သတင်းများ

အီရန်က အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

အီရန်နိုင်ငံမှ အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသ စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာ များက တနင်္လာနေ့ (ဇွန် ၂၃) တွင် ဖော်ပြခဲ့သည်။ "Herald of Victory" (အောင်ပွဲ၏ အစပျိုး) ဟု အမည်ပေးထားသော အဆိုပါစစ်ဆင်ရေးတွင် ကာတာနှင့် အီရတ်နိုင်ငံရှိ စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်၊ ကာတာနှင့် ဗြိတိန်တို့ အသုံးပြုနေသော Al Udeid လေတပ် အခြေစိုက်စခန်းကို ပစ်မှတ်ထားသည်ဟု သတင်းများက ဖော်ပြထားပြီး ဒုံးကျည်များ စခန်းအတွင်းသို့ ကျရောက်ထိမှန်ခဲ့ခြင်း ရှိ/ မရှိ မသိရှိရသေးပေ။

ကာတာစစ်တပ်က အီရန်ဒုံးကျည်အားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အသက်ဆုံးရှုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ တိုက်ခိုက်မှုကို "အချုပ်အခြာအာဏာကို သိသာထင်ရှားစွာ ချိုးဖောက်မှု" အဖြစ် ရှုတ်ချပြီး ဒိုဟာအနေဖြင့် ယင်းတိုက်ခိုက်မှုကို တုံ့ပြန်ပိုင်ခွင့် ရှိသည်ဟု ပြောကြားခဲ့သည်။

သို့သော် အီရန်မီဒီယာများက အနည်းဆုံး ဒုံးကျည် (၃) စင်း လေကြောင်း ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ လေတပ်စခန်းကို ထိမှန်ခဲ့သည်ဟု ဖော်ပြသည်။ အချို့သတင်းဌာနများက အဆိုပါအရေအတွက်ထက် နှစ်ဆများပြီး အနည်းဆုံး ဒုံးကျည် (၆) စင်း ပစ်မှတ်ကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။

အီရန်၏ ထိပ်တန်းအစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က Al Udeid စခန်းကို တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ထိုစခန်းအား "အနောက် အာရှဒေသတွင် အမေရိကန်အကြမ်းဖက်စစ်တပ်၏ အကြီးဆုံး နည်းဗျူဟာမြောက် အရင်းအမြစ်" အဖြစ် ရည်ညွှန်းဖော်ပြခဲ့သည်။ IRGC က "အီရန် နိုင်ငံ၏ နယ်နိမိတ်၊ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ထိပါးသည့် မည်သည့်တိုက်ခိုက်မှုကိုမဆို တုံ့ပြန်တိုက်ခိုက်ခြင်းမှ ချန်လှပ် ထားခဲ့မည် မဟုတ်" ဟု အလေးပေး ပြောကြားခဲ့သည်။

အီရန် သတင်းအရင်းအမြစ်များက အဆိုပါတိုက်ခိုက်မှုသည် အဓိကအားဖြင့် အမေရိကန်၏တိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် လိုအပ်သော သက်သေပြမှု သင်္ကေတတစ်ခုဖြစ်သော်လည်း တင်းမာမှု လျှော့ချရန် အလားအလာကိုလည်း ချန်ထားခဲ့သည်ဟု ဆိုသည်။

အခြားဒေသတွင်းနိုင်ငံများဖြစ်သည့် ယူအေအီး၊ ဘာရိန်း၊ ကူဝိတ်နှင့် အီရတ်တို့သည် အီရန်၏ အမေရိကန်စစ်စခန်းများကို နောက်ထပ် တိုက်ခိုက်နိုင်ခြေအတွက် မိမိတို့၏ လေကြောင်းနယ်နိမိတ်များကို ယာယီ ပိတ်ထားကြောင်း ကြေညာခဲ့သည်။ အီရန်မီဒီယာများက အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ထပ်မံပစ်လွှတ် တိုက်ခိုက် ခဲ့သည်ဟု ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ တိုက်ခိုက်မှုကို အလွန်အားနည်းသော တုံ့ပြန်မှုအဖြစ် သုံးသပ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့်ဒုံးကျည် ၁၄ စင်းအနက် ၁၃ စင်းကို ကာကွယ်နိုင်ခဲ့ကာ နောက်ဆုံး ၁ စင်းမှာ ပစ်မှတ်လွဲချော်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အီရန်က ဝါရှင်တန်အား တိုက်ခိုက်မှုအကြောင်း ကြိုတင် သတိပေး ခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် “အချိန်မီ အသိပေးခဲ့သည့်အတွက် အီရန်ကို ကျေးဇူးတင်ပါသည်။ ထို့ကြောင့် မည်သူမျှ အသက်မဆုံးရှုံးခဲ့ပါ၊ ဒဏ်ရာလည်း မရခဲ့ပါ” ဟု ရေးသားခဲ့ပြီး အီရန်အနေဖြင့် “ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုဘက်သို့ ဆက်လက် လျှောက်လှမ်းနိုင်မည်” ဟု မျှော်လင့်ကြောင်း၊ ၎င်းကိုယ်တိုင်လည်း “အစ္စရေးကို ထိုနည်းအတိုင်း လုပ်ဆောင်ရန် အားပေးမည်” ဟု ကတိပြုခဲ့ပြီး “ကမ္ဘာကြီးကို ဂုဏ်ပြုပါသည်၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် အချိန်ကျရောက်ပါပြီ” ဟု ၎င်းက ဖြည့်စွက် ရေးသားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှားတပ်မတော်က ယူကရိန်းစစ်ဘက် အဆောက်အအုံများကို အကြီးစား တိုက်ခိုက်မှုလုပ်ဟု ရုရှားအစိုးရ ထုတ်ပြန်

ရုရှားတပ်မတော်သည် ယူကရိန်းစစ်ဘက် အဆောက်အအုံများကို အကြီးစား တိုက်ခိုက်မှု လုပ်ဆောင်သည်ဟု ရုရှားအစိုးရအဖွဲ့က ဇွန်လ ၂၃ ရက်တွင်ထုတ် ပြန်ထားသည်။

ဇွန်လ ၂၂ ရက် ညသန်းခေါင်ယံတွင် လုပ်ဆောင်သည့် ထိုတိုက်ခိုက်မှုများ၌ တိကျမှုမြင့်မားသော လက်နက်များနှင့် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုခဲ့ ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် ယူကရိန်းစစ်ဘက် အဆောက်အအုံများတွင် စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများ၊ စစ်သုံး လေယာဉ်ကွင်းရှိ အဆောက်အအုံများ၊ ယူကရိန်းရေတပ်မှ မိုင်းခင်း-တော်ပီဒို လက်နက်တိုက်တို့ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် လေတပ်ဖွဲ့၊ မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များနှင့် အမြောက်များက ယူကရိန်း၏ လက်နက်တိုက်များ၊ ဒရုန်းမောင်းသင်တန်း နေရာများနှင့် ယူကရိန်းနှင့် ပြည်ပမှကြေးစား စစ်သည်များ ယာယီအခြေပြုရာနေရာများကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကို တွေ့ရသည်။

ယူကရိန်းနိုင်ငံ ကိယက်မြို့ရှိ  ဒေသခံများ၏ ပြောဆိုမှုအရဆိုလျှင် ရုရှား၏ တိုက်ခိုက်မှုများသည် ဒရုန်းတပ်ဆင်ရေး စက်ရုံများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားသည်။

မကြာသေးမီကာလက ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံအပေါ် ဒရုန်းများဖြင့်တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာခြင်းကြောင့် ယခုကဲ့သို့တိုက်ခိုက်မှုများကို   လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ရုရှားဘက်က ပြောထားသည်။

MWD Web Portal
 
ဆီးရီးယားရှိ ဘုရားရှိခိုးကျောင်းဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်သူများ တရားဥပဒေအရစီရင်ခံရမည်ဟုဆို

ဇွန်လ ၂၂ ရက်တွင်ဖြစ်ပွားသည့် ဘုရား ရှိခိုးကျောင်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှု၌ ပါဝင်သူများသည် တရားဥပဒေအရစီရင်ခံရမည်ဖြစ်ကြောင်း ဆီးရီးယားယာယီ သမ္မတ အာမတ်အယ်ရှာရာက ဇွန်လ ၂၃ ရက်တွင်ပြောသည်။

ဒမတ်စကပ်မြို့ ဒွဲလာရပ်ကွက်ရှိ ဘုရား ရှိခိုးကျောင်းတစ်ခုတွင် ပစ်ခတ်မှုများနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှုတို့ဖြစ်ပွားရာ လူ၂၅ ဦးသေဆုံးပြီး ၆၃ ဦးဒဏ်ရာရှိသည် ဟု ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကိုကျူးလွန်သူသည် IS စစ်သွေးကြွအဖွဲ့နှင့်ဆက်စပ်နေသူဖြစ်ကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်သူများကို နေ့ရောညပါရှာဖွေဖော်ထုတ်ဖမ်းဆီးကာ ဥပဒေနှင့်အညီစီရင်သွားမည်ဖြစ်ကြောင်း ရှာရာကထုတ်ပြန်ထားသည်။ ယခုတိုက်ခိုက်မှုသည်၂၀၁၁ ခုနှစ်နောက်ပိုင်း ဘုရား ရှိခိုးကျောင်းအတွင်းပိုင်း၌ ပထမဆုံးဖြစ် ပွားသောတိုက်ခိုက်မှုဖြစ်ကြောင်း လေ့လာသူများကပြောသည်။ 

Ref: AGC

MWD Daily Newspaper

Photo - Al Monitor

နေပြည်တော် ဇွန် ၂၃

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၄၉ ဦးအား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားဖယ်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ သံရုံးကိုယ်စားလှယ် Ms . Amy Kristen Miller နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

ထို့အတူ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ရှစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၁၀ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံ သား စုစုပေါင်း ၉၁၈၀ ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၉၅၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၂၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ် တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကြေညာ

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးအား ဘက်စုံမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ဒေသ စီမံထိန်းချုပ်မှု အစီအမံများအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်က ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။ 

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိစပ်နေသောဒေသ၏ နယ်စပ်စီမံထိန်းချုပ်မှုများကို တစ်ဆင့်တိုး မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ယင်းတွင် နယ်စပ်ပြည်နယ် ၇ ခု၏ နယ်စပ်စစ်ဆေးရေးစခန်း ဖွင့်လှစ်သည့်အချိန် ကန့်သတ်ခြင်း၊ မလိုအပ်သည့်အခြေအနေတွင် ယာဉ်နှင့် တစ်သီးပုဂ္ဂလ နယ်စပ်ဖြတ်ကျော် ဖြတ်သန်းသွားလာမှုအား တားမြစ်ခြင်း တို့ပါဝင်ကြောင်း ပေထုန်တန်က ထိုနေ့ ဝန်ကြီးချုပ်အိမ်တော်၌ ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပေထုန်တန်က ထိုင်းနိုင်ငံအစိုးရအနေဖြင့် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှုကွန်ရက်နှင့် ပတ်သက်သည့် ဘဏ္ဍာရေးစနစ်အား စောင့်ကြည့် ထိန်းချုပ်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား စစ်တပ်၊ အစိုးရအဖွဲ့အစည်းများနှင့် အင်တာနက်နှင့် ပင်လယ်ရေအောက် အင်တာနက် ဖိုင်ဘာကြိုး ချိတ်ဆက်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု သက်ဆိုင်ရာဒေသသို့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အခြား အဓိကပစ္စည်းများ တင်ပို့မှုကိုလည်း ရပ်ဆိုင်းပြီး ကမ္ဘောဒီးယားအပေါ် လောင်စာဆီတင်ပို့မှုကို ပြန်လည်စိစစ်ကာ ၎င်းကို အခြား တရားမဝင် အကျိုးအတွက် အသုံးပြုမှုများကို ကြိုတင်ကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံ စစ်တပ်၏ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အား ထိန်းချုပ်သော ကြည်းတပ်စစ်ဌာနချုပ်နှင့် ရေတပ် နယ်စပ်ကွပ်ကဲရေးဌာနတို့က ဇွန် ၂၃ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ကမ္ဘောဒီးယားနှင့် နယ်စပ် ဒေသ ပြည်ဝင်၊ ပြည်ထွက် ကန့်သတ်မှုအစီအမံများအား တင်းကျပ်စွာ လုပ်ဆောင်သွားပြီး ဆေးကုသရေး စသည့် လူသားချင်းစာနာမှု အကြောင်း ပြချက်ဖြင့် ပြည်ဝင်ပြည်ထွက်မှုနှင့် ကျောင်းတက်ခြင်း၊ လူနေမှုဘဝ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်း စသည့် လိုအပ်သော သွားလာမှုများ ကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။

လတ်တလောကာလအတွင်း နယ်စပ်ဒေသအငြင်းပွားမှုကြောင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှု အခြေအနေ ဆိုးရွားလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံက ဇွန် ၂၂ ရက်တွင် ထိုင်းနိုင်ငံမှ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို တားမြစ်ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံသားများကိုလည်း ထိုင်းနိုင်ငံသို့ ခရီးသွားလာမှုအား ရှောင်ကြဉ်ရန် အကြံပြုခဲ့သည်။

ကိုးကား - ဆင်ဟွာ

တရားမဝင် ခဲမဖြူသတ္တုများ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၉၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ၁၅ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၂၀၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၁၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် (၁၈)လမ်း၊ အမှတ် (၁၆၅၉) ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းရှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၁၈၀၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ မသေကျေးရွာအုပ်စု ကံမော်ကြီးကျေးရွာအနီး၌ ရေယာဉ်တစ်စင်းပေါ်မှ တရားမဝင် ခဲမဖြူသတ္တု ၄၄ ဒသမ ၄၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇၈၄၀၀၀၀၀)နှင့် အဆိုပါသတ္တုများ တင်ဆောင်လာသည့် ရွှေရည်-၇ သစ်သားကိုယ်ထည် စက်လှေတစ်စင်းနှင့် ဆက်စပ်ပစ္စည်း ၁၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅၂၅၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၉၈၉၂၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သိန်းဦးဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၄၈၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Yadanar Win-3 ရေယာဉ်တစ်စင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင် မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၈၆၈၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှု စာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၃ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၆၁ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၆၀၀၀၈၀၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာ ခြင်းများဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

22 June 2025

၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ ဒေါ်နန်းဝိုးခမ်း၏ အိမ်ငှားတိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ်(၆)တွင် စိုင်းယီ(ခ)ကျိုင်းယီ၊ အိုက်လွှ၊ စိုင်းဆိုင်နှင့် စိုင်းခေးခမ်းတို့ လေးဦးနှင့်အတူ အက်တက်စီဆေးပြား ၅,၀၆၀ ပြား (တစ်ပြားလျှင် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂,၀၂၄ သိန်း)၊ ကက်တမင်း ၀ ဒသမ ၅၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၅၅ သိန်း၊ ERIMIN 5 ဆေးပြား ၇၀၀ ပြား(တစ်ပြားလျှင် ၅,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၃၅ သိန်း)နှင့် စိတ်ပြောင်းဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော အပြာရောင်မွှေစက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိသဖြင့် စိုင်းယီ(ခ)ကျိုင်းယီ(၂၅)နှစ်၊ အိုက်လွှ(၂၈)နှစ်၊ စိုင်းဆိုင်(၂၇)နှစ်နှင့် စိုင်းခေးခမ်း(၂၄)နှစ်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်။

22 June 2025

၂၀၂၅ ခုနှစ်ု၊ ဇွန် ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၂)ရပ်ကွက်၊ အောင်ဖြိုးဝေလမ်းနေ ပွင့်ဦး(၅၇)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၃၈ သိန်း)အား ဖမ်းဆီးရမိသဖြင့် ပွင့်ဦး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

အမေရိကန်က အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက် အီရန်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ထုတ်ပြန်

အမေရိကန်က အီရန်၏နျူကလီးယား အဆောက်အအုံသုံးခုကို တိုက်ခိုက်လိုက် ပြီးနောက် အီရန်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

အမေရိကန်တပ်မတော်သည် တာဝေးသွား B2 အမျိုးအစား ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ အသုံးပြု၍  အီရန်နိုင်ငံ၏ အထင်ကရနျူကလီးယား အဆောက်အအုံများဖြစ်သော ဖော်ဒိုး၊ နာတန့်နှင့် အက်စဖာဟန်နေရာတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်တွင်ပြောသည်။

ထို့နောက် ထရမ့်က အီရန်နိုင်ငံအနေဖြင့် ယခုအချိန်တွင် ငြိမ်းချမ်းရေးကိုလက်ခံရတော့မည်ဖြစ်ကြောင်း၊ လက်မခံပါက  ယခုတိုက်ခိုက်မှုထက်  ပိုမိုဆိုးဝါးသည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရစေမည်ဖြစ်ကြောင်း နိုင်ငံတော် မိန့်ခွန်းတွင် ပြောထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်၏ တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့တိုက်ခိုက်ခြင်း ကြောင့် အမေရိကန်အနေဖြင့် အဆုံးမဲ့ အကျိုးဆက်များကို ခံစားရစေမည်ဖြစ် ကြောင်း အီရန်အစိုးရက ဇွန်လ ၂၂ ရက် တွင်ပြောသည်။

ထို့ပြင် အမေရိကန်ဘက်က ယခုကဲ့သို့ တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်တွေးထားကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါနေရာများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ သန့်စင်ပြီး ယူရေနီယံများကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း၊ ပြန်မရနိုင်သော မည်သည့်ဆုံးရှုံးမှုမျှ မရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အံ့ဩမှုစိုးစဉ်းမျှမဖြစ်ကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ အကြံပေး မက်ဒီမိုဟာ မက်ဒီက ပြောထားသည်ဟု သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦး သေဆုံး

22 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းတိုက်နယ်ဆေးရုံသို့ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇွန် ၂၀ ရက် ညနေ ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးကျေးရွာနေ ဦးမိုးဇင်(၅၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦးခန့်(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ နေအိမ်၏မြောက်ဘက်ရှိ ခြံဝင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမိုးဇင်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။