တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ သက်ရင်းတောကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်(၅၂)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝန်းဇင်း ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရာအိမ်မှူး ဦးဇော်မင်းဦး(၅၀)နှစ်သည် အဆိုပါရပ်ကွက်ရှိ “ဦးရှမ်းကြီး” လက်ဖက်ရည်ဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးဇော်မင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ GJ-2 ဒရုန်းလေယာဉ် မိမိနိုင်ငံအနီး ကောင်းကင်ယံတွင် ပျံသန်းမှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ မောင်းသူမဲ့GJ-2 ဒရုန်းလေယာဉ်သည် ဖေဖော်ဝါရီ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် အရှေ့တရုတ် ပင်လယ်ကို ဖြတ်သန်းကာ အိုကီနာဝါကျွန်းနှင့် မီယာကိုကျွန်းကြားမှ ဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာဘက်သို့ ဦးတည် မောင်းနှင်သွားကြောင်း၊ ထိုမှတစ်ဆင့် တောင်ဘက်သို့ ဦးတည်ရာမှ အရှေ့မြောက်ဘက်သို့ ဦးတည်ချက် ပြောင်းကာ Amami Oshima ကျွန်း၏အရှေ့ဘက်သို့ ရောက်ရှိခဲ့စဉ် လေယာဉ်လမ်းကြောင်းပြောင်းကာ တရုတ် နိုင်ငံဘက်သို့ ပြန်လည်ဦးတည်မောင်းနှင်သွားကြောင်း၊ အလားတူလမ်းကြောင်းတစ်လျှောက် ပျံသန်းနေသည့် တရုတ်၏ အခြားစုံစမ်းရေးဒရုန်းလေယာဉ်တစ်စင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂျပန်ကိုယ်ပိုင်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ဒရုန်းလေယာဉ်များပျံသန်းမှုကို တုံ့ပြန်သည့် အနေဖြင့် ကြားဖြတ်တိုက်လေယာဉ်များဖြင့် ဆီးကြိုဟန့်တားခဲ့သည်။ အဆိုပါ ဒရုန်းလေယာဉ်များသည် ဂျပန်နိုင်ငံ၏ လေကြောင်းနယ်နိမိတ်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိသေးကြောင်းနှင့် မိမိနိုင်ငံအနီး တစ်ဝိုက်တွင် တရုတ် တပ်မတော်၏ တဖြည်းဖြည်းလှုပ်ရှားမှု များပြားလာခြင်းနှင့်ပတ်သက်၍ ဆက်လက်စောင့်ကြည့်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက NHK သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ကိုးကား- NHK World

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နွားထိုးကြီးမြို့နယ်၊ မလည်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း(မလည်)မှ မူလတန်းပြကျောင်းဆရာမ ဒေါ်မိုးနှင်းထွေး(၄၅)နှင့် ၎င်း၏အစ်မ ဒေါ်ဝင်းဝင်းခိုင်(၅၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူ များက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးရဲနိုင်လင်း(၄၀)နှစ်နှင့် ၎င်း၏သား မောင်ခန့်ဝေယံလင်း လေးနှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးကျော်ထွန်း(၅၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ရုရှားနှင့်ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ဥရောပနိုင်ငံများမှ တပ်ဖွဲ့များကို ယူကရိန်းသို့ ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်၏ ထောက်ခံမှုလိုအပ်မည် ဖြစ်ကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Eric Lombard က Bloomberg TV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

“မိမိတို့အနေဖြင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုကို စတင်နေပြီဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ယူကရိန်းမှာ ဥရောပတပ်ဖွဲ့များရှိရန် လိုအပ်မည်ဆိုသည်မှာ မိမိတို့၏ အထွေထွေ သဘောတူညီချက် ဖြစ်ပါကြောင်း၊ ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်တို့နှင့်အတူ အခြား ဥရောပအဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း” ၎င်းက ဖြေကြားထားပါသည်။
ကိုးကား- TASS
Photo: www.sb.by
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ခြေများကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi မှ ဖေဖော်ဝါရီ ၂၅ ရက်မှာ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
အီရန်၏ ရေနံရောင်းချမှု၊ တင်ပို့မှုများမှာ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုခံထားရသည့် ရေနံကုမ္ပဏီအကြီးအကဲအပါအဝင် သင်္ဘော များနှင့် လူပေါင်း (၃၀) ကျော်ကို ပစ်မှတ်ထားသည့် အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုအသစ်ကို အမေရိကန်ကထုတ်ပြန်ကြေညာခဲ့ပြီး Abbas Araghchi ၏ မှတ်ချက်များထွက်ပေါ်လာပါသည်။

Abbas Araghchi မှ ယခုနည်းဖြင့် ဖိအားများပေးနေသရွေ့ နျူကလီးယား ပြဿနာနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးမှုများကို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါသည်။
ကိုးကား - NP News

ဆွီဒင်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ ခရိုနာ ၁ ဒသမ၂ ဘီလီယံ (ဒေါ်လာ ၁၁၃ သန်းခန့်) တန်ဖိုးရှိ လေကြောင်းကာကွယ်ရေးစနစ်များကို ပေးပို့သွားရန် စီစဉ်လျက်ရှိသည်ဟု ဆွီဒင်ကာကွယ်ရေးဝန်ကြီး မယ်မာ စတန်းနာ့ဂါ့က ပြောကြားသည်။

ယူကရိန်းနိုင်ငံသည် လေကြောင်း ကာကွယ်ရေးစနစ်များကို အရေးတကြီး လိုအပ်နေပြီး ယင်းနိုင်ငံသို့ လေကြောင်းကာကွယ်ရေး လက်နက်စနစ်များ ပေးပို့ခြင်းသည် မိမိတို့နိုင်ငံ၏ လုံခြုံရေးကိုလည်း အထောက်အကူပြုကြောင်း ဆွီဒင်ဝန်ကြီးချုပ် အက်ကရစ်တာဆန်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မယ်မာ စတန်းနာ့ဂါ့က ဆက်ပြောသည်။
လက်ရှိတွင် ယူကရိန်းနိုင်ငံသို့ အကူအညီများ ဆက်လက်ပေးအပ်ရေးအတွက် သဘောထား ကွဲလွဲမှုများဖြစ်ပေါ်နေစဉ် ဆွီဒင်နိုင်ငံ၏ လေကြောင်းကာကွယ်ရေး စနစ်များ ပေးပို့မည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ယူကရိန်းသို့ ဥရောပငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် အများအပြား စေလွှတ်ရန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က စီစဉ်လျက်ရှိပြီး ယင်းအစီအစဉ်အား ဂျာမနီ၊ အီတလီနှင့် အခြားနိုင်ငံများက ဆန့်ကျင်ထားသည်။
အလားတူပင် ကနေဒါအစိုးရသည် ယူကရိန်းနိုင်ငံသို့ ခြေလျင်တိုက်ယာဉ်များ အပါအဝင် ဒေါ်လာ ၃ ဒသမ ၅၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်များကို ပေးအပ်မည်ဟု ကတိပြုထားသည်။
Source: Myawady Web Portal

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထားဝယ်ဈေးရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးကိုကိုဦး(ခ)ကမ္ဘာစိုး(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကိုကိုဦး(ခ)ကမ္ဘာစိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဆီးရီးယားဒေသအတွင်း စစ်ဘက်ဆိုင်ရာကင်းမဲ့ရေး တောင်းဆိုမှုများကို လုပ်ဆောင်ခဲ့ပြီး Damascus မြို့နှင့် Deraa ပြည်နယ်အနီးရှိ ဒေသများအပါအဝင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ စစ်ဌာနချုပ်များနှင့် စစ်လက်နက်ပစ္စည်းများထားရှိသည့် နေရာများကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များနှင့် ပိုင်ဆိုင်မှု များ ရှိနေခြင်းသည် အစ္စရေးနိုင်ငံသားများအတွက် ခြိမ်းခြောက်မှု ဖြစ်စေ ခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန် ခဲ့သည်။

ရုရှားနိုင်ငံသည် ဉာဏ်ရည်တု (AI) နည်းပညာအပေါ် အခြေခံထားသည့် ပထမဆုံးသောဒရုန်း တားဆီးရေးစနစ်ကို ထုတ်လုပ်လျက်ရှိပြီး ၎င်းစနစ်အား ယခုဖေဖော်ဝါရီလ အကုန်ပိုင်းတွင် စမ်းသပ်မည်ဖြစ်သည်။

အဆိုပါဒရုန်းတားဆီးရေးစနစ်ကို The Titan ဟု အမည်ပေးထားပြီး အကွာအဝေးအားဖြင့် ၃ ကီလိုမီတာအထိ ထောက်လှမ်းနိုင်သည့် လေဆာမော်ဂျူးကို တပ်ဆင်ထားသည်။ ယခုနည်းပညာသည် ရုရှားမောင်းသူမဲ့ စနစ်များနှင့် နည်းပညာဆိုင်ရာဗဟိုဌာနမှ ထုတ်လုပ်သည့် နည်းပညာတစ်ရပ်ဖြစ်ပြီး ရုရှားတပ်မတော်အနေဖြင့် ၎င်းစနစ်အား အထူးစစ်ဆင်ရေး နယ်ပယ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
The Titan ဒရုန်းတားဆီးရေး စနစ်ကို ထုတ်လုပ်ရသည့် အကြောင်းရင်းမှာ ရုရှားနိုင်ငံအတွင်းရှိ အရပ်ဘက်သုံး အခြေခံအဆောက်အဦများကို အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ဖြစ်သည်။
ထို့ပြင် The Titan ဒရုန်းတားဆီးရေး စနစ်တွင် ရေဒီယို-အီလက်ထရွန်နစ်သုံး ထောက်လှမ်းရေးစနစ်နှင့် ဟန့်တားရေးစနစ်များကို တပ်ဆင်ထားခြင်းကြောင့် စနစ်အားအသုံးပြုသည့် အော်ပရေတာများအနေဖြင့် ရန်သူ၏ဒရုန်းများကို ချက်ချင်းရှာဖွေတွေ့ရှိနိုင်ပြီး ချေမှုန်းနိုင်မည်ဖြစ်သည်။ အလားတူပင် အဆိုပါဒရုန်း တားဆီးရေးစနစ်တွင် AI နည်းပညာအပေါ် အခြေခံထားသည့် အလိုအလျောက်ပစ်မှတ်ရှာဖွေရေးစနစ်ကို တပ်ဆင်ထားသည်။