ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်း အသင်းများနှင့် ခြေစမ်းပွဲကစားမည့် မြန်မာယူ ၂၂ အသင်း

News Image

  • ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်း အသင်းများနှင့် ခြေစမ်းပွဲကစားမည့် မြန်မာယူ ၂၂ အသင်း

မြန်မာယူ ၂၂ အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ ပြင်ဆင်မှုအဖြစ် ဘာရိန်း အပါအဝင် အရှေ့အလယ်ပိုင်း အသင်းများနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် စီစဥ်ထားရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

ထို့ပြင် ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်တို့နှင့်လည်း အာရှ ယူ ၂၃ ခြေစစ်ပွဲများ ကစားရန်ရှိနေပြီး ထိုင်း၊ အရှေ့တီမောတို့နှင့် အာဆီယံချန်ပီယံရှစ် ပွဲစဉ်များကိုလည်း ဇူလိုင်လအတွင်း ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ ယူ ၂၂ အသင်းသည် တရုတ်နိုင်ငံ တာ့လျန်မြို့တွင် လေ့ကျင့်ပြင်ဆင်နေပြီး တရုတ်လက်ရွေးစင် ယူ ၂၂ အသင်းနှင့် ခြေစမ်းပွဲများ ကစားလျက်ရှိသည်။

မြန်မာယူ ၂၂ အသင်းအား ဂျပန် လက်ရွေးစင်ဟောင်း ကူရိုမှ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ် လေ့ကျင့်ပေးလျက်ရှိသည်။

Source: Popular Myanmar