁)ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထောင်ကျအကျဉ်းသား ရှစ်ဦး တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ အကျဉ်းထောင်ဆရာဝန်မှ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဗန်းမော်အကျဉ်းထောင်အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးစစ်တပ်မှ ပါလက်စတိုင်းလူငယ်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။ သိမ်းပိုက်ထားသောနယ်မြေတွင် အစ္စရေးအခြေချနေထိုင်သူများ၏ ပါလက်စတိုင်းနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်မှ Jenin မြို့အနီး Al Yamoun ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် အသက် ၁၅ နှစ်အရွယ် Rayan Tamer Hawshiya ၏ လည်ပင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Ramallah ရှိ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ မြို့ပေါ်ရှိနေထိုင်သူများက “အစ္စရေးတပ်များ၏ ပြင်းထန်စွာပစ်ခတ်မှုများ” ရှိခဲ့ကြောင်း သတင်းပို့ခဲ့သည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရသည်။
အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် Al Yamoun ကျေးရွာ၌ “အကြမ်းဖက်သမားများက IDF တပ်ဖွဲ့များအပေါ် ပေါက်ကွဲစေနိုင်သော ပစ္စည်းများနှင့် တိုက်ခိုက်ခဲ့ကြောင်း” ပြောကြားခဲ့ပြီး IDF တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသူမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“နောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များသည် အခြားပေါက်ကွဲစေနိုင်သော ပစ္စည်းများကို ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမားများ ချဉ်းကပ်လာသည်ကို သတိထားမိခဲ့သည်” ဟု IDF က CNN သို့ ပြောကြားခဲ့သည်။ “တပ်ဖွဲ့ဝင်များက ပစ်ခတ်တုံ့ပြန်ခဲ့ပြီး ပစ်မှတ်ထိမှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သီးသန့်ဖြစ်စဉ်တစ်ခုအဖြစ် အစ္စရေးရဲတပ်ဖွဲ့မှ သိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်မြို့တွင် (၆၆) နှစ်အရွယ် ပါလက်စတိုင်း အမျိုးသမီး ကြီးတစ်ဦးသည် ပစ်ခတ်မှုများကြောင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ပါလက်စတိုင်းသတင်းဌာန WAFA ၏ ဖော်ပြချက်အရ အစ္စရေးရဲများက Shuafat ဒုက္ခသည်စခန်းသို့ ဝင်ရောက်စီးနင်းပြီးနောက် Zahia Joudeh al-Obeidi သည် ဒဏ်ရာပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရှိရသည်။
အစ္စရေးရဲတပ်ဖွဲ့က အရှေ့ဂျေရုဆလင်မြို့သူတစ်ဦး သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုမြို့သူ သည် Shuafat စစ်ဆေးဂိတ်သို့ရောက်ရှိချိန်တွင် ကျန်းမာရေးဝန်ထမ်းများက “သေဆုံးသွားပြီဖြစ်သည်” ဟု အတည်ပြုခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါသေဆုံးမှုများသည် အနောက်ဘက်ကမ်းရှိ Kafr Malik မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၏ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုမြို့တွင် အစ္စရေးအခြေချနေထိုင်သူများက ပါလက်စတိုင်း နိုင်ငံသားများ၏ အိမ်များနှင့် ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အစ္စရေးပါလီမန် အတိုက်အခံနိုင်ငံရေးသမားတစ်ဦးက ယင်းဖြစ်စဉ်ကို “အကြမ်းဖက်ဂျူးလူမျိုးစုသတ်ဖြတ်မှု” ဟု ရည်ညွှန်းပြောကြားခဲ့သည်။ ပါလက်စတိုင်းနှင့် အစ္စရေးအာဏာပိုင်များအဆိုအရ လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှား အနောက်ပိုင်း Kursk ဒေသတွင် ယူကရိန်း၏ ဒရုန်း တိုက်ခိုက်မှု ကြောင့် တရုတ်သတင်းထောက် Lu Yuguang ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ Phoenix TV အဖွဲ့သည် ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခန်းရိုက်ကူးနေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းထောက်က TASS သို့ ပြောကြားခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Aleksandr Khinshtein ၏အဆိုအရ Lu သည် ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတင်ခံခဲ့ရသည်။ ထို့အပြင် ယူကရိန်း တပ်များ သည် နယ်စပ်မှ ကီလိုမီတာ ၃၀ အတွင်း တည်ရှိသော Korenevo ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။
သတင်းထောက်က TASS သို့ ၎င်း၏ဒဏ်ရာမှာ မပြင်းထန်ကြောင်းနှင့် လုပ်ဆောင်ရန် ကိစ္စများစွာရှိနေသေးသည်ဟုဆိုကာ ဆေးရုံတက်ရန် ငြင်းဆန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Lu ၏အဆိုအရ FPV ကာမီကာဇေဒရုန်းသည် အဖွဲ့သားများက ဒေသ ခံများနှင့် အိမ်အပြင်တွင် စကားပြောနေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “မိမိတို့ standup ရိုက်နေစဉ် FPV ဒရုန်းကျရောက် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ကြောင်း” ၎င်းက TASS သို့ ပြောကြားခဲ့ပြီး ၎င်းသည် သတင်းထောက်ဝတ်စုံဝတ်ဆင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
တရုတ်သတင်းအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် ပဋိပက္ခနှင့် ပတ်သက်သည့် ဘက်လိုက်မှုမရှိသော သတင်းတင်ဆက်မှုများကို ချုပ်ငြိမ်းစေရန်နှင့် ထိထိရောက်ရောက် ဖယ်ရှားရန် Kiev ၏ ရည်ရွယ်ချက် ကို ပြသနေသည်ဟု သူမက Telegram တွင် ရေးသားခဲ့သည်။
အသက် ၆၃ နှစ်ရှိ Lu သည် ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်း ကတည်းက ရုရှားတွင် အလုပ်လုပ်ခဲ့သော အတွေ့အကြုံရင့် စစ်ရေး သတင်းထောက်တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၀၄ ခုနှစ်က Beslan ရှိ ကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို သတင်းပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဆုတံဆိပ်များစွာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှစ၍ ၎င်းသည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် ရှေ့တန်း စစ်မြေပြင်မှဖြစ်စဉ်များအပါအဝင် သတင်းများကို တင်ဆက်နေခဲ့သည်။
သတင်းထောက်များကို ယူကရိန်းတပ်များက ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ဘဲ မတ်လတွင် Izvestia သတင်းစာ အဖွဲ့သားများသည် လက်နက်ကြီးဒဏ်ခံခဲ့ရပြီး သတင်းထောက် တစ်ဦး၊ ကင်မရာမန်းနှင့် ယာဉ်မောင်းတို့သေဆုံးကာ အခြား သတင်းထောက် တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်အပြီး နောက်နှစ်ရက် အကြာတွင် Channel One သတင်းထောက်တစ်ဦးသည် ယူကရိန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရုရှား၏ Belgorod ဒေသတွင် တာဝန် ထမ်းဆောင်နေစဉ် သေဆုံးခဲ့သည်။
ကိုးကား- RT

26 June 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာနေ ဦးမောင်မောင်(ခ)ဦးနေမျိုးအောင် (၅၀)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မင်းနိုင် (၅၃)နှစ်တို့ နှစ်ဦးသည် ဦးမောင်မောင်(ခ)ဦးနေမျိုးအောင်၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေးများ ပြတ်တောက်စေရန် ရည်ရွယ်၍ မီးရထားဘူတာရုံအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၁ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီမီးရထားဘူတာရုံသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၂ နာရီတွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါမီးရထားဘူတာရုံအတွင်း ဝင်ရောက်ကာ ဒုရုံပိုင် ဦးသာထက်စိုး(စိစစ်ဆဲ)အား ဝိုင်းဝန်းရိုက်နှက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဘူတာအတွင်းရှိ တယ်လီဖုန်း သုံးလုံး၏ ဆက်သွယ်ရေးကြိုးများအား ဖြတ်၍ လက်လှည့်ဂေါက် သုံးချောင်း၊ သော့ တစ်လုံးတို့အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ မီးရထားဘူတာရုံအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်၍ ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက် ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှိ အမှိုက်ပုံးပေါ်၌ ကျောင်းပိတ်သိမ်းရန် ခြိမ်းခြောက်ထားသော စာသားများပါရှိသည့် စာရွက်တစ်ရွက်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းဆရာမ ခြောက်ဦးတို့မှ ကျောင်းသား၊ ကျောင်းသူ ၄၂၁ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်သည် အမေရိကန်ကြားဝင် အပစ်ခတ်ရပ်စဲရေး စတင်ပြီးနောက် ရက်အနည်းငယ်အတွင်း အီရန်ကို တိုက်ခိုက်မှုများအတွင်း CIA ၏ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

မော့ဆက်ဒါရိုက်တာ ဒေးဗစ်ဘာနီးယားက “အရေးပါသော မိတ်ဖက်ဖြစ်သည့် CIA နှင့် ၎င်း၏ဒါရိုက်တာတို့အား အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် မော့ဆက်အား မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ကြောင်း” ဟု AFP က ကိုးကားဖော်ပြသည့် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သတင်းများအရ အစ္စရေးအေးဂျင့်များသည် ဇွန်လ ၁၃ ရက်တွင် စတင် ခဲ့သည့် Operation Rising Lion ၏အစိတ်အပိုင်းအဖြစ် အီရန်သို့ ဒရုန်းများခိုးသွင်းကာ အဆင့်မြင့်ဗိုလ်ချုပ်များနှင့် နျူကလီးယား သိပ္ပံ ပညာရှင်များကို လုပ်ကြံခဲ့သည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အီရန်တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ အဆိုပါတိုက်ခိုက်မှု များသည် အီရန်အား နျူကလီးယားလက်နက်များ ရရှိပိုင်ဆိုင်ခြင်းမှ တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ဇွန် ၂၂ ရက်တွင် ဖော်ဒိုးရှိ မြေအောက်ယူရေနီယမ် ချဲ့ထွင်ရေးစင်တာအပါအဝင် နျူကလီးယားနေရာသုံးခုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။
မော့ဆက်ဒါရိုက်တာ ဒေးဗစ်ဘာနီးယားက “ဆယ်စုနှစ်များအတွင်း မိမိ တို့၏လုံခြုံရေးကို ခြိမ်းခြောက်ခဲ့သော အီရန်၏အန္တရာယ်ကို အကြီးအကျယ် ချေမှုန်းနိုင်ခဲ့ပြီ” “မိမိတို့သည် အီရန်၏သိရှိထားသော စီမံကိန်းအားလုံး ကို သတိပြုစောင့်ကြည့်နေမည်။ ထိုစီမံကိန်းများအကြောင်းကို သေသေ ချာချာ သိရှိထားပြီးဖြစ်သည်” ဟုဆိုသည်။
CIA ဒါရိုက်တာ ဂျွန်ရက်ကလစ်ဖ်ကလည်း သီးခြားထုတ်ပြန်ချက်တွင် အီရန်၏နျူကလီးယားအစီအစဉ်ကို “ပြင်းထန်စွာ ထိခိုက်စေခဲ့သည်” ဟု ပြောကြားခဲ့သည်။
ဝါရှင်တန်၏ ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် အပစ်ခတ်ရပ်စဲရေးသည် အင်္ဂါနေ့ (ဇွန် ၂၄) မှစတင် အာဏာသက်ရောက်ပြီး ယခုအချိန်ထိ ဆက်လက် တည်မြဲနေသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် ည ၉ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အလယ်ပိုင်းကျေးရွာနေ ဦးသန်းထွန်း(၅၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ခြောက်စီးဖြင့် ရောက်ရှိလာပြီး ဦးသန်းထွန်းအား ဖမ်းဆီးကာ အဆိုပါကျေးရွာအရှေ့ဘက် သုံးမိုင်ခန့်အကွာရှိ ဆင်ပွတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

24 June 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရွှေဇလုပ်ရပ်ကွက်နေ မောင်ရင်ဦး(၁၉)နှစ်သည် ၎င်း၏နေအိမ်မှ အဆိုပါရပ်ကွက်ရှိ “ကေလာသာရာမ” ဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရေအိုးစင်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။