ရုရှားစစ်တပ်သည် ယူကရိန်းကို တစ်ညအတွင်း ဒရုန်းအစင်းရေ (၂၆၇) စင်းနှင့် တိုက်ခိုက်ခဲ့ပြီး ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ဒရုန်းအများအပြားအသုံးပြုခဲ့သည့် စံချိန်တင် တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု လေတပ်မှထုတ်ပြန်ချက်များအရ သိရှိရ ပါသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နှင့် ၂၃ ရက်ကြားတွင် ယူကရိန်း ကောင်းကင်ယံတွင် ရုရှားဘက်မှ လွှတ်တင်လိုက်သည့် ဒရုန်းအစင်းရေ (၂၆၇) စင်းကို ခြေရာခံတွေ့ရှိခဲ့သည်ဟု ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်ဂ်နက်မှ ပြောကြားခဲ့ပါသည်။ အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့သည့် အချိန် (၃) နှစ်နီးပါးအတွင်း စံချိန်တင် တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ယူရီအစ်ဂ်နက်မှ ဆိုပါသည်။
ရုရှားဘက်က လွှတ်တင်လိုက်သည့် ဒရုန်းအစင်းရေ(၁၃၈)စင်းကို ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးစနစ်များမှ ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး အခြားဒရုန်း(၁၁၉)စင်း ပျောက်ဆုံးသွားခဲ့သည်ဟု ယူရီအစ်ဂ်နက်မှ ပြောကြားခဲ့ပြီး အဆိုပါဒရုန်းများသည် ကိယက်ဗ်မြို့အပါအဝင် ဒေသအများအပြားကို ထိမှန်ခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။ ရုရှားသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်သည် နေတိုးအဖွဲ့၏ ချဲ့ထွင်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်ဖြစ်သည်ဟု ရုရှားအစိုးရမှ ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ကိုးကား - npnewsmm

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု၊ ဖားလျှန့်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲခန့် ဘိန်းခင်းသုံးဧကခန့်နှင့် မိုင်းပန်အောက်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့်တစ်ပေခန့် ဘိန်းခင်းငါးဧကခွဲခန့်တို့အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဉီးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်သင်းနိုင်(၃၄)နှစ်၊ မသိမ့်ရတီသွယ်(၆)နှစ်နှင့် မောင်ဇင်မင်းအောင်(၁၈)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူ လူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံး၌ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အသေးစိတ်အချက်အလက်များကို အတည်ပြုထားခြင်း မရှိသေးသော်လည်း ဒေသခံသတင်းဌာနဖြစ်သည့် BFM က မီးသတ်သမား ၃၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါသည်။

Valeurs သတင်းဌာနကလည်း အဆိုပါပေါက်ကွဲမှုအကြောင်း ဖော်ပြထားပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၇:၃၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ၎င်းသတင်းဌာန၏ ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမရှိဘဲ အဆောက်အဦပျက်စီးမှုသာ ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။
Valeurs သတင်းဌာနသတင်းထောက် Nicolas Boutin က X ၌ ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး ကောင်စစ်ဝန်ချုပ်ရုံးပန်းခြံထဲသို့ Molotov cocktail ဗုံးနှစ်လုံး ပစ်သွင်းခံခဲ့ရသည်ဟု ဖော်ပြထားပါသည်။ အခင်းဖြစ်ပွားရာနေရာအနီး၌ ခိုးယူထားသော ယာဉ်တစ်စီး ကိုလည်း တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဆိုပါသည်။
La Marseillaise သတင်းစာကလည်း မာဆေးမြို့ရှိ ရုရှားကောင်စစ် ဝန်ချုပ်ရုံး မှ Stanislav Oranskiy ပြောကြားချက်ကို ကိုးကားကာ ရုံးအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားများ အဆောက်အဦ ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက်ကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်(၅၄)နှစ်နှင့် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးထွန်းဝင်း(၆၂)နှစ်၊ ဦးဝင်းနိုင်(၄၈)နှစ်၊ ဦးဌေးဝေ(၅၈)နှစ်၊ ဦးမြင့်မောင်(၆၂)နှစ်တို့ ငါးဦးသည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က Light Truck မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ငါးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာအဝင်ရှိ ကုက္ကိုပင်အောက်၌ ဦးထွန်းဝင်းနှင့် ဦးဝင်းနိုင်တို့ နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ပြီး ဦးစိုးနိုင်၊ ဦးဌေးဝေနှင့် ဦးမြင့်မောင်တို့ သုံးဦးအား ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာနေ ထောက်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းလှိုင်(၅၉)နှစ်သည် အဆိုပါကျေးရွာနေ ကိုနေတိုး(၂၈)နှစ်၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်ဝင်းလှိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံများသို့ အလုပ်ခရီးဖြင့် သွားရောက်ခဲ့ပြီး၊ ထိုနေရာတွင် လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ နှစ်ဖက်စလုံးအတွက် အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားလုံခြုံရေးကောင်စီရုံး၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ သတင်းကို ထုတ်ပြန်ခဲ့သည်။

“၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် ဝန်ကြီးဌာနအချို့၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ အလုပ်ခရီးဖြင့် သွားရောက်ခဲ့ပြီး ခရီးစဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပါသည်။ ခရီးစဉ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ထားပြီး၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိသော အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးမည်ဖြစ်သည်" ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများနှင့်ပတ်သက်၍ ထင်မြင်ချက်များ ဖလှယ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
ကိုးကား - TASS
Photo: Nikkei Asia
ဘာသာပြန်ဆိုသူ-ရုရှားပညာတော်သင်ကျောင်းသားများ

အမေရိကန် နှင့် ယူကရိန်းအကြား သဘောတူညီမှုအစီအစဉ်တွင် ယူကရိန်းအတွက် စစ်ရေးအာမခံချက်များ မပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆင့်က ရှင်းလင်းပြောကြားခဲ့ပါသည်။
အနောက်နိုင်ငံများ၏ ယူကရိန်းအစီအစဉ်များတွင် အမေရိကန် မပါဝင်ဘဲ ဥရောပစစ်သားများကို ယူကရိန်းသို့စေလွှတ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အမေရိကန်က စစ်ပွဲကနေ နုတ်ထွက်နေပြီဖြစ်ကြောင်း၊ ဥရောပက စစ်ရေးလှည်းကို ဆက်ဆွဲသွားနေကြောင်း၊ ဥရောပက အဆိုပါ စစ်လှည်းကို ဘယ်လောက်ထိ ဆွဲသွားမည်ကို မသိကြောင်း၊ သမ္မတဒေါ်နယ်ထရမ့် ပြောခဲ့သည့်စကားအတိုင်း “မိမိတို့မှာ လှပပြီးကြီးမားသည့် သမုဒ္ဒရာ ရှိပါကြောင်း” ဥရောပတွင် နျူကလီးယားစစ်ပွဲဖြစ်လင့်ကစား အမေရိကန် က စိုးရိမ်မည်မဟုတ်ကြောင်း၊ ထို့အပြင် ဥရောပခေါင်းဆောင်များသည် အဆိုပါယူကရိန်းကိစ္စတွင် အံ့သြဖွယ်ဇွဲနပဲနှင့် အသိဉာဏ်ကင်းမဲ့မှုကို ပြသနေကြကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ကိုးကား - Pravda

တရုတ်နိုင်ငံသည် အသံထက်မြန်ဒုံးကျည်များကို သယ်ဆောင်နိုင်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စင်းကို တည်ဆောက်လျက်ရှိသည်ဟု အရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖေဖော်ဝါရီလ ၂၃ ရက်တွင်ဖော်ပြသည်။
အဆိုပါရေငုပ်သင်္ဘောသစ်ကို ဝူဟန်သင်္ဘောကျင်းတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း၌ ဖြန့်ကြက်ထားသည့် တာလတ်ပစ်ဒုံးကျည်များကို တိုက်ခိုက်ဟန့်တားရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတည်ဆောက်နေသည့် ရေငုပ်သင်္ဘောသစ်တွင် နည်းပညာအမြင့်မားဆုံး အသံထက်မြန် ဒုံးကျည်များတပ်ဆင်မည်ဖြစ်ပြီး ဒေသတွင်း၌ ပြည်ပနိုင်ငံများ၏စစ်ရေးအရ ပါဝင်နေခြင်းကို တန်ပြန်နိုင်ရန်အတွက် ၎င်းသင်္ဘောသစ်အား တည်ဆောက်နေခြင်းဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။
ဒေသတွင်း၌ ပြည်ပနိုင်ငံများ၏ စစ်ရေးအရပါဝင်နေခြင်းသည် အမေရိကန်က ဖိလစ်ပိုင်နိုင်ငံတွင် Typhoon ဒုံးကျည်ပစ်စင်များကိုဖြန့်ကြက်ထားခြင်းနှင့် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက လူဇွန်ကျွန်း၌လုပ်ဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် အဆိုပါရေငုပ်သင်္ဘောသစ်တည်ဆောက်နေခြင်းနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က တရားဝင်အတည်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
Ref: Ivt
Source: Myawady Web Portal

IS စစ်သွေးကြွအဖွဲ့သည် ဥရောပ မြို့ကြီးတချို့တွင် အကြမ်းဖက်မှု လုပ်ဆောင်ရန် တိုက်တွန်းထားသည့် ဝက်ဆိုက်တစ်ခုကို တည်ထောင်လိုက် ကြောင်း Bild သတင်းစာက ဖော်ပြသည်။

စစ်သွေးကြွအဖွဲ့သည် ဂျာမနီ၊ ဩစတြီးယားနှင့် ဘယ်ဂျီယံနိုင်ငံများရှိမြို့ကြီးတချို့တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းနိုင်ရေးအတွက် ဂျာမန်ဘာသာဖြင့် ရေးသားထားသည့် ဝက်ဆိုက်ကို တည်ထောင် ခြင်းဖြစ်သည်။ ထို့ပြင် စစ်သွေးကြွအဖွဲ့သည် ဘာလင်၊ မြူးနစ်၊ ဖရန့်ဖတ်၊ ဗီယင်နာ၊ဘရပ်ဆဲ၊ အန်သဝါ့နှင့် ဆားဘာ့ စသည့်မြို့ကြီးများတွင် လမ်းသွားလမ်းလာများအား မော်တော်ကားဖြင့် ဝင်တိုက်ရန် တိုက်တွန်းထား ကြောင်းသိရသည်။
ထို့ကြောင့် ဂျာမနီ၊ ဩစတြီးယားနှင့် ဘယ်ဂျီယံနိုင်ငံများမှ အာဏာပိုင်အဖွဲ့များက စစ်သွေးကြွအဖွဲ့၏ ဝါဒ ဖြန့်ချိရေးဝက်ဆိုက်အပေါ် လုပ်ဆောင်လျက်ရှိသည်။
IS စစ်သွေးကြွအဖွဲ့သည် အန္တရာယ် ကြီးမားသည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်လျက်ရှိပြီး တစ်ကိုယ်တော် တိုက်ခိုက်ရေးသမားများကို ဆွဲဆောင် စည်းရုံး၍ ၎င်းတို့အားအစွန်းရောက် ဝါဒများ သွတ်သွင်းပေးပြီးနောက် ၎င်းတို့၏နိုင်ငံများသို့ ပြန်လည်စေလွှတ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်စေလျက်ရှိကြောင်း သိရ သည်။
Ref: Tass
Source: Myawady Daily Newspaper

ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ အထိ စေလွှတ်ရန် အစီအစဉ်ကို မူကြမ်းရေးဆွဲနေကြောင်း The Wall Street Journal သတင်းစာက ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အမည်မဖော်လိုသော EU အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

သို့သော် အဆိုပါ အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးပါဝင်မှု ကန့်သတ်ချက်များအပေါ် မူတည်နေကြောင်း အစီရင်ခံစာ ကဖော်ပြသည်။ ဝါရှင်တန်သည် ယူကရိန်းသို့ စစ်သည်များစေလွှတ်ရန် ပယ်ချထားသော်လည်း ဗြိတိန်နှင့် ပြင်သစ်တို့က အမေရိကန်သည် အရေးကြီးသောပံ့ပိုးမှုများ အထူးသဖြင့် လေကြောင်းကာကွယ်ရေး၊ ထောက်ပံ့ရေးနှင့် ထောက်လှမ်းရေးတို့တွင် ကန့်သတ်ထားသော တပ်ဖွဲ့ တစ်ခုကို ထောက်ပံ့ရန် သဘောတူညီမည်ဟု မျှော်လင့်နေသည်။
EU တာဝန်ရှိသူများက အဆိုပါအစီအစဉ်သည် Trump ၏ သဘောတူညီချက်အပေါ် များစွာမူတည်နေသည်ဟု သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရသည်။