တံတားနှစ်စင်းဖောက်ခွဲ တိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ အခြားနိုင်ငံမှ ထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ဟု ရုရှားပြော

News Image

  • တံတားနှစ်စင်းဖောက်ခွဲ တိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ အခြားနိုင်ငံမှ ထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ဟု ရုရှားပြော

ရုရှားနိုင်ငံအတွင်းရှိ တံတားနှစ်စင်း ဖောက်ခွဲ တိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများမှာ အခြားနိုင်ငံမှ ထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ကြောင်း ရုရှားထောက်လှမ်းရေး ကော်မတီ အကြီးအကဲ အလက်ဇန္ဒားဘက်စတီခင်က ဇွန်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုကို ယူကရိန်းထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ဘက်စတီခင်က သမ္မတဗလာဒီမာပူတင်နှင့် ကျင်းပသည့် အစိုးရအဖွဲ့ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ရုရှားနိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှု သုံးခုစလုံးတွင် ရရှိခဲ့သည့် သက်သေ အထောက်အထားများအရ အဆိုပါ တိုက်ခိုက်မှုများအား ယူကရိန်း ထောက်လှမ်းရေး အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို သက်သေပြလျက်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေး ပစ္စည်းများမှာ ဗုံးများဖြစ်ပြီး ယင်းဗုံးများသည် အဖျက်စွမ်းအားပြင်းထန်သည့် TNT ၁၅ ကီလိုဂရမ်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံရှိ ဒေသနှစ်ခုတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက  ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များကို ရုရှားအာဏာပိုင်များက စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

MWD Web Portal